YBS ကားရဲ့ကြမ်းခင်းမှာ သစ်ကြိတ်သားတွေကို
သံပြားနှစ်ခုရဲ့ကြားမှာ ထည့်ထားတာကိုတွေ့ရပါတယ်။
ဒါသိန်း ၇၀၀ တန်ကားလို့ ပြောတဲ့သူကလဲ ရှိပါတယ်။
ဈေးကြီးပေးရပြီး ကြိတ်သားတွေကို ထည့်ထားလို့
အပစ်ပြောချင်တဲ့ လေသံကိုလဲ သိကြားမှတ်သားလိုက်
ရပါတယ်။
.
အဖြစ်မှန်ကတော့ ဒီလိုပါ
.
နောက်ပေါ်တဲ့ကားတွေမှာ အတိုက်အခိုက်ရှိရင် ကားကို
ကြုံ့လွယ်အောင် (Collapsable) ပြုလုပ်လာကြပါတယ်။
Shock Absorbing Effect ရအောင် လုပ်လာကြပါတယ်။
အဲဒီလို လုပ်ခြင်းဖြင့် လူအသက်အန္တရယ် ဖြစ်ဖို့ အခွင့်
အရေးပိုနဲပါတယ်။
.
ဒါကြောင့် အရင်ကလို သံဘောင် မာမာကြီးတွေကို သစ်
သားဘောင် မာမာကြီးတွေကို မသုံးကြတော့ပါဘူး။
.
သံဘောင် မာမာကြီးတွေ ထည့်ရင် တိုက်မိတဲ့အခါ ကြုံ့လွယ်ခြင်း
မရှိတာကြောင့် အရှိန်ပြင်းပြင်းမှ ချက်ချင်းရပ်သွားတဲ့ ဒါဏ်ကို
လူ့ကိုယ်ခန္တာက ခံစားရပါတယ်။
.
အဲဒီအခါ ခရီးသည် လူတွေရဲ့ခန္တာကိုယ်ထဲမှာရှိတဲ့ ကလပ်စည်း
တွေ (cell) အချင်းချင်း တိုက်မိပွတ်မိပြီး ပျက်စီးပါတယ်။
ဒါဏ်က ပိုပြီး ပြင်းပါတယ်။
.
လူတိုင်းသိကြတဲ့ ဥပမာကတော့ အရှိန်ပြင်းစွာကန်လိုက်တဲ့
ဘောလုံးကို လက်နဲ့ ဆွဲဖမ်းခြင်းဖြင့် ဘောလုံးရဲ့ အရှိန်ကို
ဖြေးဖြေးခြင်း သတ်လိုက်သလိုပါ။
.
တကယ်တော့ ဒီနေရာဟာ သစိကြိတ်သားနဲ့ အလွန် သင့်တော်တဲ့
နေရာပါ။ သစ်းသားကိုထည့်ရင် တိုက်မိတဲ့အခါ သစ်သားချွန်တွေ
ထိုးမိနိုင်ပါတယ်။ သံကိုထည့်ရင်လည်း ကားအလေးချိန်တွေ
မလိုအပ်ပဲ များသွားမှာပါ။ ဥပမာ ထိုင်ခုံမှာ ဖေါ့ထည့်မှ အဆင်ပြေသလိုပါ။
ကြိပ်သားကို ထည့်ခြင်းအားဖြင့် မတော်တဆ တိုက်တဲ့
အခါ လူကိုသစ်သားအချွန် ထိုးမိခြင်းတွေလဲ မရှိနိုင်ပါ။
.
အရင်းက ကားတွေမှာ ကားရှေ့မှာ သန်မာတဲ့ ဘန်ပါကြီးတွေရှိပေမဲ့
ဒီခေတ်မှာ သံပြားတွေ ပလပ်စတစ်ပြားတွေကို သုံးလာကြပါတယ်။
ဒါတွေဟာ ကြုံ့လွယ်အောင် လုပ်လာကြတာပါ။ ပျက်စီးဖို့တော့
ပိုပြီးလွယ်ကူလာပေမဲ့ လူကို ဒါဏ်ရာရစေမှုမှာတော့ နဲလာပါတယ်။
.
လူသာလျှင် အဓိက မဟုတ်ပါလား?
.
ကားအတွင်းမှာ သံကိုချည့် အရင်က အသုံးပြုတာ များပေမဲ့ ခုတော့
အခြား ပစ္စည်များကို အစားထိုးသုံးလာကြတာ များလာပါပြီ။
အထူးသဖြင့် ပလပ်စတစ်ကို ပိုသုံးလာကြပါတယ်။
.
ဒီအယူအဆကို ကားတွေ အတော်များများမှာ အသုံးပြုလာ
ကြပါတယ်။ ဥပမာ ဆူဘာရူး (SUBARU) အမည်ရှိတဲ့ ကားကို
ထုတ်လုပ်တဲ့အခါ အင်ဂျင်နေရာတစ်ခုလုံးကို ကြုံ့လွယ်အောင်
ပြုလုပ်ခြင်းဖြင့် ( Collapsable ) လူကို ဒါဏ်ရာရစေမှုကို
ကာကွယ်ပေးပါတယ်။ တိုက်တဲ့အခါ အင်ဂျင်နေရာကဘဲ
ကြုံ့သွားပြီး လူစီးတဲ့နေရာတွေက ပုံပျက်သွားခြင်းမရှိအောင်
ပြုလုပ်ထားပါတယ်။ အင်ဂျင်အပိုင်းကတော့ သုံးမရအောင်
ပျက်စီးသွားပါတယ်။
.
အောက်ပါလင့်မှာ စမ်းသပ်ပြထားတာကို ကြည့်နိုင်ပါတယ်။
.
https://www.youtube.com/watch?v=NTqDU8NWAPQ
.
အောက်ပါလင့်မှာတော့ YBS ကားသစ်ကြီးထဲမှာ သစ်ကြိတ်သား
တွေကို ကြမ်းခင်းမှာ ထည့်ထားတာတွေကို ရှုတ်ချနေတဲ့ ဗီဒီယိုပါ
.
https://web.facebook.com/tiger.thiha.313/posts/152557618637535
.
အားလုံးကို အမှန်အတိုင်းသိစေချင်ပါသဖြင့် တင်ပြအပ်ပါသည်။
No comments:
Post a Comment