အစိုးရကခိုးတော့မခိုးဘူး၊ခိုးမယ့်ခိုးတော့ သူများမယားခိုးတယ်လို့ဝေဖန်ခံနေရဟု
မကွေးဝန်ကြီးချုပ်ပြော
အစိုးရက ခိုးတော့မခိုးဘူး၊ ခိုးမယ့်ခိုးတော့ သူများမယားကို ခိုးတယ်ဆိုပြီး ဝေဖန်ခံနေရဟု မကွေးဝန်ကြီးချုပ်ပြော
Friday, September 22, 2017
Friday, September 22, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အစိုးရမှငွေကြေး ခိုးယူ အလွဲသုံးစားမှုများမရှိဘဲ သူများမယားကိုသာ ခိုးယူသည်ဟု လူအများ၏ဝေဖန်ခံနေရသည်ဟု မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
မကွေးတိုင်းဒေသကြီး အစိုးရနှင့်တနှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ယင်းသို့ပြောသည်။
ဒေါက်တာအောင်မိုးညိုက''လောလောဆယ် ကျွန်တော်တို့အစိုးရအဖွဲ့ကို ဈေးတွေထဲမှာရော facebook တွေမှာရော အဝေဖန်ခံနေရတယ်။ ဘာကို ဝေဖန်လဲဆိုတော့ မင်းတို့အစိုးရက ခိုးတော့မခိုးဘူး ပြောတယ်။
တကယ့်ခိုးမယ့်ခိုးတော့ သူများမယားကို ခိုးတာဆိုပြီး ဝေဖန်တွေခံနေရ တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ရှင်းပြချင်တာ''ဟု ပြောသည်။ လူတယောက်အနေနှင့် လူသတ်မှု၊ မုဒိမ်းမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ မယားခိုးမှု စသည့် ပြစ်မှုကျူးလွန်ခဲ့သူများကိုပင် တရားရုံးမှ စီရင်ချက်မချဘဲ တရားခံရာဇ၀တ်ကောင်ဟု သဘောထား၍မရဟု ပြောသည်။
ယင်းကဲ့သို့ ဝေဖန်မှုများအပြင် အရေးယူမှုတစုံတရာမရှိခြင်းအပေါ် ကိုလည်း မေးခွန်းထုတ်နေမှုများလည်း ရှိနေသည်ဟု ဆိုသည်။
''အရေးယူအပြစ်ပေးတာမရှိဘူးလားဆိုတော့ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အင်မတန်ကို ဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ အပြစ်တစုံတရာ ကျူးလွန်ရင် အစ်မဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ၀န်ကြီးချုပ်လည်း ထောင်ချသင့် ထောင်ချမှာပဲ။ အားမနာဘူးချမှာပဲ။ အစ်မက မျက်နှာတင်းတင်းနဲ့ကိုပြောတာ၊ ခင်မင်ရင်းနှီးတဲ့အတွက်ကြောင့် ထောင်ဝင်စာလာတွေ့ပြီးတော့ ပေးစရာရှိတာပေးတယ်။ ကျွေးစရာ ရှိတာကျွေးမယ်။ အရေးယူစရာရှိတာ အရေးယူမယ်။ ကျွန်တော်တို့ မကွေးတိုင်းမှာလည်းပဲ တိုင်းစည်ကမ်းထိန်းသိမ်းရေးအဖွဲ့ရှိသလို အဖွဲ့ချုပ်ဗဟိုမှာ လည်း ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရှိရုံတင် မကဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေပြောတာဆိုတာ၊ ဆက်ဆံတာ၊ အကျင့်စာရိတ္တပျက်ယွင်းတာ လိုအပ်တာထက် အာဏာပိုသုံးတာတွေနဲ့ ပတ်သက်ပြီး တိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနသတ် သတ်ရှိသေးတယ်''ဟု ပြောကြားခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနှင့် တိုင်ကြားမှုများလည်းရှိကာ ထုတ်ပယ်ခဲ့သည့်သာဓကများပင် ရှိသည်ဟု ဆိုသည်။
စွပ်စွဲမှုများနှင့်ပတ်သက်ပြီး မှန်ကန်မှုမရှိပါက အစွပ်စွဲခံရသူနှင့် အစိုးရ အဖွဲ့ပါ များစွာထိခိုက်နစ်နာ သည်ဟုဆိုသည်။ စွပ်စွဲမှုများနှင့်ပတ်သက်၍ ''လူကြီးတွေကို ပြောသင့်ပြောထိုက်တာပြောတယ်။ တိုင်း အဆင့်ရော၊ ဗဟိုအဆင့်ရောပြောထားတယ်။ မေးသင့်မေးထိုက်တာ စုံစမ်းသင့်၊ စုံစမ်းထိုက်တာတွေ လုပ်နေတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌလည်း ဝေဖန်ခံရတယ်။ ကျွန်တော်တို့လည်း ဝေဖန်ခံရတယ်။ ကျွန်တော်တို့ ဆောင်ရွက်သင့်တာကို ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးနေမျိုး ကျော်သည် လူမှုရေးဖောက်ပြန်သည်ဟု လူမှုကွန်ရက်တွင် သတင်းများ ပျံ့နှံ့ခဲ့မှုအပေါ် ဦးနေမျိုးကျော်က ၎င်းသတင်းများ အခြေအမြစ်မရှိ ကြောင်း သတင်းစာ ရှင်းလင်းပွဲလုပ်၍ ဖြေရှင်းခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် ၀န်ကြီးဦးနေမျိုးကျော်နှင့်အတူ အိမ်ထောင် ရေးဖောက်ပြန်သည်ဟု အစွပ်အစွဲခံရသူ အမျိုးသမီးအပါအ၀င် ဦးနေမျိုးကျော်၏ ဇနီးတို့ပါ တက်ရောက်ရှင်းလင်းခဲ့သည်။
မျိုးလှိုင်ဝင်း(ငဖဲ)
News Watch
News Watch
No comments:
Post a Comment