Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 16, 2017

တလဒေါ်လတစ်သောင်း ရတဲ့ ငြိမ်းချမ်းရေးမှာလုပ်နေတဲ့ဒေါက်တာမင်းဇော်ဦး


ဒေါက်တာမင်းဇော်ဦး

ငြိမ်းချမ်းရေးမှာ လုပ်နေတဲ့ ဒေါက်တာမင်းဇော်ဦးအလုပ်ထွက်သွားတယ်ဆိုတာမဆန်းပါဘူး ..
ခန့်မှန်းထားကြပြီးသားပါ..

ဦးအောင်မင်းတို့လက်ထက်ကသူ့ကိုဘုမသိဘမသိနဲ့ အမေရိကန်ပြန်ကြီးဆိုပြီး ခေါ်ခန့်တယ် ..
 ငြိမ်းချမ်းရေးအတွက်ဒေါ်လာသန်းချီလှုတဲ့စကင်ဒီနီးဗီးယားအလှု့ရှင်တွေကလဲ ဦးအောင်မင်းတို့
ထိုးပေးတဲ့ပညာရှင်ဆိုသူ အမေရိကန်ပတ်စပို့ကိုင်ထားသူမင်းဇော်ဦး ကို ဘယ်လိုလခပေးရမှန်း
မသိတော့ အယင်ကလစာဘယ်လောက်ရဘူးလဲလို့ထုံးစံအတိုင်းမေးရတာပေါ့ ..
အဲဒီမှာ မင်းဇော်ဦးလဲအကွက်ဝင်သွားပြီး သူအာဖဂန်နစ်စတန်မှာရခဲ့တဲ့လစာရော ရှေ့တန်းနေ့တွက်တွေပါရောပြလိုက်တော့ MPC မှာသူ့ကို တလဒေါ်လာ ၁သောင်းနဲ့ငှားရတဲ့ဘဝရောက်သွားတော့တာပါဘဲ ..

တကယ်က မင်းဇော်ဦးဟာ အမေရိကမှာစာသင်နေတုန်းက အမေရိကန်နိုင်ငံသားလျှောက်တာအငြင်းခံရဘူးလို့ နိုင်ငံသားဖြစ်အောင် စစ်တပ်ထဲကို special private (ပညာရှင်တပ်သား အဆင့်) အနေနဲ့ဝင်ပြီး နိုင်ငံသားရအောင်ယူခဲ့တာပါ .. အာဖဂန်ကိုအပို့ခံရတော့ လစာအပြင် ရှေ့တန်းစားရိတ်တွေပါထုံးစံအတိုင်းခံစားခွင့်ရပါတယ် (အဲဒီစားရိတ်တွေကို အခြေခံလစာအဖြစ်ပြခွင့်မရှိပါဘူး .. MPC အလှုရှင်အဖွဲ့တွေကဒါတွေကိုအသေအချာမစိစစ်ဘဲ တလဒေါ်လာ ၁ သောင်းဆိုပြီးပေးလိုက်တာပါ) ..

ငြိမ်းချမ်းရေးအလုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်အစိုးရကစကိုင်တော့ မင်းဇော်ဦးကိုဆက်သုံးပါတယ် .. ဒါပေမဲ့ အယင်လို တလဒေါ်လာ၁သောင်းမပေးတော့ဘဲ အစိုးရညွှန်ကြားရေးမှုးလစာဘဲပေးပါတယ် .. အဲဒီမှာ မင်းဇော်ဦးတယောက်ဂန့်တော့တာပါဘဲ .. ဦးအောင်မင်းတို့ကိုကပ်ပြီး မြန်မာပတ်စပို့ပါပြန်ယူထားမိတော့လဲ မြန်မာနိုင်ငံသားအဖြစ် ကိုယ့်အတတ်ကိုယ်စူးနေပါတယ် (မြန်မာနိုင်ငံသားမဟုတ်တဲ့ ဒေါက်တာအင်ဒရူးငွေကျုံးလျန် လိုပညာရှင်မျိုးဆို ဒေါ်စုအစိုးရက အမေရိကန်မြန်မာပညာရှင်အဖြစ် ဒေါ်လာပေးပြီး ကန်ထရိုက်နဲ့ပြန်ငှားရတာပါ) .. အခု မင်းဇော်ဦးက မြန်မာပတ်စပို့တိတ်တိတ်ပြန်လျှောက်ပြီးကိုင်ထားသူဖြစ်နေပါပြီ .. ဒီသတင်းတွေကြားကထဲက အတွင်းသိတွေကြားမှာ မင်းဇော်ဦး မကြာခင်ထွက်တော့မယ်ဆိုတာသိနေပြီးသားပါ ..

ဗေဒင်ဟောစရာမလိုတဲ့အချက်က သူ့ရဲ့နောက်ကြောင်းနဲ့လဲဆိုင်ပါတယ် .. စကာင်္ပူမှာ ဗီဇာကုန်သောင်တင်နေတဲ့ဘဝကနေ ဦးမိုးသီးဇွန်နဲ့တွေ့ပြီး ထိုင်းနယ်စပ်ကိုခဏတဖြုတ်ရောက်လာ အေဘီအက်စ်ဒီအက်ဖ်ဆိုပြီးအဖွဲ့ပစည်းထဲဝင် နောက် အယောင်ပြ ဒုက္ခသည်အဖြစ်ခံပြီး အမေရိကကိုစကောလားရှစ်နဲ့ရအောင်ထွက်သွားခဲ့တာပါ (ဦးမိုးသီးတို့ကောင်းမှု့ပေါ့) .. အမေရိကရောက်တော့ ချက်ခြင်းဘဲ ဒေါက်တာဇာနည်တပည့်ဖြစ်သွားပါတယ် .. အဲဒီအချိန်ကနာမည်ကြီးနေတဲ့ ဒေါက်တာဇာနည်က တက္ကသိုလ်ကျောင်းဝင်ခွင့်နဲ့ စတိုင်ပင်တွေရအောင်အထိ သူ့ကိုကောင်းကောင်းအကူအညီပေးနိုင်ခဲ့တာပါ .. ဒေါက်တာဇာနည်တို့ ဦးနေဝင်းနဲ့ညှိမယ် ခင်ညွန့်နဲ့ညှိမယ်ဆိုတဲ့အချိန် (၂၀၀၄ ခုနှစ်က) က သူဟာ ဒေါက်တာဇာနည်ရဲ့တပည့်ကျော်ကြီးပါ .. နောက် ဒေါက်တာဇာနည်အခြေအနေမကောင်းတော့တဲ့အချိန်မှ သူလဲတပည့်ကျော်ဘဝကိုပြည့်ဖုံးကားချလိုက်တာပါ ..

အခုကျမရေးနေတာဟာ သူ့ကိုတမင်သိက္ခာချချင်လို့တော့မဟုတ်ပါဘူး .. သူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကထွက်ရတဲ့အကြောင်းကို စာတတန်ပေတန်သူကိုယ်တိုင်ဂုဏ်ဖွဲရေးနေလို့ အမှန်သိသူတယောက်အနေနဲ့ပြောပြရတာပါ .. မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းမှာ လစာရနေကျအတိုင်းမရတော့လို့ထွက်သွားတာပါဘဲ .. တနှစ်လောက်ကြိတ်မှိတ်ဟန်ပြလုပ်ခဲ့တဲ့အတွက် အမေရိကန်တက္ကသိုလ်တခုခုမှာ သုတေသနပညာရှင်ဆိုပြီးလုပ်ခွင့်ရဘို့ သူ့အတွက်အခွင့်အလမ်းပိုမယ်ဆိုတာ အကွက်မြင်လို့ တနှစ့်ပြည့်အောင်အောင့်အီးလုပ်ပြသွားခဲ့ရတာပါ ..
မသိသူတွေများနေယင်တော့ အခွင့်အရေးသမားတွေအတွက် အကွက်ချည်းဘဲဆိုတာ ဓမ္မတာပါ ..
(မင်းမင်းအောင်)
https://www.facebook.com/min.aung.31337/posts/1916826481917360
ဆက်စပ်ဆောင်းပါး

No comments:

Post a Comment