စိုင်းအရင်ကဆို အလုပ်သွားရင် Taxi ငြားစီးဖူးတယ်
အလုပ်ပိတ်ရက် စိုင်းဘုရားသွားရင် YBS တိုးစီးဖူးတယ်
အခုဆိုရင်ဘဏ်မှာအမေအပ်ထားပေးတဲ့ငွေနဲ့ကိုယ့်ချွေးနည်းစာလေးပေါင်းပြီး Fortuner TRD Sportivo စီးနိင်ပြီ
ခက်တာကဘယ်သွားသွားစိုင်းတစ်ယောက်တည်း 😒
အရင်က ၁သိန်း ၂သိန်းတန် Android ဖုန်းကိုင်ခဲ့ဖူးတယ်
ဖုန်းတွေကြောင်လို့ ဖုန်းပြင်ဆိုင်လဲခဏခဏပြေးခဲ့ဖူးတယ် အခုဆိုရင်သေချာရေရာတဲ့အလုပ်နဲ့ဝင်ငွေကအေးဆေးဆိုတော့ နောက်ဆုံးပေါ် ios apple ဝယ်သုံးနိင်ပြီ
ပန်းသီးခရေစီမို့ 8+ လာလဲစိုင်းကမရရအောင်ကိုင်ရအုံးမယ်
ခက်တာက အိုင်ဆဲဗင်းပလပ်ကအပိုဖြစ်သွားတော့မယ်😑
အရင်ကျဉ်းကျဉ်းကျပ်ကျပ်တိုက်ခန်းမှာနေခဲ့ဖူးတယ်
ပူလွန်းလို့ ညသန်းခေါင်းရံမှာရေထချိးပြီးအကုန်ချွတ်အိပ်ခဲ့ဖူးတယ်
အခုဆိုရင် တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်တဲ့ apartment မှာ အဲယားကွန်းနဲ့ စမတ်တီဗီနဲ့ ရေခဲသေတ္တာနဲ့ ဖရီးဝိုင်ဖိုင်နဲ့ နေနိင်ပြီ
ခက်တာက အတူတူနေဖို့အခန်းဖော် ခုချိန်ထိ မရှိသေးတော့ စိုင်းတစ်ယောက်တည်းအဖော်ကင်းမဲ့စွာနေနေရတယ် 😒😒
တစ်ကယ်လို့သာ စိုင်းမှာသာ ခုချိန်အဖော်ကောင်း သူငယ်ချင်းကောင်းတယောက်လောက်ရှိမယ်ဆိုရင်ဘယ်လောက်တောင်ကောင်းမလဲ အလုပ်ပိတ်ရက်မှာ ကားတစ်စီးနဲ့ မှော်ဘီဖြစ်ဖြစ် ထောက်ကျန့်ုဖစ်ဖြစ် ကားတစ်စင်းနဲ့အတူတူသွားမယ်
ပျင်းရင်3D movie သွားကြည့်ကြမယ်
ဆာရင် Suki ဆိုင်မှာ hotpot စားကြမယ်
အခန်းရောက်ရင် သီချင်းအေးအေးလေးနဲ့အခန်းသန့်ရှင်းရေးကူလုပ်ကြမယ်
ညကျရင် Heinekan အတူတူသောက်ပြီး game တွေဆော့ကြမယ်
ဒါပေမဲ့ အဲဒါတွေကစိုင်းရဲ့စိတ်ကူးပါ 😒😒
စိုင်းကတိုင်းရင်းသားတယောက်လဲဖြစ်
အနေလဲတည်ငြိမ်တော့
လူအများစုက စိုင်းနဲ့ခင်ဖို့
စိုင်းနဲ့အတူတူနေဖို့ ရှိန်ကြတာများတယ်
အလုပ်မှာလဲ အသက်ကြီးကြီးနိင်ငံခြားသားတွေပဲအများစုဆိုတော့ 😫😖
တကယ်လို့များ နယ်ကတစ်ယောက်ယောက် အလုပ်ကိုင်မရှိသေးရင် အလုပ်လုပ်ဖို့စဉ်းစားတဲ့သူရှိရင်( စိုင်းအသက်ရွယ်နဲ့မတိမ်းမယိမ်း Boy စစ်စစ် ) ရန်ကုန်တတ်လာဖို့စိတ်ကူးရှိရင် effect မသုံးထားတဲ့ပုံ ပို့ထားပေးပါ
နယ်ကလာသူအချင်းချင်းမို့ လောလောဆယ်နေစရာ စားစရာ လည်စရာ သုံးစရာ မပူပါနဲ့
ဘာလို့လဲဆိုတော့ 25×60 ပေအခန်းမှာစိုင်းတယောက်တည်း
စားဖို့သောက်ဖို့ကလဲ အေးဆေး
လည်ဖို့ပါတ်ဖို့ကလဲ စိုင်းကအမြဲတမ်းခရီးထွက်နေရတဲ့သူ
သုံးဖို့ဈေးဝယ်ဖို့ဆိုရင်လဲ စိုင်းမှာ AYA credit card ရှိပြီးသား
တစ်ဖက်သားကိုအားနာတတ်ပြီး တစ်ပါတ်အတွင်းသွေးစစ်ထားသောသူ ဆံပင်အရောင်မဆိုးထားတဲ့သူဆိုရင် စိုင်းနဲ့ရေရှည်အတူနေဖို့ပိုအဆင်ပြေနိင်သလို
အရပ် ၅'၇'' အထက် အသားညို ရင် စိုင်းအလုပ်လုပ်နေတဲ့ကုမဏီမှာ အလုပ်သေချာရအောင်ကူပြောပေးအုံးမယ် ( pool&garden decoration မို့ ရုပ်ရည်သန့်ရင်ပညာအရည်ချင်းမသတ်မှတ်ထားပါဘူး ) Start 300000Ks
မှတ်ချက်= တစ်ကယ်ဆိုရင်စိုင်းလဲမိန်းခလေးတယောက်ယောက်နဲ့အခန်းစပ်တူနေဖို့စိတ်ကူးထားဖူးပါတယ်
But စိုင်းကအပြစ်နာဆာကင်းတဲ့လူပျိုစစ်စစ်လေးဖြစ်နေတာကတစ်ကြောင်း
ဘေးပါတ်ဝန်းကျင်တွေကဲ့ရဲ့မှာစိုးရိမ်တာကတစ်ကြောင်း
အဲဒါကြောင့် လွတ်လွတ်လပ်လပ်လဲနေရ
ဘေးပါတ်ဝန်းကျင်အမြင်မှာလဲ မျက်စိမစူးစေရအောင
် boy ချင်းချင်းနဲ့ပဲနေဖို့ဆုံးဖြတ်လိုက်တာပါ
စိုင်း အာကာ ဖြိုးကျော်
https://www.facebook.com/permalink.php?story_fbid=202242116975260&id=100015684192536
No comments:
Post a Comment