CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 23, 2017
ရိုဟင်ဂျာဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်မဟုတ်
ရိုဟင်ဂျာဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်မဟုတ်
--------------------------------------------------------
ရိုဟင်ဂျာဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင်၊ ဘင်္ဂလီလူမျိုးတို့၏ နေ့စဉ်သုံးစကားဖြစ်သည်။ ၎င်းစကားစုနှင့်ပတ်သက်၍ ပါယာဂျာ၊ ကွန်ပါယာဂျာဆိုသည့် စကားလုံးတို့ကို လေ့လာကြည့်ဖို့ လိုသည်။ “ပါယာဂျာ”ဆိုသည်မှာ “ရွာသား” ဖြစ်သည်။ “ကွန်ပါယာဂျာ” ဆိုသည်မှာ “ဘယ်ရွာသားလဲ” ဟု မေးခြင်းဖြစ်သည်။
ရိုဟင်ဂျာဆိုသည့်စကားလုံးတွင် “ရိုဟင်”ဆိုသည်မှာ “ရွာဟောင်း”ဖြစ်ပြီး “ရိုဟင်ဂျာ”ဆိုသည်မှာ “ရွာဟောင်းရွာသား” ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးမှာ ရိုဟင်ဂျာရွာဟူ၍ ရှိပါသည်။ ရွာဟောင်းရွာ ဖြစ်သည်။ မြောက်ဦးမြို့ကို ဈေးဝယ်ရန် ရောက်လာသော ရိုဟင်ဂျာ ရွာသားများကို “ကွန်ပါယာဂျာ” ဟု မေးလျှင် “ရိုဟင်ဂျာ” ဟု ဖြေဆိုကြပါသည်။ အဓိပ္ပာယ်မှာ “ဘယ်ရွာသားလဲ” ၊ “ရွာဟောင်းရွာသားပါ” ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့်ရိုဟင်ဂျာဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည် မဟုတ်ကြောင်း၊ လူမျိုးတစ်မျိုးနှင့် သက်ဆိုင်သောစကားလုံး မဟုတ်ကြောင်း အခိုင်အမာ သိမှတ်ထားရမည် ဖြစ်သည်။
#အင်္ဂလိပ်ခေတ်ကစခဲ့သည့်ပြဿ နာ
“ရိုဟင်ဂျာ ဘယ်တုန်းက စခဲ့သနည်း” ဆိုသည့် မေးခွန်းအတွက် အဖြေရဖို့ရန် သမိုင်းအထောက်အထားများစွာကို လေ့လာကြည့်ရှုရာ နိုင်ငံရေးနှင့် ဆက်စပ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ၁၈၂၄-၂၆ ခုနှစ် (အင်္ဂလိပ်+မြန်မာ-ပထမစစ်ပွဲအပြီး နောက်ပိုင်းကာလ)၌ ရခိုင်ပြည်နယ်အတွင်းသို့ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ အတားအဆီးမဲ့ ဝင်ရောက်လာခဲ့ကြသည်။
၁၈၉၉-ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ (စူးအက်တူးမြောင်း ဖွင့်ပြီးချိန်ကာလ)တွင် အင်္ဂလိပ်များက မြေရိုင်းဝေငှသည့် ဥပဒေပြဋ္ဌာန်းပြီး မြန်မာနိုင်ငံမှ ဆန်စပါးများ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန် စီမံကိန်းချမှတ် အကောင်အထည် ဖော်ဆောင်ချက်အရ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များသို့ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများကို အစုလိုက် အပြုံလိုက် ဝင်ရောက်နေထိုင်စေခဲ့သည်။
၁၉၄၂-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာပြီး ရခိုင်နှင့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ လက်သို့ အင်္ဂလိပ်စစ်တပ်မှ ကျန်ခဲ့သော လက်နက်ခဲယမ်းများ ရောက်ရှိခဲ့လေရာ ယခင်ကတည်းက အဆင်မပြေဖြစ်နေသော ၎င်းတို့နှစ်ဖက်ကြား လက်နက်အားကိုး၍ ပဋိပက္ခ ဖြစ်ခဲ့ရလေသည်။ ပဋိပက္ခအစပိုင်းတွင် ကျောက်တော်မြို့နယ်တစ်ဝိုက်၌ ရခိုင်တိုင်းရင်းသားတို့က အားသာခဲ့သော်လည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက အရေးသာသွားခဲ့လေသည်။
ထို့ကြောင့် ထိုဒေသရှိ တိုင်းရင်းသားများဖြစ်ကြသော ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုးစုများမှာ အိုးအိမ်များစွန့်၍ ထွက်ပြေးခဲ့ရလေသည်။ တစ်နည်းဆိုသော် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ (မူစလင်များဖြစ်ကြသည်။)
ရခိုင်တိုင်းရင်းသားများနှင့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ၏ ယင်းကဲ့သို့ သက်ဆိုးရှည်နေသော ပဋိပက္ခကို ဗမာ့လွတ်လပ်ရေးတပ်မတော်က ကြားဝင်ဆောင်ရွက်ပေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်တို့ မြန်မာပြည်ပြန်ဝင်လာချိန်ကာလတွင် စစ်အတွင်းကာလက အိန်္ဒိယသို့ ထွက်ပြေးသွားခဲ့သော ရခိုင်စစ်ပြေးဒုက္ခသည်များ ပြန်ဝင်မလာနိုင်စေရန် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက အပြင်းအထန် တားဆီးခဲ့ကြလေသည်။
#လက်နက်ကိုင်အကြမ်းဖက်၍
#မူစလင်ပြည်နယ်တောင်းခြင်း
၁၉၄၈-ခုနှစ်(မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးသောကာလ)တွင် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက ၎င်းတို့၏ လူဦးရေအများအပြားနေထိုင်သော ဘူးသီးတောင်ကို “မူစလင်ပြည်နယ်အဖြစ်” သတ်မှတ်ပေးရန် တောင်းဆိုလာရာမှ အကြမ်းဖက်မှု စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လှုပ်ရှားတောင်းဆိုရာတွင် မောင်းတောမြို့နယ် ကျောက်ငနွားရွာသား အဗ္ဗဒူဟာဆင် အမည်ရှိသူ ကုလားတစ်ဦးက ခေါင်းဆောင်ခဲ့သည်။
လက်နက်ကိုင်ပုန်ကန်မှုအဆင့်သို့ “မူဂျာဟစ်” အမည်ဖြင့် စတင်တက်လှမ်းခဲ့သည်။ ၎င်းတို့သည် လူမျိုးရေး၊ ဘာသာရေးကို အခြေခံ၍ စည်းရုံးမှုများကြောင့်လည်းကောင်း၊ အခြေအနေမဲ့များကို စည်းရုံးရသဖြင့် စုစည်းမှု လွယ်ကူခြင်းကြောင့်လည်းကောင်း တစ်နှစ်အတွင်း မူဂျာဟစ်အင်အား ခုနှစ်ရာကျော်အထိ တိုးပွားလာခဲ့သည်။
၁၉၄၈-ခုနှစ်၊ နိုဝင်ဘာလတွင် ယင်းမူဂျာဟစ်သူပုန်များကို အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်းက စတင် ထိုးနှက်တိုက်ခိုက် နှိမ်နင်းခဲ့သည်။ ဆက်လက်၍ ၁၉၅၁-၅၂ ခုနှစ်များတွင် မေယုစစ်ဆင်ရေးဖြင့် လည်းကောင်း၊ ၁၉၅၄-ခုနှစ်တွင် မုတ်သုံစစ်ဆင်ရေးဖြင့် လည်းကောင်း ထိုးနှက်တိုက်ခိုက် နှိမ်နင်းခဲ့ကြသည်။
မူဂျာဟစ်များသည် မြန်မာ့ပိုင်နက်နယ်မြေအတွင်း အခိုင်အမာ တပ်စွဲနေနိုင်ခြင်း မရှိတော့ဘဲ တစ်ဖက်နိုင်ငံနယ်စပ်သို့ ထွက်ပြေးသွားခဲ့ကြရသည်။
ထိုအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ-မဖြစ်သေးသော ပါကစ္စတန်အစိုးရကလည်း မြန်မာနိုင်ငံအတွင်းမှ ဥပဒေကို ချိုးဖောက်ထွက်ပြေးလာသော ကုလားဆိုးသောင်းကျန်းသူ မူဂျာဟစ်သူပုန်များကို ဖမ်းဆီးခဲ့ရာ ၁၉၅၄-ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စစ်တကောင်းရဲအဖွဲ့က အဗ္ဗဒူဟာဆင်ကို ဖမ်းဆီးရမိသွားခဲ့သည်။
၁၉၇၁-ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပါကစ္စတန်အစိုးရက “ရှိတ်မူဂျီယာမန်”ကို ထိန်းသိမ်းထားကြောင်း ကြေညာခဲ့သည်။ ပါကစ္စတန်ပြည်တွင်းရေးမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။ အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)နယ်စပ်မှ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများသည် စစ်ပြေးဒုက္ခသည်များအဖြစ် မြန်မာနိုင်ငံအတွင်းသို့ ထပ်မံ ဝင်ရောက်လာခဲ့ကြပြန်ပါသည်။ ၁၉၆၂-ခုနှစ် နောက်ပိုင်းအထိ တရားမဲ့ဝင်ရောက်မှုများ ဆက်လက် ဖြစ်ပေါ်လာခဲ့ကြလေသည်။
အမှန်စင်စစ် ယင်းတို့သည် စစ်ပြေးဒုက္ခသည်ဟု ဆိုသော်လည်း ရပ်တည်မှုနယ်မြေရရှိရေး (ခ) မူစလင်ပြည်နယ်ရရှိရေးကို လက်နက်ကိုင် လှုပ်ရှားတောင်းဆိုနေသူများသာ ဖြစ်သည်။
နယ်စပ်ဒေသရှိ မြန်မာ့နယ်မြေအတွင်း ကုလားဆိုးသောင်းကျန်းသူများ ဝင်ရောက်မှုများကို တားဆီးနိုင်ရန် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ ၁၉၅၇-ခုနှစ်တွင် “ရှော်မလုပ်”နှင့် “ဇူရာသန်”တို့ ဦးစီးသော အင်အား (၁၅၀)သည်လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ တွင် “ရာရှစ်” ဦးဆောင်သော အင်အား (၂၁၄)ယောက်တို့သည်လည်းကောင်း အသီးသီး လက်နက်ချ အလင်းဝင်ခဲ့ကြသည်။
ယင်းကဲ့သို့ အများစု လက်နက်ချခဲ့သော်လည်း ကုလားဆိုး သောင်းကျန်းသူခေါင်းဆောင် ဇော်ဖော့(ကာဆင်အဖွဲ့ဝင်)သည် လက်နက်မချဘဲ နောက်လိုက်အင်အား(၂၀)ခန့်ဖြင့် ဆက်လက် လှုပ်ရှားနေခဲ့ရာ ၁၉၆၃-ခုနှစ်အရောက်တွင် အင်အား(၅၀၀)အထိ စုဆောင်းမိသွားခဲ့သည်။
၎င်းအချိန်တွင် “အဘူဆီဒိတ်”ဦးစီးသော ကုလားဆိုးသောင်းကျန်းသူ အင်အား(၄၀)ခန့်အဖွဲ့နှင့် “အနုဇော်လီ” ဦးစီးသော အင်အား (၈၀)ခန့်အဖွဲ့တို့က သီးခြားရပ်တည် လှုပ်ရှားခဲ့ကြလေသည်။
မူစလင်ပြည်နယ်ရရှိရေး လှုပ်ရှားတောင်းဆို၍ မရနိုင်ကြောင်း သိရှိလာသောအခါတွင် တိုင်းရင်းသားဖြစ်ဟန်ဆောင်ကာ ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ဝါဒဖြန့် လှုပ်ရှား တောင်းဆိုလာကြခြင်းဖြစ်သည် ဆိုတာကို သတိပြုကြရပေမည်။
ကုလားဆိုး သောင်းကျန်းသူဇော်ဖော့သည် နိုင်ငံရေးလှုပ်ရှားမှုများကို “ရိုဟင်ဂျာပြည်နယ်ထူထောင်ရေး၊ ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေး” ကြွေးကြော်သံများဖြင့် စတင်ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် ဖော်ပြခဲ့သော “ရိုဟင်ဂျာ=ရွာဟောင်းရွာသား” ဆိုသောအမည်ကို အသုံးပြုခဲ့သည်။ “၎င်းတို့သည် ရိုဟင်ဂျာလူမျိုးများ ဖြစ်သည်” ဟုဆိုကာ ၎င်းတို့၏ “ရိုဟင်ဂျာပြည်နယ် ထူထောင်ရေး၊ ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေး”လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလတွင် အရှေ့ပါကစ္စတန်အရေးအခင်း ဖြစ်ပွားခဲ့ရာ ၎င်းအရေးအခင်းကာလအတွင်း ၎င်းအရေးအခင်းကြောင့် နယ်စပ်ဒေသမှ ကုလားဆိုး သောင်းကျန်းသူများအတွက် မှောင်ခိုလက်နက် ဝယ်ယူရရှိမှုလမ်းစ ပွင့်သွားခဲ့ပြန်သည်။ ၎င်းအခြေအနေကို အစပြုပြီး လက်နက်ကိုင်အင်အား (၂၀၀)ခန့်အထိ တိုးတက်လာခဲ့သည်။
၁၉၇၁-ခုနှစ်တွင်ပင် အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။ အနောက်ပါကစ္စတန်မှာ ပါကစ္စတန်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ တစ်နိုင်ငံတည်းမှ နိုင်ငံ(၂)နိုင်ငံအဖြစ် ကွဲသွားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့သည် ၁၉၄၈-ခုနှစ်မတိုင်မီကာလတုန်းက အိန်္ဒိယနိုင်ငံပိုင် ပြည်နယ်များ ဖြစ်ခဲ့ကြသည်။ အိန်္ဒိယနိုင်ငံအစိုးရထံမှ ခွဲထွက်ခွင့်အရေးဆိုပြီး သီးခြားနိုင်ငံတစ်ခုအဖြစ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။
#ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ
၁၉၇၂-ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဇော်ဖော့သည် အကွဲကွဲဖြစ်နေသော ကုလားဆိုး သောင်းကျန်းသူများကို စုစည်း၍ ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)ကို စုစည်း တည်ထောင်ခဲ့သည်။ ယင်းပါတီတွင် ကုလားဆိုး သောင်းကျန်းသူဇော်ဖော့က ဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံ၊ အဘူဆီဒိတ်က ဥက္ကဋ္ဌ၊ ဘီအေဇော်ဖော့က အတွင်းရေးမှူး၊ ဇော်လဝီမူဇေက ဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။
ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)သည် ဘူးသီးတောင်မြို့နယ်၊ ဗောဂလိရွာတွင် အခြေချ ခိုအောင်းနေထိုင်ခဲ့သည်။ အင်အား(၅၀၀)ကျော်အထိ တိုးပွားလာခဲ့သည်။
ယင်းတို့ကို မနှစ်မြို့သော ဒေသခံတိုင်းရင်းသားများက မြန်မာ့တပ်မတော်ကို သတင်းပေး တိုင်ကြားချက်များအရ မြန်မာ့တပ်မတော်က စစ်ရေးလုပ်ငန်းများ စတင်ခဲ့လေသည်။ ၁၉၇၄-ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကုလားဆိုးသောင်းကျန်းသူ ဇော်ဖော့နှင့် နောက်လိုက်(၆၀)တို့သည် တစ်ဖက်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံသွားခဲ့ကြသည်။
ထိုသို့ပြိုကွဲသွားသော ကုလားဆိုး သောင်းကျန်းသူများကို ပြန်လည်စုစည်းရန် ကြိုးပမ်းခဲ့သော်လည်း အတွင်းရေးမှူး ဘီအေဇော်ဖော့နှင့် သဘောထားကွဲလွဲခဲ့ရာမှ ဥက္ကဋ္ဌဇော်ဖော့ ပျောက်ကွယ်ခဲ့ပြီး ဘီအေဇော်ဖော့သာ ပေါ်လွင်လာခဲ့လေသည်။ ဘီအေဇော်ဖော့သည် ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းရွာဇာတိ ဖြစ်ပြီး ရန်ကုန်မြို့၊ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
#ရိုဟင်ဂျာမျိုးချစ်တပ်ဦး
ဘီအေဇော်ဖော့သည် ၁၉၇၂ ခုနှစ်တွင် ရိုဟင်ဂျာ လွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ) အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် တစ်ဖက်နိုင်ငံ ဘာ့စ်ပါရ်၌ ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RohinghaPatriotic Front = RPF) ကို ထူထောင်ခဲ့သည်။
ဘီအေဇော်ဖော့(B.A Zafur)က ဥက္ကဋ္ဌ၊ နူရ်းအစ္စလာမ် (Nutum Islam)က ဒုဥက္ကဋ္ဌ၊ မိုဟာမက်ရှော်ဖီက အတွင်းရေးမှူး၊ ဇော်ကရီးယားနှင့် ဒေါက်တာယူနိမ့်စ်(Dr.Unus)က ဗဟိုကော်မတီဝင်အဖြစ် ပါဝင်၍ အင်အား(၇၀)ခန့် ရှိခဲ့သည်။ ယင်းတို့၏ စည်းရုံးမှုကြောင့် ၁၉၇၅-ခုနှစ်တွင် ခေါ်တောကုလားလူငယ်အချို့ (ခ) ဘင်္ဂလီကုလားလူငယ်အချို့သည် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်ရှောင်၍ ယင်းအဖွဲ့သို့ ဝင်ရောက်သွားခဲ့ကြသည်။
ယင်းအဖွဲ့သည် တစ်ဖက်နိုင်ငံ၌ အခြေပြု၍ ထွက်ပြေးလာသော ကုလားများကို အကြောင်းပြုပြီး လှုပ်ရှားခဲ့ရာ ၁၉၇၈-ခုနှစ်တွင် ပိုမိုသွက်လက်ခဲ့လေသည်။
၁၉၇၈-ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဘီအေဇော်ဖော့သည် မြန်မာနိုင်ငံ တောင်ပြို (Taungbro) ဒေသအထိ စိမ့်ဝင်လှုပ်ရှားခဲ့လေသည်။
#ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)
တစ်ဖက်နိုင်ငံနယ်စပ်ဒေသကို အခြေပြု၍ လှုပ်ရှားနေသော ရိုဟင်ဂျာအမည်ခံ ကုလားဆိုးသောင်းကျန်းသူများအဖွဲ့မှာ-
(က) ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO)
(ခ) ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)
(ဂ) အာရကန်ရိုဟင်ဂျာအစ္စလာမ်မစ်တပ်ဦး (Arakan Rohingha Islamic Front = ARIF)
(ဃ) ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party)
(င) ရခိုင်ပြည်အီတီဟာဒူမူဂျာဟစ်အဖွဲ့ (Itihadul Mojahadin of Arakan = IMA) တို့ဖြစ်ကြသည်။
ဖော်ပြပါ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO) ဥက္ကဋ္ဌ ဒေါက်တာယူနိမ့်စ်၊ စစ်ရေးတာဝန်ခံ ဇော်ကရီးယားတို့ဦးဆောင်၍ အင်အား (၃၀၀)ခန့်ဖြင့် တစ်ဖက်နိုင်ငံ အူခီးယား(Ukhia)မြို့နယ်၊ မောဇီရှပ်ရွာအနီး ဒိုင်ကြာ သီးစခန်းနှင့် ရာမူး(Ramu)မြို့နယ်၊ အူနာပါရွာ အရှေ့ဘက်တစ်မိုင်ခန့်တွင် စခန်းများ တည်ဆောက်ဖြန့်ခွဲ နေထိုင်ခဲ့ကြသည်။ ယင်းအဖွဲ့အတွက် လက်နက်များကို ကမ်ပူးချားနယ်စပ် လက်နက်မှောင်ခိုဂိုဏ်းထံမှ ရရှိနေခဲ့ပြီး အာရပ်နိုင်ငံများ၊ တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံရှိ အစ္စလာမစ်အဖွဲ့ အသီးသီးတို့ထံမှ တိတ်တိတ်ပုန်းထောက်ပံ့သည့် ရန်ပုံငွေများကို ရရှိနေခဲ့သည်။
#အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး
အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF) တွင် ဥက္ကဋ္ဌနာရူးအစ္စလာမ် ခေါင်းဆောင်၍ တစ်ဖက်နိုင်ငံ၊ နတ်ချောင်းစရီမြို့နယ်၊ ဇွိုင်လာဘူရီရွာတွင် စခန်းတစ်ခု တည်ဆောက်၍လည်းကောင်း၊ အူခီးယားမြို့နယ်၊ ဟေဇေလျ (Hayzelong)တွင် စခန်းများတည်ဆောက်၍လည်းကောင်း လှုပ်ရှားခဲ့ကြသည်။ ဌာနချုပ်ရုံးကို ဟော်လီမာလာရွာတွင် ဖွင့်လှစ်ထားခဲ့သည်။
၎င်းအဖွဲ့တွင် အင်အား(၁၀၀)ခန့်သာရှိပြီး ၁၉၉၁-ခုနှစ်၊ ဇူလိုင်လအတွင်း ၎င်းအဖွဲ့ခေါင်းဆောင် နာရူးအစ္စလာမ်သည် ထိုင်းမြန်မာနယ်စပ်ရှိ အကြမ်းဖက် သောင်းကျန်းသူများနှင့် တွေ့ဆုံ၍ စစ်ရေးမဟာမိတ် ပြုလုပ်ရန်နှင့် လက်နက်တင်သွင်းရေး ကိစ္စများကို ညှိနှိုင်းခဲ့သည်။
၎င်းအပြင် နာရူးအစ္စလာမ်ဦးစီးသော အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဘုန်းကြီးကျောင်းသို့ ရောက်နေသူ တောင်ကုတ်ဇာတိ (ABYMU) ရဟန်းပျိုအဖွဲ့နာယက ဦးခေမာစာရက ကန့်ကွက်ခဲ့သော်လည်း အဖွဲ့သို့ ဝင်ခွင့်ပြုခဲ့လေသည်။
ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)သည် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO)နှင့် ပူးပေါင်းခဲ့ပြီး အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
၁၉၈၉-ခုနှစ်၊ ဇန်နဝါရီလတွင် အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အတွင်း ခေါင်းဆောင်များဖြစ်သည့် နူးရ်အစ္စလာမ်၊ ရှော်ဖီဟူစိန်နှင့် ဒေါက်တာယူနိမ့်စ်တို့ သဘောထားကွဲလွဲ၍ အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)နှင့် ခွဲထွက်အဖွဲ့(ခေါ်) ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF) အဖွဲ့ဟူ၍ အသီးသီး ကွဲပြားခဲ့ကြရသည်။
ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)တွင် ရှော်ဖီဟူစိန်ဦးစီး၍ အင်အား(၂၀)ခန့်ဖြင့် စစ်တကောင်း၌ အခြေပြုကာ အဖွဲ့အဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းအဖွဲ့-ရန်ပုံငွေရရှိရေးအတွက် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF) ဗဟိုကော်မတီဟောင်း ဆွေဂျက်က တက္ကဆပ်နယ်တွင် အလှူငွေများ ကောက်ခံပေးလျက် ရှိခဲ့သည်။
ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)အား ဖော်လိပ်မူဇာမာန်မှ ခေါင်းဆောင်လျက်ရှိခဲ့ပြီး တစ်ဖက်နိုင်ငံ၊ ကော့ဘဇား(Cox’s Bazar)ခရိုင်၊ တန်ခါလီ (Tinkhali) အနီးတွင် စခန်းတည်ဆောက် အခြေပြုလျက် အင်အား (၂၀)ခန့်ဖြင့် ရှိခဲ့သည်။ ရခိုင်ပြည်အီတီဟာဒူမူဂျာဟစ်အဖွဲ့ (Itihadul Mojahadin of Arakan = IMA)အား မော်လဝီဟာနစ် (Maulvi Hanif) ဦးစီး၍ တစ်ဖက်နိုင်ငံ အူခီးယားမြို့နယ်၊ ဂူနာမန်နာရွာတွင် စခန်းတည်ဆောက် လှုပ်ရှားလျက် အင်အား(၂၀)ခန့်ဖြင့် ရှိခဲ့သည်။
#ပြည်ပအင်အားကြီးနိုင်ငံများသို့ဝါဒဖြန့်ခြင်းနှင့်ထိရောက်မှုများ
လူမျိုးရေးကို အခြေခံဖွဲ့စည်းထားသော တစ်ယူသန် ကုလားဆိုးအဖွဲ့များသည် ချမ်းသာကြွယ်ဝသော အစ္စလာမ်မစ်နိုင်ငံများမှ ပေးစာကမ်းစာများကို မျှော်ကိုးအားထားနေပြီး မိမိတို့နေထိုင်ရာ ဒေသတွင် လုံ့လထုတ် လုပ်ကိုင်စားသောက်လိုစိတ်မရှိဘဲ နိုင်ငံရေးနည်းလမ်းအရ အချောင်ရမည့် နည်းလမ်းကိုရွေး၍ “မြန်မာနိုင်ငံအစိုးရက မူစလင်များအား ညှဉ်းပန်းနှိပ်စက်နေကြောင်း၊ ၎င်းတို့၏ဗလီများအား ဖျက်ဆီးနေကြောင်း၊ မူစလင်အမျိုးသမီးများအား မုဒိမ်းကျင့်နေကြောင်း၊ မြန်မာနိုင်ငံထဲတွင် နေထိုင်ခွင့်မပြုဘဲ မောင်းထုတ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မူစလင်ဒုက္ခသည်ပေါင်း များစွာ ရောက်ရှိနေကြောင်း” လှုံ့ဆော်ဝါဒဖြန့်လျက် ရှိခဲ့ကြလေသည်။
ယင်းတို့၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို အခြေခံ၍ ပြည်ပ အင်အားကြီးနိုင်ငံများကလည်း မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွသော ကြားနေနိုင်ငံခြားရေးမူဝါဒများကို ထိပါးလာခဲ့ကြသည်။ လူမျိုးရေးပဋိပက္ခကို အခြေခံ၍ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုပါ ပျက်ပြားရလေအောင် ဇောင်းပေးလှုံ့ဆော်ခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆိုပါဝါဒဖြန့်ချိမှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့သည့်အတွက် ပြည်ပနိုင်ငံကြီးများ၏ မှားယွင်းစွာ၊ တစ်ဖက်သတ်၊ သိရှိနားလည်ခြင်းများကို အချိန်မီ ဖယ်ရှားနိုင်ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။
အဆိုပါ ကုလားဆိုး သောင်းကျန်းသူများသည် ၁၉၆၀-ခုနှစ်၊ နိုင်ငံရေးအရှုပ်အရှင်းအရ နေရာတစ်ခုရရှိရေး မျှော်လင့်ချက် ရရှိမှုကို အခွင့်ကောင်းယူခဲ့ကြပြီး တိုင်းရင်းသားဖြစ်သည့် ရခိုင်များနှင့် မွန်များ၏ တောင်းဆိုချက်အရ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖြစ်ပေါ်လာသည့်အခါ တိုင်းရင်းသားမဟုတ်သည့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများဖြစ်ပါလျက် “ရိုဟင်ဂျာလူမျိုး” ဆိုသည့် သမိုင်းလိမ် အမည်တစ်ခုဖြင့် “ရိုဟင်ဂျာပြည်နယ် သီးခြားရရှိရေး” စတင် လှုပ်ရှားခဲ့ကြလေသည်။
ဆက်လက်၍လည်း အစဉ်တစိုက် ဆက်လက်လှုပ်ရှား တောင်းဆိုခဲ့ကြလေသည်။
ရိုဟင်ဂျာအမည်ခံ ကုလားဆိုး သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံအတွင်း အခြေချ ခိုအောင်းနေထိုင်ကာ မြန်မာနိုင်ငံအပေါ် လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ၍ နိုင်ငံရေးမျက်နှာစာသစ် ဖွင့်လှစ်လျက် တိုက်ကွက်ဖော်နေခဲ့ကြသည်။
၎င်းတို့၏ တိုင်းရင်းသားမဟုတ်ပါဘဲ တိုင်းရင်းသားဟန်ဆောင် လှုပ်ရှားနေသည့် လုပ်ရပ်များသည် အင်အားကြီးနိုင်ငံများနှင့်လည်း ဆက်စပ်ပတ်သက်မှု ရှိနေခဲ့ကြသည်။
ဆန့်ကျင်ဖက်အဖွဲ့အစည်းများ၏ ရေရှည်မဟာဗျူဟာနှင့်လည်း ဆက်စပ်ပတ်သက်မှု ရှိနေခဲ့ကြသည်။ ၎င်းတို့၏ လိမ်လည် ကောက်ကျစ်ယုတ်မာမှုများသည် ယနေ့မြန်မာနိုင်ငံသူ/သားတို့ မျှော်လင့်နေသော အနာဂတ်ဒီမိုကရေစီနိုင်ငံသစ်နှင့် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုများ၏ ရပိုင်ခွင့်များကိုပါ ခြိမ်းခြောက်လျက် ရှိနေခဲ့ကြသည်။
သမိုင်းအစဉ်အဆက် အေးအတူ-ပူအမျှ နေထိုင်လာခဲ့ကြသော တိုင်းရင်းသား ညီအစ်ကိုတို့ ပိုင်စိုးရာနယ်မြေ(မြန်မာနိုင်ငံ)အတွင်း၌ ရိုဟင်ဂျာအမည်ခံ ကုလားဆိုး သောင်းကျန်းသူများ အမှန်တကယ် ရှိသင့်/ မရှိသင့်၊ ရိုဟင်ဂျာအမည် အသက်သွင်းမှု၊ ရိုဟင်ဂျာအမည် သုံးနှုန်းခေါ်ဆိုမှုတို့ကို လက်ခံသင့်/မသင့်ဆိုသည်တို့ကို အမှန်အတိုင်း ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အထက်တွင် ဖော်ပြခဲ့သော ၎င်းတို့၏ ဖြစ်တည်လှုပ်ရှားမှုများက ဖတ်ရှုသုံးသပ်သူတို့အား ဆုံးဖြတ်ချက် မှန်ကန်စေရန် သက်သေခံအဖြစ်ဖြင့် ဦးဆောင်လမ်းညွှန်ပေးကြလိမ့်မည်ဟု မျှော်လင့်မိပါသတည်း။
ဦးအင်္ကုရ(လားရှိုး)
Labels:
Arakan,
article,
Bingali,
ရခိုင်ပြည်နယ်,
မောင်တော
ရိုဟင်ဂျာဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်မဟုတ်
Reviewed by MP4 YoU
on
September 23, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment