CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 9, 2018
ပတာလင်အကျဉ်းသား(၁၂)
ပတာလင်မှသည်ပါဂျောင်သို့(၅)
*******************************************
` လွိုင်ဇာ´ ကိုတလောကသတင်းစာတွေထဲပြန်တွေ့လိုက်ရတာ`လွိုင်ဇာမြို့´တဲ့ကျနော်အရမ်းအံသြမိတယ် အရင်က ရွာက
လေး ဈေးလေးတော့ရှိတာပေါ့ နေ့စဉ်ဈေးတောင်မဟုတ်ပါဘူး အဲ့
တုန်းက(၃)ရက်ဈေးလားမမှတ်မိတော့ပါဘူး (၃)ရက်ဈေးဆိုတာ
(၃) ရက်ရမှတစ်ခါဈေးဖွင့်တာကိုပြောတာပါ တောင်ပေါ်ဒေသမှာ
(၅) ရက်တစ်ဈေး (၇) ရကိတစ်ဈေး စသဖြင့်ဈေးရက်ကိုသတ်
မှတ်ပြီးဖွင့်ကြတာပါ ဈေးနေ့ဆို အနီးနားက မြို့တွေ ရွာတွေ က ဈေးသည်တွေ လာရောက်ပြီး ရောင်းကြဝယ်ကြနဲ့ စည်စည်ကား
ကားရှိလှပါတယ် လွိုင်ဇာဈေးဆိုတာလည်းအဲ့လိုဈေးပါပဲ အိမ်ကြီး
အိမ်ကောင်းမရှိသလောက်ပါ ဆိုင်ခန်းလေးတွေကလည်း အဖြစ်
ပဲဆောက်ထားကြတာပါ အခုမြင်လိုက်ရတဲ့`လွိုင်ဇာ´က မြို့ကြီး
တစ်မြို့ဖြစ်နေပြီ အရမ်းကိုစည်ကားပြီးလှပတဲ့မြို့တစ်မြို့ပါပဲ ကျ
နော်စာမဖတ်ကြည့်မှီက` မိုးကုတ်မြို့´လို့တောင်ထင်မိသေးတယ်
ဝမ်းသာပါတယ်` လွိုင်ဇာ´ရေ ။တောင်ပေါ်ဒေသ တော်လှန်ရေး
နယ်မြေကဈေးတွေမှာ အမြင်ဆန်းတာလေးတွေလည်းတွေ့ရပါ
တယ် ဈေးနေ့မှာဈေးကိုဘိန်းမဲလာရောင်းတဲ့ ကချင်အဖိုးကြီးတွေ
စတိုင်မိုက်တယ်ဗျ ရုပ်ရှင်တွေထဲကကောင်းဘွိုင်မင်းသားကြီးတွေ
လိုပဲ ဒါပေမဲ့သူုတို့ဆလွယ်သိုင်း လွယ်ထားတာကသေနတ်တော့
မဟုတ်ဘူး တော်ပါပြောင်းကြီးတွေ ပြောင်းကို``ဝါးဘိုးဝါး´နဲ့လုပ်ထားတာဆိုတော့ခန့်ညားသလိုလို တော်ပါပြောင်းဆိုတာကဘိန်း
ရှူတဲ့ကရိယာပါ ဆေးလိပ်တပ်ရှူရင် ဆေးဂျီးကရေထဲကျန်ခဲ့တဲ့အ
တွက်ကျန်းမာရေးအတွက်ကောင်းတယ် အဲ့ဒီပြောင်းကြီးကိုလွယ်ပြီးမြင်းကိုခွစီးဈေးကိုလာတဲ့ ကချင်အဖိုးကြီးတွေရဲ့စတိုင်ကမိုက်
တယ်ဗျို့ ဈေးရောက်တာနဲ့ ဘိန်းရောင်းရင်းဘိန်းရှူ တော့တာပဲဗျ ၊ကချင်အမျိုးသမီးကြီးများကလည်း တမူထူးတာပဲ ဈေးဝယ်လာတဲ့
အခါလမ်းတွေ့လို့`အနူးခဂဂျီးမီဂျော့လုလယ်´လို့ဆိုပြီးရေတောင်း
သောက်တဲ့အခါ `ခ´အင်ငါ့လယ် `စ´လုလယ်ဆိုပြီးရေဗူးကိုပေး
တော့တာပဲ ရေဗူးထဲမှာအရက်တွေပဲပါတယ်ကျနော်ကအနူးလမ်း
မှာရေဆာရင် ဒါပဲသောက်သလားဆိုတော့ အေးတဲ့ ရေဆာဘူး
လားဆိုတော့ မဆာပါဘူးတဲ့ ဒါတွေက တောင်ပေါ်ဈေူးးနေ့တွေမှတွေရတဲ့ ဆန်းဆန်းပြားပြားလေးတွေပါ ။
ကျနော်တို့`လွိုင်ဇာ´မှာညအိပ်တယ်လို့ဆိုပေမဲ့ တကယ်က
ညမဟုတ်တော့ပါဘူး နံနက်အစောပိုင်း(၃)နာရီခွဲ သာသာလောက် ရှိနေပါပြီ ဒါပေမဲ့ညရဲ့အမှောင်ကလည်း ရှိနေသေးသလို မြူ
ခိုးတွေကလည်းလွှမ်းခြုံထားတာမို့ညလို့ပဲထင်မှတ်မိခဲ့ကြတာပါ
တစ်နေ့လုံး တစ်ညလုံး မနားတမ်းလမ်းလျောက်လာခဲ့ရတာမို့လူ
တွေလည်းချိနဲ့နေပါပြီ ရိုင်လဲလုနီးနီးဖြစ်နေပါပြီအဲ့ဒီအနေအထား
မို့ထင်ရဲ့လွိုင်ဇာမှာအနားပေးရင်းအိပ်ခွင့်ရခဲ့တာပါ ။လက်နောက်
ပြန်ကြိုးနဲ့ငုတ်တုတ်ထိုင်ပြီး အိပ်ရတာပါ ဒါပေမဲ့ ခရီးကပန်းလွန်းတော့ ညောင်းတာ နာတာ ကိုက်တာ ခဲတာ ဘာဆိုဘာမှမသိတော့ပါဘူး တချိုးတည်း အိပ်ပျော်သွားကြတာပါ တခုရှိတာက
ဘယ်လောက်ပင် အိပ်ပျော်နေပါစေ အသက်ဘေးကြုံ နေတဲ့ကာ
လမို့ သွားသတိ စားသတိ အိပ်သတိ နေသတိ ရှိကြရပါတယ် အခုလည်းအိပ်ကောင်းခြင်း များစွာနဲ့ အိပ်နေတုန်း`အားလုံးထထ ခရီးဆက်ထွက်မယ်´ဆိုတဲ့အသံကြားလိုက်တာနဲ့ ခေါင်းကအော်မိတစ်ထောင်နေပြီး နားရွက်ကလည်းကားပြီးသား ဒီလိုပါဗျာ ကျနော်တို့မျက်စိတွေကအမြဲအဝတ်စနဲ့ဆီးပြီးအပိတ်ခံထားရတာပါ ဒီတော့ပတ်ဝန်းကို အခြေအနေကို အကဲခတ်ဖို့က နားရွက်ကိုပဲသုံးခြပြီးအကဲခတ်ခဲ့ရတာ အဖမ်းခံထိကတည်းက ယနေ့အထိပဲ
ဆိုပါတော့ ဒီတော့အကျင့်ဖြစ်နေပြီလေ လူကအိပ်ယာကနိုးပြီဆို
တာနဲ့ နားရွက်ကအလိုလိုကိုကားနေပြီးသား နားစွင့်ထားပြီးသား အခုလည်း နားထဲကို စကားသံတွေကတိုးဝင်လာနေတယ် လူ သံတွေ အတော်များတယ် ကချင်လိုပြောနေကြတာ ဈေးရောင်းဈေးဝယ်လုပ်နေကြတာဖြစ်မယ် ဒါဆို`လွိုင်ဇာဈေးနေ့´ဖြစ်ရမယ်
လို့တွေးမိတော့ ကျနော့မျက်နာပူသွားသလို ကျနော့စိတ်ကလည်းရှက်ရွံ့ရွံ့ဖြစ်မိတယ် ။အော်ဈေးသွားဈေးလာတွေဈေးရောင်းသူတွေကြားဖြတ်သွားရဦးမှာပါလား ။
ကျနော်မျက်နာကိုအောက်စိုက်ထားပြီး မျက်လုံးကလည်းလမ်းကိုပဲ စူးစူးရှရှကြည့်ရင်း ဈေးတန်းကိုဖြတ်ကျော်လာခဲ့တာပါ
ရွာအပြင်ရောက်တော့မှ စိတ်သက်သာရာရပြီး ပတ်ဝန်းကျင်ကို
ကြည့်မိတယ် အားပါး ဒီတောင်ကြီးတွေကို ကျော်ဖြတ်ရ ဦးမှာပါ
လားလို့တွေးမိတော့စိတ်ကကျသွားတယ်ဒီတော့မှ`ယောက်ကျား
တံခွန်လူရည်ချွန်´`ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်´ကောင်ကင်သမွတ်ကြယ်ကိုစွတ်´`လှိုင်းကြီးလှေအောင် တောင်ကြီးဖဝါး
အောက်´စတဲ့ စတဲ့အားတက်ဖွယ်ရာ စကားပုံတွေကိုမှတ်မိသမျှ
အကုန်ရွတ်ကာ မိမိကိုယ်ကိုမိမိ အားကိုနှင်းမာန်ကိုတင်းကာယူရ
ပါတော့သည်၊ မတင်း၍မရ` ဒီတောင်ကိုမောင်မကျော်နိုင်´ ပါလို့
ဆိုလိုက်တာနဲ့ မိမိကို သဘောကောင်းစွာနဲ့ထမ်းပြီးခေါ်သွားမည်
မဟုတ် လမ်းမှာ ဒီတောင်တန်းကြီးတွေမှာပဲ အရိုးဆွေးရမဲ့ကိန်းမို့
မဖြစ်မနေ ဒီတောင်ကိုမောင်ကျော်ရပေမည်၊ ဒီတောင်ကိုမကျော်
သေးမှီ ကျနော်နဲ့အတူပါဂျောင်အကျဉ်းထောင်ကြီးထဲမှာအတူဒုက္ခ ရောက်ခဲ့ အတူထွက်ပြေးလွတ်မြောက်ခဲတဲ့ ကိုဖိုးဆန်း(ကသာ)
ရေးထားတဲ့ ဤတောင်တက်ခရီးစဉ်အခြေအနေလေး သူမြို့ပေါ်
ကနေတောထဲရောက်လာစ ဒီတောင်ကြီးတွေကိုဘယ်လိုတက်ခဲ့
ရတယ်ဆိုတာရေးထားတာလေး သူရဲ့``ပါဂျောင်ကရောမကျွန်´´
စာအုပ်ထဲကအတိုင်းဖော်ပြရင်း ကျနော်တို့ချီတက်ရမဲ့ ဤတောင်တက်ခရီးကို မိတ်ဆက်ပေးပါရစေ ။
ဗဟိုကိုရောက်တော့မယ် ဒီရှေ့ကမြင်နေရတဲ့တောင်လေး
ကိုကျော်ရင် ရောက်ပြီ ပြောလို့ ဗဟိုရောက်ရင်တော့အတိုးချပြီး နားရုံပဲဆိုပြီးအားလုံး ပျော်နေကြတယ် တစ်ရက်မှာ နံနက်အစောကြီး စားသောက်ပြီးတော့ အရှေ့ကမြင်နေရတဲ့တောင်လေးကို စ
တက်ကြပါတယ် စတက်ခါစတုံးကတော့ ချမ်းနေတဲ့အချိန် ဗိုက်ပြည့်နေတဲ့အချိန်ဆိုတော့ အားလုံးအေးဆေးပေါ့ တက်ရင်းတက်ရင်း မြင်နေရတဲ့တောင်ထိပ်ကိုရောက်ပြီလို့ ထင်တဲ့အချိန် ခေါင်းမော့ကြည့်လိုက်တော့ နောက်ထပ်တောင်ထိပ်တစ်ခုကိုလှမ်းမြင်ရတယ်..သြော်..နောက်ထပ် တစ်တောင်ကျန်သေးတာကိုးဆိုပြီး
ဆက်တက်ပြန်ပါတယ်မလျော့သောဇွဲနဲ့ပေါ့ဗျာ လမ်းဘေးက အ
ပင်တွေဆွဲပီးတက် လေးဘက်မထောက်ရုံတမယ်ကုန်းပြီးတက်
ချွေးတွေလည်းရွှဲလို့နစ်လို့ဖြစ်လာပါပြီ `ရောက်တော့မယ် တောင်
ထိပ်ကိုတက်ထား´ လို့အချင်းချင်း အားပေးကြ နောက်ကြ ပြောင်ကြနဲ့ပေါ့ အဲ့လိုနဲ့ တောင်ထိပ်ကိုရောက်ခါနီးပြီဆိုရင် နောက်ထပ်တောင် ထိပ် တစ် ခုကို လှမ်း မြင်ရပါတယ် ဆင်း ရတယ်ဆိုတာတောင်ကြောတစ်ခုနဲ့တစ်ခု ကူးတုံးလောက်ပဲဆင်းရပြီး အတက်
ချည်းပဲ တောက်လျောက်တက်နေရတာပါဒီလောက်တောင်တက်
နေရတာကွာ တောင်ဆင်းတဲ့အချိန်ကျရင်သက်သာမှာပါထင်ထားပေမဲ့ လကမ္ဘာကို ဖောက် ထား တဲ့ လမ်း လား လို့ထင်ရလောက်အောင်ကို တက်ရတာပါ နားလိုက် တက်လိုက် တောင်ထိပ်တစ်ခုကိုထပ်မြင်လိုက် ထပ်တက်လိုက် နားလိုက်နဲ့ တက်လာလိုက်တာ နေသာဝင်သွားတယ် မရပ်သေးပါဘူး အမှောင်ထဲမှာ ဆက်တက်လာလိုက်တာ ချွေးဆိုတာ ဘယ်ရောက်သွားမှန်းမသိပဲ အအေးဓာတ်ကို သိသိသာသာ ခံစားရတဲ့ နေရာတစ်ခုကိုရောက်တဲ့ အချိန်မှာမှ ဗဟိုလို့တချိန်လုံးပြောခဲ့တဲ့ မေးခဲ့ ဦးတည်ပြီးလျှောက်ခဲ့ရတဲ့ စခန်းကြီးကို .ရောက်တာပါ ။
ကိုဖိုးဆန်းတို့ကျောင်းသားအသစ်တွေ လွိုင်ဇာကနေလိုင်စင်
သို့အသွား တောလားပါ ကျောင်းသားအသစ်တွေဆိုတော့ ခေတ်
စကားနံပြောရရင်`အလန်းကြီး´ရှိသေးတယ် ကားစက်ရုံကထုတ်
ယူလာကာစ ကားအသစ်ကြီးတွေလိုပဲ အပြစ်အနာအစာမရှိရှယ်
ပါပဲ သူတို့စိတ်ဓာတ်ပိုင်းကိုကြည့်မလား ယုံကြည်ချက်နဲ့ရောက် လာကြသူတွေပဲအတက်ကျွဆုံးအချိန်ပေါ့ အဲ့လိုသူမျိုးတွေတောင်
ဒီတောင်ကြိးတွေကိုခက်ခက်ခဲခဲ၊ပင်ပင်ပန်းပန်းဇွဲကောင်းကောင်း
နဲ့တက်ယူခဲ့ရတာကို၊ကိုဖိုးဆန်းရဲ့`ပါဂျောင်ကရောမကျွန်စာအုပ်´
ထဲမှာ အထင်အရှား ရေးပြထားပါတယ်၊ အခုကျနော်တို့ အကျဉ်းသားတွေရဲ့အခြေအနေနဲ့ ကိုဖိုးဆန်းတို့အခြေအနေက ဇောက်ထိုးမိုးမျှော်ပါ မည်သို့မျှမအပ်စပ် ကွာခြားလွန်းလှပါတယ်၊ကျနော်
တို့ အကျဉ်းသားတွေရဲ့စိတ်ဓာတ်က သုညအောက်အနှုတ်ကိန်းမှာရှိနေသလို ခန္ဓာကိုယ် က လည်း ကံကောင်းလို့ မသေခဲ့ပေမဲ့
လည်း ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံထားရတာမို့ အိုနာ
ကျိုးကန်းတွေပါ အစားအစာကိုကြည့်မလား အာဟာရဖြစ်ဖို့ နေနေသာသာ ကျန်းမာရေးကိုပင် ပျက်စီးနိုင်ပါတယ် အလုပ်ကြမ်းမှာ ထင်းခွဲပေးရင်း `ထင်းပိုး´တွေတွေ့တော့ အရှင်လတ်လတ်ပဲပါးစပ်ထဲပစ်ထည့်တာပဲ စားလို့ရတဲ့`အပင်´တွေ့ရင်လည်း သူ့အ
ရွက်ကိုချက်ပြုတ်ဖို့မပြောနဲ့ ရေပင်မဆေးပဲ ဒီအတိုင်းပါးစပ်ထဲပစ်ထည့်ဝါးစားလိုက်တာပါပဲ ဒါ့ကြောင့်ကျန်းမာရေးကိုပင်ပျက်စီးနိုင်တယ်လို့ပြောတာပါ အဲ့လိုအနေအထားမျိုးမှာရှိနေတဲ့ ကျနော်တို့အကျဉ်းစံတွေ မိုးတိမ်တွေရစ်သိုင်းပြီးမိုးကောင်းကင်ကြီးထဲအထိ
ထိုးဖောက်တိုးဝင်သွားတဲ့ဒီတောင်ကြီးတွေကိုကျော်ဖြတ်ဖို့အရေး
တွေးပင်မတွေးရဲစရာ အင်းလေ`သူ့လက်ခုပ်ထဲကရေ´ ဖြစ်နေမှတော့လာမဲ့ဘေးပြေးတွေ့ကြရမှာပါပဲ ဘုရားတရားကိုတ နတ်ကောင်းနတ်မြတ်တွေကိုတိုင်တည် `မဟာဇနက္ကထုံး´နှစ်လုံးမှာစု
စည်း ``ငါဟဲ့ယောက်ကျား သေကာမှငါ့ဇွဲ လျော့မဟဲ့´´ဟုအားကို
ဇွတ်တင်းယူက ခြေတစ်လှန်းနဲ့ `တောင်တက်ခန်း´ကို စလိုက်ပါတော့သည် ။
လွိုင်ဇာကနေထွက်လာတာ မိနစ်(၂၀) လောက်ကြာတော့
KIAရဲ့254 ကုန်းကိုရောက်တယ် 254ကုန်းက နယ်မြေစိုးမိုးရေးအတွက် စစ်ရေးအရအရေးပါတဲ့တောင်ကုန်းတစ်ခုပါ လွိုင်ဇာ
နဲသိပ်မဝေးတဲ့ခရီးမို့ သွားလို့လာလို့ ကောင်းနေပါသေးတယ် ဒါပေမဲ့ တောင်ကုန်းကိုတက်တာအတော်လေး ကြာလာတော့ ကျနော်တို့ခြေထောက်တွေ စတင်လေးလံလာပါတယ် အရင်ရက်ကတစ်နေ့လုံးတစ်ညလုံး လမ်းလျှောက်ထားတဲ့ဒဏ်ကလည်း ရှိနေ
တာရယ်ကြောင့် လည်းဖြစ်မှာပါ မည်သို့ဆိုပါစေ အားတင်းကာပဲ
ဆက်တက်ရပါတယ်။ 254ကုန်းရဲ့ထိပ်ရောက်တော့ ဒူးပြစ်စပြုပါ
ပြီ၊ သို့သော်နောက်ထပ်တောင်တစ်လုံးကအသင့် လမ်းကိုမော့ပြီး
ကြည့်တာ မတ်မတ်ကြီး ``ဂျီ သြမေတြွီ´´စကားနဲ့ပြောရရင်(၄၅)
ဒီဂရီလောက်မတ်နေတယ် ကိုယ့်အခြေအနေက ပြုသမျှ နုရမဲ့အ
ခြေအနေပဲလေ သွားဆိုသွား ထိုင်ဆိုထိုင် စားဆိုစား ရမှာပေါ့ အ
ခုလည်းတက်ဆိုတော့တက်ပဲပေါ့ဗျာ၊ကျနော့မှာအကျင့်ကောင်းတ
စ်ခုရထားတာ ယနေ့အထိအဲ့ဒီအတွေ့အကြုံကပေးတဲ့သင်ခန်းစာ
ကိုအသုံးချတုံးပဲ အလုပ်ကြီးကြီးတစ်ခုလုပ်တော့မယ် ပြီးမှပြီးပါ့မ
လား အဲ့လိုမျိုးစိတ်ကလေးဝင်လာပြီဆိုရင် စိတ်ကလေးကျချင်ချင်ဖြစ်လာရင် ကောက်ပြီးရွတ်လိုက်တာပဲ အကြိမ်ရွတ်ရင်း အလုပ်ကိုစလုပ်တယ် အဲ့ဒီစကားပုံကတော့``မျက်စေ့ကချောက်လက်က
ကြောက် အလုပ်ကမလုပ်လောက်´´ဆိုတာပါ၊အတွေ့အကြုံက ဒီ
လိုပါ ကျနော်အပတ်စဉ်(၅)စစ်သင်တန်းဆင်းပြီးခါစ ဗဟိုနဲ့တစ်ရ
က်ခရီးသွားရတဲ့ တစ်နေရာမှာ စခန်းအသစ်တစ်ခုတည်ဆောက်
ကြတယ် KIA ရဲဘော်တွေနဲ့အတူတူတည်ဆောက်ရတာ ကျနော်တို့ကျောင်းသားရဲဘော်ကတပ်စိပ်တစ်စိပ်ထဲပါ ကိုတင်ယုက
တပ်စိပ်မူး ဖိုးဇော်(ဝန်းသို)ကဒုစိပ်မှူးပေါ့ အဲ့ဒီမှာမိုးကျော်သူ(ခ)
ဘိုဘိုလည်းပါတယ် စခန်းတည်မဲ့တောင်ကုန်းမှာသစ်ပင်တွေက
အတော်လေးကြီးတယ် အပင်ခုပ်လှဲမဲ့ဓါးက ဗျက်နှစ်လက္မလော
က်နဲ့အရှည်ကတစ်ပေသာသာလောက်ပဲရှိတာ ကချင်ဓါးလေးပါ
အဲ့ဒီတုံးကကျနော်စိတ်မှာဖြစ်လာတယ် ဒီဓါးနဲ့ဒီအပင်တွေနဲ့ဘယ်
လိုမှမဖြစ်နိုင်ဘူး ပြီးမှာမဟုတ်ဘူးလို့ အတွေးကပေါ်လာတယ် မ
နေနိုင်တော့ပါးစပ်ကထုတ်ပြောမိတယ် အဲ့ဒီမှာဘယ်သူကပြော
လိုက်သလဲမသိဘူး``မျက်စေ့ကချောက် စိတ်ကကြောက် အလုပ်ကမလုပ်လောက်´´လို့ပြောတယ် တကယ်လည်းသူပြောတာမှန်
တယ်ဗျ အချိန်တန်တော့ စခန်းကပြီးသွားရောပဲ အဲ့ဒီကတည်းက
အလုပ်အကြီးကြီးတွေ့လို့ကြောက်စိတ်ဝင်လာရင် ဒီစကားပုံကို ပွစိပွိနဲ့ရွတ်လိုက်တာပဲ အခုလည်းပဲ ဒီမတ်ဆောက်လှတဲ့တောင်
တက်လမ်းကိုအံတုဖို့ ဒီစကားပုံကိုပဲအားကိုးရပြန်ပြီ``မျက်စေ့က
ချောက်စိတ်ကကြောက်အလုပ်ကမလုပ်လောက်´´ကိုရွတ်ဆိုရင်
တောင်တက်ခရီးကိုဆက်တက်ပေါ့ဗျာ ။
တောင်ကမတ်မတ် လမ်းကမတ်မတ် နဲ့မတ်ပဲမတ်နိုင်လွန်းအဲမတ်မတ်မရပ်တည်နိုင်တာကကျနော်တို့ အကျဉ်းသားတွေပါပဲ
ချွေးကတလုံးလုံး လျှကထွက် ခြေထောက်ကတရွတ်စွဲ နဲ့တောင်
တက်နေကြတာ လုံခြုံရေးတာဝန်ကျရဲဘော်တွေကတော့ ``မင်းတို့တပ်က အခက်ခဲကျော်ဖြတ်တာတွေ လေ့ကျင့်ပေးမထားဘူး
လားကွ ဖျင်းလိုက်ကြတာ မြန်မြန်တက်ကြစမ်းပါ´´တဲ့ အားမလို
အားမရပြောနေကြရဲ့ ဘာပဲပြောပြောဆဲဆဲ သည်းခံနိုင်ပါတယ်
မင်းတို့တပ် မင်းတို့တပ်နဲ့ ကျနော်တို့ကိုပြောတာကိုတော့မချင်ဘူး
ဗျာ အဲ့ဒါကကျနော်တို့ကိုဆော်ကားတာ စစ်ထောက်လှမ်းရေးလို့
စွတ်စွဲတာမို့ပဲ အဲ့လိုပြောတဲ့ကောင်ရဲ့မျက်နာကို လက်သီးနဲဆုတ်ပြတ်သတ်သွားအောင်ကို ထိုးပစ်လိုက်ချင်တယ် အဟဲစိတ်ထဲမှာ
ပြောတာပါ တကယ့်လက်တွေ့မှာတော့ မျက်စောင်းတောင်မထိုးရဲ
ပါဘူးဗျာ ကိုယ့်ရိုက်တော့ကြည့်မိတယ် မင်းကမကျေနပ်ဘူးလား
ဆိုပြီးထပ်တွယ်တယ် ဒါမျိုးခနခနကြုံရလို့ပါ စိတ်ထဲမှာထိုးရဆဲရ
တာအန္တရာယ်ကင်းဗျ တောင်ကလည်းမော့မကြည့်ရဲအောင်ပါပဲမော့ကြည့်လိုက်တိုင်း တောင်ကြီးကကိုယ့်ကို ငုံ့ကြည့်နေသလိုပဲ
မြင်နေရတာ ဒီလောက်ဖြစ်လှတယ်ဟာဆိုပြီး ခေါင်းငိုက်ဆိုက်နဲ့
တက်သွားတာ တောင်ထိပ်ရောက်ပြီဆိုမှ မော့ကြည့်လိုက်တယ်
ဟိုက်ဒုက္ခ တောင်ကြီးတစ်လုံးက တက်ခဲ့ တက်ခဲ့တဲ့ ကြို ဆိုနေလေရဲ့ ဇွတ်ရောအတင်းရော ဆွဲတင်ထားတဲ့စိတ်ကလေး ဘယ်လိုကျသွားမှန်းပင်မသိတော့ ဒီအချိန်မှာရင်းမှူးအောင်သန်းကဒီရွာ
မှာနားမယ်တဲ့ ဝမ်းသာလိုက်တာ မောင်မင်းကြီးသားအသက်ရှည်
ကျန်းမာပါစေဗျာလို့တောင် ဆုတောင်းပေးလိုက်မိသေး သူပြောမှ
ရွာရှိတာသတိထားမိတော့တယ် လီဆူးရွာကလေးပါ စပါးလင်ပင်
အာလူးပင် ကြက်သွန်စတဲ့စိုက်ခင်းလေးတွေလည်းတွေ့ရတယ်
လာရာလမ်းကိုလည်ပြန်ကြည့်လိုက်တော့ လွိုင်ဇာရွာလေးကဟို
အောက်တောင်ခြေမှာကျန်ခဲ့ပြီ မုန်းဆာယံချောင်းနဲ့လွိုင်ဇာချောင်း
တို့ပေါင်းဆုံမိရာက သဲသောင်ခုံဖွေးဖွေးကြီးကလည်း ရှုမောဖွယ်
ပါ ပင်ပန်းသမျှ နွမ်းသမျှ လှပတဲ့ ကချင်ဒေသရဲ့တောင်ပေါ်အလှ
ကိုခံစားလိုက်မယ်ဟဲ့လို့ တွေးမိကာရှိသေး``အဲ့ကောင်တွေကိုစာ
သင်ကျောင်းထဲစုထားပြီး မျက်လုံးတွေအဝတ်စဆီးထားလိုက်´´
တဲ့ သွားပေဦးတော့ အမှောင်ကမ္ဘာထဲ၊ ဘာပဲပြောပြောပါ ဒီရွာကလေးမှာ ထမင်းစား၊ညအိပ်နားပေးတာကတော့ တကယ်ကျေးဇူး
တင်မိပါတယ် ကျနော်တို့ကိုယ်ကျနော်တို့သိနေကြပါတယ် ဆက်
ပြီးသာတောင်ကိုဆက်တက်မယ်ဆိုရင်ဖြင့်၊တောင်စောင့်သရဲကြီး
မည်သူဖြစ်မည်မပြောနိုင်ပါ ကျနော်လည်းဖြစ်နိုင်သလို အခြားသူ
လည်းဖြစ်နိုင်ပါသည် အထူးသဖြင့် ဦးသောင်းမြင့် (ဒေါင့်ကြီးရွာ၊တန့်ဆည်) အသက်အရွယ်ကြီး ၊ မတူးတူး(မိုးညှင်း)ငယ်ရွယ်ပြီးနုနယ်သည့်မိန်းခလေး ၊ ကိုပိ(ခ)တင်လွှမ်းမိုး(ရန်ကုန်) ကျန်းမာရေးညံ့ စတဲ့သူတွေအတွက်စိုးရိမ်မိပါသည် အခုတော့တနေ့တာ
နားနေခွင့်ရလို့ ဒီတစ်နေ့အတွက်တော့ အပူလုံးကျခွင့်ရပေပြီ....
ဆက်ရန်
OK AB
30/7/2017
ပတာလင်အကျဉ်းသား(၁၂)
Reviewed by MP4 YoU
on
January 09, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment