မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်ကို မုဒိန်းမှု ကျူးလွန်သူအား သြဂုတ်လ ၇ ရက်နေ့ တွင် အလုပ်နှင့် ထောင်ဒဏ် ၂၅ နှစ်ကျခံစေရန် မင်းဘူးခရိုင်တရားသူကြီးရုံးက အမိန့်ချမှတ်ခဲ့သည်
အမှု့ ဖြစ်စဉ်မှာ ၂၀၁၆ နိုဝင်ဘာလ ၃ ရက်နေ့တွင် စလင်းမြို့ ပေါင်းနားရပ် မှ မစုစုညိမ်း အသက် ၁၅ နှစ်အား ကျောက်စစ်ရွာနေ လှသိန်းမောင် ၂၃ နှစ်(အိမ်ထောင်သည်) က ဖျားယောင်းသွေးဆောင်ပြီး သားမယားအဖြစ် ပြုကျင့်ရာ မစုစုညိမ်း ၏ အုပ်ထိန်းသူက စလင်းမြို့မရဲစခန်းသို့  တိုင်ကြားသဖြင့် မြို့မစခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြစ်မှု ကြီး ၃၇၆ နှင့် ပ ၃၆၃ တို့ဖြင့်အမှု ဖွင့်တရားစွဲဆိုခဲ့သည် ။
၂၀၁၇ သြဂုတ်လ ၇ ရက်နေ့တွင် မင်းဘူးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးဇော်ညွန့်ဌေးက ပြစ်မှု ကျူးလွန်သူ လှသိန်းမောင်အား ပ ၃၇၆ အရ ထောင်ဒဏ် ၂၀ နှစ် နှင့် ပ ၃၆၃ အရထောင်ဒဏ် ၅ နှစ်အား တစ်ပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကြည်(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
No comments:
Post a Comment