CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, September 2, 2017
ကေလးအေမေတြ ဘာလို႔တခ်ိန္လံုး ပင္ပန္းေနရတာလဲ
[Zawgyi]
ကေလးအေမေတြ ဘာလို႔တခ်ိန္လံုး ပင္ပန္းေနရတာလဲ
ေမေမေတြက်မဘာကို ဆိုလိုခ်င္တာလဲဆိုတာ သိၾကမွာပါ။ ကံေကာင္းတဲ့ေမေမေတြကေတာ့ ကိုယ့္အိမ္ေထာင္ဖက္က ဝိုင္းကူပါတယ္။ ဒါေပမယ့္ အဲဒီလို ဝိုင္းကူသည့္တိုင္ေအာင္ စိတ္ထဲမွာ ပင္ပန္းေနတုန္းလို႔ ခံစားၾကရတတ္တယ္ေနာ္။ အဲဒါဘာျဖစ္လို႔လဲဆိုေတာ့ ေမေမတို႔ရဲ႕ အေမစိတ္ေၾကာင့္လို႔ပဲ တိုတိုေျပာရမွာပါပဲ။ အိမ္တစ္အိမ္မွာ အဓိကလႈပ္ရွားေနရတာ အေမေတြပါ။ အိမ္ေထာင္ဖက္က ပန္းကန္ကူေဆးမယ္၊ အဝတ္ကူေလွ်ာ္မယ္၊ အမိႈက္ကူပစ္ေပးမယ္၊ ကေလးေတြကို ေက်ာင္းႀကိဳေပးမယ္ဆိုရင္ အဲဒီအလုပ္ေတြကို သူလုပ္ေပးလို႔ရေအာင္ ပိတ္ကားေနာက္ကြယ္က စီစဥ္ေပးေနရတာ အိမ္ရွင္မျဖစ္ေနလို႔ အေမေတြရဲ႕ ဦးေႏွာက္က ဘယ္ေတာ့မွ မနားရေအာင္ ျဖစ္ေနတာပါ။ ကေလးေတြ အခ်ိန္ဇယားေက်ာင္းခ်ိန္က်ဴရွင္ခ်ိန္ေတြကို အေဖကို သတိေပးရတယ္၊ ေဈးစာရင္းအၿမဲလုပ္ၿပီး မလစ္ဟင္းရေအာင္ အိမ္မွာ ပစၥည္းေတြ ဝယ္ျဖည့္ထားရတယ္၊ (ဒါမွ ေယာက္်ားအဝတ္ေလွ်ာ္ ပန္းကန္ေဆးရင္ ဆပ္ျပာဆိုတာ ရွိေနမွာေလ)။ ကေလးေတြကို စိတ္မခ်တဲ့အတြက္ အၿမဲ (တခါတေလ မလိုအပ္ဘဲ) စိတ္ပူေနမယ္။ အဲဒါေတြေၾကာင့္ စိတ္ပင္ပန္းေနၾကရတာပါ။ ဒီၾကားထဲ အိမ္ေထာင္ဖက္က မကူေပး (ႏိုင္)ဘူးဆိုရင္ လူေရာစိတ္ပါ ပင္ပန္းၿပီေပါ့။ က်မတို႔ လူေနမႈပံုစံအရ အိမ္မွာအတူေနတဲ့ ေဆြမ်ိဳးမိဘေတြကိုပါ ထည့္တြက္ရဦးမွာ။ ကိုယ့္ကေလးကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ဆံုးမခ်င္ပါလ်က္နဲ႔ အတူေနမိဘေဆြမ်ိဳးေတြေၾကာင့္ ေျပာမရဆိုမရ၊ သူတို႔နဲ႔ စကားအေျခအတင္ေျပာရ ရန္ျဖစ္ရတာေတြကလည္း ေမေမေတြ စိတ္ပင္ပန္းေစတဲ့ အခ်က္တစ္ခ်က္ပါပဲ။
အေမစိတ္ဟာ အေတာ္ကို ပင္ပန္းေစတာပါ။ ဥပမာ အိမ္ေထာင္ဖက္က ကေလးကို ညဘက္ၾကည့္ေပးမယ္ဆိုရင္ေတာင္ သူ႔ကို မပင္ပနး္ေစခ်င္တဲ့စိတ္နဲ႔ ကိုယ္ပဲလုပ္လိုက္တာမ်ားတယ္။ တခ်ိဳ႕က်ေတာ့လည္း စိတ္မခ်တာ။ ကိုယ္ကိုယ္တိုင္လုပ္ရမွ ေက်နပ္စိတ္ေအးတတ္တဲ့ စိတ္ေၾကာင့္လည္း ပင္ပန္းရတတ္ျပန္တယ္။ ကေလးေတြကို အေဖနဲ႔ထားခဲ့ရင္ အဆင္ေျပပါ့မလား။ ျဖစ္သလို မလိုက္ဖက္တဲ့ အဝတ္ေတြ၊ ရာသီဥတုနဲ႔ မကိုက္တဲ့ အဝတ္ေတြ ဝတ္ခိုင္းၿပီး အျပင္ေခၚသြားမလား။ ကေလးလိုခ်င္တာ သူတို႔သိပါ့မလား လုပ္ေပးတတ္ပါ့မလား၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ မုန္႔ေတြ အစာေတြမ်ား ေကၽြးေနမလား စသည္ျဖင့္ ေတြးၿပီး ပူပန္တဲ့စိတ္ေၾကာင့္လည္း အေမေတြ ပင္ပန္းရျပန္တယ္။ အဲဒါေတြအတြက္ က်မေျပာခ်င္တာကေတာ့ "အဆင္ေျပမွာပါ" ဆိုတာပါပဲ။ သူတို႔လည္း မိဘပဲ။ တခါတေလေတာ့လည္း သူတို႔နဲ႔ ကေလးေတြကို ထားခဲ့တာဟာ အမွားႀကီး က်ဴးလြန္လိုက္တာမဟုတ္ပါဘူးေနာ္။ ျဖစ္သြားပါလိမ့္မယ္။ အိမ္ေထာင္ဖက္ကိုလည္း ယံုၾကည္ေပးပါ။ သူတို႔ကိုလည္း မိဘျဖစ္ခြင့္ေပးလိုက္ပါ။ ေနရာတကာ ကိုယ္ပါမွ ၿပီးမယ္ဆိုတာ မဟုတ္ပါဘူး။ တစ္လမွာ တစ္ခါေလာက္ ကေလးေတြ အာလူေၾကာ္ထုတ္စားတာ အသက္အႏၲရာယ္ မရွိပါဘူး။ သူႀကိဳက္တဲ့ ကာတြန္းကားျပတဲ့အခ်ိန္ လြတ္သြားလို႔လည္း ဘာမွ ျဖစ္မသြားပါဘူး။ စိတ္နည္းနည္းေလးေလ်ာ့ၿပီး ေနၾကည့္လိုက္ပါ။
ေနာက္တစ္ခုက ကေလးငယ္တုန္းမွာ အရမ္းပင္ပန္းတာမွန္ေပမယ့္ အခ်ိဳ႕အေမေတြမွာ ကေလးေတြ ႀကီးသြားလည္း ပင္ပန္းေနၾကရတုန္းပဲ။ အဲဒါဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကို ငယ္ငယ္တုန္းက အစစအရာရာ အကုန္လိုက္လုပ္ေပးခဲ့လို႔ပါ။ ငယ္ငယ္ကတည္းက သူ႔တာဝန္သူယူတတ္ေအာင္ ပ်ိဳးေထာင္ထားဖို႔ အရမ္းလိုပါတယ္။ အသက္ႀကီးလာတဲ့အထိ သူစားတဲ့ပန္းကန္ ေဆးေပးေနဦးမွာလား၊ သူ႔အခန္းကို သြားရွင္းေပးေနရဦးမွာလား၊ သူ႔အက်ႌေလွ်ာ္ၿပီးသားကို လိုက္ေခါက္ေပးေနရဦးမွာလား၊ သူခၽြတ္လိုက္တဲ့ဖိနပ္ကို စင္ေပၚလိုက္သိမ္းေပးေနဦးမွာလား။ မျဖစ္သင့္ဘူးေနာ္။ သူတို႔အရြယ္ေရာက္လာတာနဲ႔အမွ် ကိုယ္ပိုသက္သာလာရမယ္။ ကိုယ့္ကိုယ္ကိုယ္ ပိုအခ်ိန္ေပးႏိုင္လာရမယ္။ ကိုယ္ေပ်ာ္ရာ ဝါသနာပါရာေလးေတြကို လုပ္ၿပီး စိတ္ခ်မ္းသာေအာင္ ေနႏိုင္လာရမယ္။ အဲဒီလိုမဟုတ္ဘဲ တသက္လံုး ဖိုသီဖတ္သီနဲ႔ စိတ္ပင္ပန္းလူပင္ပန္းဘဝႀကီးနဲ႔ ေနသြားရမယ္ဆိုရင္ မဟုတ္ေသးဘူးေနာ္။
ေနာက္တစ္ခုက အိမ္ေထာင္ဖက္ေတြ ေျပာတတ္တာတစ္ခုရွိတယ္။ ခိုင္းမွမခိုင္းဘဲ၊ ေျပာရင္လုပ္ေပးမွာေပါ့ဆိုတာ။ ေျပာစရာလိုသလား ခိုင္းေနရမွာလားလို႔ ေမးစရာရွိတယ္။ အေျဖက ခိုင္းပါ၊ ေျပာပါ။ တခ်ိဳ႕က သူအသိနဲ႔သူ လိုလိုလားလား လုပ္တတ္ေပမယ့္ အခ်ိဳ႕က မလုပ္ပါဘူး။ လုပ္ရေကာင္းမွန္းလည္း မသိတတ္ၾကဘူး။ အဲဒီလိုလူေတြအတြက္ ကိုယ့္ပါးစပ္က အကူအညီေတာင္းဖို႔၊ ကိုယ္အကူလိုတယ္ဆိုတာ ေျပာျပဖို႔ လိုပါတယ္။ အဲဒီလို မသိတဲ့သူေတြက သူ႔အလိုလို အလိုက္တသိလုပ္ေပးဖို႔ သိကိုမသိတာပါ။ မိန္းမကလည္း အလိုက္တသိလုပ္ေပးမလားေစာင့္တယ္၊ လုပ္ေပးပါေျပာဖို႔ မေျပာခ်င္ဘူး။ ေယာက္်ားကလည္း လုပ္ေပးရေကာင္းမွန္း မသိနားမလည္ဘူး။ ၾကာေတာ့ ဖြင့္မေျပာဘဲ စိတ္ထဲမွာ မေက်နပ္တာေတြ ပံုလာေရာ။ အဲဒီအခါက်ေတာ့ ျငဴစူမိမယ္၊ တစ္ေယာက္တည္း ႀကိတ္ၿပီးေဒါသေတြျဖစ္ စိတ္ေတြေကာက္ရမယ္။ ဟိုတစ္ေယာက္ကလည္း အေၾကာင္းရင္းအမွန္ကို မသိဘဲ အိမ္က မိန္းမက ဆူပူေဆာင့္ေအာင့္ေနတယ္ဆိုတာပဲ သိၿပီး အိမ္ေထာင္ေရးက ပိုရႈပ္ေထြးလာေရာ။ အဲဒါေၾကာင့္ ကိုယ့္မွာ အကူအညီလိုလာၿပီဆိုရင္ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာၿပီး ခိုင္းပါ။ ေဆြးေႏြးၿပီး တာဝန္မွ်ယူခိုင္းၾကည့္ပါ။ ကိုယ္က ေျပာရင္ သူတို႔ကလည္း လုပ္ေပးပါလိမ့္မယ္။ အမွန္သူတို႔လိုတာက လိုအပ္သည္မ်ားကို ၫႊန္ၾကားေပးမယ့္ အထက္လူႀကီးတစ္ေယာက္ လိုေနတာ။ အစပိုင္း မလုပ္တတ္ရင္လည္း လုပ္ရင္းနဲ႔တတ္သြားလိမ့္မယ္။ သူ႔ဘာသာသူ စီစဥ္တတ္လာလိမ့္မယ္။ အဲဒီအခါက်ရင္ အနားမရေအာင္ျဖစ္ေနတဲ့ ေမေမေတြရဲ႕ ဦးေႏွာက္ကေလးလည္း အေတာ္အသင့္နားရပါလိမ့္မယ္။ ခိုင္းတတ္ဖို႔ ေလ့က်င့္ေပးတတ္ဖို႔ပဲ လိုတာ။ ကိုယ့္ကေလးေတြကို ေလ့က်င့္ေပး သင္ေပးသလိုေပါ့။ နည္းနည္းေတာ့ ပိုစိတ္ရွည္ရွည္ထားၿပီး (ရန္မျဖစ္ဘဲ) သင္ရလိမ့္မယ္ေနာ 😅
[Unicode]
ကလေးအမေတွေ ဘာလို့တချိန်လုံး ပင်ပန်းနေရတာလဲ
မေမေတွေကျမဘာကို ဆိုလိုချင်တာလဲဆိုတာ သိကြမှာပါ။ ကံကောင်းတဲ့မေမေတွေကတော့ ကိုယ့်အိမ်ထောင်ဖက်က ဝိုင်းကူပါတယ်။ ဒါပေမယ့် အဲဒီလို ဝိုင်းကူသည့်တိုင်အောင် စိတ်ထဲမှာ ပင်ပန်းနေတုန်းလို့ ခံစားကြရတတ်တယ်နော်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ မေမေတို့ရဲ့ အမေစိတ်ကြောင့်လို့ပဲ တိုတိုပြောရမှာပါပဲ။ အိမ်တစ်အိမ်မှာ အဓိကလှုပ်ရှားနေရတာ အမေတွေပါ။ အိမ်ထောင်ဖက်က ပန်းကန်ကူဆေးမယ်၊ အဝတ်ကူလျှော်မယ်၊ အမှိုက်ကူပစ်ပေးမယ်၊ ကလေးတွေကို ကျောင်းကြိုပေးမယ်ဆိုရင် အဲဒီအလုပ်တွေကို သူလုပ်ပေးလို့ရအောင် ပိတ်ကားနောက်ကွယ်က စီစဉ်ပေးနေရတာ အိမ်ရှင်မဖြစ်နေလို့ အမေတွေရဲ့ ဦးနှောက်က ဘယ်တော့မှ မနားရအောင် ဖြစ်နေတာပါ။ ကလေးတွေ အချိန်ဇယားကျောင်းချိန်ကျူရှင်ချိန်တွေကို အဖေကို သတိပေးရတယ်၊ ဈေးစာရင်းအမြဲလုပ်ပြီး မလစ်ဟင်းရအောင် အိမ်မှာ ပစ္စည်းတွေ ဝယ်ဖြည့်ထားရတယ်၊ (ဒါမှ ယောက်ျားအဝတ်လျှော် ပန်းကန်ဆေးရင် ဆပ်ပြာဆိုတာ ရှိနေမှာလေ)။ ကလေးတွေကို စိတ်မချတဲ့အတွက် အမြဲ (တခါတလေ မလိုအပ်ဘဲ) စိတ်ပူနေမယ်။ အဲဒါတွေကြောင့် စိတ်ပင်ပန်းနေကြရတာပါ။ ဒီကြားထဲ အိမ်ထောင်ဖက်က မကူပေး (နိုင်)ဘူးဆိုရင် လူရောစိတ်ပါ ပင်ပန်းပြီပေါ့။ ကျမတို့ လူနေမှုပုံစံအရ အိမ်မှာအတူနေတဲ့ ဆွေမျိုးမိဘတွေကိုပါ ထည့်တွက်ရဦးမှာ။ ကိုယ့်ကလေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆုံးမချင်ပါလျက်နဲ့ အတူနေမိဘဆွေမျိုးတွေကြောင့် ပြောမရဆိုမရ၊ သူတို့နဲ့ စကားအခြေအတင်ပြောရ ရန်ဖြစ်ရတာတွေကလည်း မေမေတွေ စိတ်ပင်ပန်းစေတဲ့ အချက်တစ်ချက်ပါပဲ။
အမေစိတ်ဟာ အတော်ကို ပင်ပန်းစေတာပါ။ ဥပမာ အိမ်ထောင်ဖက်က ကလေးကို ညဘက်ကြည့်ပးမယ်ဆိုရင်တောင် သူ့ကို မပင်ပန်းစေချင်တဲ့စိတ်နဲ့ ကိုယ်ပဲလုပ်လိုက်တာများတယ်။ တချို့ကျတော့လည်း စိတ်မချတာ။ ကိုယ်ကိုယ်တိုင်လုပ်ရမှ ကျေနပ်စိတ်အေးတတ်တဲ့ စိတ်ကြောင့်လည်း ပင်ပန်းရတတ်ပြန်တယ်။ ကလေးတွေကို အဖေနဲ့ထားခဲ့ရင် အဆင်ပြေပါ့မလား။ ဖြစ်သလို မလိုက်ဖက်တဲ့ အဝတ်တွေ၊ ရာသီဥတုနဲ့ မကိုက်တဲ့ အဝတ်တွေ ဝတ်ခိုင်းပြီး အပြင်ခေါ်သွားမလား။ ကလေးလိုချင်တာ သူတို့သိပါ့မလား လုပ်ပေးတတ်ပါ့မလား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေ အစာတွေများ ကျွေးနေမလား စသည်ဖြင့် တွေးပြီး ပူပန်တဲ့စိတ်ကြောင့်လည်း အမေတွေ ပင်ပန်းရပြန်တယ်။ အဲဒါတွေအတွက် ကျမပြောချင်တာကတော့ "အဆင်ပြေမှာပါ" ဆိုတာပါပဲ။ သူတို့လည်း မိဘပဲ။ တခါတလေတော့လည်း သူတို့နဲ့ ကလေးတွေကို ထားခဲ့တာဟာ အမှားကြီး ကျူးလွန်လိုက်တာမဟုတ်ပါဘူးနော်။ ဖြစ်သွားပါလိမ့်မယ်။ အိမ်ထောင်ဖက်ကိုလည်း ယုံကြည်ပေးပါ။ သူတို့ကိုလည်း မိဘဖြစ်ခွင့်ပေးလိုက်ပါ။ နေရာတကာ ကိုယ်ပါမှ ပြီးမယ်ဆိုတာ မဟုတ်ပါဘူး။ တစ်လမှာ တစ်ခါလောက် ကလေးတွေ အာလူကြော်ထုတ်စားတာ အသက်အန္တရာယ် မရှိပါဘူး။ သူကြိုက်တဲ့ ကာတွန်းကားပြတဲ့အချိန် လွတ်သွားလို့လည်း ဘာမှ ဖြစ်မသွားပါဘူး။ စိတ်နည်းနည်းလေးလျော့ပြီး နေကြည့်လိုက်ပါ။
နောက်တစ်ခုက ကလေးငယ်တုန်းမှာ အရမ်းအင်ပန်းတာမှန်ပေမယ့် အချို့အမေတွေမှာ ကလေးတွေ ကြီးသွားလည်း ပင်ပန်းနေကြရတုန်းပဲ။ အဲဒါဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ငယ်ငယ်တုန်းက အစစအရာရာ အကုန်လိုက်လုပ်ပေးခဲ့လို့ပါ။ ငယ်ငယ်ကတည်းက သူ့တာဝန်သူယူတတ်အောင် ပျိုးထောင်ထားဖို့ အရမ်းလိုပါတယ်။ အသက်ကြီးလာတဲ့အထိ သူစားတဲ့ပန်းကန် ဆေးပေးနေဦးမှာလား၊ သူ့အခန်းကို သွားရှင်းပေးနေရဦးမှာလား၊ သူ့အကျႌလျှော်ပြီးသားကို လိုက်ခေါက်ပေးနေရဦးမှာလား၊ သူချွတ်လိုက်တဲ့ဖိနပ်ကို စင်ပေါ်လိုက်သိမ်းပေးနေဦးမှာလား။ မဖြစ်သင့်ဘူးနော်။ သူတို့အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ပိုသက်သာလာရမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုအချိန်ပေးနိုင်လာရမယ်။ ကိုယ်ပျော်ရာ ဝါသနာပါရာလေးတွေကို လုပ်ပြီး စိတ်ချမ်းသာအောင် နေနိုင်လာရမယ်။ အဲဒီလိုမဟုတ်ဘဲ တသက်လုံး ဖိုသီဖတ်သီနဲ့ စိတ်ပင်ပန်းလူပင်ပန်းဘဝကြီးနဲ့ နေသွားရမယ်ဆိုရင် မဟုတ်သေးဘူးနော်။
နောက်တစ်ခုက အိမ်ထောင်ဖက်တွေ ပြောတတ်တာတစ်ခုရှိတယ်။ ခိုင်းမှမခိုင်းဘဲ၊ ပြောရင်လုပ်ပေးမှာပေါ့ဆိုတာ။ ပြောစရာလိုသလား ခိုင်းနေရမှာလားလို့ မေးစရာရှိတယ်။ အဖြေက ခိုင်းပါ၊ ပြောပါ။ တချို့က သူအသိနဲ့သူ လိုလိုလားလား လုပ်တတ်ပေမယ့် အချို့က မလုပ်ပါဘူး။ လုပ်ရကောင်းမှန်းလည်း မသိတတ်ကြဘူး။ အဲဒီလိုလူတွေအတွက် ကိုယ့်ပါးစပ်က အကူအညီတောင်းဖို့၊ ကိုယ်အကူလိုတယ်ဆိုတာ ပြောပြဖို့ လိုပါတယ်။ အဲဒီလို မသိတဲ့သူတွေက သူ့အလိုလို အလိုက်တသိလုပ်ပေးဖို့ သိကိုမသိတာပါ။ မိန်းမကလည်း အလိုက်တသိလုပ်ပေးမလားစောင့်တယ်၊ လုပ်ပေးပါပြောဖို့ မပြောချင်ဘူး။ ယောက်ျားကလည်း လုပ်ပေးရကောင်းမှန်း မသိနားမလည်ဘူး။ ကြာတော့ ဖွင့်မပြောဘဲ စိတ်ထဲမှာ မကျေနပ်တာတွေ ပုံလာရော။ အဲဒီအခါကျတော့ ငြူစူမိမယ်၊ တစ်ယောက်တည်း ကြိတ်ပြီးဒေါသတွေဖြစ် စိတ်တွေကောက်ရမယ်။ ဟိုတစ်ယောက်ကလည်း အကြောင်းရင်းအမှန်ကို မသိဘဲ အိမ်က မိန်းမက ဆူပူဆောင့်အောင့်နေတယ်ဆိုတာပဲ သိပြီး အိမ်ထောင်ရေးက ပိုရှုပ်ထွေးလာရော။ အဲဒါကြောင့် ကိုယ့်မှာ အကူအညီလိုလာပြီဆိုရင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ခိုင်းပါ။ ဆွေးနွေးပြီး တာဝန်မျှယူခိုင်းကြည့်ပါ။ ကိုယ်က ပြောရင် သူတို့ကလည်း လုပ်ပေးပါလိမ့်မယ်။ အမှန်သူတို့လိုတာက လိုအပ်သည်များကို ညွှန်ကြားပေးမယ့် အထက်လူကြီးတစ်ယောက် လိုနေတာ။ အစပိုင်း မလုပ်တတ်ရင်လည်း လုပ်ရင်းနဲ့တတ်သွားလိမ့်မယ်။ သူ့ဘာသာသူ စီစဉ်တတ်လာလိမ့်မယ်။ အဲဒီအခါကျရင် အနားမရအောင်ဖြစ်နေတဲ့ မေမေတွေရဲ့ ဦးနှောက်ကလေးလည်း အတော်အသင့်နားရပါလိမ့်မယ်။ ခိုင်းတတ်ဖို့ လေ့ကျင့်ပေးတတ်ဖို့ပဲ လိုတာ။ ကိုယ့်ကလေးတွေကို လေ့ကျင့်ပေး သင်ပေးသလိုပေါ့။ နည်းနည်းတော့ ပိုစိတ်ရှည်ရှည်ထားပြီး (ရန်မဖြစ်ဘဲ) သင်ရလိမ့်မယ်နော
ပန္း အိ ျဖဴ
ကေလးအေမေတြ ဘာလို႔တခ်ိန္လံုး ပင္ပန္းေနရတာလဲ
Reviewed by MP4 YoU
on
September 02, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment