ဖြစ်ပုံကတော့ နဲနဲတော့ ဆန်းတယ်ပြောရမယ်။ကြာကူလီ ကောင်ကြီးက ရပ်ကျေး ဥက္ကဌ ကြီးဖြစ် နေလို့လေ ။အ စား လ ည်းကြီး၊အပြောလည်းကြီး သူကြီးပေါ့။ရပ်ကွက်ထဲမှာ ဘယ်လိုအကြောင်းမျိုးနဲ့ပဲမဆို ပြသနာ ဖြစ်ဖြစ် ဥက္ကဌကြီး အိတ်ထဲ ပိုက်ဆံရောက် သွားရင် အားလုံး ပြေလည်သွားပြီလို့ မှတ်လိုက်တော့ ပဲဗျို့။
အပြောကြီးပုံကလည်း ကိုယ့်နမိတ် ကိုယ်ဖတ်
လိုက်သလားထင်ရတယ်။မနက်ကပဲ ကြာကူလီ တင်စိန်
ကြီးကြွေးကြော်လိုက်သေးတယ်။ဘာတဲ့ ရပ်ကွက်ထဲမှာ တင်စိန်ထက်ကြီးတာ
ဆင်ပဲရှိတယ် မှတ်ထားကြတဲ့။
တင်စိန်ကို ကန့်လန့်တိုက်ရင် ကာလနာ တိုက်သွားမယ်မှတ်ထားကြတဲ့။မှတ်သားလောက်ပေ သကိုး။ခုတော့ ဘယ်သူ ကာလနာ တိုက်မလဲတော့ မသိဘူး။ကြာကူလီဇာတ်လမ်းလေးကိုတော့ ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင် မင်းသား အနေနဲ့ ပါဝင် သရုပ်ဆောင်ထားလေရဲ့။
ဥက္ကဌကြီး က မနက်ပိုင်းမှာ ငါမှတစ်ပါး အခြားမရှိလို့ ကြွေးကြော်ပြီးသကာလ ကာမမုန်ယို လာတဲ့ သမယမှာ လင်ရှိမ ယားဖြစ်တဲ့ ကြည်လဲ့လဲ့ဦး ဆိုသော ကွမ်းယာသည်မလေးကို စီးတော်ယာဉ် ဆိုင်ကယ်ပေါ်တင်ပြီး Linn Latt တည်း ခိုခန်းကို ခေါ်ဆောင်ပြီး နှစ်ပါးဂဟေဆက် ကြောင်တောင်နှိုက်ဇာတ်လမ်းကြီးကို ကျင်းပကြပါလေရောဗျို့။ကံဆိုးသူ မောင်တင်စိန်ခမြာ ငတ်မပြေတဲ့ ဆားငံတွင်းလေးထဲက ဆားငံရေလေးတွေကို အရသာခံ သောက်သုံးနေတုန်း ရပ်ကွက် ထဲက လူကြီးတွေက ဝင်ဖမ်းခြင်းကို ခံလိုက်ရရှာပါလေရောခင်ဗျာ။
ငါ့ထက်ကြီးတာ ဆင်ပဲရှိတယ်လို့ ကြွေးကြော် ခဲ့တဲ့ တင်စိန်ကြီးခမြာ ပုဆိုးကွင်းသိုင်း၊ခွေးတစ်ပိုင်း သာသာ ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မောင်ခေါ်ရာ လိုက်ခဲ့ရှာတဲ့ လင်ရှိမယား ကွမ်းယာသည်မလေး ကြည်လဲ့လဲ့ဦး မှာတော့ ဖုံးစရာ ဖိစရာတွေနဲ့ ခြေမကိုင်မိ၊လက်မကိုင်မိ ကျန်ရစ်ခဲ့ရရှာတာပေါ့။
ခေါ်လာတဲ့ မောင် က ထားရစ်ခဲ့လေတော့ ပါလာတဲ့ လင်တော်မောင်ရဲ့ ဂုဏ်ပြု ဒူး၊တံတောင်တွေနဲ့ ဖူးရောင် သွားရှာပါေ လရောပေါ့။ကြာကူလီကြီး ခမြာမှာတော့ လက်ရှိ သတင်းရေးနေတဲ့ အချိန်အထိ ဘယ်သူ့ ထမီတန်းအောက် ပြေးရှောင်ပု န်းနေမှန်း မသိရသေးပါခင်ဗျာ။
ကျွန်တော်တို့ အနေနဲ့ အမှန်တကယ် သိလို၊မြင်လိုနေကြတာက ကျောသား၊ရင်သား မခွဲခြားတဲ့ ဥပဒေ ကို ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ တစ်လင်၊တစ်မယား ဥပဒေ နဲ့ ထိထိရောက်ရောက် အရေးယူခြင်း ရှိမရှိကိုပါပဲ။
ရပ်ကွက်ရဲ့ လူကြီး တစ်ယောက် အနေနဲ့ ခုလိုမျိုး ကာမေသု မိစ္ဆာ အလုပ်ကို ကျူးလွန်းခြင်းကို ထိရောက်ပြင်းထန်စွာနဲ့ ဥပဒေ အတိုင်း တိကျမှန်ကန်စွာ အရေးယူခြင်းဖြင့် နောင် တက်လာမည့် လူကြီး များအတွက်လည်း စံနမူနာ ဖြစ်စေချင်ပါသည်
ယုန်အတွက် ထောင်ထားသော တစ်လင်၊တစ်မယား ဥပဒေ သည် ကြောင်မိသော အခါ၌လည်း တူညီသော ဥပဒေ အဖြ စ်သာ ဖြစ်စေချင်ပါသည်။လက်ရှိ တဏှာရူးနေသော နေရပ်လိပ်စာမှာ ၁/အနော်မာ(၃)လမ်း အနောက်၊သာကေတမြို့ န ယ် ရန်ကုန်တိုင်းဖြစ်ပါသည်။ဖြစ်ရပ်မှန်ဖြစ်သည့်အတွက် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Zodic Zaw
{Live in Myanmar}

No comments:
Post a Comment