Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 29, 2017

မီဒီယာကို အလေးမထားတဲ့ အစိုးရ(ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်)


မီဒီယာကို အလေးမထားတဲ့ အစိုးရ
ဒီအစိုးရလက်ထက်မှာ ပင်မမီဒီယာ (Main Stream Media) တွေရဲ့ အခန်းကဏ္ဍက ကျဆင်း လာ တယ်။ အရင် သမ္မတက မီဒီယာတွေကို အလေးထားသလောက် အခုသမ္မတကတော့ မီဒီယာ တွေ ကို သတင်းမှားတွေရေးဖို့ပဲစိတ်ဝင်စားနေတဲ့သူတွေ၊ ပေါ်ပင်သတင်းတွေပဲ ရေးချင်နေတဲ သူ တွေ လို့ သဘောထားတယ်။ သူတို့ကို လူထုကရွေးချယ်ခဲ့တဲ့အတွက် မီဒီယာတွေမလိုဘူး။ သတင်း သမား တွေက ပြည်သူ့ရန်သူတွေလို့ သမုတ်တယ်။ သမ္မတနဲ့ ၀န်ကြီးတွေက အင်တာဗျူး တွေ ပေးဖို့၊ မေးခွန်းတွေဖြေဖို့ ငြင်းဆန်နေတယ်။ ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန် ပေးခံထားရ သူက သူနဲ့ ဆက်ဆံရတဲ့ မီဒီယာ တွေကို ခပ်နှိမ်နှိမ်ပြောလေ့ရှိတယ်။
အဲဒါတွေက ဒီကနေ့ ထရမ့်အစိုးရလက်ထက်မှာဖြစ်နေတဲ့ မီဒီယာဆက်ဆံရေးအခြေအနေပဲ။ ဒီမို ကရေစီနိုင်ငံကြီးတစ်နိုင်ငံမှာ အစိုးရနဲ့ မီဒီယာဆက်ဆံရေးကျဆင်းနေတာ ဟာ မယုံနိုင်စရာပဲ။ သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလမှာကတည်းကထရမ့်နဲ့ အမေရိကန်မီဒီယာတွေရဲ့ ဆက်ဆံ ရေး က မကောင်းခဲ့ဘူး။ အဓိက မီဒီယာအုပ်စုတွေထဲမှာ Fox News တစ်ခုပဲ ထရမ့်ကို ထောက်ခံ ခဲ့ပြီး ကျန်တဲ့မီဒီယာတွေက ကလင်တန်ကိုထောက်ခံခဲ့တယ်။ အဲဒီမီဒီယာတွေကို ထရမ့်ကလည်း ပြန် ဝေဖန်ခဲ့တယ်။ CNN ကိုဆိုရင် Clinton News Network လို့တောင် နာမည်ပေးခဲ့တယ်။
ရွေးကောက်ပွဲကာလမှာ အမေရိကန်မီဒီယာတွေက သမ္မတလောင်းနှစ်ယောက်ထဲက ကိုယ်ကြိုက် ရာကို ရွေးပြီးထောက်ခံတာမဆန်းပါဘူး။ ဒါပေမယ့် သမ္မတဖြစ်လာတဲ့အခါ သမ္မတဖြစ်သူက သူ့ကို ဆန့်ကျင်ခဲ့တဲ့မီဒီယာတွေကို ပစ်ပယ်ထားတာမျိုးလုပ်လေ့မရှိပေမယ့် ထရမ့်နဲ့ မီဒီယာ ပဋိပက္ခက တော့ ရွေးကောက်ပွဲအလွန်ကာလအထိပါလာခဲ့တယ်။ ထရမ့်ကလည်း မီဒီယာတွေရေးတဲ့အပေါ် ဆတ်ဆတ်ထိမခံတုန့်ပြန်ခဲ့သလို မီဒီယာတွေဘက်ကလည်း အစိုးရမူဝါဒကို ဝေဖန်တာတင်မက တော့ပဲ ပုဂ္ဂိုလ်ရေးဆန်ဆန် တွစ်တာမှာ ထရမ့်စာလုံးပေါင်းမှားရေးတာ၊ ဂေါက်ရိုက်တာ ( အိုဘား မားတို့၊ကလင်တန်တို့လည်းဂေါက်ရိုက်ပါတယ်။ ) က အစ သတင်းလုပ်ပြီးရေးခဲ့တယ်။
၂၀၁၇ ခုနှစ် အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ ညစာစားပွဲကို ထရမ့်မတက်ခဲ့ဘူး။ အိမ် ဖြူတော်သတင်းထောက်များအသင်းရဲ့ နှစ်ပတ်လည်ညစာစားပွဲတွေကို ၁၉ ၂၁ ခုနှစ်က စပြီး ကျင်း ပခဲ့တယ်။ ၁၉ ၂၄ ခုနှစ်က စပြီး သမ္မတတွေတက်ခဲ့တာ ၁၉ ၈၁ ခုနှစ်တစ်နှစ်မှာပဲ သမ္မတရေဂင် တက်ဖို့ပျက်ကွက်ခဲ့တယ်။ ဒါကလည်း သမ္မရေဂင်ကို လုပ်ကြံဖို့ကြိုးစားရာမှာ ဒဏ်ရာရခဲ့ပြီးဆေး ကုသမှုခံယူနေဆဲဖြစ်လို့မတက်နိုင်ခဲ့တာပါ။ ဒါတောင် ရေဂင်က ဖုန်းဆက်ပြီး နှုတ်ဆက်စကားပြော ခဲ့သေးတယ်။ ထရမ့်ကတော့ သူတင်မတက်တာမဟုတ်ဘူး။ အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေ တစ်ယောက်မှာ အဲဒီအခမ်းအနားကို မတက်ကြဘူး။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက် ဆာ ကတော့ “ကျွန်တော်တို့တွေ ဆက်ဆံရေးက ကောင်းမှမကောင်းတာ၊ အဲဒါကို ဟန်ဆောင်ပြီး ညစာ စားပွဲတက်နေလို့ အပိုပဲ”လို့ ပြောခဲ့တယ်။
အဲဒီဆုံးဖြတ်ချက်ကအတော်အရုပ်ဆိုးတဲ့ကိစ္စပဲ။ ဘယ်သမ္မတ မဆို သူ့သက်တမ်းအတွင်းမှာ နိုင်ငံ ရေး၊ လူမှုရေး အကြောင်းတွေကြောင့် မီဒီယာတွေရဲ့ ဝေဖန်မှုကိုတော့ အနည်းနဲ့ အများခံခဲ့ရတာပဲ။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ ညစာစားပွဲ ကိုတော့ မပျက်မကွက်တက်ခဲ့ကြတယ်။ ဘီလ်ကလင်တန်တောင် မော်နီကာလူဝင်စကီး အရှုပ် တော်ပုံဖြစ်နေချိန်မှာ အဲဒီညစာစားပွဲကိုလာတက်ခဲ့ပြီး သတင်းထောက်တွေကို “အမေရိကန်နိုင်ငံရဲ့ ၂၂၅ နှစ်ကြာ ဒီမိုကရေစီတည်ဆောက်မှုမှာ ပါဝင်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ အခန်းကဏ္ဍ ကို အသိ အမှတ် ပြုတဲ့အနေနဲ့ ညစာစားပွဲကို လာတက်တာပါ” လို့ပြောခဲ့တယ်။ ဒီလိုပဲ ဘုရှ်ဟာလည်း အီရတ်စစ် ပွဲ နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရချိန်မှာ “ တိုင်းပြည်အတွက် ခင်ဗျားတို့ဆောင်ရွက်ချက်တွေကို ကျေးဇူးတင်ကြောင်းပြောဖို့လာခဲ့တာပါ” လို့ ပြောခဲ့တယ်။
အဲဒီလို ဆိုးရွားနေတဲ့ မီဒီယာဆက်ဆံရေးအခြေအနေက နောက်တစ်ဆင့်ထပ်နိမ့်ကျသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။ ထရမ့်အစိုးရက အိမ်ဖြူတော်မှာ လုပ်တဲ့ ပုံမှန်သတင်းစာ ရှင်း လင်းပွဲတွေကို ရုပ်သံရိုက်ကူးခွင့်ကို ပိတ်ပင်ခဲ့တယ်။ အသံဖမ်းခွင့်ပေးပေမယ့် ရှင်းလင်းပွဲ ပြီးမှ အသံ ဖိုင်ကိုအသုံးပြုခွင့်ပေးတယ်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက “သတင်းထောက်တွေ က ရုပ် သံ မှာ ပါအောင် ပေါက်ကရ မေးခွန်းတွေမေးနေတာကြောင့် ရိုက်ခွင့်မပေး တာ၊ တကယ်လိုအပ်မှ ပေး မယ်”လို့ ပြောခဲ့တယ်။ အရင်အစိုးရတွေကလည်း ရုပ်သံရိုက်ခွင့်၊ အသံဖမ်း ခွင့်မပေးတဲ့ အချိန် တွေ ရှိခဲ့ဖူးတယ်။ဒါပေမယ့်အဲဒါတွေကအလွတ် သဘောမေးတာတွေလုပ်နိုင်ဖို့အတွက် တစ်ခါ တစ်လေ မှ လုပ်တာဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်က ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို တားဆီးရာရောက်တယ်လို့ ဝေဖန်မှုတွေပေါ်ထွက်လာခဲ့တယ်။ တစ်ချို့ကလည်း ထရမ့်အနေနဲ့ သူ့အစိုးရရဲ့ အမြင်တွေကို ပြည် သူတွေ သိအောင်ပြောဖို့အခွင့်အရေးကို ဆုံးရှုံးတယ်လို့ထောက်ပြတယ်။ ထရမ့်အစိုးရဘက် က တော့မေးခွန်းမေးလို့ရတာပဲ။ရုပ်သံမရိုက်ရတာပဲရှိတယ်လို့ချေပတယ်။ဒါပေမယ့်ရုပ်သံ သတင်း ဌာနတွေအတွက်ကတော့ ရိုက်ကူးခွင့်မရတဲ့အတွက် သတင်းတင်ဆက်ရာမှာ အခက်အခဲ ဖြစ်တာ တော့အမှန်ပဲ။
ထရမ့်ကတော့ သူ့အနေနဲ့ လူထုကို ဆိုရှယ်မီဒီယာကနေ တိုက်ရိုက်ဆက်ဆံနေတာပဲ။ လူထု အနေ နဲ့ သတင်းမှားရေးတဲ့ မီဒီယာတွေကို အားကိုးဖို့မလိုဘူးလို့ ပြောတယ်။ ဇွန် ၂၆ ရက်နေ့က အိန္ဒိယ ၀န်ကြီးချုပ် မိုဒီနဲ့အတူတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူနဲ့ ၀န်ကြီးချုပ်မိုဒီတို့ဟာ ဆို ရှယ်မီဒီယာသုံးတဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်းနေရာက ရှိတယ်လို့ပြောခဲ့တယ်။ ( ထရမ့်မှာ တွစ်တာ နောက်လိုက် ၃၂.၈ သန်းရှိပြီး မိုဒီက ၃၁ သန်းရှိတယ်။ )
ဒါပေမယ့် ဆိုရှယ်မီဒီယာဆိုတာက ထရမ့်ပြောချင်တာပဲ လူတွေက ကြားရတာ။ ထရမ့်မပြောချင်လို့ ထိန်ချန်ထားတဲ့အကြောင်းအရာတွေနဲ့၊ လူတွေသိချင်နေတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စုံစမ်းခွင့်၊ မေးခွန်းထုတ်ခွင့်မရှိဘူး။ ဒါ့ကြောင့်ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ပေးနေရုံနဲ့ သတင်းသိ ပိုင်ခွင့်ကို ဖြည့်ဆည်းပေးပြီလို့ပြောလို့မရပါဘူး။
ဒါ့ကြောင့် ဒီလုပ်ရပ်တွေနဲ့ပတ်သက်ရင် ထရမ့်ဘက်က မှားတယ်လို့ ပြောရမှာပဲ။ မီဒီယာတွေ ကို မကြိုက်လို့ရတယ်။ မီဒီယာမှားရင် ဝေဖန်ထောက်ပြလို့ရတယ်။ နောက်ဆုံး ဂုဏ်သိက္ခာကို ထိခိုက် တယ်ထင်ရင် တရားရုံးမှာရင်ဆိုင်ဖြေရှင်းလို့ရတယ်။ ဒါပေမယ့် မီဒီယာရဲ့ အခန်းကဏ္ဍကို အသိ အမှတ်မပြုလို့မရဘူး။
တကယ်တော့ ဒါဟာ အမေရိကန်အစိုးရမှမဟုတ်ဘူး။ ဒီမိုကရေစီအစိုးရလို့ နာမည်ခံထားတဲ့ အစိုး ရတိုင်းမပျက်မကွက်လို်က်နာရမယ့်အချက်ပါပဲ။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်
https://www.facebook.com/timeayeyar/posts/1503039679752948

No comments:

Post a Comment