Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 1, 2017

အဆက္ေဟာင္းကို ဆုိရွယ္မီဒီယာေပၚမွာ သြားၾကည့္ရတဲ့ အေၾကာင္းရင္း (၅) ခ်က္


အဆက္ေဟာင္းရဲ႕ ေဖ့စ္ဘြတ္ Timeline ကို သြားၾကည့္ဖူးလား။ ဘာေၾကာင့္ သြားၾကည့္ျဖစ္တာလဲ။ လူေတြအဆက္ေဟာင္းေတြရဲ႕ Timeline ကို သြားၾကည့္ရတဲ့အေၾကာင္းအရင္းေလးေတြ ရွိပါတယ္။

၁ - ပ်င္းရုံသက္သက္ပါ

ပ်င္းလို႔ပါ၊ ဒီ့ထက္မပိုပါဘူး။  လုပ္စရာမရွိေတာ့လည္း ကိုယ္နဲ႔ပတ္သက္ဖူးသူေတြ ဘာေတြလုပ္ေနလဲ၊ ဘာေတြျဖစ္ေနလဲ ေလွ်ာက္ၾကည့္တဲ့ သေဘာပါ။  ငယ္ငယ္တုန္းက ေနခဲ့ဖူးတဲ့ ျမိဳ႕ေလးက ျဖတ္သြားရင္း သြားခဲ့ဖူးတဲ့ ေနရာေတြ ဘာေတြေျပာင္းလဲသြားျပီလဲဆိုတာ သိခ်င္တဲ့ ပံုစံမ်ိဳးပါ။ ဘာမွေတာ့ မဟုတ္ပါဘူး။

၂ - မိတ္ေဆြေတြ

ၾကည့္ရုံတင္မကဘူး သူလာၾကည့္သြားတယ္ဆိုတဲ့ အရိပ္အေယာင္ေတြပါ ထားခဲ့တာပါ။ ဥပမာ ပို႔စ္ႏွစ္ခုကိ ဆင့္ျပီး လိုက္ခ္ေပးသြားတာမ်ိဳး ျဖစ္ပါတယ္။ ျငင္သာ သိမ္ေမြ႕တဲ့လမ္းခြဲရွိခဲ့သူေတြ ျဖစ္တတ္ပါတယ္။ ဒီလိုလာၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ "ဘာေတြလုပ္ေနလဲ သိခ်င္လို႔လာၾကည့္သြားတယ္ မိတ္ေဆြအျဖစ္ ရွိေနဆဲပဲ" ဆုိတဲ့ သတင္းစကားပါးတာပါ။ စိတ္မကုန္ေသးလို႔ ဒါမ်ိဳးလာလုပ္တယ္လို႔ ထင္ရင္ မွားပါလိမ့္မယ္။

၃ - တစ္ေယာက္တည္းပဲလား

ရည္ရြယ္ခ်က္တိတိက်က်နဲ႔ လာၾကည့္တာပါ။ အဲဒီ့ရည္ရြယ္ခ်က္ကေတာ့ သင္ တစ္ေယာက္တည္းသမားပဲလားလို႔ သိခ်င္တာ ျဖစ္ပါတယ္။ ရဲရဲဝန္ခံရရင္ေတာ့ သင့္အေပၚ စိတ္ဝင္စားမႈေတြ ျပန္လည္လန္းဆန္းေနတာပါ။ သင္က အၾကည့္ခံရသူမဟုတ္ဘဲ သြားၾကည့္ေနတဲ့သူဆိုရင္ေတာ့ အၾကံတစ္ခု ေပးပါရေစ။ သင္ဒီလို လာၾကည့္ေနတယ္ဆိုတာကို သူ႔ဘက္က သိေအာင္ ေန႔စဥ္မလုပ္ပါနဲ႔။ တစ္လသံုးေလးခါေလာက္ ေပးသိျပီးမွ အေျခအေနၾကည့္ ဆက္လႈပ္ရွားရမွာပါ။ ဆိုရွယ္မီဒီယာေတြေၾကာင့္ ျပန္လည္ေပါင္းထုပ္သြားတဲ့ စံုတြဲေတြ အမ်ားၾကီးပါပဲ။


၄ - ယွဥ္တာ

ဒီလိုလူမ်ိဳးနဲ႔ ကြဲသြားတဲ့အတြက္ သင္ကံေကာင္းပါတယ္။ သူတို႔ဘဝကို သူတို႔ဆီမွာ မတည္ေဆာက္ဘဲ တျခားလူဆီမွာ တည္ေဆာက္ထားသူေတြပါ။ သင္ ဘယ္လိုေကာင္းတာေတြရေနလဲ၊ လက္ရွိသင့္ရည္းစားက သူ႔ထက္သာလား၊ သင့္ရည္မွန္းခ်က္ေတြ ဘယ္အဆင့္ေရာက္ေနျပီလဲ စသျဖင့္ လာအကဲခတ္တာပါ။ အကဲခတ္ရုံတင္မကဘဲ သူတို႔ထက္သာေနလား၊ဘာလား ဆိုတာမ်ိဳးကိုပါ လိုက္ယွဥ္တတ္ပါတယ္။

၅ - ကမ္းလွမ္းေစခ်င္တာ

ဒါကေတာ့ ရွင္းပါတယ္။ စိတ္မကုန္လို႔ သင့္ကို အျမဲလာၾကည့္ေနတာပါ။ ဒါတင္မကေသးပါဘူး။ သူလာၾကည့္သြားေၾကာင္း သင္သိေအာင္ လုပ္ပါတယ္။ ဒါေပမယ့္ သူ႔ဘက္က စိတ္မကုန္ေသးေၾကာင္းေတာ့ ဘယ္ေတာ့မွ ဝန္ခံမွာ မဟုတ္ပါဘူး။ သူဘက္က ဘယ္ေတာ့မွ ျပန္မစပါဘူး။ သင့္ဘက္က စတင္ကမ္းလွမ္းမႈကို လိုခ်င္ေနတာ ျဖစ္ပါတယ္။

Photos : Bustle
Credit: Duwun

#Unicode Version
အဆက်ဟောင်းရဲ့ ဖေ့စ်ဘွတ် Timeline ကို သွားကြည့်ဖူးလား။ ဘာကြောင့် သွားကြည့်ဖြစ်တာလဲ။ လူတွေအဆက်ဟောင်းတွေရဲ့ Timeline ကို သွားကြည့်ရတဲ့အကြောင်းအရင်းလေးတွေ ရှိပါတယ်။

၁ - ပျင်းရုံသက်သက်ပါ

ပျင်းလို့ပါ၊ ဒီ့ထက်မပိုပါဘူး။  လုပ်စရာမရှိတော့လည်း ကိုယ်နဲ့ပတ်သက်ဖူးသူတွေ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ လျှောက်ကြည့်တဲ့ သဘောပါ။  ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ မြို့လေးက ဖြတ်သွားရင်း သွားခဲ့ဖူးတဲ့ နေရာတွေ ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ သိချင်တဲ့ ပုံစံမျိုးပါ။ ဘာမှတော့ မဟုတ်ပါဘူး။



၂ - မိတ်ဆွေတွေ

ကြည့်ရုံတင်မကဘူး သူလာကြည့်သွားတယ်ဆိုတဲ့ အရိပ်အယောင်တွေပါ ထားခဲ့တာပါ။ ဥပမာ ပို့စ်နှစ်ခုကိ ဆင့်ပြီး လိုက်ခ်ပေးသွားတာမျိုး ဖြစ်ပါတယ်။ ငြင်သာ သိမ်မွေ့တဲ့လမ်းခွဲရှိခဲ့သူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလာကြည့်ရတဲ့ ရည်ရွယ်ချက်ကတော့ "ဘာတွေလုပ်နေလဲ သိချင်လို့လာကြည့်သွားတယ် မိတ်ဆွေအဖြစ် ရှိနေဆဲပဲ" ဆိုတဲ့ သတင်းစကားပါးတာပါ။ စိတ်မကုန်သေးလို့ ဒါမျိုးလာလုပ်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။

၃ - တစ်ယောက်တည်းပဲလား

ရည်ရွယ်ချက်တိတိကျကျနဲ့ လာကြည့်တာပါ။ အဲဒီ့ရည်ရွယ်ချက်ကတော့ သင် တစ်ယောက်တည်းသမားပဲလားလို့ သိချင်တာ ဖြစ်ပါတယ်။ ရဲရဲဝန်ခံရရင်တော့ သင့်အပေါ် စိတ်ဝင်စားမှုတွေ ပြန်လည်လန်းဆန်းနေတာပါ။ သင်က အကြည့်ခံရသူမဟုတ်ဘဲ သွားကြည့်နေတဲ့သူဆိုရင်တော့ အကြံတစ်ခု ပေးပါရစေ။ သင်ဒီလို လာကြည့်နေတယ်ဆိုတာကို သူ့ဘက်က သိအောင် နေ့စဉ်မလုပ်ပါနဲ့။ တစ်လသုံးလေးခါလောက် ပေးသိပြီးမှ အခြေအနေကြည့် ဆက်လှုပ်ရှားရမှာပါ။ ဆိုရှယ်မီဒီယာတွေကြောင့် ပြန်လည်ပေါင်းထုပ်သွားတဲ့ စုံတွဲတွေ အများကြီးပါပဲ။




၄ - ယှဉ်တာ

ဒီလိုလူမျိုးနဲ့ ကွဲသွားတဲ့အတွက် သင်ကံကောင်းပါတယ်။ သူတို့ဘဝကို သူတို့ဆီမှာ မတည်ဆောက်ဘဲ တခြားလူဆီမှာ တည်ဆောက်ထားသူတွေပါ။ သင် ဘယ်လိုကောင်းတာတွေရနေလဲ၊ လက်ရှိသင့်ရည်းစားက သူ့ထက်သာလား၊ သင့်ရည်မှန်းချက်တွေ ဘယ်အဆင့်ရောက်နေပြီလဲ စသဖြင့် လာအကဲခတ်တာပါ။ အကဲခတ်ရုံတင်မကဘဲ သူတို့ထက်သာနေလား၊ဘာလား ဆိုတာမျိုးကိုပါ လိုက်ယှဉ်တတ်ပါတယ်။

၅ - ကမ်းလှမ်းစေချင်တာ

ဒါကတော့ ရှင်းပါတယ်။ စိတ်မကုန်လို့ သင့်ကို အမြဲလာကြည့်နေတာပါ။ ဒါတင်မကသေးပါဘူး။ သူလာကြည့်သွားကြောင်း သင်သိအောင် လုပ်ပါတယ်။ ဒါပေမယ့် သူ့ဘက်က စိတ်မကုန်သေးကြောင်းတော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါဘူး။ သူဘက်က ဘယ်တော့မှ ပြန်မစပါဘူး။ သင့်ဘက်က စတင်ကမ်းလှမ်းမှုကို လိုချင်နေတာ ဖြစ်ပါတယ်။

Photos : Bustle
Credit: Duwun

No comments:

Post a Comment