ခံစားချက်တွေ မရေးတော့ဘူးရယ် လို့ တင်းထားတာ ~~~
ဆရာဝန် ဆိုတာ လူသားထဲ က လူသားတယောက်ပါလို့ နားလည်ပေးကြစေချင်တယ် ၊
ဆရာဝန်ဆိုတာ သူများတွေလို စားဖို့ ပါးစပ်ပါသလို ၊ အိပ်ဖို့ အတွက် မျက်လုံး ၂လုံးပါပါတယ် ရှင့် ၊
ဆရာဝန်ဆိုတာ သူများတွေ လိုပဲ စောင့်ရှောက်ရမယ့် မိဘနဲ့ သားသမီး ၊ အမျိုးသား ဇနီးမယား ၊ ဆွေမျိုး ညာတိ ရှိသလို ၊ လူသားဆန်စွာပဲ ကိုယ်ဝန်သည်များလည်း ရှိကြပါတယ် ရှင့်
ဆရာဝန်ဆိုတာ သူများတွေလို ပဲ ဟုတ်ကဲ့ အလုပ်ပင်ပန်းတတ်ပါတယ် ရှင့် ၊။ အဲ့ဒီအတွက် ကြောင့် အနားယူဖို့ဆိုတာ လိုအပ်ပါတယ် ။ ဒါမှ ကာယ ဥာဏ ရွှင်လန်းပီး အလုပ်လုပ်နိုင်ပါတယ် ။
ဆရာဝန်ဆိုတာ သူများတွေလိုပဲ တုတ်ကွေးလည်း ကူးတတ်သလို ဖျားလည်း ဖျားတတ် ၊ နေမကောင်းလည်းဖြစ်တတ် ပါတယ် ။ သေလည်း သေတတ်ပါတယ် ။ သေမင်းဟာ ဆရာဝန်မို့လို့ လွတ်ငြိမ်းချမ်းသာခွင့် တခါမှ မပေးဖူးပါဘူး။
ဆရာဝန်များ ၂၄ နာရီ တာဝန် မဖြစ်မနေထမ်းဆောင်ရမယ် လို့ လူကြီးမင်းဆို့ပြောတဲ့ အချိန်မှာ အရေးကြီး လူနာများကို တတ်နိုင်သမျှ၂၄ နာရီ တာဝန်ယူကြပါတယ် ၊ ယားနာ အဖုပေါက် ရောဂါကို ကျူရှင် ပီး ချိန် မှပြခိုင်းရင်တော့ မပြောတတ်ဘူးပေါ့လေ ။
မသိလို့မေးပါရစေ ၊ ကျူ ရှင်ချိန် ၊ကျောင်းချိန် တွေ မှာ ကလေးက မလာနိင်လို့ ၂၄နာရီ ညလုံးပေါက် သင်ပေးနိုင်ပါသလားရှင့် ။ ဟာ တူမှ မတူတာ လာမနှိုင်းနဲ့ လို့ပြောလို့ရပါတယ် ၊ ဟုတ်ကဲ့ စာမေးပွဲတွေနီး အရေးကြီး ချိန်တွေမှာ ဆရာ ၊ ဆရာမတွေလည်း ည အိပ်ရေးပျက်ခံပီး သင်ပေးနေကြတာပဲ လေ ၊ အဲ့ မှာကိုက "အရေးကြီး "စာမေးပွဲချိန် ပါသွားပီ။
ဒီလိုပါပဲ " အရေးကြီး "လူနာ အတွက် ၂၄ နာရီ ရပါတယ် ။ ယားနာပေါက် လူနာ တယောက်ဟာ ဆရာတို့ပြောသလို စာမေးပွဲ ဝေးသေးတဲ့ ကျောင်းသားတယောက်လိုပဲ ဆိုတာကို နားလည် စေချင်လိုက်တာ ဆရာတို့ရယ် ။
ဆရာတို့ ကျူ ရှင်ကျောင်းမှာ ဆရာတို့ service ပေးမယ် စာသင်မယ် ၊ သင်မယ် ဆိုရင်အနည်းဆုံး နေရာ သင်ခန်းစာစာအုပ် တွေ၊ သင်ပုန်း နဲ့ မြေဖြူတော့ လိုမှာပဲနော် ။ ပိုအဆင့်မြင့်ရင်တော့ white board နဲ့ markers လေးပေါ့ ၊ ပို အဆင့်မြင့်ချင်ရင်တော့ computer ,projector လေးပေါ့ ။ အားလုံး အတွက် ဗလာ စာအုပ်က အစ အလကားဘယ်နေရာကရပါသလဲ နော် ၊ ကျောင်းသားလေးတွေဝယ်ချင်ရင် ဝယ် ၊ မဟုတ်ရင် ဆရာတို့ လခတော့ တယောက်ဘယ်လောက်ပေးရမှာပေါ့ ။ အစိုးရကျောင်းတောင် အမြဲ အလကား ရပါသလား ဆရာတို့စဉ်းစားစေချင်တယ် ။ ကျောင်းဆရာရှိတယ် ၊ ကျောင်းရှိတယ် ၊ တခြား ဘာမှ မရှိရင် ဆရာတို့ ဘာကိုကြည့်ပီး ဘာကို ဝန်ဆောင်မှူ ပေးကြမလဲ ရှင့် ။
ထို့အတူပါပဲ အစိုးရကပေးတဲ့ ဆေးတိုင်းဟာ အကန့် အသတ်ရှိပါတယ် ၊ ဗမာလိုတောင် ၉၆ ပါး ရောဂါရှိတယ် ၊ ဒီ လောကကြီးမှာ ရောဂါပေါင်း သောင်းခြောက်ထောင် အတွက် အကုန်လုံး ဒီဆေး တလုံးသောက် ၉၆ ပါးရောဂါပျောက်သဟဲ့ ဆိုတဲ့ ဆေးမျိုး မရှိသေးတော့ စုံအောင်ပေးနိုင်မယ် များ ထင်ပါသလား ဆရာတို့ ရယ် ။
ဘယ်ဆေးမဆို ဈေးနည်းတာ၊များတာ ရှိတယ် ဆရာတို့ရေ။ ဆေးတွေက အလကားမရတော့ ဝယ်ရတာပေါ့နော် ၊ ဆေးဆိုင်က ဆေးမေးပီး ဘာဖြစ်လို့ ဘာသောက်ရမလဲ ၊ စပ်ဆေးလေး ပေးပါအုန်းပြောပီး ၊ ၁၀၀ တန် လောက် လေးတွေ ၃ မျိုးလေးမျိုးထည့် ၊ တွဲ သင့်မသင့်ဆေးမသိ ၊ တချို့ဆို သင်တန်းမတက်၊ တချို့ဆို ၆ လသင်တန်း မခေါက်တခေါက်တောင် မတတ်တဲ့ ဆေး ဆိုင်က လူပေးတဲ့ ဆေး တထုတ် ၁၅၀၀၊ ၂၀၀၀ လောက်ပေးဝယ်သောက်ပီး ၊ ၆ နှစ် လောက် ငွေကုန် လူကုန်ခံ အချိန် ကုန်ခံ ဆရာဝန်တယောက်ကို service ခ ၂၀၀၀ ၊၃၀၀၀ ပေးရတာ ဆရာတို့ အတွက် အရမ်းအပန်းကြီးကြတယ် နော် ၊ ဆံပင်ခေါင်းလျှော် ၃၀၀၀ ၊ ညှပ် ၂၀၀၀ ၊ တချို့ ဆရာတို့ ဟိုပျက်ဒီပျက် ခေါ်ပြင်ရင် တောင် ၁၀၀၀၀ ကျော် ပေးနေရတာ ၊ ခေါ်တိုင်း လာနိုင်မှ လာကြတာကို complaint တက်ဘူးကြပါသလား ဆရာတို့။
ဘယ်နိုင်ငံမှာ မဆို ဘယ်အရာမှ အလကားမရပါဘူး။ မြန်မာနိုင်ငံမှာ အလကားရတာတွေများလွန်းသွားတော့ တန်ဖိုး မသိကြတာများနေတယ် ။ ဥပမာ ၊ ဆရာတို့ ကျူရှင် လခတော့ရမှာပေါ့နော် ၊ တယောက် ဘယ်လောက်ဆိုတာလေး ၊ အလကားပြပေးနေတဲ့ သူများလည်းရှိမှာပါဆရာ။ ဒါပေမယ့် ဆရာတို့ လည်း လူတိုင်း မပေးနိုင်ပါဘူး။
ဒီလိုပါပဲ နွမ်းပါးတဲ့ လူနာတိုင်းကို အလကားကုပေးတဲ့ ဆရာဝန်တွေ ဒုနဲ့ ဒေးပါဆရာတို့။ မြင်အောင်ကြည့်ပေးစေချင်တာပါ။
နောက်ပီး ဆေးခန်ပြတိုင်း ဆေးတော့ထိုးပေးရမပေါ့ဆိုတဲ့ အယူအဆလေး၊ ကျန်းမာရေးမှူး လူတိုင်းမဟုတ်ပါ၊ တချို့ချို့သောလူတွေ၊ ဘာလာလာ ပုလင်းတနေ့ တလုံးချိတ်ပီး ၁၀၀၀၀၊ ၁၅၀၀၀ ယူရင်တော့ ကျေနပ်ကြပါတယ်၊ ကိုယ်က ကလေး ဆရာဝန်ဆိုတော့ ပြောရအုန်းမယ် ၊ တနေ့တလုံး ပုလင်းချတ် overload တွေရပီး ၊ ကလေး shock ရတော့ ဘယ်လို လုပ်ရမှန်း မသိတဲ့ ကလေးတွေ အသက် ဆုံးရျူံးရပါတယ် ၊ တချို့ ဒီရောက်တော့ ကလေးအင့်နေလို့ ကိုယ်တွေက ပုလင်းဖြုတ် ရင် အမလေး ဘာမှလုပ်ပေးဘူးတော့ ဖြစ်ပါတယ် ၊ အမြင်လေးတွေ ပွင့်လာစေချင်တယ် ၊
ဘယ်ကမှန်း မသိတဲ့ အဒေါ်ကြီး ကိုပင့်ပီး ကလေးနေမကေင်းတာ စအိုကို ဘယ်ကမှန်း မသိတဲ့ အပ်ကြီး ထိုးခိုင်းပီး ဘယ်ကရောက်လာမှန်း မသိတဲ့ မက်ကလောင်ကြီးဖောက်ခိုင်းပီး ၊ ကလေး သွေးဆိပ်တက်အောင် လုပ်ပေးတဲ့ သူကြ ၁၀၀၀၀ ၊ ၁၅၀၀၀ ပေးပီး ကျေးဇူးအခါခါ လှိမ့်တင်နေကြပီး ဘယ်သူမှ စွပ်စွဲ သူမရှိတဲ့ ဒီမြန်မာပြည် အမြင်တွေပွင့်လန်းစေချင်လှပါပီ။
အလုပ်ထွက်ပီး GP လေးပဲ အေးဆေးလေးနေတော့မယ် ဆိုတာများလာရင် အရေးပေါ်ဆိုရင် ဘယ်သူနစ်နာမလဲ စဉ်းစားစေချင်လှပါတယ် ၊ FB ပေါ်မှာ cele ဖြစ်ချင်ရင်တော့ တခြား နည်းလမ်းတွေများကြီးပါလို့ ။
ဆရာတို့ကိုပြောချင်တာ ဆရာဆိုတာ အနန္တော အနန္တ ၅ ပါးထဲပါပါတယ် ၊ အနာဂါတ်ခေါင်းဆောင် ကလေးတွေ ဟာ ဆရာတို့ရဲ့ လက်ထဲ ကနေ ထွက်ရမှာပါ ဆရာတို့ရယ်။ စာတင်မက ကောင်းရာ မွန်ရာ Attitude တွေ ပါ ဆရာတို့ သင်ပြပေးရမဲ့ တာဝန်ကြီး ရှိနေတာ ၊ ဒီလို တာဝန်တွေနဲ့ ဆရာတိုဟာ ဒီ FB ကြီးထဲ မှာမျောမနေပဲ အပြင်စာတွေ ဖတ်ကြပါ ၊ အမြင်တွေပွင့်လန်းကြပါ။ နောက် အနာဂါတ် ခေါင်းဆောင် ကလေးတွေ ကိုယ့်ထက် သာအောင် ညွှန်ပြပေးကြပါ ။ လမ်းမှန် လေးတွေ သင်ပြပေးကြရင် မကောင်းဘူးလား ဆရာတို့ရေလို့ ။
PS / ခုမှ duty လေးပီးလို့ မီးဖွားဖို့ တလ အလို ဖြစ်လာတဲ့ နှာစီးချောင်းဆိုးလေး ၊ ဆေးသောက်ပီး အဖျား မဝင်ဖို့ အားယူရင်း၊ ကလေးလည်း မွေးပီး ဆက်လုပ်အုန်းမှာပဲ၊ ဒီလောက်ကတော့ လိုအပ်တဲ့ လူနာလေးတွေ ရှိနေသ၍ ကျမတို့အတွက်
ခနပါပဲလို့
ဒေါက်တာ ခိုင်ဝါဝါထွန်း
၁၃၊ ၈ ၊၁၇
No comments:
Post a Comment