Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 26, 2017

မိဘတိုင်း သိထားသင့်တဲ့ ပုံပြင်တစ်ပုဒ်


မိဘတိုင်း သိထားသင့်တဲ့ ပုံပြင်တစ်ပုဒ်
++++++++++++++++++++++++
အိမ်နီးချင်း နှစ်ယောက် ရှိတယ်။ တစ်ယောက်က အငြိမ်းစား အဖိုးကြီး နောက်တစ်ယောက်က စက်ရုံ အလုပ်သမား လူရွယ်။ သူတို့ နှစ်ယောက်လုံး ဟာ အိမ်ရှေ့ မြေကွက်လပ်မှာ အမျိုးတူ ပန်းပင်တွေ ကိုယ်စီ စိုက်ထားကြတယ်။

စက်ရုံ အလုပ်သမား လူရွယ်ဟာ သူ့ပန်းပင်တွေကို ရေ သေသေချာချာ လောင်းတယ်။ မြေသြဇာများများကျွေးပြီး သေသေချာချာ စိုက်တယ်။ အငြိမ်းစား အဖိုးကြီးကတော့ ရေလည်းတော်သင့်ယုံလောင်းတယ်။ မြေသြဇာလည်း နည်းနည်းသာကျွေးတယ်။

အဲလိုနဲ့ အပင်တွေက ပန်းပွင့်ချိန်ရောက်လာတာပေါ့။ စိုက်ပျိုးတဲ့ အချိန်လဲ သိပ်မကွာတော့ အပင်အရွယ် အစားတွေကလည်း သိပ်အကွာဘူးပေါ့။

စက်ရုံ အလုပ်သမားရဲ့  ပန်းပင်တွေဟာ မြေသြဇာ တန်ခိုးကြောင့် အရွက်တွေက စိမ်းစိုပြီး အပွင့်တွေကလည်း လှပနေတာပေါ့။ အငြိမ်းစား အဖိုးအို ရဲ့  အပင်တွေကျတော့ သန်စွမ်းပုံတော့ရတယ် ဒါပေမဲ့ စက်ရုံ အလုပ်သမားရဲ့  ပန်းပင်တွေလို အရမ်းစိမ်းစိမ်းစိုစို မရှိဘူးတဲ့။

အဲလိုနဲ့ တညမှာတော့ မိုးအကြီးအကျယ်ရွာပြီး လေပြင်းတွေလည်း တိုက်တယ်တဲ့..။ အဲဒါနဲ့ မနက်လင်းလာပြီး လေအားပျော့ သွားတဲ့အချိန် အဖိုးအို နဲ့ လူရွယ်တို့ဟာ သူ့တို့ ပန်းပင်တွေကို ကိုယ်စီထွက်ကြည့်ကြတာပေါ့။ အံသြဖို့ကောင်းတာက မြေသြဇာ အသေအခြာကျွေး ရေ အသေအချာလောင်းတဲ့ စက်ရုံ အလုပ်သမား လူရွယ်ရဲ့  ပန်းပင်တွေဟာ အမြစ်က ကျွတ်ပြီး မြေပေါ် အတုန်းအရုံး လဲနေတယ်တဲ့..။ အဖိုးအိုရဲ့  အပင်တွေကတော့ နဲနဲယိုင်ရုံကလွဲလို့ ဘာမှ မဖြစ်ဘူးတဲ့..။

အဲဒါနဲ့ လူရွယ်က နားမလည်နိုင်စွာနဲ့ အဖိုးအိုကို မေးတယ်။ ကျနော်က ကျနော်ပန်းပင်တွေကို မြေသြဇာ အသေအခြာကျွေးပြီး စိုက်တယ်။ အဖိုးကတော့ ကျနော်လောက် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျနော်အပင်တွေက အမြစ်ကျွတ်ပြီး လဲနေတယ်။ အဖိုး အပင်တွေက ဘာမှ မဖြစ်ဘူး။ အဲဒါ ဘာဖြစ်လို့လဲ..။

ဒီမယ် ကောင်လေး။ မင်းက အပင်ရဲ့ လိုအပ်တာတွေ အကုန်လုံး အခန့်သင့်ကျွေးတော့ မင်းအပင်တွေ သိပ်အလုပ်မလုပ်ရဘူး။ အမြစ်တွေကလည်း အောက်ကိုတိုးပြီး ရေလိုက်ရှာစရာမလိုဘူး။ ငါ့အပင်တွေကတော့ သူတို့ အဟာရပြည့်ဖို့ သူတို့အလုပ်သူတို့လုပ်ရတယ်။ အမြစ်တွေလည်း ရေရအောင် ဟိုအောက်ထိ တိုးသွားပြီး ရေရှာကြရတယ်။ အဲဒါကြောင့် ငါ့အပင်တွေနဲ့ အမြစ်တွေက သန်မာနေပြီး လေပြင်းဒဏ်ခံနိုင်တာပေါ့လို့ ရှင်းပြလိုက်တယ်။

ဒီပုံပြင်လေးလိုပဲ တချို့မိဘတွေဟာ သားသမီးကို လိုလေသေးမရှိလုပ်ပေးတယ်။ သူတို့ဟာ သူတို့လုပ်နိုင်တဲ့ အရွယ်မှာတောင် မခိုင်းရက်ပဲ အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာ အကုန် လုပ်ပေးတယ်။ အဲလို ဂုရုစိုက်ခံရတဲ့ ခလေးတွေ အရွယ်ရောက်လာပြီး လောကဒဏ် မုန်တိုင်းနဲ့ တွေ့တဲ့ အချိန်မှာ မခံနိုင်ပဲ အလူးအလဲ ဖြစ်ကြရတယ်။

တချို့ မိဘတွေကတော့ သူ့တို့သားသမီးတွေကို သူတို့ထိုက်သင့်တဲ့ အရွယ်မှာ ထိုက်သင့်သလို စေခိုင်းတယ်။ သူတို့တာဝန် သူတို့ယူစေတယ်။ အဲဒီလို ခလေးမျိုးတွေကျတော့ ကြုံလာတဲ့ အခက်အခဲတွေကို သူတို့ဟာ သူတို့ ရင်ဆိုင်နိုင်စွမ်းရှိကြတယ်တဲ့..။ သူတို့တွေဟာ အဖိုးအိုရဲ့ ပန်းပင်တွေလို လောကဒဏ် မုန်တိုင်းကို ကြံကြံခံနိုင်တဲ့ သားငယ် သမီးငယ်တွေလို ဖြစ်လာမှာပေါ့တဲ့။

Ye Min (26/7/2017)

Beautiful lesson for parents ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

No comments:

Post a Comment