စစ်တွေဆေးရုံကြီး ခွဲစိတ်ခန်းသို့ မဝင်မှီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်
………… ……… ………… ……… ……… ……
အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်ကြပ် ဝေဖြိုးအောင် ဒဏ်ရာအပြင်းအထန်ရလို့ စစ်တွေဆေးရုံကြီးထိ ပို့ဆောင်ကုသရတယ်။ အရေးပေါ် ခွဲစိပ်ခန်း ဝင်ခါနီးလေး သူပြောပြတဲ့ အကြောင်းလေး ပြန်ပြောပြမယ်။
မနက် ၃နာရီကျော်လောက်မှာ ကုလားတွေ အင်အား ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရှိမယ်။ ညာသံပေးပြီး ကျနော်တို့ မြင်းလွတ်စခန်းကို တက်လာကြပါတယ်။ စပီကာတွေနဲ့လည်း ကုလားလို အော်ကြပါတယ်။ ကျနော်လည်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း ကိုယ့်နေရာ ဖြစ်တဲ့ မီးဖိုဆောင်ဘေးက ကတုတ်ကျင်းထဲ ခုန်ချ လိုက်ပါတယ်။
အဲဒီမှာ ကုလားတွေက အဖွဲ့တွေ ခွဲလိုက်ပြီးတော့ လေးဘက်လေးတန်းက ဗုံးတွေ၊ သေနတ်တွေ၊ ဂျင်ကလိတွေနဲ့ ပစ်ပါတယ်။ ကျနော်က ကတုတ်ကျင်းထဲမှာဆိုတော့ မထိပါဘူး။ အဲအချိန် အဘလေး ရဲမှူး ဟိန်းထက်ကျော်က အမိန့်တွေ ပေးနေပါတယ်။ ဘယ်သူက ဘယ်ဘက်ကို ပစ်၊ ဘယ်သူ့ကို ဘယ်သူက ကူပစ်ပေးဆိုပြီးတော့ တောက်ရှောက် အော်ဟစ် အမိန့်ပေးနေပါတယ်။
နောက်ပိုင်း ကုလားတွေ အော်သံရော သေနတ်သံတွေရော အရမ်းများလာတော့ အဘလေး အသံလည်း မကြားရတော့ပါဘူး။
ကျနော်က လေ့ကျင့်ထားတဲ့အတိုင်း ၄၀မမ ရာဘာကျည်နဲ့ ၁၅ ချက်လောက်ပစ်ပါတယ်။ ဒါပေမယ့် မထိရောက်ပါဘူး။ ထိလည်း ဒဏ်ရာလောက်ဘဲ ရတာဆိုတော့ ကုလားတွေ ပိုဆိုးလာပြီး အတင်းတက်လာပါတယ်။ ကျနော်ပစ်တာ ၂၀ ကျော်လောက် ထိတယ်၊ ဒဏ်ရာရတယ်။ ဒါပေမယ့် ရာဘာကျည်ဆိုတော့ မသေဘူး။ ဒဏ်ရာဘဲရတာ။ ကုလား တစ်ထောင်လောက်ရှိတယ် ကျနော့ဘက်က။ အဲတော့ ကျနော် ဘီအေ ၉၄ သေနတ်ကိုဆွဲပြီး အတွဲလိုက် ပစ်တယ်။ အဲ့မှာ ထိတာတွေ များတယ်။ သူတို့ဘက်က နည်းနည်း တန့်သွားတယ်။ ကျနော့ကိုလည်း သေနတ်နဲ့ရော လေးဂွ၊ ဂျင်ကလိတွေနဲ့ရော တောက်ရှောက် ပစ်ကြတယ်။ ကျနော်လည်း အဆက်မပြတ် ပြန်ပစ်တယ်။
အဲလိုနဲ့ မနက် ၅နာရီလောက် ဖြစ်လာတော့ အလင်းရောင်လေး မြင်ရပြီဆိုတော့ ကျနော် ကတုတ်ကျင်းက ထွက်လိုက်တယ်။ အဲအချိန် ကျန်တဲ့ သူတွေရော ကတုတ်ကျင်းက ထွက်လာကြတယ်။ ကျနော်ရယ်၊ သိုက်ထွန်းလင်းရယ်၊ ဝင်းထိုက်ရယ်၊ မင်းမောင်မောင်ထူးရယ်၊ ဇွဲဖြိုးအောင်ရယ် စခန်းထဲကို ဝင်လိုက်တော့ အဘလေးက မှောက်ရက် လဲကျနေပြီးတော့ သူ့ကို ကုလား အယောက် ၂၀ ကျော်လောက် ဝိုင်းထားတာ တွေ့ရတယ်။ ကျနော်တို့ ၅ ယောက် အဘလေးကို ဝိုင်းထားတဲ့ကုလားတွေကို ဝိုင်းပစ်ကြတယ်။
ဘယ်က ပစ်လိုက်တဲ့ ကျည်ဆံလဲတော့မသိဘူး။ ကျနော့ပေါင်ကိုလာမှန်ပြီး ကျနော် ပစ်လဲ သွားတယ်။ အဲအချိန် ကျနော့ကို ကုလားတွေ ဝိုင်းခုတ်ကြတယ်။ ကျနော်လည်း သေနတ်နဲ့ ပြန်ပစ်တယ်။ ကျည်မထွက်လို့ ကြည့်လိုက်မှ ကျနော့မှာ လက်ချောင်းတွေ မရှိတော့ဘူး။ ပြတ်ကုန်ပြီ။
ဒါနဲ့ ဘေးမှာ ကျနေတဲ့ လေးပေလောက်ရှည်တဲ့ ဓားကြီးကို လက်နှစ်ဘက်နဲ့ ကောက်ယူပြီး ခုတ်၊ ထိုးနဲ့ ကုလား ၁၅ ယောက်လောက်ကို ရင်ဆိုင် ရတယ်။ ကျနော်ခုတ်တာ ထိတာတွေ အများကြီးဘဲ။ ကျနော့ကို ဘယ်နေရာတွေ ထိလဲတော့မသိဘူး။ တစ်ကိုယ်လုံးတော့ ပူထူနေတာဘဲ။ ကျနော် ခုတ်နေတုန်း သိုက်ထွန်းလင်းက ကျနော့ဘက်ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော်လည်း သူလှမ်းပစ်တော့ ကိုယ့်ကို မထိအောင် မြေကြီးပေါ် မှောက်ချလိုက်တယ်။
အဲ့အချိန်မှာဘဲ ဝင်းထိုက်ကို ကုလားတွေ ဝိုင်းခုတ်နေကြတော့ ဝင်းထိုက် လဲကျသွားတယ်။ ကုလားတွေလည်း သိုက်ထွန်းလင်း၊ ဇွဲဖြိုးအောင်၊ မင်းမောင်မောင်ထူးတို့ သေနတ်နဲ့ ပစ်တော့ ထိသူထိ၊ ပြေးသူပြေး ပြေးကြတယ်။ ကျနော်လည်း မထ,နိုင်တော့ဘူးလေ။ သိုက်ထွန်းလင်းက ကျနော့ကို ထမ်းခေါ်ပြီး စခန်းနောက်က ဘန်ကာနားမှာ ချထားတယ်။
သူတို့က နေရာပြန်ယူကြတယ်။ ကျနော်က ငါ့ကို ဓားတစ်ချောင်း ပေးထားအုံး။ ငါ့လက်တွေ ပြတ်ကုန်လို့ သေနတ် ပစ်မရတော့ဘူး။ ငါ့သေနတ်ကို မင်းတို့ယူထားလို့ ကျနော် အော်ပြောပေမယ့် သူတို့ မကြားကြပါ။ ကျနော်ဘဲ အသံမထွက်တော့တာလား၊ သူတို့ဘဲ နားတွေ အူနေကြတာလားမသိပါ။
အဲအချိန် တပ်က စစ်ကူရောက်လာတာကို သိလိုက်ပြီး ကျန်တာ ဘာဖြစ်လဲ ကျနော်မသိတော့ပါ။
ဆေးရုံမှာ သတိရတော့မှ ကျနော့ လက်ချောင်းတွေ မရှိတော့ဘူး။ ခေါင်း၊ မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်၊ အို တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့်ဆိုတာ သိလိုက်ရပါတယ်။
No comments:
Post a Comment