Zawgyi ျဖင့္ဖတ္၇န္
အာဖရိက တိုက္ ယူဂန္ဒါမွာ ထြန္းလင္းေနေသာ လ တစ္စင္း
ဆရာေတာ္ရ့ဲ ငယ္အမည္က စတီဗင္ (ေခတ္သစ္ အရွင္သာရိပုတၱရာ)
အာဖရိကတိုက္၊ ယူဂန္ဒါ ႏိုင္ငံငယ္ေလးက ခရစ္ယာန္မိသားစုမွာ Steven(စတီဗင္) ကို ၁၉၆၆-ခုႏွစ္က ဖြားျမင္ခဲ့တာပါ။ သူဟာ ငယ္ငယ္က ဘာသာတရားဆိုလို႔ ခရစ္ယာန္နဲ႔ အစၥလာမ္ ၂-ခုတည္းသာရွိတယ္လို႔ ထင္ခဲ့တာပါ။ ၁၀ ေက်ာ္သက္အ႐ြယ္ေရာက္မွ အိႏၵိယႏိုင္ငံမွာ ေဂါတမ ဆိုတဲ့ ပုဂၢိဳလ္တစ္ဦး ေပၚထြန္းခဲ့ဖူးေၾကာင္းကို နာမည္ေလာက္သာ ၾကားဖူးခဲ့သူပါ။ ေနာက္ပိုင္းမွာ သူဟာ အိႏၵိယႏိုင္ငံကို ႏိုင္ငံျခားပညာသင္ သြားခဲ့ပါတယ္။ အဲဒီမွာ ထိုင္းလူမ်ိဳး ရဟန္းေတာ္ ၂-ပါးနဲ႔ ခင္မင္ခဲ့ၿပီး ဗုဒၶဝါဒကို အနည္းငယ္ ေလ့လာခြင့္ရခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ထိုင္းႏိုင္ငံမွာ ေလ့လာဖို႔ဆံုးျဖတ္ၿပီး စားဝတ္ေနေရးအတြက္ ႏိုင္ငံျခားသား ခရီးသြားေတြမ်ားတဲ့ ေဒသတစ္ခုမွာ ဒိုင္ဗင္ပစ္၊ ေရကူး နည္းျပလုပ္ခဲ့ပါတယ္။ သူ႔ဘဝဟာ အတိုင္းအတာတစ္ခုျပည့္ျပည့္စံုစံု ေနခဲ့ရပါတယ္။ သူဟာ ေလာကီဥစၥာျပည့္စံုမႈေတြ မွာ ဘယ္လိုမွ မေမြ႔ေလ်ာ္ႏိုင္ေတာ့တဲ့ ေနာက္ပိုင္း လက္ရွိအလုပ္ကို စြန္႔လႊတ္ၿပီး အမိခင္ႏိုင္ငံကို ျပန္သြားခဲ့ပါတယ္။
မိသားစုနဲ႔ ေဆြမ်ိဳးေတြက သူ႔ကို ခရီးေဆာင္အိပ္ႀကီးသယ္ေဆာင္ၿပီး ျပန္လာမဲ့ ေအာင္ျမင္တဲ့ စီးပြားေရး သမားႀကီးအျဖစ္ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ သူ႔ကိုတကယ္ေတြ႔လိုက္ရေတာ့ ဗုဒၶဘာသာစာအုပ္ေတြနဲ႔ ဒိုင္ဗင္ပစ္၊ ေရးကူးရာမွာသံုးတဲ့ ပစၥည္းေတြသယ္လာတဲ့ ဆံပင္ရိတ္ထားတဲ့ ေယာဂီတစ္ေယာက္ျဖစ္ေနတာကို ေတြ႔လိုက္ရတယ္။
အခ်ိဳ႕ေသာ ေဆြမ်ိဳးေတြက ဆိုရင္ စာအုပ္ေတြ အားလံုးမီး႐ိႈ႕ဖ်က္ဆီးပစ္ဖို႔နဲ႔ ဘိုင္ဘယ္တစ္မ်ိဳးတည္းကိုသာ ထိုင္ဖတ္ေနဖို႔၊ သူ႔ကို ခရစ္ယာန္ဘာသာဝင္ ျပန္ျဖစ္လာဖို႔ စည္း႐ံုးၾကေသးတယ္။ ဗုဒၶဘာသာဝင္ မရွိတဲ့ေဒသမွာ သူဟာတစ္ဦးတည္း တရားအားထုတ္ေနတယ္။ တိုင္ပင္စရာမိတ္ေဆြနဲ႔ နည္းခံစရာ ဆရာမရွိတဲ့ဘဝမွာ သူမေနႏိုင္ေတာ့ဘူး။ ပိုမိုျပည့္စံုတဲ့ အမွန္ တရား ကိုရွာေဖြဖို႔ သူဟာ အမိေျမကို ေနာက္တစ္ႀကိမ္ ၁၉၉၄မွာ စြန္႔ခြာရျပန္တယ္။
ေတာင္အေမရိကား ေျမာက္အေမရိကားမွာ ဝိပႆနာတရားေတြ အားထုတ္ခဲ့တယ္။ ေဒါက္တာ ဘားဇင့္စ္ ရဲ႕သင္ခန္းစာေတြက ဗုဒၶဘာသာရဲ႕နက္ရွိုင္းတဲ့ အဓိပၸာယ္မ်ားမွတဆင့္ ဆရာေတာ္ရ့ဲမ်က္စိ အျမင္သစ္ေတြကို ဖြင့္လွစ္ေပးႏိုင္ ခ့ဲပါတယ္။ ထိုႏွစ္အေတာအတြင္းမွာ တိဘက္ဘုန္းေတာ္ႀကီး ဒလိုင္းလားမားန႔ဲလည္း ေတြ႕ဆုံႏိုင္ခ့ဲပါတယ္။
၁၉၉၉ ခုႏွစ္ေႏွာင္းပိုင္းမွာ အေမရိကန္ျပည္ေထာင္စုရိွ ျမန္မာဆရာေတာ္ႏွင့္ ေတြ႔ဆုံရန္အခြင့္အလမ္းကို လက္ခံ ရရွိခဲ့သည္။ ေနာက္ဆုံး၂၀၀၂ ခုႏွစ္တြင္ ကယ္လီဖိုးနီးယားရွိ Tathagata Centerမွ ဆရာေတာ္ ဦးသီလာနႏၵ ထံမွာ ဗုဒၶရကၡိတ ဘြဲ႔ေတာ္နဲ႔ ျမင့္ျမတ္ေသာ ရဟန္း ဘဝကို ခံယူလိုက္တယ္။
ရဟန္းျပဳၿပီးတဲ့ ေနာက္ပိုင္း ဆရာေတာ္ ဟာ အိႏၵိယႏိုင္ငံေတာင္ ၾကားေဒသ တစ္ခုမွာ တရား အားထုတ္ေနရ ရင္ ေကာင္း မလား၊ အမိေျမကို ဓမၼမ်ိဳးေစ့ခ်ေပးရ ရင္ ေကာင္းမလားလို႔ အေတြး ၂-မ်ိဳးဝင္လာတယ္။ ေတာင္အာဖရိကရ႕ဲလူဦးေရရဲ႕ ၈၅ရာခိုင္ႏုန္းေလာက္က ခရစ္ယာန္ေတြျဖစ္ၾကျပီး ၁၁ရာခိုင္ႏုန္း မွာမူစလင္မ်ားျဖစ္ၾကသည္။
ၿမန္မာဆရာေတာ္ဘုရားႀကီး ဦးပ႑ိတက ယူဂန္ဒါ ႏိုင္ငံမွာ သာသနာျပဳဖို႔ကို အားေပးေတာ္ မူခဲ့တယ္။ အေမရိကန္လူမ်ိဳး အခ်ိဳ႕ကေတာ့ ဗုဒၶဘာသာဝင္ တစ္ဦးမွ မရွိတဲ့ေဒသမွာ ရဟန္း တပါးအျဖစ္ ေနဖို႔ မလြယ္ကူႏုိင္ေၾကာင္း စားဖို႔ေနဖို႔ပင္ အခက္အခဲ ရွိႏိုင္ေၾကာင္းေတြ ကို ေျပာၾကေသး တယ္။ေနာက္ ဆံုးေတာ့ ဆရာေတာ္အရွင္ ဗုဒၶရကၡိတ ဟာ အမိေျမကို ျပန္ၿပီး ဗုဒၶသာသနာျပဳဖို႔ ဆံုးျဖတ္လိုက္တယ္။
အမိေျမကို မျပန္ခင္ အိႏၵိယ၊ ျမန္မာ၊သိရီလကၤာ ႏိုင္ငံေတြကို အလည္ အပတ္သြားေရာက္ခဲ့ေသး တယ္။ သိရီလကၤာႏိုင္ငံ ဘာသာေရး အဖြဲ႔အစည္းတစ္ခုက သူ႔အျပန္လမ္း အတြက္ ဗုဒၶ႐ုပ္ပြား ဆင္းတုေတာ္၂- ဆူ ထဲက တစ္ဆူကို လက္ေဆာင္အျဖစ္ ယူသြားဖုိ႔ ေပးလိုက္တယ္။
သူကလည္း အ႐ြယ္ႀကီးမား တဲ့ ႐ုပ္ပြားေတာ္ ကို ယူဖို႔ဆံုးျဖတ္ ခဲ့တယ္။ ဗုဒၶဆင္း တုေတာ္ႀကီး ကို ေလယာဥ္ နဲ႔ သယ္ေဆာင္ရာမွာ ကင္ညာႏိုင္ငံ အေရာက္ အခက္အခဲေတြနဲ႔ ႀကံဳခဲ့ရတယ္။ ဘုန္းေတာ္ႀကီး ကို မဖူးျမင္ဖူးတဲ့ လူေတြကသူ႔ကို အထူးအဆန္း ျဖစ္ေနၾကတယ္။
အိမ္ျပန္ေရာက္လိုက္ေတာ့ မိခင္ျဖစ္သူက တအံ့တၾသျဖစ္ရတယ္။ သားရဟန္းကိုၾကည့္ၿပီး Steven မွဟုတ္ရဲ႕လားလို႔ ေမးေသးတယ္။ ဟုတ္မွန္ေၾကာင္း ေျပာျပေတာ့ မယ္ေတာ္ႀကီးဟာ သားျဖစ္သူကို အိမ္အေရာက္ ျပန္ပို႔ေပးေသာ God (ဘုရားသခင္)ကို ေက်းဇူးတင္ေၾကာင္း ေျပာေသးတယ္။ သားျဖစ္သူကေတာ့သူ႔ကို အိမ္ေရာက္ေအာင္ ျပန္လည္ပို႔ေဆာင္ေပးေသာ ဘုရားသခင္ဆိုတာ လံုးဝမရွိေၾကာင္း ေကာင္းေကာင္းနားလည္ေနတယ္။
ဒါေပမဲ့ အေမျဖစ္သူ စိတ္အေႏွာင္အယွက္ မျဖစ္ေစခ်င္လို႔ ဘာမွ မေျပာပဲေနခဲ့တယ္။ ဗုဒၶဆင္းတုေတာ္ႀကီးနဲ႔ သဃၤန္းဝတ္ႀကီးနဲ႔ အိမ္မွာၾကာၾကာေနလို႔ မသင့္ေတာ္တာေၾကာင့္ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းေလး ျဖစ္လာေအာင္ အားထုတ္ရတယ္။ အေမရိကန္ႏိုင္ငံ TMC စင္တာက ဆရာေတာ္ဘုရားႀကီးေတြ ေက်းဇူးနဲ႕ ယူဂန္ဒါ ႏိုင္ငံမွာ ပထမဆံုးေသာ ေထရဝါဒ ဗုဒၶဘာသာ စင္တာတစ္ခုကို ဖြင့္လစ္ႏိုင္ခဲ့ပါတယ္။
သတင္းသံုးရာ၊ ဆြမ္းခံရာ၊ အစစ နားမလည္သူေတြမ်ားလို႔ အခက္အခဲ အမ်ိဳးမ်ိဳးေတြ႔ရပါတယ္။ ျမန္မာျပည္က ပါလာတဲ့ သံဃာေတာ္မ်ားကိုင္တဲ့ ယပ္ကို တင္းနစ္ကစားနည္းတစ္မ်ိဳးအတြက္ ဘတ္တန္လို႔ထင္သူေတြ၊ သပိတ္ကို ဗုံးထင္သူေတြ၊ ေဘာလံုးထင္သူေတြ ဝတ္စားဆင္ယင္မႈကိုၾကည့္ၿပီး တိုင္းရင္းေဆးေရာင္းတဲ့ Maasai ထင္သူေတြ စသျဖင့္ အမ်ိဳးမ်ိဳးေသာ အခက္အခဲေတြ ရွိခဲ့ပါတယ္။
ဆြမ္းခံထြက္လို႔ ဆြမ္းေလာင္းရေကာင္းမွန္း သိသူကလည္း မရွိသေလာက္ ရွားခဲ့ပါတယ္။ ဒါေပမဲ့ ဆရာေတာ္ကေတာ့ ဖိနပ္မပါ ေခ်ဗလာနဲ႔ ႀကိဳးစားၿပီး ဆြမ္းခံထြက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လက္လႈပ္မွ ပါးစပ္လႈပ္ရတဲ့ ဆင္းရဲသားမ်ားကေတာင္ ဆြမ္းလွဴဖို႔ သဒၶါတရားေတြ ျဖစ္လာၾကပါတယ္။
အေမရိကန္ႏိုင္ငံမွာရွိတဲ့ မိတ္ေဆြအခ်ိဳ႕ရဲ႕ အဆက္အသြယ္နဲ႔ ယူဂန္ဒါႏိုင္ငံမွာ ေနထိုင္ေနၾကတဲ့ ထိုင္းမိသားစုေတြ၊ သိရီလကၤာမိသားစုေတြရဲ႕ လိပ္စာကို ရခဲ့ပါတယ္။ မယ္ေတာ္ႀကီးကိုပါ အတူတကြ အဆိုပါ မိသားစုေတြဆီကို ႂကြခဲ့ပါတယ္။ ထိုင္းလူမ်ိဳးေတြက စုေပါင္းဖြင့္ထားတဲ့ စားေသာက္ဆိုင္ကို ေရာက္ခဲ့ပါတယ္။
ေထရဝါဒပံုစံ စနစ္တက် သဃၤန္း႐ံုထားတဲ့ ဆရာေတာ္ကို ဖူးေျမွာ္ရလို႔ ထိုင္းလူမ်ိဳးေတြဟာ ဆြမ္းကိုလည္းေလာင္းလွဴၾက ႐ိုေသစြာ ရွိခိုး ကန္ေတာ့ၾကတာေတြ႔ေတာ့ မယ္ေတာ္ႀကီးက အလြန္တရာ အံ့ၾသခဲ့ပါတယ္။ သိရီလကၤာလူမ်ိဳးကလည္း စက္႐ံုတစ္ခုရဲ႕ ပိုင္ရွင္ အရပ္ျမင့္ျမင့္ လူႀကီးလူေကာင္းတစ္ေယာက္ပါ။
ဆရာေတာ္ကို ျမင္တာနဲ႔ ဗုဒၶဝါဒီတို႔ ထံုးစံအတိုင္း ႐ိုေသစြာရွိခိုးကန္ေတာ့ပါတယ္။ အဲဒီအခ်ိန္မွာ မယ္ေတာ္ႀကီးရဲ႕ စိတ္ခံစားမႈသဒၶါတရားကို ျမင္လို႔ ဆရာေတာ္က လက္်ာေတာ္ရံ အရွင္သာရိပုတၱရာရဲ႕ မယ္ေတာ္ႀကီး ခၽြတ္ခန္းကို သတိရခဲ့ပါတယ္။ ထိုင္းလူမ်ိဳးေတြက ဆိုရင္ ယူဂန္ဒါႏိုင္ငံမွာ ဆရာေတာ္ သီတင္းသံုးသေ႐ြ႕ ဆြမ္းအဖို႔ကို တာဝန္ယူပါရေစလို႔ ေလွ်ာက္ထားလိုက္ပါေသးတယ္။
အိမ္ကို ျပန္ေရာက္ေတာ့ တစ္ခ်ိန္တုန္းက ခရစ္ယာန္ဘာသာဝင္ျဖစ္ခဲ့ၿပီး ေလာေလာဆယ္အေနအားျဖစ္ အစၥလာမ္ဘာသာဝင္ျဖစ္ေနခဲ့သည္မွာ ၁၀-ႏွစ္ခန္႔ ၾကာၿပီျဖစ္ေသာ မယ္ေတာ္ႀကီဟာ ဗုဒၶဆင္းတုေတာ္ရဲ႕ တင့္တယ္လွတဲ့ ႐ူပကာယတေတာ္ကို ၾကည္ညိဳတတ္ၿပီျဖစ္ေၾကာင္း နဲ႔ ဗုဒၶဝါဒကို ေလ့လာလိုေၾကာင္း သားရဟန္းေျပာပါတယ္။
သားျဖစ္သူက တရာဓမၼေတြ ေဟာျပလို႔ မယ္ေတာ္၊ ႏွစ္မေတာ္နဲ႔ ေယာက္ဖ၊ တူ/တူမ မ်ားအျပင္ မိတ္ေဆြအခ်ိဳ႕နဲ႔ အနည္းငယ္ေသာ ယူဂန္ဒါ ႏိုင္ငံသားေတြဟာ သရဏဂံုသံုးပါးနဲ႔ ငါးပါးေသာ နိစၥသီလတို႔ကို တည္ေဆာက္သူ ဗုဒၶရဲ႕တပည့္သာဝကမ်ား ဗုဒၶဘာသာဝင္မ်ား ျဖစ္လာၾကပါတယ္။ အခုေတာ့ အာဖရိကတိုက္ရဲ႕ ရတနာေျမ ျဖစ္ေသာ ယူဂန္ဒါႏိုင္ငံ the pearl of Africaမွာ ဗုဒၶဝါဒဟာ စတင္လို႔ အျမစ္တြယ္ခဲ့ပါၿပီ။
ဆရာေတာ္၏ေျပာျပခ်က္အရ အာဖရိကမွာ ဆရာေတာ္၏ စြမ္းေဆာင္မူေၾကာင္႔ ေထရဝါဒဗုဒၶဘာသာ၀င္ ပြားမ်ားလာျပီး ဗုဒၶသာသနာေတာ္ ထြန္းကားလာျပီ ျဖစ္ေၾကာင္း သိခဲ႔ရပါသည္။
ယူဂန္ဒါနိုင္ငံ အာဖရိကန္ဗုဒၶဘာသာစင္တာ သိမ္ႏႈတ္ သိမ္သမုဒ္ပြဲကို ျမန္မာ ထိုင္း သီရိလကၤာ အိႏၵိယ ဂ်ာမဏီ မကၠစီကို ဘဂၤလားေဒ့ရွ္ အေမရိကန္ ယူဂန္ဒါ ရဝမ္ဒါ ဗုဒၶဘာသာ ဘုန္းေတာ္ၾကီးမ်ား ေဆာင္ရြက္ေတာ္မူၾကပါသည္။
ျမန္မာျပည္မွ သူငယ္ေတာ္ေတာရ ဆရာေတာ္ၾကီး ဦးဣႏၵပါလ သီတဂူေက်ာင္းထြက္အရွင္အာဒိစၥ ။IBEC ဆရာေတာ္တို ့ၾကြေရာက္ပါဝင္ၾကပါသည္။ နိမိတ္ၾကားျခင္းကိစၥမ်ားကို ျမန္မာျပည္မွ ကိုယ္စားျပဳေဆာင္ရြက္ခဲ့ျပီး ယူဂန္ဒါ၏ပထမဆုံး သမုဒ္ေသာ သိမ္အျဖစ္မွတ္တမ္းတင္ခဲ့သလို အဆိုပါသိမ္မွာ ရွင္သာမေဏနွစ္ပါးနွင့္ ရဟန္းတစ္ပါး စတင္ေမြးဖြားခဲ့ပါသည္။
Credit# Org writer
ေစတနာေမတၱာအရင္းခံျဖင့္ မ်ွေဝပူေဇာ္ပါသည္..။
Unicode
အာဖရိက တိုက် ယူဂန်ဒါမှာ ထွန်းလင်းနေသော လ တစ်စင်း
ဆရာတော်ရဲ့ ငယ်အမည်က စတီဗင် (ခေတ်သစ် အရှင်သာရိပုတ္တရာ)
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven(စတီဗင်) ကို ၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ နောက်ပိုင်းမှာ သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး စားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ အတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်း လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့ အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။ သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာသုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ အားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့ စည်းရုံးကြသေးတယ်။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန် တရား ကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ် ၁၉၉၄မှာ စွန့်ခွာရပြန်တယ်။
တောင်အမေရိကား မြောက်အမေရိကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ ဒေါက်တာ ဘားဇင့်စ် ရဲ့သင်ခန်းစာတွေက ဗုဒ္ဓဘာသာရဲ့နက်ရှိုင်းတဲ့ အဓိပ္ပာယ်များမှတဆင့် ဆရာတော်ရဲ့မျက်စိ အမြင်သစ်တွေကို ဖွင့်လှစ်ပေးနိုင် ခဲ့ပါတယ်။ ထိုနှစ်အတောအတွင်းမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုရှိ မြန်မာဆရာတော်နှင့် တွေ့ဆုံရန်အခွင့်အလမ်းကို လက်ခံ ရရှိခဲ့သည်။ နောက်ဆုံး၂၀၀၂ ခုနှစ်တွင် ကယ်လီဖိုးနီးယားရှိ Tathagata Centerမှ ဆရာတော် ဦးသီလာနန္ဒ ထံမှာ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်း ဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော် ဟာ အိန္ဒိယနိုင်ငံတောင် ကြားဒေသ တစ်ခုမှာ တရား အားထုတ်နေရ ရင် ကောင်း မလား၊ အမိမြေကို ဓမ္မမျိုးစေ့ချပေးရ ရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။ တောင်အာဖရိကရဲ့လူဦးရေရဲ့ ၈၅ရာခိုင်နုန်းလောက်က ခရစ်ယာန်တွေဖြစ်ကြပြီး ၁၁ရာခိုင်နုန်း မှာမူစလင်များဖြစ်ကြသည်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကို အားပေးတော် မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ မရှိတဲ့ဒေသမှာ ရဟန်း တပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်း စားဖို့နေဖို့ပင် အခက်အခဲ ရှိနိုင်ကြောင်းတွေ ကို ပြောကြသေး တယ်။နောက် ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတ ဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။
အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာ နိုင်ငံတွေကို အလည် အပတ်သွားရောက်ခဲ့သေး တယ်။ သိရီလင်္ကာနိုင်ငံ ဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်း အတွက် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်၂- ဆူ ထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။
သူကလည်း အရွယ်ကြီးမား တဲ့ ရုပ်ပွားတော် ကို ယူဖို့ဆုံးဖြတ် ခဲ့တယ်။ ဗုဒ္ဓဆင်း တုတော်ကြီး ကို လေယာဉ် နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံ အရောက် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီး ကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။ သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက် ပြန်ပို့ပေးသော God (ဘုရားသခင်)ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။
ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့ မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင် အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို ဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ အမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော အခက်အခဲတွေ ရှိခဲ့ပါတယ်။
ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ ချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ ဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။
ထေရဝါဒပုံစံ စနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာ ဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့ မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း စက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း ရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့ စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကို တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့် ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း သားရဟန်းပြောပါတယ်။
သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊ နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့ အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africaမှာ ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ပွားများလာပြီး ဗုဒ္ဓသာသနာတော် ထွန်းကားလာပြီ ဖြစ်ကြောင်း သိခဲ့ရပါသည်။
ယူဂန်ဒါနိုင်ငံ အာဖရိကန်ဗုဒ္ဓဘာသာစင်တာ သိမ်နှုတ် သိမ်သမုဒ်ပွဲကို မြန်မာ ထိုင်း သီရိလင်္ကာ အိန္ဒိယ ဂျာမဏီ မက္ကစီကို ဘင်္ဂလားဒေ့ရှ် အမေရိကန် ယူဂန်ဒါ ရဝမ်ဒါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဆောင်ရွက်တော်မူကြပါသည်။
မြန်မာပြည်မှ သူငယ်တော်တောရ ဆရာတော်ကြီး ဦးဣန္ဒပါလ သီတဂူကျောင်းထွက်အရှင်အာဒိစ္စ ။IBEC ဆရာတော်တို ့ကြွရောက်ပါဝင်ကြပါသည်။ နိမိတ်ကြားခြင်းကိစ္စများကို မြန်မာပြည်မှ ကိုယ်စားပြုဆောင်ရွက်ခဲ့ပြီး ယူဂန်ဒါ၏ပထမဆုံး သမုဒ်သော သိမ်အဖြစ်မှတ်တမ်းတင်ခဲ့သလို အဆိုပါသိမ်မှာ ရှင်သာမဏေနှစ်ပါးနှင့် ရဟန်းတစ်ပါး စတင်မွေးဖွားခဲ့ပါသည်။
Credit# Org writer
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..။
No comments:
Post a Comment