Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

ဘီးလင်းမြို့နယ်၌ အစာအဆိပ်သင့်၍ အမျိုးသားတစ်ဦးသေဆုံး


မော်လမြိုင် ဇွန် ၎

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာမှာ ဇွန်လ ၃ ရက်နေ့ ယမန်နေ့ ည ၁၁ နာရီတွင် 'စွန်မင်း'တံဆိပ်အရက်နှင့် အမြည်းအဖြစ် ဇရစ်ဖူး၊ လင်းနေဆုံအရွက်(ဒေသခေါ်)နှင့် မန်ကျည်းမှည့်အချဉ်ရည်ဟင်းတို့ကို စားသောက်၍ အစာအဆိပ်သင့်မှုဖြစ်ပွားကာ မူးဝေအော့အန်ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

သေဆုံးသူမှာ ဦးဖားခယ်(၅၅နှစ်)ဖြစ်ပြီး ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာနေ ဦးပန်းရင်(၅၃နှစ်)၏နေအိမ်၌ သေဆုံးခြင်း ဖြစ်သည်။

ဘီးလင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသန့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဦးဖားခယ်၏ ရုပ်အလောင်းထားရှိသော ၄င်းနေထိုင်ရာ ဘီးလင်းမြို့နယ် ကျသောင်းတောကျေးရွာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

 ယင်းသို့စစ်ဆေးခဲ့ရာတွင် ဦးဖားခယ်သည် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပါးစပ်မှ အမြှုပ်ထွက်၍ သေဆုံးနေသည်ကိုတွေ့ရှိရပြီး အလောင်းအားရင်ခွဲစစ်ဆေးရန် ဘီးလင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဖားခယ်သေဆုံးမှုအပေါ် ဘီးလင်းမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်းအမှတ်စဉ် (၇/၂ဝ၁၇) ဖြင့် ဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း The Union Daily သတင်းအရ သိရသည်။

No comments:

Post a Comment