သို့
ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းရေ ဆရာ/ဆရာမ ဆိုတာ ပညာရေးလောကထဲ မဝင်ခင်ထဲက
မချမ်းသာဘူးဆိုတာသိပါတယ်။
ပညာရေးဝန်ထမ်းဘဝနဲ့ ချမ်းသာ
ရမယ်ဆိုပြီး ဘယ်ဆရာ/ဆရာမမှ
ရည်ရွယ်ချက်ရှိရှိ ပညာရေးလောကထဲ
ဝင်ရောက်လာခဲ့ကြတာမဟုတ်ပါဘူး။
ဝါသနာအရ(သို့)အကြောင်းအမျိုးမျိုး
ကြောင့် ရောက်လာခဲ့ရင်တောင် အချိန်
ကြာလာတော့ ကိုယ်အလုပ်ကို ဝန်းထမ်း
၉၀ရာနှုန်းလောက်ဟာ ချစ်မြတ်နိုး
လာတတ်ကြတယ်။
မချမ်းသာမှန်းသိပေမဲ့ မွန်မြတ်တဲ့
ကိုယ့်အလုပ်ကို ဖက်တွယ်လာကြတယ်။
ဟန်ဆောင်မှုတွေများတဲ့ လောကကြီးမှာ
ဖြူ စင်ရိုးသားတဲ့ ကလေးတွေအပေါ်
သံယောဇဉ်တွေ တွယ်လာကြပါတယ်။
စမ်းတ၀ါးဝါးနဲ့ လောကထဲကိုရောက်လာတဲ့ ကလေးတွေ လမ်းမှန်ရောက်ဖို့
ကျောခင်းပေးဖို့ သူတို့တွေရဲ့ဘဝကို စတေဖို့အတွက် ပညာရေးလောကထဲမှာ
မြုပ်နှံခဲ့ကြတယ်။
ဒါပေမဲ့ ဦးဖြိုးမင်းသိန်းရယ် ဆရာ/ဆရာမတွေကို မျှော်လင့်ချက်များစွာနဲ့
မွေးဖွားပေးခဲ့ကြတဲ့ သူတို့ရဲ့ အဖေ၊အမေတွေ၊ အားကိုတကြီး လက်တွဲခဲ့ကြတဲ့ ဇနီး
မယားတွေ၊လူသားအရင်းအမြစ်ဖြစ်တဲ့
သူတို့ရဲ့လူငယ်မျိုးဆက်တွေ ဒါတွေဟာ
စက်ရုပ်တွေမှ မဟုတ်တာဗျာ။ သူတို့တွေရဲ့ မိသားစုဝင်တွေဟာ ခင်များတို့ မိသားစုတွေလိုပဲ စားတတ်တယ်၊ဝတ်တတ်တယ်၊နေဖို့ထိုင်ဖို့၊ကျန်းမာရေ၊လူမှုရေး စသည့် အလုပ်တာဝန်တွေရှိကြတယ်
လေ။ကိုယ့်အလုပ်ကို ဘယ်လောက်ချစ်ပါ
တယ်ပြောနေပေမဲ့ သူ့တို့တွေကို အားကိုတကြီး မျှော်လင့်ချက်ကြီးကြီးနဲ့ ဖက်တွယ်နေတဲ့ မိသားစုရဲ့ အခက်အခဲတွေကို
ဘယ်လိုများ လစ်လျူ ရှုပြီးနေရမှာလဲ
ဦးဖြိုးမင်းသိန်းရေ။
မချမ်းသာချင်ကြပါဘူး နိုင်ငံတော်က
ပေးတဲ့လစာနဲ့ နောက်ကြောင်းက မိသားစု
တွေအတွက် စိတ်အေးရမယ်ဆိုရင်
ဘယ်သူကမှ ပြောနေကြမှာမဟုတ်ဘူးဗျ။
အခုတော့ ပေးထားတဲ့ လစာနဲ့ ခိုင်းနေတဲ့
အလုပ်တွေ လုပ်နေရတာနဲ့တင် ကိုယ့်လစာ ကိုယ်တောင်မစားရဘူးဖြစ်နေတယ်
လေဗျာ။ နောက်ကမိသားစုတွေဆိုရင်
တော့ စဉ်းစားကြည့်ပေါ့ဗျာ။ဆရာ/ဆရာမ
ဂုဏ်ပုဒ်ကြောင့်သာ ဘာမှမပြောပဲ
နားလည်ပေးနေကြတာပါ။
ဦးဖြိုးမင်းသိန်းရေ. ကျွန်တော်တို့ ပညာရေးအလုပ်က ဘယ်လောက်
အရေးကြီးလည်းဆိုတာ ထမင်းစားတဲ့
လူတိုင်း နားလည်ကြပါတယ်ဗျာ။
ဒီလောက်အရေးကြီးတဲ့ အလုပ်ကို လုပ်နေ
ကြတဲ့ ဆရာ/ဆရာမတွေဆိုတာ တစ်
ကောင်ကြွက်တွေ မဟုတ်ကြပါဘူး။မိသားစုတွေရှိကြပါတယ်။ ကိုယ့်ရဲ့နောက်
ကြောင်းစိတ်အေးရမှ ကိုယ့်ရဲ့အလုပ်ပေါ်မှာ အာရုံစိုက်ပြီး အလုပ်လုပ်ကြရမှာပါ။
ပညာရေးကို တစိုက်မတ်မတ် အာရုံစိုက်ချင်လို့ နောက်ကမိသားစုတွက်စိတ်အေး
ကြချင်တာပါ။ဘယ်သူကမှ ချမ်းသာချင်တယ်လို့ ပြောနေကြတာမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပေါ့
ဆရာ/ဆရာမဆိုတာ ပီတိကို စားနေလို့
မရပါဘူးလေဗျာ။
ဒါကြောင့် ကျွန်တော်အပါအဝင်
ဆရာ/ဆရာမတွေဟာ ချမ်းသာဖို့ ဘယ်သူမှ မတောင်းဆိုပါဘူး မိသားစုရဲ့နောင်ရေး
ကို ဖြေရှင်းနိုင်ဖို့ပဲ တောင်းဆိုချင်ကြတာပါ။
လေးစားစွာဖြင့်
U Zin Ko Ko Htet
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 8, 2018
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သို့ ကျောင်းဆရာတစ်ဦး၏ပေးစာ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သို့ ကျောင်းဆရာတစ်ဦး၏ပေးစာ
Reviewed by MP4 YoU
on
January 08, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment