Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 27, 2017

နံပါတ်ပြားလေးများဘယ်လိုကွဲပြားသလဲ


နံပါတ်ပြားလေးများဘယ်လိုကွဲပြားသလဲ
****************************
သူငယ်ချင်းရေ
မင်းရဲ့ကားလေးနဲ့ဆိုင်ကယ်လေးနဲ့နံပါတ်ပြားလေးဟာ
အောက်ခံအနက်မှာ စာသားအဖြူနဲ့ရေးထားတာနော်
အဲ့ဒါ ကိုယ်ပိုင်ယာဉ်လို့ပြောချင်တာဟ.

သူငယ်ချင်းရေ
လမ်းမထက်ကာကားတွေမှာ အောက်ခံအနီမှာမှ စာသားအဖြူနဲ့ရေးထားတာတွေ တွေ့လိမ့်မယ်
အဲ့ဒီလိုနံပါတ်ပြားကို အငှားယာဉ်လို့ခေါ်တယ်လေ.

တစ်ခါတလေ
ကားအကောင်းစားကြီးတွေ နံပါတ်ပြားအဖြူပေါ်မှာ စာလုံးအနက်နဲ့ရေးထားတာတွေ့လိမ့်မယ်
ဒါကတော့ သံတမန်ယာဉ်တဲ့သူငယ်ချင်း
နိုင်ငံခြားသံတမန်တွေစီးကြတာပေါ့ကွာ.

နောက်ပီး တို့ရွာ ရွာဦးကျောင်းက ဘုန်းဘုန်းစီးတဲ့ကား မင်းသတိထားမိလားကွ
နံပါတ်ပြားအဝါနဲ့လေ စာကအနက်နဲ့ရေးထားတာ
အဲ့ဒါဘုန်းကြီးစီးတဲ့ကားပေါ့ လွယ်လွယ်မှတ်မိအောင်ပြောတာဟ
သာသနာပိုင်ယာဉ်လို့ခေါ်တယ်.

မကြာမကြာမှသာတွေ့ရတဲ့ နံပါတ်ပြားလေးတွေရှိသေးတယ်
အပြာရောင်နံပါတ်ပြားလေးတွေလေ စာသားကတော့အနက်ပေါ့
အဲ့ဒါကတော့ နိုင်ငံခြားဧည့်သည်တွေအများဆုံးပို့ဆောင်ပေးတဲ့ယာဉ် ခရီးသွားလုပ်ငန်းသုံးယာဉ်လို့ခေါ်တယ်.

နောက်ပီး
တခါတလေမှသာမြင်ရတဲ့နံပါတ်ပြားလေးရှိသေးတယ်
အစိမ်းပေါ့ စာသားကအဖြူနဲ့
အဲ့ဒါကတော့ လှူဒါဏ်းယာဉ်တဲ့
တို့နိုင်ငံကို နိုင်ငံခြားအဖွဲ့အစည်းတွေကလှူတာလေ
ဥပမာ ကျန်းမာရေးဌာနလိုမျိုးမှာ ကုလသမဂ္ဂတို့ WHO တို့က ရောဂါတိုက်ဖျက်ရေးအတွက်သုံးဖို့ သီးခြားလှူဒါဏ်းထားတာမျိုးပေါ့.

နံပါတ်ပြားမှာပါတဲ့ အက္ခရာနဲ့ဂဏန်းတွေဟာ
အဝိုင်းပုံကလွဲလို့ လေးထောင့်တွေ ပန်းချီဆန်ဆန်တွေ ရေးမရဘူးနော်
နောက်ပီး အက္ခရာရော ဂဏန်းရောဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာ အရွယ်အစားပဲ ရှိရမယ်
ကဲ သူငယ်ချင်း
လမ်းပေါ်မှာ ကွဲပြားတဲ့နံပါတ်ပြားလေးတွေမြင်ရင်
ခွဲခြားတတ်ပါပီနော်..။

နေမျိုးသူရ
https://www.facebook.com/photo.php?fbid=1966531930249838&set=a.1379537065615997.1073741825.100006791494071&type=3&theater

No comments:

Post a Comment