Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 5, 2018

အစ္မႏွင့္ ႀကံဳေတြ႕ခဲ့ရေသာ အမွတ္တရေလးတစ္ခု



မိုဃ္လင္း 12 Dec 2012

သမိုင္းေၾကာင္း အတၳဳပၸတၱိတို႔၊ သမိုင္းေၾကာင္း အျဖစ္အပ်က္တို႔ကို ေရးသားတဲ့ စာေပေတြဆို ဂ႐ုတစိုက္နဲ႔ ေလ့လာမွတ္သားရတာ ၀ါသနာပါခဲ့ပါတယ္။
သမိုင္းေၾကာင္း အတၳဳပၸတၱိတို႔၊ သမိုင္းေၾကာင္း အျဖစ္အပ်က္တို႔ကို ေရးသားတဲ့ စာေပေတြဆို ဂ႐ုတ
စိုက္နဲ႔ ေလ့လာမွတ္သားရတာ ၀ါသနာပါခဲ့ပါတယ္။
အဲဒီလို စာေပမ်ိဳးကို အဓိကထားၿပီး ဖတ္ရွုခဲ့ပါတယ္။ သမိုင္းမွတ္တမ္း ဗဟုသုတေတြကိုလည္း ရေစ
ခဲ့ပါတယ္။

ဥပမာ - ၁၉၆၂ ခုႏွစ္ ေတာ္လွန္ေရး ေကာင္စီေခတ္ဦးကာလအေၾကာင္း ေတြ၊ မဆလေခတ္က
အေၾကာင္းေတြကို သခင္တင္ျမေရးခဲ့တာေတြဟာ မွတ္သားစရာေတြပါပဲ။

ထို႔အတူ ဗကပ ေတြအေၾကာင္း။ ေတာတြင္းအေတြ႕ အႀကံဳေတြကို ရဲေဘာ္ဘခက္ေရးခဲ့ ေရးေနတာ
ေတြဟာ သမိုင္းဗဟုသုတ ေတြပါပဲ။

ႀကံဳေတြ႕ခဲ့ရတဲ့ ျဖစ္စဥ္ေတြ၊ အေၾကာင္းအရာေတြဟာ သမိုင္းပါပဲ။ သမိုင္းဆိုတာကို ေမ့လို႔လည္း
မရပါဘူး။ ေဖ်ာက္လို႔လည္းမရပါဘူး။ ၁၉၈၉ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္ေန႔ ညေန ၅ နာရီမွာ အစ္မကို
နိုင္ငံေတာ္အား ေႏွာင့္ယွက္ဖ်က္ဆီးလိုသူမ်ား၏ ေဘးအႏၲရာယ္မွ ကာကြယ္ေစာင့္ ေရွာက္သည့္
ဥပေဒ ပုဒ္မ ၁၀(ခ) အရ၊ ေနအိမ္အက်ယ္ခ်ဳပ္သတ္မွတ္ေၾကာင္း စာကို သက္ဆိုင္ရာကလာပို႔ၿပီး
အစ္မ နဲ႔ ေတြ႕ဆုံပါတယ္။

က်န္တဲ့ ကၽြန္ေတာ္တို႔အားလုံးကိုေတာ့ ည ၉ နာရီမွာ ပုဒ္မ ၁၀(က)အရ အင္းစိန္ေထာင္ကို ပို႔လိုက္
ပါတယ္။ နိုင္ငံေတာ္အား ေႏွာင့္ယွက္ဖ်က္ဆီးလိုသူမ်ား၏ ေဘးအႏၲရာယ္မွ ကာကြယ္ေစာင့္ေရွာက္
သည့္ ဥပေဒမွာ ပုဒ္မ ၁၀ (က)နဲ႔ ပုဒ္မ ၁၀(ခ)တို႔ျဖစ္ပါတယ္။

၁၀(က) က ေထာင္ထဲမွာေနရၿပီး ၁၀(ခ) က ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ေနရပါတယ္။ ပုဒ္မႏွစ္ခုစလုံး
ေျခာက္လတစ္ခါ ရမန္ယူရၿပီး သုံးႏွစ္အထိခ်ဳပ္ထား နိုင္ပါတယ္။
၁၉၉၁ ခုႏွစ္မွာ သုံးႏွစ္အထိ ခ်ဳပ္ထားနိုင္သည္လို႔ပါတဲ့ စာသား ေနရာမွာ ငါးႏွစ္လို႔ ေျပာင္းလဲခဲ့ပါ
တယ္။

အစ္မဟာ သုံးႏွစ္ျပည့္ဖို႔ တစ္ႏွစ္အလိုမွာ ငါးႏွစ္လို႔ ေျပာင္းလိုက္တဲ့အတြက္ ေနာက္ထပ္ သုံးႏွစ္ေန
ရမယ့္ သေဘာပါပဲ။
၁၉၉၄ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္မွာ ငါးႏွစ္ျပည့္ပါတယ္။ ဒါေပမယ့္ ၁၉၉၅ ခုႏွစ္၊ ဇူလိုင္လ ၁၀ ရက္
ေန႔၊ ညေန ၆ နာရီက်မွ အစ္မ လြတ္ေျမာက္လာပါတယ္။ ၁၁ ရက္ေန႔ မနက္မွာေတာ့ ၿခံေရွ႕မွာ
လူထုပရိသတ္ေတြ အစ္မကို ျမင္ေတြ႕ခ်င္တဲ့ ဧည့္သည္ေတြ သတင္းဌာနေတြက သတင္းေထာက္
ေတြ ေရာက္ရွိလို႔ ေနပါတယ္။
သတင္းေထာက္ေတြကိုေတာ့ အလွည့္က်ေတြ႕ဆုံၿပီး လူထုပရိသတ္ကိုေတာ့ ၿခံေရွ႕ထြက္ၿပီး ႏွုတ္
ခြန္းဆက္ စကားေျပာရပါတယ္။

ေန႔စဥ္ ညေနဆို ၿခံေရွ႕ထြက္ၿပီး ႏွုတ္ခြန္းဆက္စကား ေျပာရတဲ့အတြက္ ေနာက္ေတာ့ အစ္မဟာ
လူထုပရိသတ္နဲ႔ သေဘာတူ နားလည္မွုယူၿပီး အပတ္စဥ္ စေန၊ တနဂၤေႏြေန႔ေတြမွာ ညေန ၄ နာရီ
ကေန ၅ နာရီအထိ မိန႔္ခြန္းေျပာရင္း အေမးအေျဖက႑ေတြ ျပဳလုပ္ပါတယ္။
တစ္ပတ္နဲ႔တစ္ပတ္ လူထုပရိသတ္က မ်ားမ်ားလာပါတယ္။ ၁၉၉၆ ခုႏွစ္၊ ႏွစ္ဝက္ေလာက္မွာ အေန
အထားေတြက ပုံစံအမ်ိဳးမ်ိဳး ျဖစ္လာပါတယ္။

အစ္မအိမ္ရဲ့ ေရွ႕မွာ ေျမလြတ္ကြက္ လပ္ရွိတဲ့အတြက္ အဲဒီေနရာမွာ ဓနိမိုး ခန္းမက်ယ္ႀကီး တစ္ခုျပဳ
လုပ္ၿပီး အခမ္းအနားေတြ၊ ေဟာေျပာပြဲေတြ ျပဳလုပ္ပါတယ္။

လြတ္လပ္ေရးေန႔၊ ျပည္ေထာင္စုေန႔၊ ေတာ္လွန္ေရးေန႔၊ ရိုးရာသၾကၤန္ပြဲ ေတာ္၊ ေရြးေကာက္ပြဲႏွစ္ပတ္
လည္ေန႔၊ အစ္မေမြးေန႔၊ အာဇာနည္ေန႔၊ အင္န္အယ္လ္ဒီႏွစ္ပတ္လည္ေန႔၊ အမ်ိဳးသား ေအာင္ပြဲေန႔
ေတြကို အစဥ္အလာ မပ်က္က်င္းပခဲ့ၾကပါတယ္။
၁၉၉၆ ခုႏွစ္၊ ေမလေရြးေကာက္ပြဲႏွစ္ပတ္လည္ေန႔မွာ အစီအစဥ္ေတြ ပ်က္သြားၿပီး အေျခအေနေတြ
က တစ္မ်ိဳးေျပာင္း ကုန္ပါတယ္။

ကိုကိုညီ (ဦးေအးဝင္း)နဲ႔ ကိုထိန္ (ဦးဝင္းထိန္)တို႔လည္း ပါသြားၿပီး ၿခံထဲမွာ တိုင္းနဲ႔ျပည္နယ္က
ကိုယ္စားလွယ္တစ္စုလည္း ပိတ္မိေနခဲ့ပါတယ္။(ရန္ကုန္တိုင္းက ေဒါက္တာသန္းၿငိမ္း၊ ဧရာဝတီတိုင္း
က ဦးတင္ေခ်ာ၊ ဦးမန္း ေဂ်ာ္နီ၊ ေဒါက္တာမ်ိဳးညြန႔္၊ ေဒါက္တာ တင္မင္းထြဋ္၊ ေဒးဗစ္လွျမင့္၊ ပဲခူးက
ဦးေအး၊ ဦးသာေမာင္၊ မေကြးက ဦးခ်စ္တင္၊ ဦးစိုးျမင့္၊ မြန္ျပည္နယ္က ဦးေအာင္ၾကည္ညြန႔္တို႔ ျဖစ္ပါ
တယ္။)

လမ္းပိတ္ထားတဲ့အတြက္ မည္သူမၽွထြက္ခြင့္မရပါ။ ကၽြန္ေတာ္တစ္ေယာက္သာ ေဈးဝယ္ထြက္ခြင့္ရ
ပါတယ္။ ၿခံထဲ က ဓ/၃၀၀၆ ဆန္နီပစ္ကပ္ အျပာေရာင္ကားနဲ႔ ေဈးဝယ္ထြက္ရပါတယ္။ လွည္းတန္း
ေဈးမွာ ေန႔စဥ္ ေဈးသြားဝယ္ၿပီး ဂိတ္ေတြမွာ အသြားအျပန္ အစစ္အေဆးခံရပါတယ္။

၁၉၉၆၊ နိုဝင္ဘာလ ၉ ရက္ေန႔ အပတ္စဥ္ စေန၊ တနဂၤေႏြေန႔ ေဟာေျပာပြဲအစီအစဥ္ေတြ မလုပ္ရ
ေတာ့ ပရိသတ္ေတြနဲ႔ အဖြဲ႕ဝင္ေတြက စေန၊ တနဂၤေႏြဆို လာေနက်ဆိုေတာ့ ထုံးစံအတိုင္း လာၾက
ပါတယ္။
ကကၠိဳင္း ထိပ္အထိပဲ လာခြင့္ရၾကတာပါ။ အစ္မ ထြက္ေတြ႕မယ္ျပဳေသာအခါ အတားအဆီးေတြနဲ႔
ႀကံဳရပါတယ္။
ေနာက္ပိုင္း ဦးခ်စ္ေမာင္လမ္း ဂြတၱလစ္ထိပ္အထိ ေရာက္သြားၾကပါတယ္။ အစ္မကလည္း
သြားေတြ႕ ပါတယ္။

နိုဝင္ဘာ ၉ ရက္ေန႔မွာလည္း သြားေတြ႕ဖို႔ ၿခံထဲက ညေန ၃ နာရီခြဲအခ်ိန္စထြက္ပါတယ္။ အစ္မကား
ရယ္၊ ဆန္နီပစ္ကပ္ကားရယ္၊ ဘဘဦးတင္ဦးကားရယ္ သုံးစီးစထြက္ ပါတယ္။

လုံၿခံဳေရးကားႏွစ္စီးလည္း ပါတယ္။ ဆန္နီပစ္ကပ္ကားေပၚမွာက ကိုယ္စားလွယ္တခ်ိဳ႕နဲ႔ ၿခံထဲက
လူငယ္ တခ်ိဳ႕ ပါပါတယ္။ ဘဘဦးၾကည္ေမာင္ အိမ္ကို ၀င္ေခၚပါတယ္။ ဘဘဦးတင္ဦး ကားနဲ႔
ဘဘဦးၾကည္ေမာင္က လိုက္ပါ တယ္။
အစ္မက ကၽြန္ေတာ့ကိုေခၚၿပီး ဘဘဦးတင္ဦးတို႔ လူႀကီးႏွစ္ေယာက္တည္း ျဖစ္ေနတဲ့အတြက္ အဲဒီ
ကားနဲ႔ လိုက္ဖို႔ ေျပာပါတယ္။

ဘဘဦးၾကည္ေမာင္ အိမ္ကစထြက္ ေတာ့ ဆန္နီပစ္ကပ္အျပာေရာင္ကားက ေရွ႕ဆုံးက စထြက္ၿပီး
အစ္မကား၊ ဘဘဦးတင္ဦးကားနဲ႔ လုံၿခံဳေရးအရာရွိစီးတဲ့ ဗင္ကားအျပာေရာင္ေနာက္က ပူးလိစ္လို႔
ေရးထားတဲ့ လုံၿခံဳေရးကားက ေနာက္ဆုံးက ပါပါတယ္။

ကေမၻာဇရိပ္သာလမ္းကေန ကမၻာေအးဘုရား လမ္းမေပၚအထြက္ ညာဘက္ခ်ိဳးၿပီး ၿခံနံပါတ္ အမွတ္
၁၂၁၊ အမွတ္ ၁၂၃ ေရွ႕အေရာက္မွာ လူအင္အား ၃၀၀ ေလာက္က လမ္းမေပၚမွာ ပိတ္ဆို႔ထားၿပီး
ကားေတြကို ရပ္ေစပါတယ္။

ဆန္နီပစ္ကပ္ကားကေတာ့ ေရွ႕ကေန လြတ္သြားပါတယ္။ ရပ္ေနရတဲ့ ကၽြန္ေတာ္ တို႔ကားတန္းကို
တုတ္၊ ခ်ိန္းႀကိဳး၊ ငါးမန္း စြယ္ေတြ ကိုင္ေဆာင္ထားတဲ့ လူေတြက ကားကိုထုရိုက္ပါတယ္။

ဘဘဦးတင္ဦးကားက မွန္ေတြအားလုံး ကြဲကုန္ပါ တယ္။ လုံၿခံဳေရးအရာရွိစီးတဲ့ ဗင္ကား အျပာဆို
ရင္လည္း မွန္ေတြအားလုံး ကြဲကုန္ပါတယ္။ ပူးလိစ္ကားထဲက အရာရွိတစ္ေယာက္က လက္နက္နဲ႔
ထုတ္ခ်ိန္ေတာ့မွ အားလုံးရပ္ဆိုင္းသြားၿပီး ကားေတြက အျမန္ေမာင္း ထြက္ၾကပါတယ္။

မွန္စထိတဲ့အတြက္ ဘဘဦးၾကည္ေမာင္လည္း ကုပ္မွာ ေသြးစို႔ေနတာေတြ႕တာနဲ႔ ကၽြန္ေတာ္ ေနာက္
ခန္းကူးၿပီး ဘဘဦးၾကည္ေမာင္ ကိုယ္ေပၚက မွန္စေတြကို ဖယ္ရွားေပးပါတယ္။
အစ္မကားကေတာ့ ေနာက္မွန္ ဘယ္ဘက္ေထာင့္မွာ ခ်ိဳင့္ဝင္ရာ တစ္ခ်က္ေတြ႕ရပါတယ္။
ဟာမစ္တစ္ မီးပြိဳင့္အေက်ာ္မွာ ေဘးကေန ဒိုင္နာကားသုံးစီးကယွဥ္ၿပီးလိုက္လာပါတယ္။ လူအျပည့္
ပါပါတယ္။
ဒိုင္နာကားေရွ႕ခန္းက လူတစ္ေယာက္က စကားေျပာစက္နဲ႔ ေျပာေနတာေတြ႕ရပါတယ္။ ေရႊဂုံတိုင္
မီးပြိဳင့္မွာ မီးစိမ္းထားတဲ့အတြက္ ဘယ္ဘက္ကို ခ်ိဳးေကြ႕ၿပီး ေျခာက္ထပ္ႀကီး ဘုရားလမ္းအတိုင္းဦး
တည္ၿပီး ေျခာက္ထပ္ႀကီးဘုရားအလြန္ ဘယ္ဘက္က ဗိုလ္စိန္မွန္လမ္းဘက္ ခ်ိဳးဝင္ပါတယ္။
ဒိုင္နာကားေတြကေတာ့ တာေမြအဝိုင္း ထိပ္ဦးတည္ေနတာမို႔ ခ်ိဳးေကြ႕လို႔မရခဲ့ပါဘူး။ ဗိုလ္စိန္မွန္
လမ္းထိပ္ေရာက္ ေတာ့ ဘယ္ဘက္က ဦးခ်စ္ေမာင္လမ္းအတိုင္း ဂြတၱလစ္ထိပ္ကို ေမာင္းခဲ့ၾကပါ
တယ္။
ေစာင့္ေနၾကတဲ့ လူထုေတြက ကၽြန္ေတာ္တို႔ကားက မွန္ေတြအားလုံး မရွိတာျမင္ေတာ့ ၀ိုင္းေမးၾကပါ
တယ္။

ဘဘတို႔ကိုလည္း လာေတြ႕ၾကပါတယ္။ အစ္မကေတာ့ ပရိသတ္ကို မိန႔္ခြန္း ေျပာၾကားပါတယ္။
ၿပီးတာနဲ႔ ေရွ႕တည့္တည့္ မီးပြိဳင့္ျဖတ္ေတာ့ စက္မွု(၁)လမ္း ေရာက္ပါတယ္။ အဲဒီမွာ ခဏရပ္တဲ့အခါ
အစ္မက ကၽြန္ေတာ့ေခၚၿပီး လုံၿခံဳေရးအရာရွိ ကိုသူရကို ေမးခိုင္းပါတယ္။
လမ္းေတြက ပိတ္ဆို႔ထားေတာ့ ဘယ္လမ္းက ျပန္ရင္ရမရေမးခိုင္းပါတယ္။ တကၠသိုလ္ရိပ္သာလမ္း
ကို အင္လ်ားလမ္းဘက္က ျဖတ္ၿပီး ၀င္သင့္ေၾကာင္း ေျပာဆိုတဲ့အတြက္ ကမၻာေအးဘုရားလမ္းမွ
ေခ်ာ္တြင္းကုန္းမီးပြိဳင့္၊ ပါရမီလမ္း အတိုင္း ေအဒီလမ္းထိပ္ကေန ျပည္လမ္းအတိုင္း ေမာင္းခဲ့ၾကပါ
တယ္။

အင္လ်ား လမ္းဘက္ခ်ိဳးေကြ႕ၿပီး တကၠသိုလ္ရိပ္သာ လမ္းအတိုင္း လာခဲ့ၾကတဲ့အခါ အင္းလ်ားၿမိဳင္
လမ္းထိပ္ကေန လူအင္အား ၃၀၀ ခန႔္က ပိတ္ဆို႔ထားတာ ျမင္ရတဲ့အတြက္ ၀င္ဒါမီယာလမ္း
(သံလြင္လမ္း)ထိပ္မွာ ကားေတြရပ္တန႔္ၿပီး အစ္မက ကိုသူရကိုေမးခိုင္းပါတယ္။
ကိုသူရက"အစ္မကိုေျပာျပပါ။ လုံျခဳံေရးကို သူအာမမခံရဲေတာ့ေၾကာင္း၊ တာဝန္မယူရဲေတာ့ေၾကာင္း
သူေတာင္ခံေနရတဲ့အတြက္ တစ္ေနရာရာမွာ သြားနားေနသင့္ေၾကာင္း သူအထက္ကိုဆက္သြယ္ၿပီး
လုံၿခံဳေရးအာမခံခ်က္ရမွ သြားပါလို႔" အစ္မကိုေျပာခိုင္းပါတယ္။
အစ္မက "ဒါဆို ဒီအနီးနားက ဘဘဦးတင္ဦး အိမ္ပဲရွိတယ္။ အဲဒီသြားလို႔ရမလားဆိုတာ ကိုသူရကို
သြားေမး"ေျပာတာနဲ႔ ကိုသူရ က "ေကာင္းပါတယ္။ သြားပါ။ သူတို႔လည္း ေနာက္ကပါမွာပါ"လို႔
ေျပာခိုင္းတဲ့အတြက္ အစ္မက ကားေတြကို ၀င္ဒါမီယာလမ္းဘက္ကို ခ်ိဳးေကြ႕ေစပါ တယ္။ ေရွ႕ဆုံး
က ဆန္နီပစ္ကပ္ကားကစထြက္ၿပီး အစ္မကားက ထြက္ပါတယ္။

ၿပီးမွ ကၽြန္ေတာ္နဲ႔ ဘဘတို႔ပါတဲ့ကား ထြက္ပါတယ္။ ကၽြန္ေတာ္တို႔ကား ၀င္ဒါမီယာဘက္ကို ခ်ိဳး
အေကြ႕မွာ ေနာက္ကလူတစ္ေယာက္ေျပးလိုက္လာပါတယ္။ လက္ထဲမွာ ဓားေျမႇာင္တစ္လက္ကိုင္
ထားပါတယ္။

ကၽြန္ေတာ္က ကားေမာင္းသူကို ျမန္ျမန္ေမာင္းဆိုၿပီး ေနာက္ကိုပဲ လွည့္ၾကည့္ေနပါတယ္။ ေနာက္မွာ
က ကိုသူရကားရယ္၊ ပူးလိစ္ ကားရယ္ပါလာပါတယ္။ ကားနား ေရာက္တာနဲ႔ ကၽြန္ေတာ္က ဘဘ
တို႔ ရွိတဲ့ ေနာက္ခန္းကိုကူးဖို႔ ျပင္ဆင္ထားပါတယ္။

ကားေနာက္မွန္ေရာ၊ ေဘးမွန္ ေရာမရွိတဲ့အတြက္ ဘဘတို႔အတြက္ အႏၲရာယ္ရွိပါတယ္။ ေနာက္က
ပါလာတဲ့ ပူးလိစ္ကားထဲက ဘာလုပ္လိုက္လဲ မသိဘူး။ အဲဒီလူ ခ်က္ခ်င္းျပန္လွည့္ ေျပးၿပီး အဖြဲ႕
အစည္းတစ္ခုပိုင္ ႐ုံးေဟာင္းထဲဝင္သြားတာေတြ႕ရပါတယ္။

အဲဒီပတ္ဝန္းက်င္မွာ အရပ္ဝတ္နဲ႔ လူတခ်ိဳ႕လည္း ရပ္ေနတာေတြ႕ရပါတယ္။ ၀င္ဒါမီယာလမ္းအတိုင္း
လာၾကၿပီး ေအာင္မင္းေခါင္လမ္းက ဘဘဦးတင္ဦး အိမ္မွာ သြားနားေနၾကပါတယ္။

အျဖစ္အပ်က္အေၾကာင္းစုံကို ေျပာေနခဲ့ၾကပါ တယ္။ ည ရ နာရီေက်ာ္ေလာက္မွာ ကိုသူရက ေခၚ
တာနဲ႔ အစ္မက သြားခိုင္းပါတယ္။

ကိုသူရက "အစ္မကိုေျပာေပးပါ။ အိမ္ျပန္လို႔ရပါၿပီ။ သူတို႔ကားတစ္စီး က ေရွ႕ကသြားပါမယ္။ အဲဒီ
ကားေနာက္ ကေန ကားေတြက လိုက္ခဲ့ၾကပါ။ သူ႔ကားတန္းလည္း ေနာက္ကပါပါမယ္" လို႔ ေျပာတဲ့
အတြက္ အစ္မကို သြားေျပာ ျပပါတယ္။

ကိုသူရတို႔ကားတစ္စီးက ေရွ႕ကသြားၿပီး အင္လ်ားလမ္း၊ ဓမၼေစတီလမ္း၊ မိုးညႇင္းေက်ာင္းတိုက္ေဘး၊မင္းကြန္းေတာရ (ေရႊေတာင္ၾကား)လမ္း အတိုင္း ကေမၻာဇလမ္း၊ ေရႊေတာင္ၾကား (၁)လမ္း၊ ေအာင္
ေဇယ်လမ္းဘက္ကေန တကၠသိုလ္ရိပ္သာလမ္းကို ျပန္ဝင္ရပါတယ္။

ၿခံတြင္းကို လုံၿခံဳစြာေရာက္ရွိခဲ့ပါတယ္။ အဲဒီေတာ့မွပဲ အားလုံးသက္ျပင္းခ်နိုင္ခဲ့ပါတယ္။ သည္းထိတ္
ရင္ဖိုဆန္တဲ့ ျဖစ္ရပ္ေတြဟာ ကၽြန္ေတာ္တို႔မွာ မၾကာခဏဆိုသလို ႀကံဳေတြ႕ခဲ့ရပါတယ္။

သမိုင္းေၾကာင္း တစ္ေလၽွာက္ ေကြ႕ခ်ိဳးေလးမ်ားစြာထဲက ခ်ိဳးေကြ႕ခဲ့ရတာေလးတစ္ခုရဲ့ အေၾကာင္း
အရာသာျဖစ္ပါတယ္။ အမွတ္တမဲ့အရာ တစ္ခုကို အမွတ္တရျဖစ္ေစရန္ အတြက္။
https://myanmar.mmtimes.com/features/2603-2012-12-12-07-33-12.html

မိုဃ်လင်း 12 Dec 2012

သမိုင်းကြောင်း အတ္ထုပ္ပတ္တိတို့၊ သမိုင်းကြောင်း အဖြစ်အပျက်တို့ကို ရေးသားတဲ့ စာပေတွေဆို ဂရုတစိုက်နဲ့ လေ့လာမှတ်သားရတာ ၀ါသနာပါခဲ့ပါတယ်။

သမိုင်းကြောင်း အတ္ထုပ္ပတ္တိတို့၊ သမိုင်းကြောင်း အဖြစ်အပျက်တို့ကို ရေးသားတဲ့ စာပေတွေဆို ဂရုတ
စိုက်နဲ့ လေ့လာမှတ်သားရတာ ၀ါသနာပါခဲ့ပါတယ်။

အဲဒီလို စာပေမျိုးကို အဓိကထားပြီး ဖတ်ရှုခဲ့ပါတယ်။ သမိုင်းမှတ်တမ်း ဗဟုသုတတွေကိုလည်း ရစေ
ခဲ့ပါတယ်။

ဥပမာ - ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီခေတ်ဦးကာလအကြောင်း တွေ၊ မဆလခေတ်က
အကြောင်းတွေကို သခင်တင်မြရေးခဲ့တာတွေဟာ မှတ်သားစရာတွေပါပဲ။

ထို့အတူ ဗကပ တွေအကြောင်း။ တောတွင်းအတွေ့ အကြံုတွေကို ရဲဘော်ဘခက်ရေးခဲ့ ရေးနေတာ
တွေဟာ သမိုင်းဗဟုသုတ တွေပါပဲ။

ကြံုတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေဟာ သမိုင်းပါပဲ။ သမိုင်းဆိုတာကို မေ့လို့လည်း
မရပါဘူး။ ဖျောက်လို့လည်းမရပါဘူး။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီမှာ အစ်မကို
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်
ဥပဒေ ပုဒ်မ ၁၀(ခ) အရ၊ နေအိမ်အကျယ်ချုပ်သတ်မှတ်ကြောင်း စာကို သက်ဆိုင်ရာကလာပို့ပြီး
အစ်မ နဲ့ တွေ့ဆုံပါတယ်။

ကျန်တဲ့ ကျွန်တော်တို့အားလုံးကိုတော့ ည ၉ နာရီမှာ ပုဒ်မ ၁၀(က)အရ အင်းစိန်ထောင်ကို ပို့လိုက်
ပါတယ်။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်
သည့် ဥပဒေမှာ ပုဒ်မ ၁၀ (က)နဲ့ ပုဒ်မ ၁၀(ခ)တို့ဖြစ်ပါတယ်။

၁၀(က) က ထောင်ထဲမှာနေရပြီး ၁၀(ခ) က နေအိမ်အကျယ်ချုပ်နဲ့ နေရပါတယ်။ ပုဒ်မနှစ်ခုစလုံး
ခြောက်လတစ်ခါ ရမန်ယူရပြီး သုံးနှစ်အထိချုပ်ထား နိုင်ပါတယ်။

၁၉၉၁ ခုနှစ်မှာ သုံးနှစ်အထိ ချုပ်ထားနိုင်သည်လို့ပါတဲ့ စာသား နေရာမှာ ငါးနှစ်လို့ ပြောင်းလဲခဲ့ပါ
တယ်။

အစ်မဟာ သုံးနှစ်ပြည့်ဖို့ တစ်နှစ်အလိုမှာ ငါးနှစ်လို့ ပြောင်းလိုက်တဲ့အတွက် နောက်ထပ် သုံးနှစ်နေ
ရမယ့် သဘောပါပဲ။

၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှာ ငါးနှစ်ပြည့်ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
နေ့၊ ညနေ ၆ နာရီကျမှ အစ်မ လွတ်မြောက်လာပါတယ်။ ၁၁ ရက်နေ့ မနက်မှာတော့ ခြံရှေ့မှာ
လူထုပရိသတ်တွေ အစ်မကို မြင်တွေ့ချင်တဲ့ ဧည့်သည်တွေ သတင်းဌာနတွေက သတင်းထောက်
တွေ ရောက်ရှိလို့ နေပါတယ်။

သတင်းထောက်တွေကိုတော့ အလှည့်ကျတွေ့ဆုံပြီး လူထုပရိသတ်ကိုတော့ ခြံရှေ့ထွက်ပြီး နှုတ်
ခွန်းဆက် စကားပြောရပါတယ်။

နေ့စဉ် ညနေဆို ခြံရှေ့ထွက်ပြီး နှုတ်ခွန်းဆက်စကား ပြောရတဲ့အတွက် နောက်တော့ အစ်မဟာ
လူထုပရိသတ်နဲ့ သဘောတူ နားလည်မှုယူပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ညနေ ၄ နာရီ
ကနေ ၅ နာရီအထိ မိန့်ခွန်းပြောရင်း အမေးအဖြေကဏ္ဍတွေ ပြုလုပ်ပါတယ်။

တစ်ပတ်နဲ့တစ်ပတ် လူထုပရိသတ်က များများလာပါတယ်။ ၁၉၉၆ ခုနှစ်၊ နှစ်ဝက်လောက်မှာ အနေ
အထားတွေက ပုံစံအမျိုးမျိုး ဖြစ်လာပါတယ်။

အစ်မအိမ်ရဲ့ ရှေ့မှာ မြေလွတ်ကွက် လပ်ရှိတဲ့အတွက် အဲဒီနေရာမှာ ဓနိမိုး ခန်းမကျယ်ကြီး တစ်ခုပြု
လုပ်ပြီး အခမ်းအနားတွေ၊ ဟောပြောပွဲတွေ ပြုလုပ်ပါတယ်။

လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့၊ ရိုးရာသင်္ကြန်ပွဲ တော်၊ ရွေးကောက်ပွဲနှစ်ပတ်
လည်နေ့၊ အစ်မမွေးနေ့၊ အာဇာနည်နေ့၊ အင်န်အယ်လ်ဒီနှစ်ပတ်လည်နေ့၊ အမျိုးသား အောင်ပွဲနေ့
တွေကို အစဉ်အလာ မပျက်ကျင်းပခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်၊ မေလရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ အစီအစဉ်တွေ ပျက်သွားပြီး အခြေအနေတွေ
က တစ်မျိုးပြောင်း ကုန်ပါတယ်။

ကိုကိုညီ (ဦးအေးဝင်း)နဲ့ ကိုထိန် (ဦးဝင်းထိန်)တို့လည်း ပါသွားပြီး ခြံထဲမှာ တိုင်းနဲ့ပြည်နယ်က
ကိုယ်စားလှယ်တစ်စုလည်း ပိတ်မိနေခဲ့ပါတယ်။(ရန်ကုန်တိုင်းက ဒေါက်တာသန်းငြိမ်း၊ ဧရာဝတီတိုင်း
က ဦးတင်ချော၊ ဦးမန်း ဂျော်နီ၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာ တင်မင်းထွဋ်၊ ဒေးဗစ်လှမြင့်၊ ပဲခူးက
ဦးအေး၊ ဦးသာမောင်၊ မကွေးက ဦးချစ်တင်၊ ဦးစိုးမြင့်၊ မွန်ပြည်နယ်က ဦးအောင်ကြည်ညွန့်တို့ ဖြစ်ပါ
တယ်။)

လမ်းပိတ်ထားတဲ့အတွက် မည်သူမျှထွက်ခွင့်မရပါ။ ကျွန်တော်တစ်ယောက်သာ ဈေးဝယ်ထွက်ခွင့်ရ
ပါတယ်။ ခြံထဲ က ဓ/၃၀၀၆ ဆန်နီပစ်ကပ် အပြာရောင်ကားနဲ့ ဈေးဝယ်ထွက်ရပါတယ်။ လှည်းတန်း
ဈေးမှာ နေ့စဉ် ဈေးသွားဝယ်ပြီး ဂိတ်တွေမှာ အသွားအပြန် အစစ်အဆေးခံရပါတယ်။

၁၉၉၆၊ နိုဝင်ဘာလ ၉ ရက်နေ့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ ဟောပြောပွဲအစီအစဉ်တွေ မလုပ်ရ
တော့ ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေက စနေ၊ တနင်္ဂနွေဆို လာနေကျဆိုတော့ ထုံးစံအတိုင်း လာကြ
ပါတယ်။

ကက္ကိုင်း ထိပ်အထိပဲ လာခွင့်ရကြတာပါ။ အစ်မ ထွက်တွေ့မယ်ပြုသောအခါ အတားအဆီးတွေနဲ့
ကြံုရပါတယ်။

နောက်ပိုင်း ဦးချစ်မောင်လမ်း ဂွတ္တလစ်ထိပ်အထိ ရောက်သွားကြပါတယ်။ အစ်မကလည်း
သွားတွေ့ ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာလည်း သွားတွေ့ဖို့ ခြံထဲက ညနေ ၃ နာရီခွဲအချိန်စထွက်ပါတယ်။ အစ်မကား
ရယ်၊ ဆန်နီပစ်ကပ်ကားရယ်၊ ဘဘဦးတင်ဦးကားရယ် သုံးစီးစထွက် ပါတယ်။

လုံခြံုရေးကားနှစ်စီးလည်း ပါတယ်။ ဆန်နီပစ်ကပ်ကားပေါ်မှာက ကိုယ်စားလှယ်တချို့နဲ့ ခြံထဲက
လူငယ် တချို့ ပါပါတယ်။ ဘဘဦးကြည်မောင် အိမ်ကို ၀င်ခေါ်ပါတယ်။ ဘဘဦးတင်ဦး ကားနဲ့
ဘဘဦးကြည်မောင်က လိုက်ပါ တယ်။

အစ်မက ကျွန်တော့ကိုခေါ်ပြီး ဘဘဦးတင်ဦးတို့ လူကြီးနှစ်ယောက်တည်း ဖြစ်နေတဲ့အတွက် အဲဒီ
ကားနဲ့ လိုက်ဖို့ ပြောပါတယ်။

ဘဘဦးကြည်မောင် အိမ်ကစထွက် တော့ ဆန်နီပစ်ကပ်အပြာရောင်ကားက ရှေ့ဆုံးက စထွက်ပြီး
အစ်မကား၊ ဘဘဦးတင်ဦးကားနဲ့ လုံခြံုရေးအရာရှိစီးတဲ့ ဗင်ကားအပြာရောင်နောက်က ပူးလိစ်လို့
ရေးထားတဲ့ လုံခြံုရေးကားက နောက်ဆုံးက ပါပါတယ်။

ကမ္ဘောဇရိပ်သာလမ်းကနေ ကမ္ဘာအေးဘုရား လမ်းမပေါ်အထွက် ညာဘက်ချိုးပြီး ခြံနံပါတ် အမှတ်
၁၂၁၊ အမှတ် ၁၂၃ ရှေ့အရောက်မှာ လူအင်အား ၃၀၀ လောက်က လမ်းမပေါ်မှာ ပိတ်ဆို့ထားပြီး
ကားတွေကို ရပ်စေပါတယ်။

ဆန်နီပစ်ကပ်ကားကတော့ ရှေ့ကနေ လွတ်သွားပါတယ်။ ရပ်နေရတဲ့ ကျွန်တော် တို့ကားတန်းကို
တုတ်၊ ချိန်းကြိုး၊ ငါးမန်း စွယ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေက ကားကိုထုရိုက်ပါတယ်။

ဘဘဦးတင်ဦးကားက မှန်တွေအားလုံး ကွဲကုန်ပါ တယ်။ လုံခြံုရေးအရာရှိစီးတဲ့ ဗင်ကား အပြာဆို
ရင်လည်း မှန်တွေအားလုံး ကွဲကုန်ပါတယ်။ ပူးလိစ်ကားထဲက အရာရှိတစ်ယောက်က လက်နက်နဲ့
ထုတ်ချိန်တော့မှ အားလုံးရပ်ဆိုင်းသွားပြီး ကားတွေက အမြန်မောင်း ထွက်ကြပါတယ်။

မှန်စထိတဲ့အတွက် ဘဘဦးကြည်မောင်လည်း ကုပ်မှာ သွေးစို့နေတာတွေ့တာနဲ့ ကျွန်တော် နောက်
ခန်းကူးပြီး ဘဘဦးကြည်မောင် ကိုယ်ပေါ်က မှန်စတွေကို ဖယ်ရှားပေးပါတယ်။

အစ်မကားကတော့ နောက်မှန် ဘယ်ဘက်ထောင့်မှာ ချိုင့်ဝင်ရာ တစ်ချက်တွေ့ရပါတယ်။

ဟာမစ်တစ် မီးပွိုင့်အကျော်မှာ ဘေးကနေ ဒိုင်နာကားသုံးစီးကယှဉ်ပြီးလိုက်လာပါတယ်။ လူအပြည့်
ပါပါတယ်။

ဒိုင်နာကားရှေ့ခန်းက လူတစ်ယောက်က စကားပြောစက်နဲ့ ပြောနေတာတွေ့ရပါတယ်။ ရွှေဂုံတိုင်
မီးပွိုင့်မှာ မီးစိမ်းထားတဲ့အတွက် ဘယ်ဘက်ကို ချိုးကွေ့ပြီး ခြောက်ထပ်ကြီး ဘုရားလမ်းအတိုင်းဦး
တည်ပြီး ခြောက်ထပ်ကြီးဘုရားအလွန် ဘယ်ဘက်က ဗိုလ်စိန်မှန်လမ်းဘက် ချိုးဝင်ပါတယ်။

ဒိုင်နာကားတွေကတော့ တာမွေအဝိုင်း ထိပ်ဦးတည်နေတာမို့ ချိုးကွေ့လို့မရခဲ့ပါဘူး။ ဗိုလ်စိန်မှန်
လမ်းထိပ်ရောက် တော့ ဘယ်ဘက်က ဦးချစ်မောင်လမ်းအတိုင်း ဂွတ္တလစ်ထိပ်ကို မောင်းခဲ့ကြပါ
တယ်။

စောင့်နေကြတဲ့ လူထုတွေက ကျွန်တော်တို့ကားက မှန်တွေအားလုံး မရှိတာမြင်တော့ ၀ိုင်းမေးကြပါ
တယ်။

ဘဘတို့ကိုလည်း လာတွေ့ကြပါတယ်။ အစ်မကတော့ ပရိသတ်ကို မိန့်ခွန်း ပြောကြားပါတယ်။
ပြီးတာနဲ့ ရှေ့တည့်တည့် မီးပွိုင့်ဖြတ်တော့ စက်မှု(၁)လမ်း ရောက်ပါတယ်။ အဲဒီမှာ ခဏရပ်တဲ့အခါ
အစ်မက ကျွန်တော့ခေါ်ပြီး လုံခြံုရေးအရာရှိ ကိုသူရကို မေးခိုင်းပါတယ်။

လမ်းတွေက ပိတ်ဆို့ထားတော့ ဘယ်လမ်းက ပြန်ရင်ရမရမေးခိုင်းပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း
ကို အင်လျားလမ်းဘက်က ဖြတ်ပြီး ၀င်သင့်ကြောင်း ပြောဆိုတဲ့အတွက် ကမ္ဘာအေးဘုရားလမ်းမှ
ချော်တွင်းကုန်းမီးပွိုင့်၊ ပါရမီလမ်း အတိုင်း အေဒီလမ်းထိပ်ကနေ ပြည်လမ်းအတိုင်း မောင်းခဲ့ကြပါ
တယ်။

အင်လျား လမ်းဘက်ချိုးကွေ့ပြီး တက္ကသိုလ်ရိပ်သာ လမ်းအတိုင်း လာခဲ့ကြတဲ့အခါ အင်းလျားမြိုင်
လမ်းထိပ်ကနေ လူအင်အား ၃၀၀ ခန့်က ပိတ်ဆို့ထားတာ မြင်ရတဲ့အတွက် ၀င်ဒါမီယာလမ်း
(သံလွင်လမ်း)ထိပ်မှာ ကားတွေရပ်တန့်ပြီး အစ်မက ကိုသူရကိုမေးခိုင်းပါတယ်။

ကိုသူရက"အစ်မကိုပြောပြပါ။ လုံခြုံရေးကို သူအာမမခံရဲတော့ကြောင်း၊ တာဝန်မယူရဲတော့ကြောင်း
သူတောင်ခံနေရတဲ့အတွက် တစ်နေရာရာမှာ သွားနားနေသင့်ကြောင်း သူအထက်ကိုဆက်သွယ်ပြီး
လုံခြံုရေးအာမခံချက်ရမှ သွားပါလို့" အစ်မကိုပြောခိုင်းပါတယ်။

အစ်မက "ဒါဆို ဒီအနီးနားက ဘဘဦးတင်ဦး အိမ်ပဲရှိတယ်။ အဲဒီသွားလို့ရမလားဆိုတာ ကိုသူရကို
သွားမေး"ပြောတာနဲ့ ကိုသူရ က "ကောင်းပါတယ်။ သွားပါ။ သူတို့လည်း နောက်ကပါမှာပါ"လို့
ပြောခိုင်းတဲ့အတွက် အစ်မက ကားတွေကို ၀င်ဒါမီယာလမ်းဘက်ကို ချိုးကွေ့စေပါ တယ်။ ရှေ့ဆုံး
က ဆန်နီပစ်ကပ်ကားကစထွက်ပြီး အစ်မကားက ထွက်ပါတယ်။

ပြီးမှ ကျွန်တော်နဲ့ ဘဘတို့ပါတဲ့ကား ထွက်ပါတယ်။ ကျွန်တော်တို့ကား ၀င်ဒါမီယာဘက်ကို ချိုး
အကွေ့မှာ နောက်ကလူတစ်ယောက်ပြေးလိုက်လာပါတယ်။ လက်ထဲမှာ ဓားမြှောင်တစ်လက်ကိုင်
ထားပါတယ်။

ကျွန်တော်က ကားမောင်းသူကို မြန်မြန်မောင်းဆိုပြီး နောက်ကိုပဲ လှည့်ကြည့်နေပါတယ်။ နောက်မှာ
က ကိုသူရကားရယ်၊ ပူးလိစ် ကားရယ်ပါလာပါတယ်။ ကားနား ရောက်တာနဲ့ ကျွန်တော်က ဘဘ
တို့ ရှိတဲ့ နောက်ခန်းကိုကူးဖို့ ပြင်ဆင်ထားပါတယ်။

ကားနောက်မှန်ရော၊ ဘေးမှန် ရောမရှိတဲ့အတွက် ဘဘတို့အတွက် အန္တရာယ်ရှိပါတယ်။ နောက်က
ပါလာတဲ့ ပူးလိစ်ကားထဲက ဘာလုပ်လိုက်လဲ မသိဘူး။ အဲဒီလူ ချက်ချင်းပြန်လှည့် ပြေးပြီး အဖွဲ့
အစည်းတစ်ခုပိုင် ရုံးဟောင်းထဲဝင်သွားတာတွေ့ရပါတယ်။

အဲဒီပတ်ဝန်းကျင်မှာ အရပ်ဝတ်နဲ့ လူတချို့လည်း ရပ်နေတာတွေ့ရပါတယ်။ ၀င်ဒါမီယာလမ်းအတိုင်း
လာကြပြီး အောင်မင်းခေါင်လမ်းက ဘဘဦးတင်ဦး အိမ်မှာ သွားနားနေကြပါတယ်။

အဖြစ်အပျက်အကြောင်းစုံကို ပြောနေခဲ့ကြပါ တယ်။ ည ရ နာရီကျော်လောက်မှာ ကိုသူရက ခေါ်
တာနဲ့ အစ်မက သွားခိုင်းပါတယ်။

ကိုသူရက "အစ်မကိုပြောပေးပါ။ အိမ်ပြန်လို့ရပါပြီ။ သူတို့ကားတစ်စီး က ရှေ့ကသွားပါမယ်။ အဲဒီ
ကားနောက် ကနေ ကားတွေက လိုက်ခဲ့ကြပါ။ သူ့ကားတန်းလည်း နောက်ကပါပါမယ်" လို့ ပြောတဲ့
အတွက် အစ်မကို သွားပြော ပြပါတယ်။

ကိုသူရတို့ကားတစ်စီးက ရှေ့ကသွားပြီး အင်လျားလမ်း၊ ဓမ္မစေတီလမ်း၊ မိုးညှင်းကျောင်းတိုက်ဘေး၊
မင်းကွန်းတောရ (ရွှေတောင်ကြား)လမ်း အတိုင်း ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား (၁)လမ်း၊ အောင်
ဇေယျလမ်းဘက်ကနေ တက္ကသိုလ်ရိပ်သာလမ်းကို ပြန်ဝင်ရပါတယ်။

ခြံတွင်းကို လုံခြံုစွာရောက်ရှိခဲ့ပါတယ်။ အဲဒီတော့မှပဲ အားလုံးသက်ပြင်းချနိုင်ခဲ့ပါတယ်။ သည်းထိတ်
ရင်ဖိုဆန်တဲ့ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့မှာ မကြာခဏဆိုသလို ကြံုတွေ့ခဲ့ရပါတယ်။

သမိုင်းကြောင်း တစ်လျှောက် ကွေ့ချိုးလေးများစွာထဲက ချိုးကွေ့ခဲ့ရတာလေးတစ်ခုရဲ့ အကြောင်း
အရာသာဖြစ်ပါတယ်။ အမှတ်တမဲ့အရာ တစ်ခုကို အမှတ်တရဖြစ်စေရန် အတွက်။
https://myanmar.mmtimes.com/features/2603-2012-12-12-07-33-12.html

No comments:

Post a Comment