၈ တန်းကျောင်းသူ ဒီကောင်မလေးမှာ
ကိုယ်ဝန် ၇ လရှိနေတယ်လို့
ဆရာဝန်က ကျွန်တော့်ကို တိုးတိုးလေးပြောတယ်..
"သမီးကို ဘယ်သူလုပ်တာလဲ.." လို့
ကျွန်တော် နဲ့ ဆရာဝန်က ချော့မော့ မေးတော့လည်း
ကောင်မလေးက မပြော..
ဘယ်လိုမေးမေး မပြော..
ငိုပဲ ငိုနေတယ်..
"ကျွန်မသမီး မှာ ရည်းစားမရှိဘူး ဆရာရဲ့.."
ကောင်မလေးရဲ့ မိခင်ကလည်း ဆရာဝန်ကို
မရဲတရဲနဲ့ ပြောတယ်..
ကျွန်တော့် အတွေ့အကြုံအရ သိလိုက်ပြီ..
ဆရာဝန်နားကို ကျွန်တော်ကပ်ပြီး တိုးတိုးလေး
ပြောလိုက်တယ်..
"အန်တီ..အပြင်ကို ခဏထွက်ပေးပါ.."
လို့ ဆရာဝန်က အမေဖြစ်သူကို
ရှောင်ခိုင်းလိုက်တယ်...
ဆရာဝန်က ကောင်မလေးကို ချော့ပြီးမေးတယ်..
"သမီး အိမ်မှာ ယောက်ျားဆိုရင် ဘယ်သူတွေရှိလဲ."
"အဖေ ရယ် အကိုရယ် ပါ"
"အိမ်ကို ၀င်ထွက်သွားလာတတ်တဲ့
တခြား အမျိုး ယောက်ျားတွေ ရှိသေးလား.."
"မရှိဘူး ဆရာကြီး.."
" သမီး အဖေနဲ့ အကို တို့ကရော
သမီးကို ကြင်နာရဲ့လားကွယ်.."
ကောင်မလေး မျက်နှာသိသိသာသာပျက်သွားတယ်..
မျက်ရည်တွေကျပြီး ခေါင်းကိုငုံ့လို့
စကားတစ်ခွန်းကို တုန်ရီစွာပြောတယ်..
"သမီးကို သမီးအကိုက ဟိုဟာ လုပ်ဖူးတယ်.."
.......................................
ဒီလိုမျိုး သားအရင်းနဲ့ သမီးအရင်း
ဖြစ်ကြတဲ့ ကိစ္စမျိုးမှာ ကျွန်တော် အသနားဆုံးက
အမေဖြစ်သူကိုပါပဲ..
အဖြစ်အပျက်ကို ပြောပြတဲ့အခါ ငိုဖို့တောင်
သတိမရဘဲ ကြောင်တောင်တောင်ကြီးဖြစ်သွားတဲ့
အဲဒီအဖွားကြီးပုံကို
ကျွန်တော် မျက်လုံးထဲက မထွက်..
"သူတို့အဖေကို ကျွန်မ ဘယ်လိုပြောရမလဲရှင်.."
ဆိုပြီးတော့မှ မျက်ရည်တွေကျလာတယ်..
မနှစ်က တစ်ခါ ကြုံခဲ့ဖူးတဲ့ မောင်နှမ အရင်း
ဖြစ်ကြတဲ့ ကိုယ်ဝန်မှာတုန်းကတော့
ကောင်လေးရော ကောင်မလေးပါ
မူးယစ်ဆေးကို သုံးကြတယ်..
အခု ဒီပြဿနာမှာတော့ မျက်စိရှေ့က
ကောင်မလေးဟာ ရိုးသားတဲ့
တောသူတောင်သားပုံစံမို့ မူးယစ်ဆေးတော့
မသုံးနိုင် ...
ဒါဆို မောင်နှမ အရင်း Sex ဖြစ်ရလောက်အောင်
ဘာက အသိဥာဏ်မဲ့စေတာလဲ..
ကျွန်တော်က ကောင်မလေးကို မေးလိုက်တယ်..
"သမီးကို သမီးအကိုက အဲဒီလို လာလုပ်တာကို
မငြင်းဖူးလား သမီးရယ်.."
"သမီးကို အတင်းအကျပ် လုပ်တာ ဦး..
သမီးငြင်းတယ်..မရဘူး..
နောက်ထပ်တော့ ထပ်မလုပ်တော့ပါဘူး..
အဲဒီ တစ်ခါထဲပါ.."
"သမီးအကိုက အသက် ဘယ်လောက်လဲ
အရက်တွေ ဘာတွေ သောက်လား.."
"သမီးအကိုက ၁၀ တန်းကျောင်းသားပါ..
အရက်လည်း မသောက်ပါဘူး.."
"သူက ဖုန်းတွေ ဘာတွေ သုံးလား.."
အမေဖြစ်သူက ၀င်ပြောတယ်..
"ဆရာရေ..ငယ်ငယ်ရွယ်ရွယ်နဲ့
ဖုန်းထဲမှာ မကောင်းတာတွေ ကြည့်နေလို့
အဲဒီ ဖုန်းကို ကျွန်မ သိမ်းထားလိုက်တယ်.."
အဖြေကို တွေ့ပါပြီ..
ဆယ်ကျော်သက် လူငယ်တစ်ယောက်အနေနဲ့
ကိုယ့်စိတ်ကိုယ် မနိုင်တဲ့အချိန် Porn ကားကြည့်ပြီး
စိတ်မထိန်းနိုင်လို့ ကိုယ့်ညီမကိုယ်ပြန်
စော်ကားမိတာ...
နိုင်ငံတကာမှာလည်း Porn ဆိုဒ်တွေ ရှိတယ်..
မြန်မာနိုင်ငံမှာလည်း ရှိပါတယ်..
(ကျွန်တော်လည်း တစ်ခါတစ်လေ
ဝင်ကြည့်ပါတယ်..)
ဒါပေမဲ့ သူများနိုင်ငံတွေမှာက Cyber Law ဆိုတာ
ကျွန်တော်တို့နိုင်ငံထက် ပိုကောင်းမယ်ထင်ပါတယ်..
အသက် ၁၆ နှစ်အောက်ဆိုရင် Porn ကားကြည့်ဖို့
မလွယ်..
မရဘူး ပြောတာမဟုတ်ပါ..
မလွယ်ဘူးလို့ ပြောတာ ဖြစ်ပါတယ်..
ကျွန်တော်တို့ဆီမှာကတော့
Porn ကားကို ၈ တန်း ၉ တန်း ၁၀ တန်း
ကလေးတွေ ကြည့်ချင်သလို ကြည့်ခွင့်ရှိနေတယ်..
သွေးသား အားကောင်းတဲ့အပြင်
အတွေ့အကြုံကလည်း မရှိ ၊
အတွေ့အကြုံရှာဖို့ကလည်း မလွယ်ကူသေးတဲ့
အရွယ်ဖြစ်နေလေတော့
စိတ်က ထန် လွန်မက ထန် လာတဲ့အခါ
အိမ်မှာအတူတူနေတဲ့ ညီမတွေအပေါ်
ကြံမိကြံရာ ကြံတတ်ကြတယ်..
ပညာရှင်မဟုတ်တဲ့ ပရဟိတသမားမို့
ဘာလုပ်သင့်တယ် ညာလုပ်သင့်တယ်
အကြံမပေးတတ်ပါ..
အကိုအရင်းက မုဒိန်းကျင့်လို့
ကိုယ်ဝန် ၇ လ ရှိနေတဲ့ ဒီကောင်မလေးကို
ကလေးမွေးပေးဖို့ပဲ ကူညီရတော့မှာပါပဲ..
ဒုက္ခ ဒုက္ခ ဒုက္ခ...
စိတ်ညစ်ရသော နေ့ပါပဲ......။
ကိုစိုးထိုက်(ဖဒို)
No comments:
Post a Comment