"အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ
မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးသွားပြီ"
ဆိုရေးရှိ၍ ဆိုပါရစေ။
အောက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံကတော့ လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးမှာ ဘယ်လိုတွေ ပြောနေကြတယ်၊ ဘယ်လို သတင်းတွေ ပြန့်နှံ့နေကြတယ် ဆိုတာကို Data Crawling နဲ့ Analysis လုပ်ထားတာ ဖြစ်ပါတယ်။
အနီတွေက Negative ပြောတာ ဖြစ်ပြီး အပြာတွေက Positive ပြောတာ ဖြစ်ပါတယ်။ သတင်းအမှန်တွေက အပြာရောင် ဖြစ်ပြီး သတင်းအမှားတွေက အနီရောင် ဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ တစ်နိုင်ငံတည်း၊ တစ်နိုင်ငံတည်းမှာမှ နေပြည်တော် ကွက်ကွက်ကလေးကနေ ထုတ်ပြန်နေရတာပါ။ တပ်ချုပ်ရုံးနဲ့ Information Committee နှစ်ခုကနေ ထုတ်ပြန်နေတဲ့ သတင်းတွေဟာ Twitter မှာ သန်းနဲ့ချီပြီး Tweet နေတာတွေကို မယှဉ်နိုင်ပါဘူး။
သတင်းမမှားရအောင်၊ အပြန်ပြန်အလှန်လှန် စိစစ်၊ တပ်နဲ့ ရဲ Double Check လုပ်ပြီး သေချာပြီဆိုမှာ ထုတ်ပြန်ပေးနေရတဲ့ အခြေအနေမှာ နိုင်ငံတကာမှာ ရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေက ဟုတ်တာရော မဟုတ်တာရော ရှိရှိသမျှ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အစုလိုက် အပြုံလိုက် တင်ပြီး ထုတ်ပြန်နေကြတာပါ။ သတင်းဌာနတွေကို အဆက်မပြတ် အီးမေးလ်တွေ ပို့တယ်၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့တယ်။
အကြမ်းဖက်သမားတွေ လက်ချက်နဲ့ သေသွားရတဲ့ တိုင်းရင်းသားတွေရဲ့ ဓါတ်ပုံတွေ (ဒီဓါတ်ပုံတွေကို ရေစာထိုးပြီးမှတင်တာ) ဟာ Tweeter ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အသတ်ခံရတဲ့ "ရကောက်" တွေပါ ဆိုပြီး ဖြစ်သွားနေပါတယ်။
နိုင်ငံရေးပါတီတွေက အကြမ်းဖက် ဆန့်ကျင်ရေး တစ်သားတည်း ရပ်တည်ကြတယ်။ ပြည်တွင်းနေ လူငယ်တစ်ချို့ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့၊ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာကြတာ တွေရတယ်။ ဒါကို ကြိုဆိုတယ်။ ဒီထက်ပိုပြီး ပြည်တွင်းနေ အဖွဲ့ကြီးတွေက ကန့်ကွက်ချက်တွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။
ဒီအချိန်မှာ မြန်မာဆိုတဲ့ စိတ်နဲ့ ပြည်သူတွေဟာ Report တွေ လုပ်ကြတယ်။ Twitter တွေ ဖွင့်ပြီး သတင်းမှန်တွေ ဖြန့်ကြတယ်။ ပြည်တွင်း မီဒီယာတွေကလည်း သတင်းမှန်တွေကို အပင်ပန်းခံပြီး ထုတ်ပြန်နေကြပါတယ်။ ဘာယ်နေရာမှာ ဘယ်သူတွေ ရိက္ခာပြတ်နေပြီ၊ ဘယ်နေရာမှာ ပိတ်မိနေပြီ စတဲ့ သတင်း အချက်အလက်တွေ တိုးတိုးတိတိတ်တစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ်ဖုံ ပေးပို့ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အားတက်သရော ညီညွတ်နေကြတာ တွေ့ရလို့ စိတ်ထဲမှာ လှုပ်ရှားရလွန်းလို့ ပြောမပြတတ်အောင်ပါပဲ။
ဒါပေမယ့် မီဒီယာပါး ဝနေပြီ ဖြစ်တဲ့၊ မီဒီယာတွေကို စီးနင်းထားနိုင်တဲ့ သူတွေက Information Committee က ထုတ်ပြန်ချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံနာမည်နဲ့ သတင်းခေါင်းစဉ်တွေ တည်ဆောက်ပြီး ဖိအားပေးကြတယ်။ ဒါတွေကို ဖတ်ပြီး Information Committee က ဒီလိုပုံတွေနဲ့ Tweet တာ၊ပြည်သူတွေက မတောက်တစ်ခေါက်နဲ့ Tweet ကြတာတွေကို တွေ့တော့ ရှက်စရာကောင်းတယ် လို့ ပြောကြတယ်၊ Post တင် Tag လုပ်ပြီး အသိပေးလာကြတယ်။
ကိုယ့်တိုင်းရင်းသားတွေ၊ ဒေသခံတွေ အသတ်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်ပျက်ဆင်းပျက် ဓါတ်ပုံတွေ အများကြီး ရှိပါတယ်။ ပြည်မကြီးဘက်မှာ ပဋိပက္ခ မီး မကူးရလေအောင်၊ ဘာသာရေး-လူမျိုးရေးတွေ ကူးစက်လာမှာကို ချင့်ချိန်ပြီး ဓါတ်ပုံတွေ တင်တာတောင်မှ ရွေးချယ်ပြီး တင်နေပါတယ်။
ဒီကြားထဲမှာမှ ဖြစ်ရပ်မှန်တွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ထုတ်ပြန်ပေးတာကို ရှက်ကြတယ် တဲ့လား။ ဒီလို အချိန်မှာမှ အဖြစ်မှန်တွေကို ချမပြရင် ဘယ်အချိန်မှာမှ ချပြရမှာ တဲ့ လဲ။ တစ်ကယ့်ကို လစ်ဘရယ်ကြီးတွေလို့ ဆိုလိုချင်တာလား။ သတင်းမှန်၊ သတင်းမှား ပြန့်နှံ့နေတဲ့ မြေပုံကို ကြည့်လိုက်ပါ လို့ တိုက်တွန်းချင်ပါတယ်။
မြေပုံမှာ ကြည့်ရင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပြာရောင်နဲ့ ပြထားတဲ့ Information Committee နဲ့ တပ်ချုပ်ရုံးက ထုတ်ပြန်ပေးနေတာတွေက သူတို့တွေရဲ့ IT Flow နဲ့ ယှဉ်လိုက်ရင် ကမ္ဘာကြီးမှာ သေးသေးလေးပါ။ တစ်ကယ့်ကို သေးသေးလေးပါ။ အပုံ တစ်သန်းပုံ တစ်ပုံတောင် မရှိပါဘူး။ ဒါ့ကြောင့်လည်း လူကြီးတွေက ပြည်တွင်း၊ ပြည်ပမီဒီယာတွေ သွားရောက် သတင်းယူနိုင်အောင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
Information Committee မှာ တပ်မတော် ပါတယ်။ ပြည်ထဲရေး ပါတယ်။ သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး ကိုယ်စားလှယ်တွေ ပါပါတယ်။ ရခိုင်ပြည်နယ် အစိုးရကနေ ဟိုးအောက်ခြေ ရပ်ကျေးအဆင့်အထိမေးမြန်းပြီး သတင်းတွေ အတည်ပြုပြီး ဆက်ပြီး ထုတ်ပြန်သွားပါမယ်။
မောင်တောဒေသမှာ မိုးရေထဲ၊ တောထဲမှာ ပုန်းအောင်းနေရရှာတဲ့ ဒေသခံတွေအတွက် တစ်ကယ့်ကို ငရဲပွက်သလို ခြောက်ခြားနေကြရရှာတာပါ။ အအေးမိ ချောင်းဆိုး အစာရေစာ ပြတ်နဲ့ နောက်ဆုံး လာတိုက်ပြီး သေသွားတာကမှ ကောင်းသေးတယ် လို့ စိတ်ဒုန်းဒုန်းချကြရတဲ့ အသံတွေ ကြားပါရဲ့လား။ လုံခြုံရေးတပ်တွေ လာနေပြီ ဆိုရင်ပဲ၊ ရဟတ်ယာဉ်အသံ ကြားရရင်ပဲ ရှင်သန်ခွင့် ပြန်ရပြီ ဆိုပြီး ပျှော်နေကြရတာပါ။
တစ်ဘက်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ Fact Finding Mission စတဲ့ ထောင်ချောက်တွေက မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘာမှားမလဲ တကဲကဲ စောင့်ကြည့်နေကြတာပါ။
ဒီအခြေအနေတွေကနေ အစဉ်အမြဲ လွန်မြောက်ဖို့ (ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ဘဲ) တတ်နိုင်တဲ့ဘက်က အားလုံး ဝိုင်းကူမှ တန်ကာကျပါလိမ့်မယ်။
မှူးဇော်
No comments:
Post a Comment