ကျနော်လေးစားချစ်ခင်ကြည်ညိုရတဲ့ကိုအေးမြင့်။
ကျနော်ကိုအေးမြင့်နဲ့သိကျွမ်းခဲ့တာနှစ်၃၀ကျော်လောက်ရှိပါပြီ။
ကျနော်အောင်လံမှာဆေးခန်းဖွင့်ပြီး
ရက်အနည်းငယ်အတွင်းမှာကိုအေးမြင့်နဲ့သူ့မိတ်ဆွေတစုကနွမ်းပါးပြီးဆေးဘိုးမတတ်နိုင်ရှာတဲ့လူနာတွေကိုခေါ်လာပြီးဆေးကုသပေးကြပါတယ်။
သူတို့ချွေးနည်းစာထဲကငွေစုစိုက်ထုတ်ပြီးကုပေးကြရှာတာပါ။
သူတို့ကိုယ်တိုင်လည်းတကဲ့အခြေခံလူတန်းစားတွေပါ။သူတို့စိတ်ဓာတ်ကိုကျနော်မလေးစားပဲမနေနိုင်ပါ။ကျနော်လည်းတတ်နိုင်သလောက်ဒါနပြုခဲ့ပါတယ်။
၈၈အရေးခင်းပြီးနောက် အောင်လံမှာ ပထမဦးဆုံးနဲ့တယောက်ထဲထောင်သွင်းအကျဉ်းကျခဲံ့ရသူဟာ ကိုအေးမြင့်ပါ။
ထောင်ကလွတ်လာပြီး nldပါတီဝင်ပြီးနိုင်ငံရေးတက်တက်ကြွကြွဆက်လုပ်လို့ဒုအကြိမ်ထောင်ကျခဲ့ရသူပါ။
သူထောင်ကျစဉ်ကာလများမှာ သူ့ဇနီးကမိတ်ဆွေအပေါင်းအသင်းများကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲအိမ်ထောင်ကိုကောင်းစွာထိမ်းသိမ်းစောင့်ရှောက်နိုင်သူပါ။
သူထောင်ကထွက်လာတော့မြို့လူထုကသူနဲ့ကောင်းကာင်းစကားမပြောရဲကြပါ။
ဘာလို့ဆိုသူ့နောက်ကထောက်လှမ်းရေးတွေမပြတ်လိုက်နေကြလို့ပါ။
သူကျနော့ဆေးခန်းတော့မကြာခဏလာပါတယ်၊ထောင်ထဲအကြောင်းတွေနိုင်ငံရေးရည်မှန်းချက်တွေပြောဆိုဆွေးနွေးကြပါတယ်။ထောက်လှမ်းရေးတွေကစောင့်သတင်းပို့လို့ပေါ့။သူကြောင့်တဖက်သားဒုက္ခရောက်မှာတော့သူစိုးရိမ်ကြောင်းသတိထားကြောင်းတော့ပြောပါတယ်။
သူnldပါတီကိစ္စတွေလုပ်ဖို့သွားရေးလာရေးငွေလိုအပ်ရင်ကျနော့ကိုအသိပေးလေ့ရှိပါတယ်။ကျနော်တခါမှမငြင်းပါဘူးလိုအပ်တာအမြဲဖြည့်ပေးပါတယ်။
ကျနော့မိသားစုအရေးကိစ္စတွေအကူညီတောင်းရင်အမြဲထဲထဲဝင်ဝင်သူကူညီပါတယ်။
၂၀၁၅ရွေးကောက်ပွဲမှာသူကမကွေးတိုင်းအောနိုင်ရေးဒုဥက္ကဌ ကျနော်တို့ကမြို့နယ်အဖွဲ့ဝင် အတူတွဲလုပ်ကြတော့သူဟာတကယ်ကိုအပင်ပန်းခံနိုင်သူပဲ မကွေးတတိုင်းလုံးသူမရောက်ဖူးတဲ့ကျေးရွာမရှိသလောက်ပါ။တကဲ့ကိုတာဝန်ကျေပွန်လွန်းသူပါ။
ရွေးကောက်ပွဲမှာသူသာအမတ်ဝင်ရွေးရင်အများစုကထောက်ခံကြမှာပါ။
ဒါပေမဲ့သူက သူ့ထက်ပညာအရည်ချင်းမြင့်သူ သူ့ထက်ပိုလုပ်ကိုင်နိုင်စွမ်းရှိမယ်လို့ထင်ရသူတွေကိုပုခုန်းထမ်းတင်ပြီးနောက်တန်းကနေခဲ့သူပါ။
ယခုလက်ရှိနိုင်ငံရေးမှာအခြေမြင့်ပြီးနေရာရနေကြသူတွေဟာသူနဲ့အတူထောင်ထဲမှာနေခဲ့ကြပြီးရင်းနှီးကြသူတွေပါ။သူ့အကျိုးအတွက်ဘာမျှမတောင်းဆိုခဲ့သူပါ။
ဖခင်တယောက်အနေနဲ့လည်းသူသာပညာနဲခဲ့တာ သူ့သမီး၃ယောက်စလုံးကို
ဘွဲ့ရပညာတတ်အောင်စောင့်ရှောက်နိုင်ခဲ့သူပါ။
သူဖြစ်စေချင်တဲ့သူလျှောက်ခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းကမပြီးဆုံးသေးပါ။
ကျနော်တို့စည်းစည်းလုံးလုံးနဲ့ဆက်လျှောက်လှမ်းကြပါဦးစို့။
ကျနော်ချစ်တဲ့ လေးစားတဲ့ကိုအေးမြင့်ကိုဒီစာစုလေးနဲ့ ရင်ထဲခံစားချက်ကိုရေးတတ်သလိုရေးရင်းနဲ့ပဲ ဂုဏ်ပြုအပ်ပါတယ်ခင်ဗျား။
Kyi Win (facebook)
No comments:
Post a Comment