CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 29, 2017
ရေခဲသေတ္တာအား လျှပ်စစ်မီး သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
မြစ်ပြီးနား ၊ ဇွန် ၂၉
မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက် ၊ နယ်မြေ(၁)အမှတ်(၁၉၅)နေအိမ်တွင် ရေခဲသေတ္တာအားလျှပ်စစ်မီးသုံးစွဲရာမှအပူလွန်ကဲပြီး ဇွန် ၂၉ ရက် နံနက်ပိုင်း ၁ နာရီခန့်က မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှ ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို နေအိမ်တစ်လုံးမီးလောင်ကျွမ်းနေကြောင်းသတင်း ရရှိသဖြင့် ဒုတိယပြည်နယ်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးသန်း ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၄ စီးရေသယ်ယာဉ် ၄ စီး မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြစ် ရေဂါလံ ၈၀၀၀ အသုံးပြု၍သွားရောက်မီးငြိမ်သတ်ခဲ့ရာ ၁ နာရီခွဲခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမူကြောင် ဒေါ်ဂျာဆိုင်(၆၂)နှစ်နေအိမ်မီးလောင်မှုကြောင့် ၅၀ × ၂၀ ပေ သွပ်မိုး ထရံကာ မြေစိုက် မီးဖိုဆောင် ၁ လုံး မီးလောင် ခဲ့ရာနှစ်သိန်းခွဲခန့်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
လျှပ်စစ်မီးအားပေါဆစွာသုံးစွဲသူအိမ်ရှင် ဒေါ်ဂျာဆိုင်းအား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မင်းရာဇာ(မြစ်ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေခဲသေတ္တာအား လျှပ်စစ်မီး သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Reviewed by MP4 YoU
on
June 29, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment