Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 20, 2017

အမေရိကန်သံရုံးမှတဆင့် ကမ်းလှမ်းထားသော ပညာသင်ဆုအစီအစဉ်များ


အမေရိကန်သံရုံးမှတဆင့် ကမ်းလှမ်းထားသော ပညာသင်ဆုအစီအစဉ်များ
******************************************************
အမေရိကန်နိုင်ငံမှာ ကာလတို၊ကာလရှည် ပညာသင်ခွင့်ရနိုင်မယ့် ပညာသင်ဆုအစီအစဉ်များစွာကို နှစ်စဉ် ကမ်းလှမ်းလေ့ရှိပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ အင်္ဂလိပ်စာ TOEFL စာမေးပွဲအတွက် ပြင်ဆင်လေ့လားထားသင့်ပါတယ်။ Official Test score မရှိလည်း လျောက်ထားနိုင်ပြီး ပမာဏအရွေးခံရပြီးရင်တော့ Official TOELF Test ကို ဖြေဆိုကြရပါမယ်။ အမေရိကန်သံရုံး Web page မှာ ဖော်ပြထားတဲ့ ပညာသင်ဆုများကို မသိရှိသေးသူများ လေ့လာနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါတယ်။ ခရီးစရိတ်၊နေထိုင်စားသောက်စရိတ် အားလုံးအပြီးအစီး ရရှိနိုင်တဲ့ ပညာသင်ဆုတွေဖြစ်ပါတယ်။ လူငယ်များအတွက် ကာလတိုပညာသင်ဆုတွေကိုလည်း ကျောင်းသားများနှင့် ဆရာများ အတူတကွ လျောက်ထားကြပြီး အမေရိကန်ပြည်ထောင်စုကို ထိတွေ့လေ့လာခွင့်တွေရနိုင်ပါတယ်။
(၁) TEA Program
Teaching Excellence and Achievement(TEA) ပညာသင်ဆုအနေနဲ့ မြန်မာအပါအဝင် နိုင်ငံတကာမှ ဆရာ၊ဆ၇ာမများအတွက် သင်ကြားမှုစွမ်းရည်မြှင့်တင်နိုင်ရေး၊ အမေရိကန်ပြည်ထောင်စုအကြောင်း ပိုမိုသိရှိလေ့လာနိုင်ရေးအတွက် (၆) ပတ်တာမျှ အမေရိကန်နိုင်ငံမှာ သွားလောက် လေ့လာခွင့်ရမှာဖြစ်ပါတယ်။ သင်ကြားရေးနည်းလည်းအသစ်များ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာများ၊ သင်ခန်းစာပြင်ဆင်ခြင်းဆိုင်ရာများကို လေ့လာနိုင်မှာဖြစ်ပါတယ်။ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်မှ ဆရာ၊ဆရာမများ လျောက်ထားနိုင်ပါတယ်။
(၂) FULBRIGHT U.S.-Asean Visiting Scholar Program(USAS)
အာဆီယံနိုင်ငံများအတွက် အသုံးဝင်မည့် မည်သည့်ဘာသာရပ်ကိုမဆို လျောက်ထားနိုင်ပါတယ်။ တက္ကသိုလ်၊အစိုးရအဖွဲ့အစည်း၊အစိုးမဟုတ်သောအခြားမည်သည့်အဖွဲ့အစည်းများမှမဆို ဝန်ထမ်းအားလုံး လျောက်ထားနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သုံးလမှ လေးလ လေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်။
(၃) Fulbright Foreign Student Scholarship
အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ တက္ကသိုလ်တစ်ခုမှာ မဟာဘွဲ့တက်ရောက်နိုင်မည့် ပညာသင်ဆု ဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ်အားလုံးကို စဉ်းစားပေးမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ မဟာဘွဲ့ရရှိပြီးသူများလည်း လျောက်ထားနိုင်ပါတယ်။ မိမိအဆိုပြုတဲ့ဘာသာရပ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့အခြေခံဘွဲ့ (သို့မဟုတ်) လုပ်ငန်းအတွေ့အကြုံရှိရပါမယ်။ ဆိုလိုတာကတော့ မိမိရထားတဲ့ ဘွဲ့နဲ့ သဘော၊သဘာဝတူတဲ့ အကြောင်းအရာကိုသာ လေ့လာရန် အဆိုပြုဖို့လိုပါတယ်။

(၄) Fulbright Foreign Language Teaching Assistant(FLTA) Program
အင်္ဂလိပ်ဘာသာရပ် ဆရာ၊ဆရာမများအတွက် သင်ကြားမှုစွမ်းရည်၊ အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်နိုင်ရန် အမေရိကန်ပြည်ထောင်စုရဲ့ လူနေမှု၊ယဉ်ကျေးမှုဆိုင်ရာများကို ဗဟုသုတရစေရန်အတွက် အမေရိကန်ပြည်ထောင်စုမှာ (၉)လတာကာလာ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ အသက်(၃၀)အောက် ဖြစ်ရပါမယ်။
(၅) Hubert H.Humphrey Fellowship
အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်တာ ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးပါ။ ဘာသာရပ်အားလုံးအတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်သက်အနည်းဆုံး(၅)နှစ် ရှိတဲ့သူတွေသာ လျောက်ထားလို့ရပါမယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊လုပ်ငန်းဆိုင်ရာ အကြီးအကဲ ခွင့်ပြုချက်ရှိရပါမယ်။
(၆) Global UGRAD Program
ဘွဲ့ကြိုကျောင်းသားများအတွက် အမေရိကန်ပြည်ထောင်စုမှာ semester တစ်ခုစာ လေ့လာသင်ယူခွင့်ရမယ့် ပညာသင်ဆုပါ။ ဘာသာရပ်အားလုံးအတွက် လျောက်ထားနိုင်ပါတယ်။
(၇) Southeast Asia Youth Leadership Program(SEAYLP)
သုံးပတ်တာ လေ့လာရေးသွားရောက်နိုင်မယ့် အခွင့်အရေးပါ။ သင်တန်းသားအဖြစ် လျောက်ထားရန်အတွက် အသက် (၁၅)နှစ်နှင့် (၁၇) အတွင်းလူငယ်လေးများ ဖြစ်ရပါမယ်။ အုပ်ထိန်းစောင့်ရှောက်သူအဖြစ် လိုက်ပါဖို့လည်း လျောက်ထားနိုင်ပါတယ်။ စောင့်ရှောက်သူများအဖြစ် လျောက်ထားလိုသူများဟာ ဆရာ၊ဆရာမများ (သို့မဟုတ်) လူငယ်တွေနဲ့ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်များ ဖြစ်ရပါမယ်။
(၈) SUSI for Secondary School Teachers
အလယ်တန်း၊အထက်တန်း ဆရာ၊ဆရာမများအတွက် လေးပတ်တာကာလ မွမ်းမံသင်ယူ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ အသက် (၃၀)နှင့်(၅၀)ကြားဖြစ်ရပါမယ်။
(၉) SUSI for Scholars
တက္ကသိုလ်ဆရာ၊ဆရာမများ ၊ ပညာရှင်များ ပညာရေးအဖွဲ့အစည်းမှ ဝန်ထမ်းများအတွက် ခြောက်ပတ်ကြာ လေ့လာခွင့်ရမယ့် ပညာသင်ဆုပါ။ အသက် (၃၀) နှင့်(၅၀)ကြားဖြစ်ရပါမယ်။
(၁၀)Myanmar Youth Leadership Scholarship Program(MYLP)
အသက် ၁၆နှစ်နှင့် ၁၈ နှစ်ကြား မြန်မာလူငယ်များအတွက် အမေရိကန်ပြည်ထောင်စုကို လေးပတ်ကြာ သွားလောက်လေ့လာ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းသားများ သာမက ဘွဲ့ကြိုတန်း တက္ကသိုလ်ကျောင်းသားများပါ လျောက်ထားနိုင်ပါတယ်။ ဆရာ၊ဆရာမများ လူငယ်အဖွဲ့အစည်း ခေါင်းဆောင်များအနေနဲ့လည်း လူငယ်ကျောင်းသားလေးများကို စောင့်ရှောက်အဖော်ပြု ပေးဖို့ အတွက် အုပ်ထိန်းသူများအဖြစ်လျောက်ထားနိုင်ပါတယ်။
(၁၁)Economic Empowerment Program
စီးပွားရေးလုပ်ငန်းများ၊ အစိုရအဖွဲ့အစည်း၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ လူငယ်၊လူရွယ် ခေါင်းဆောင်များအတွက် အမေရိကန် ပြည်ထောင်စုမှာ လေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်။ အသက် (၂၅)နှင့် (၄၀)ကြားဖြစ်ရပါမယ်။
Deadlines တွေကတော့ Program အလိုက် ကွဲပြားတာဖြစ်တဲ့အတွက် မိမိစိတ်ဝင်စားရာ အစီအစဉ်အလိုက် ပြင်ဆင်နိုင်ပါတယ်။ ဖော်ပြပါ ပညာသင်ဆု အစီအစဉ်အားလုံးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမေရိကန်သံရုံးရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ https://mm.usembassy.gov/education/scholarship-programs/
မှာ အသေးစိတ်ဖတ်ရှုပြီ လေ့လာပြင်ဆင်နိုင်ပါတယ်။အသေးစိတ် ထပ်မံသိရှိလိုလျှင်ဖြစ်စေ လျောက်လွှာပုံစံများ တောင်းယူလိုလျင်ဖြစ်စေ RangoonUSECA@state.gov ကို အီးမေလ်းပို့ပြီး (သို့မဟုတ်) 536509/505113 Ext:4369/4869 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။ အမေရိကအိပ်မက်ရှိသူများအတွက် အကောင်အထည်ဖော်နိုင်ကြပါရန် မသိရှိသေးသူများအတွက် မျှဝေပေးလိုက်ရပါတယ်။
မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)

No comments:

Post a Comment