အိမ်ကို နိုင်ငံခြားသား သူငယ်ချင်းတစ်ယောက် စနေနေ့က လာတယ်။ သူက ဒုက္ခသည်အရေး လှုပ်ရှားသူ။ (အဖွဲ့နာမည်တော့ မရေးပါရစေနဲ့) အမှန်က သူနဲ့က ကြာသပတေးနေ့က မိတ်ဆွေသဘော တွေ့ပြီး ညနေစာထွက်စားပြီးသား။ ဒါပေမယ့် ရိုဟင်ဂျာအကြောင်း သက်သက်မေးချင်လို့ဆိုပြီး စနေနေ့အားလားဆိုပြီး ကျွန်တော့်ကို စကားစပစ်ထားတာ။ ကျွန်တော်ကလည်း လိုလိုချင်ချင် ဖိတ်တဲ့ပုံစံပေါက်အောင်ကို သတိထား ကြိုးစားပြီး ဖိတ်ခဲ့တယ်။ သူနဲ့စကားပြောရင် ကျွန်တော်သွားမယ့် ချဉ်းကပ်လမ်းကိုလည်း ကျွန်တော် ကြိုတင် ရွေးထားခဲ့တယ်။
.
(၁) တူတာက စရမယ်။ ရိုဟင်ဂျာတွေကို ကျွန်တော်တို့လည်းပဲ သနားတယ်။ ကူညီချင်တယ်။ အတော်ကြီးကျယ်တဲ့ ပြဿနာဖြစ်တယ်။ ကူညီဖို့လည်း အသင့်ရှိတယ်။ နိုင်ငံသားအဖြစ်လက်ခံထိုက်သူကို လက်ခံဖို့ အဆင်သင့်ဖြစ်တယ် ဆိုတာ အရင်ပြရမယ်လို့ တွေးထားတယ်။
.
(၂) ကျွန်တော်တို့မှာလည်း လွန်ထားတာတွေ ရှိတယ်ဆိုတာ ၀န်ခံရမယ်လို့ တွေးထားတယ်။ ဥပမာ - တစ်ချို့သူတွေ racist ဖြစ်တယ်ဆိုတာ ဟုတ်တယ်လို့ ၀န်ခံမယ်လို့ တွေးထားတယ်။
.
(၃) အဲဒီလို သဘောတူညီမှုကို အရင်ယူမယ်။ ပြီးမှ မြန်မာပြည်မှာ ရှိရှိသမျှသော လူတွေအားလုံးက racist တွေ မဟုတ်ဘူး။ ဘာကြောင့် outsiders တွေရဲ့ အမြင်မှာ မြန်မာတွေက ရိုဟင်ဂျာတွေကို မစာနာသလို ဖြစ်နေတာလဲဆိုတာကို ကြိုးစားရှင်းပြမယ်။ ဥပမာ - အလွန်တရာ ရှုပ်ထွေး ပွေလီသော ရိုဟင်ဂျာ သမိုင်းကြောင်း၊ မူဂျာဟီဒင်တို့ ခွဲထွက်ရေး ကြိုးပမ်းခဲ့ပုံ၊ ရိုဟင်ဂျာတင်မက ရခိုင်၊ ဟိန္ဒူ၊ မရို၊ ဒိုင်းနက် စသော တိုင်းရင်းသားများလည်း သူမသာ ကိုယ်အသုဘ ဖြစ်နေပုံ၊ အခုဖြစ်ခဲ့တဲ့ တစ်ချို့နေရာတွေမှာ ရိုတွေက လူများစု၊ ဒေသခံတွေက လူနည်းစု ဖြစ်နေတာ စတာတွေကို ရှင်းပြရမယ်လို့ တွေးထားတယ်။
.
(၄) ရိုပြဿနာကို ဖြေရှင်းချင်ရင် ရိုအပြင် တစ်ခြား ထည့်သွင်းစဥ်းစားရမယ့် အချက်တွေကိုပါ ရှင်းပြမယ်လို့ တွေးထားတယ်။ အထူးသဖြင့် တပ်မတော်နဲ့ အမေစု ဆက်ဆံရေး၊ တပ်ရဲ့ အနာဂတ် နွေဦး၊ ရခိုင်အပြင် အခြားတိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ ပြည်ခိုင်ဖြိုး နဲ့ အခြားပါတီများ ရပ်တည်ချက်၊ မဘသကဲ့သို့သော အင်အားစုများ၊ အယ်ကိုင်ဒါကဲ့သို့သော လက်မည်းကြီးများ၊ အိမ်နီးချင်းနိုင်ငံများရဲ့ ရပ်တည်ချက် စတာတွေကို မပြောမဖြစ်ပြောမယ်လို့ စိတ်ကူးထားတယ်။
.
(၅) မီဒီယာတွေရဲ့ တစ်ဖက်စောင်းနင်းဆန်မှုကို ရှင်းပြရမယ်။ ပြောတဲ့အခါ မီဒီယာအားလုံးရဲ့ ဆောင်းပါးအားလုံးလို့ သိမ်းကျုံးပြောတာ မဟုတ်ဘဲ (အဲလို သိမ်းကျုံးပြောရင် ကျွန်တော့်ပြောတဲ့ တစ်ခြားဟာတွေကိုပါ သူဘယ်လက်ခံတော့မလဲ) တိတိကျကျ ဥပမာ ဆွဲထုတ်ပြီး ဒီဆောင်းပါးက ဒီလို စောင်းခဲ့တယ်ဆိုပြီး ခိုင်ခိုင်မာမာပြောရမယ်။ ဥပမာ - ရာသီဥတုကြောင့် ဒီပလိုမက်တွေရဲ့ ခရီးစဉ်ရွှေ့ဆိုင်းတာကို အစိုးရကပဲ cancel လုပ်သလို ရေးတဲ့ သတင်းတွေလိုဟာမျိုး။
.
(၆) တစ်ချို့ မီဒီယာတွေကျတော့ အပေါ်ယံ ရှပ်ပြီးရေးလွန်းတော့ ဖြစ်နေတဲ့ complexity ကို မခြုံငုံမိဘူး။ ဥပမာ အမေစုကို de facto leader လို့ ခေါ်တာမျိုး။ မြန်မာ့နိုင်ငံရေးရဲ့ power dynamics ကို လုံလောက်အောင် ခွဲခြမ်းစိတ်ဖြာခြင်း မလုပ်ထားတာမျိုး။ reductionist approach နဲ့ ရီပို့လုပ်တာမျိုး...
.
(၇) ကိုယ်က ပြောတဲ့အပြင် ကိုယ့်ထက်ပိုယုံကြည်စရာကောင်းတဲ့၊ အသံပိုကြီးတဲ့၊ မျှတတဲ့ အမြင်လည်း ရှိတဲ့ သူတွေကိုလည်း ညွန်းရမယ်လို့ တွေးထားတယ်။ ဥပမာ - မြန်သံရုံးအကြီးအကဲ လုပ်သွားတဲ့ Priscilla Clapp ရဲ့ ဟိုးအရင်ကတည်းက အင်တာဗျုးတွေ၊ သံအမတ်ဟောင်း Derek Mitchel ရဲ့ လောလောလတ်လတ်ရေးထားတဲ့ Nikki Asian Review က ဆောင်းပါး၊ အော်ဇီ ၀န်ကြီးချုပ် Kevin Rudd ရဲ့ ဆောင်းပါး စတာတွေကို ညွန်းမယ်လို့ ကြိုပြင်ဆင်ထားတယ်။
.
(၈) သိသိချည်းနဲ့ ဖြစ်စေ၊ လုံလောက်အောင် မသိဘဲနဲ့ စေတနာဇောနဲ့ ဖြစ်စေ အခု UN မှာ ပြောနေတဲ့ စကားတွေကြောင့်ရယ်၊ မဟားဒယားပေးနေတဲ့ ဖိအားတွေကြောင့်ရယ် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း (unintended consequences တွေကို) ထောက်ပြရမယ်လို့ တွေးထားတယ်။ ဥပမာ - ဒေါ်စုကိုပဲ ဗီလိန်လုပ်နေတော့ တကယ့်လူဆိုးတွေက လွတ်နေတာမျိုး၊ ၅၂ သန်းကို နောက်ပို့ထားပြီး ၁သန်းကျော်သော ရိုမှ ရိုပဲ ရှေ့တန်းတင်နေတော့ မြန်မာလူထုထဲက moderates တစ်ချို့က nationalist လေသံတွေ စထွက်လာကြတာမျိုး အဲဒါမျိုးတွေကိုလည်း ပြောမယ်လို့ စိတ်ကူးထားတယ်။
.
(၉) အဓိကကတော့ ကျွန်တော့်အနေနဲ့ မျိုးချစ်စိတ်ဇောနဲ့ politically correct ဖြစ်တဲ့ အပြောအဆိုဘောင်ထဲက ထွက်မသွားဖို့ ကိုယ့်ကိုကိုယ် သတိပေးဖြစ်တယ်။ စကားတစ်ခွန်းကြောင့် ကိုယ့်ကို တစ်ဖက်ပိတ်လို့ သူမြင်သွားရင် ကိုယ်ပြောထားတဲ့ တစ်ခြား အချက်အလက်တွေကိုလည်း သူက ကိုယ့်ကိုပြန်မပြောရင်တောင် သူ့စိတ်ထဲမှာ ကြိတ်ပြီး မေးခွန်းထုတ်တော့မှာလေ။
.
(၁၀) take home message ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကူညီခြင်းသည်သာ အဖြေ ဆိုတာ ပြောမယ်လို့ စိတ်ကူးထားတယ်။ ဘာကြောင့် ဒီလိုပြောရလည်းဆိုတာ ခိုင်ခိုင်မာမာ ရှင်းပြမယ်လို့ စိတ်ကူးထားတယ်။
.
သူရောက်လာတော့ အဲဒီလို ကြိုတွေးထားတာတွေ အားလုံးပါအောင် ပြောနိုင်ခဲ့တယ်။ အပေါ်မှာ ရေးခဲ့တဲ့ ဥပမာတွေလည်း အားလုံးပါသွားအောင် ပြောခဲ့တယ်။ ဒါ့အပြင် အဲဒီအထဲမှာမပါတဲ့ ဟာတွေကိုပါ ပြောဖြစ်သွားတယ်။ ဥပမာ ညှိနှိုင်းခြင်းတွေမှာ သုံးတဲ့ pareto optimal လို ကွန်းဆက်မျိုး။ (သူက အဲဒါကို သိပ်မသိတော့ ကိုယ်ကတောင် လက်ချာနည်းနည်းရိုက်လိုက်ရသေး) သူကလည်း တစ်ချက်တစ်ချက် ထောက်တာတော့ ထောက်တယ်။ သူထောက်တာကို ကျွန်တော်ကလည်း defensive ဖြစ်တဲ့ပုံစံ မပေါက်စေအောင် တတ်နိုင်သလောက် ကြိုးစားပြီး ရှင်းပြတယ်။ နေ့တစ်ဝက်ကုန်တော့ သူလည်း ပြန်သွားတယ်။ စကားဝိုင်းက ဘယ်လောက်ကြာသလဲဆို သူရော ကိုယ်ရော ရှူးရှူး ၂ ခါလောက် ထ ပေါက်ရတယ်။ ကိုယ်ကလည်း သူကြီး ဘစီလို ရေသောက်ပြီး ပြောလိုက်ရတယ်။
.
ဒီနေ့တော့ သူ့တွစ်တာမှာ တက်လာတယ်။ ကျွန်တော်ညွန်းခဲ့တဲ့ Kevin Rudd ရဲ့ ဆောင်းပါးကို တွိထားတယ်။ ရိုဟင်ဂျာအရေးကို ကမ္ဘာက သေသေချာချာသိဖို့လိုသည်ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ ကျွန်တော်လည်း chicken soup ဇာတ်လမ်းတစ်ပုဒ် ထဲကလို ငါတော့ ဒီ starfish တစ်ကောင်ကို ပင်လယ်ထဲ ပြန်ပစ်နိုင်ခဲ့ပြီ ဆိုပြီး ၀မ်းသာသွားတယ်။
.
ဒီလိုပဲပေါ့ဗျာ။ တစ်ကမ္ဘာလုံးက အထင်လွဲနေချိန်မှာ သူတို့သိအောင် ဖြည်းဖြည်းချင်း ရှင်းပြပြီး တစ်ယောက်ချင်း အခုလိုပဲ ကောက်သင်းကောက်ရမှာပေါ့ဗျာ။ အချိန်တန်ရင်တော့ အမှန်တရားက ရောက်လာမှာပါ။ ကျွန်တော်တို့ဘက်ကတော့ စိတ်ရှည်၊ သည်းခံ၊ လမ်ကြောင်းမှန်ဖို့ အရေးကြီးတဲ့ ကာလပေါ့ခင်ဗျာ။
.
ကျွန်တော့်မိတ်ဆွေများလည်း ဒီလိုအခြေအနေ ကြုံလာခဲ့ရင် ကျွန်တော့်ထက် ပိုကောင်းအောင် ပြင်ဆင်ရှင်းပြနိုင်အောင်လို့ အတွေ့အကြုံလေး မျှဝေလိုက်ပါတယ်။ လိုတာယူပြီး မလိုတာ ပယ်ပါခင်ဗျာ။ ။
Htet Nay Lin Oo
https://www.facebook.com/htetnlo/posts/10154958651706409
No comments:
Post a Comment