ပတာလင်အကျဉ်းသား (၁၂)
*********************
ပတာလင်မှသည်ပါဂျောင်သို့ (၁)
°°°°°°°°°°°°°°°°°°°°°°°°°
`` အားလုံးထ´´ဆိုတဲ့အသံနဲ့အတူ စစ်ဖိနပ်သံတွေပါအချုပ်ခန်းဆီရွေ့လာနေလို့ ကျနော်ခေါင်းထောင်ကာနးရွက်ကိုအစွမ်းကုန်ဆွင့်ကားကာအကဲခတ်နေမိသည်၊ မျက်စိကအဝတ်ဆနဲ့ပိ
တ်စီးထားတော့ဘာမှမမြင်အသုံးမဝင်၊ ငါတို့ကိုခေါ်ထုတ်သတ်မလို့လား ဟုတွေးပူမိတော့၏ ။
အချူပ်ခန်းတံခါးကိုဆွဲဖွင့်သံ ပြီး ``မျက်လုံးတွေဖွင့်ပြီးငြိမ်ငြိမ်နေ တစ်ယောက်ခြင်းထွက်ခဲ့´´တဲ့အဝတ်ဆကိုဖြူတ်ခွင့်ပေး
တာနဲ့အမြန်ဖြုတ်ပြစ်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တယ် အားပါးဘာတွေဖြစ်နေပါလိမ့် လက်နက်၊ ယူနီဖောင်းအပြ
ည့်အဆုံနဲ့ရဲဘော်တွေ၊ဓာတ်မီးတွေကလည်းအချူပ်ခန်းလေးကို
ထိုးထားကြသေး ၊
အပေါက်နဲ့အနီးဆုံးကအကျဉ်းသား အချူပ်ပေါက်လေးကနေအသာတိုးထွက်သွာတယ် အပြကရဲဘော်က တဘက်ကိုလှ
ည့်ခိုင်းပြီးလက်ပြန်ချီထားတဲ့ကြိုးကိုစစ်နေရဲ့ `ဗုဒ္ဓော´ဟုတမိသ
ည် မတမဖြစ်ကျနော့လက်ကပြေလျော့နေတယ် အမှန်ကချီကိုမ
ထားပါ ကြိုးကွင်းကိုကျယ်ကျယ်လုပ်ပြီးလက်ကိုစွပ်ထားယုံလေး
သာ၊ဒီအျခြအနေမျိုးသာသူတို့တွေ့သွားမိသွားရင်ခေါင်းကိုယ်အိုး
စားကွဲပြီသာ ။
အချူပ်ထဲမှာကျနော်လက်ကြိုးချီပြီးမအိပ်ရတဲ့ရက်တွေရှိသ
ည် ။ဦးသောင်းမြင့်(ဒေါင့်ကြီးရွာ တန့်ဆည်မြို့နယ်)ရဲ့ကောင်းမှု
ဖြစ်သည်၊သူတန်းစီးလုပ်ရတိုင်းကျနော်လက်ကိုကြိုးကွင်းမှဖြုတ်ပြီးအိပ်ခွင့်ရခဲ့ပြီ လက်ပြန်ထားကြိုးတုတ်ပြီးအိပ်စက်ခွင့်သည်ငရဲ
ဘုံသို့အရှင်လတ်လတ်ရောက်နေသူပင်ဖြစ်တော့သည်၊ကျေးဇူး
ကြီးလှပါသည် ။ကျနော့အတွက် ငရဲမှကယ်တင်သူပင် ။
ဦးသောင်းမြင့်အခုလိုမျိုးလုပ်ပေးခြင်းသည်သူ့အသက်နှင့်
ရင်းရသည် အကယ်၍ရဲဘော်တစ်ဦးတစ်ယောက်တွေ့သွားလျင်
ကျနော်နှုပ်မလုံလျင်သူပါအသတ်ခံထိမည်သာ ဒါကိုသူသိသည် သို့သော်သူမမှု ၊သူတန်းစီးလုပ်ခွင့်ရတိုင်းလုပ်ပေးမြဲ ။သူ့စေတနာ
သည်ကြီးမားလှပေသည်။
ပတာလင်မှာတန်းစီးကအငြိမ်မထား ရွေ့နေပြောင်းနေသ
ည်၊ကင်းသမားလုပ်သူက`မနေ့ကတန်းစီ့းကဘယ်သူလဲမင်းလား
ဒါဆိုမင်ဲးကဒီနေ့တန်းစီးကွာ ဒီနည်းနဲ့ပတာလင်မှာတန်းစီးခန့်တာ
ကျနော်တန်းစီဖြစ်ခွင့်ရတယ် အဲ့တော့ဦးသောင်းမြင့်လည်းငရဲက
လွတ်စေပေါ့ သူ့ကြိုးက္မွင်းကိုကျယ်ကျယ်လုပ်ပေးထားလိုက်တယ်
အကျဉ်းသားတွေတစ်ယောက်ပြီးတစ်ယောက်အပြင်ကိုေ
ရာက်ကုန်ပြီ အချူပ်ထဲမှာကျနော်ကကြိုးကိုပြန်ချီ ၍မရသေး၊ဇောချွေးပြန်တယ်ဆိုတာဒီလိုပါလားလို့ကောင်းကောင်းသဘောပေါ
က်မိရပြီ၊ မိုးရာသီနဲ့ဆောင်းရာသီသာရှိတဲ့ဒီနေရာ ငါ့မှာချွေးပြန်နေ
ရပြီ ဘယ်တစ်ယောက်မှချီခိုင်း၍မဖြစ်နိုင်ဓာတ်မီးတွေထိုးထားပြီး
မျက်တောင်မခတ်ဆောင့်ကြည့်နေကြသည် ၊ကိုင်းမထူးတော့ပါ
ကံစီမံတာပဲခံရုံပဲဟုဆုံးဖြတ်ကာ လာမဲ့ဘေးပြေးတွေ့ရန်လုပ်ရပေတော့မည် ။
လက်ကိုတစ်ပတ်လှည့်လိုက်ကာကြိုးကိုလိမ်လိုက်တော့
ကြိုးကလိမ်ပြီးဆစ်သွားသည် သိပ်အချောင်ကြီးမနေတော့ အဲ့ဒီ
အနေအထားတိုင်း အချုပ်အပေါက်မှတိုးထွက်လိုက်သည် အပြင်ကိုရောက်လျင်ရောက်ခြင်း ကြိုးချောင်နေသည်ပြန်ချီပေးပါဟုဆို
ကာခန္ဓာကိုယ်ကိုလှည့်ပေးလိုက်သည် သူကကြိုးကိုအသေအချာ
မကြည့်ပဲ့ပြန်ချီပေးပါသည် သို့သော်ကျနော့ရှေ့မှရဲဘော်က မင်း
ကဘာကြံစီနေတာလဲဟုဆိုကာ ကျနော့နှစ်ဖူးကိုသေနတ်ဒင်နဲ့ထု
တာကိုခံလိုက်သည်၊နှစ်ဖူးကွဲသွားပြီးသွေးတွေစီးကျလာသည် ဒါ
ပေမဲ့သွေးကိုမသုတ်နိုင် စီးပလေ့စေပေါ့  ဥပက္ခာပြုလိုက်တယ် အဲငါ့ကိုဘယ်ကောင်တွယ်ပါလိမ့်သိရအောင်မော့ကြည့်တော့`ဒင်း´ကိုးဟုစိတ်ထဲမှာထားလိုက်ရ၏သူက``ဘာလဲမင်းကမကျေ နပ်
ဘူးလားဟေ့ကောင်´´တဲ့ ၊``ကျေနပ်ပါတယ်ဗျာဟု´´ပဲပေါ့  စိတ်ထဲမှာတော့သူ့သောက်ခွက်ကိုအသားကုန်ကြုံးထိုးပစ်လိုက်တယ်
သေဟ ။
ကျနော့ကိုသေနတ်ဒင်နဲ့ဆော်တဲ့ကောင်ကဘာလို့လဲမသိ
သူကျနော့အပေါ်အမုန်းထားနေပုံပဲပြဿ နာတစ်စုံတစ်ရာလည်း
မဖြစ်ခဲ့ဖူးပါလျက်ကယ်နဲ့ သူ့နာမည်က သိန်လွင် တပ်စိပ်မှူးးတစ်
ယောက်တစ်ရစ်လားနှစ်ရစ်လားမသိစစ်ကြေးလုပ်တုန်းကလည်း
ကင်းသမားလုံခြုံရေးတာဝန်ပဲ အောင်စိုးမြင့်ဦးဆောင်တဲ့စစ်ကြော
ရေးအဖွဲ့ကသံမီးပူနဲ့ကပ်သူကကပ် ရင်ပေါင်ကြမ်းမီးရှီု့အဆက်ချ
သူကချ ဒုတ်နဲ့ရိုက်သူကရိုက် နဲ့ လုပ်နေကြတဲ့ထဲကသူကမရွံမ
ရှာ(ကတော့ပါ့ မရိုသေ့စကား)ကျနော့ငယ်ပါကအမွှေးကိုဓားနဲ့ထ
ဖြတ်ပြီး ကျနော့ပါးစပ်ထဲထိုးထည့်တာခံလိုက်ရသေးတယ် အဲ့ဒီ
လုပ်ရပ်ကိုကြည်ပါ အဲ့ဒီကောင်လူယုတ်မာပဲ ယုတ်မာစိတ်နဲ့ထ
လုပ်တာမို့ပါ၊ ဘာပဲဖြစ်ဖြစ်ပါသေဒဏ်ထိုက်တဲ့အလုပ်ကိုနှစ်ဖူးကွဲ
သွေးထွက်သာလောက်နဲ့ပြီးသွားတာကံကောင်းပေလို့ပ ။
အကျဉ်းသားတွေအားလုံအချူပ်ခန်းအပြင်မှာကြိုးတွေစစ်ဆေးပြီးတန်းစီရပ်ခိုင်းထားတယ်ပြီးဘဂျမ်းက``မင်းတို့ကို ထောင်ပြောင်းထားမယ် ဗဟိုပါဂျောင်ထောင်ကိုပို့မယ် လမ်းမှာကောင်းကောင်းလိုက်ပါ ယုတ်ယုတ် ယုတ်ယုတ် လုပ်ရင်လမ်းမှာတခါ
တည်းသတ်ထားခဲ့မှာ ကြားကြလား´´တဲ့ ``ကြားပါတယ်´´ပေါ့ 
``မင်းတို့ထဲကလမ်းမလျောက်နိုင်သူရှိလား ရှိရင်ထွက်ခဲ့ အပြင်ထွက်ရပ်နေ´´တဲ့ဆရာဝင်းနောင်က``ကျနော်မလျေက်နိုင်ဘူးဗျ´´
ဟုဆိုကာရှေ့ထွက်ရပ်နေလိုက်တယ်``သောင်းမြင့်မင်းရောလမ်း
လျောက်နိုင်လား မလိုက်နိုင်ရင်ထွက်နေ တရုတ်ပြည်ဘက်ကနေ
ပို့ပေးမယ်´ဆိုတော့ဦးသောင်းမြင့်က`လျောက်နိုင်ပါတယ်ခင်မျာ´
လို့ပြန်ဖြေလိုက်တော``ကောင်းပြီလမ်းမှမလျောက်နိုင်ဘူးပြောလို့
မရဘူးနော် တခါတည်းသတ်ပစ်ခဲ့မှာ´´တဲ့စတဲ့စကားတွေပြောပြီး
်``ဒီကောင်တွေကို(၅)ယောက်ကိုတစ်တွဲတွဲလိုက်´´လို့အမိန့်ပေး
ပြန်တယ်ရဲဘော်တွေကတွဲချီပေးကြတယ်လမ်းမှာထွက်မပြေးနိင်
အောင်ပေါ့ ။ဆရာဝင်းနောင်ကလည်းကျနော်တို့အားလုံးကိုလိုက်
ပြီးနှုတ်ဆက်တယ်၊ပါဂျောင်မှာပြန်ဆုံကြမယ်ပေါ့ တကယ်တော့
အဲ့ဒီနေ့ဟာသူနဲ့ကျနော်တို့နဲ့ထာဝရနှုပ်ဆက်ခြင်းထာဝရခွဲခွာခြင်း
ဆိုတာမသိကြပါ ။
ဆရာဝင်းနောင်ခမျာ သိုင်းပြောင်းပြန်ဆရာ ဆိုတဲ့ပြစ်ချက်
ျကမျက်မုန်းကြိုးစရာဖြစ်သွားပြီး ကီထိုင်ခိုင်းက ဒုတ်နဲ့ဝိုင်းသမကြ
လို့ ဒူးခေါင်းမှာ ကြေသွားပြီးအနာကြီးဖြစ်သွားရှာရဲ့ သူ့အနာထဲ
ကိုပတ်တီးလိပ်တွေထည့်တာ(၃)လိပ်လောက်ထည့်ရတယ်လမ်းမလျှောက်နိုင်တော့ဘူးဒုတ်လေးတစ်ချောင်းနဲ့သွားလာနေရတာ
မြင်ရသူရင်နာစရာပါ ၊။
ဆရာဝင်းနောင်ကိုဘဂျမ်းကိုတိုင်ဓားနဲ့လယ်ပင်းကိုခုပ်ဖြတ်
တာ ဓားကမကောင်းတော့မသေမရှင်ဖြစ်နေတာ ဒီအခါမှာ သူနဲ့
အတူသင်တန်းဆရာအဖြစ်အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့
ဆရာပေါက်ကွေးကပဲ သေနတ်နဲ့လက်ဆသတ်လိုက်ရဆိုပဲ ၊သူ့
အလောင်းကိုမြေမမြှုပ်ပဲပစ်ထားခဲ့ကြတယ် ခွေးသေကြွက်သေ သေရစ်ပေါ့ ၊တရာကျစရာကောင်းလှတယ် အမိတိုင်းပြည်ကြီးစစ်
ဖိနပ်အောက်ကလွတ်မြောက်ဖို့ လက်နက်အားကိုးအနိုင်ကျင့်တာ
ကိုတွန်ပစ်ဖို့ရောက်လာတဲ့ကျောင်းသားလူငယ်လေးတွေ လက်နက်အားကိုး အာဏာရူးကောင်တွေရဲ့လက်ချက်နဲ့ပဲ ကျဆုံးရရှာလေပြီပေါ့ ။
ဒီနေရာမှာ ၂၀၁၃ ခုနှစ်က ရန်ကုန်မှာ ``92 ပါဂျောင် ´´
ဖေဖော်ဝါရီ ၁၂ ရက်နေ့ မှာလုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ကို
ထွန်းအောင်ကျော်နှင့်ရဲဘော်များနဲ့ညှင်းပန်းနှိပ်စက်ရင်းသေဆုံးသွားတဲ့ရဲဗဘ်ာများအတွက် အောင်းမေ့ဂုဏ်ပြု ပွဲလုပ်ကြတုန်းက
ကျနော်လည်းရန်ကုန်ကိုဆင်းပြီး ကိုရဲလင်း ကိုဘိုဘို (ကိုဇော်မိုး)
စတဲ့ရဲဘော်တွေနဲ့အတူဝိုင်းဝန်းလုပ်ကိုင်ရင်း ကိုအောင်စောဦးနဲ့
ချိပ်ဆက်ပြီးဆရာဝင်းနောင်ရဲ့မိခင်ကြီးကိုတွေ့ခွင့်ရခဲပါတယ် ၊အဲ့မှာအမေ(ဆရာဝင်းနောင်ရဲ့မိခင်)ပြောပြတာလေးတွေနားက
မထွက်ဘူး မိခင်ကြီးပြောပြတာက``သားတို့ရယ် အမေတို့မိသားစုသားကြီးနဲ့အတူနေခဲ့တဲ့နေ ရာက ရွှေဂုံတိုင်ဘက်မှာကွဲ့ စစ်အစိုးရကစီမံကိန်းအဆောက်အအုံတွေဆောက်တော့ အမေတို့
အိမ်နေရာလေးပါသွားတယ် မြေစားအဖြစ် အခုအမေတို့နေတဲ့
အကွက်းလေးရတာလေ၊ အဲ့တုန်းကသမီးတွေကရွှေပြည်သာကို
ရွှေ့သွာကြတယ် ၊အမေကတော့သားကြီးပြန်လာရင်မတွေ့မှာစိုး
လို့ရွှေဂံတိုင်ဘက်မှာအမေတို့အိမ်နေရာအနီးမှာဆိုင်ခန်းလေးဆောက်ပြီးသားကြီးပြန်အလာကိုစောင့်နေခဲ့သေးတယ်ကွယ်ဒါ
ပေမဲ့တစ်နှစ်လာနိုးတစ်နှစ်လာနိုးနဲ့ပေါ်မလာပါဘူးကွယ်တနေ့မှာ
သားကြီးသေသွားပီဆိုတဲ့သတင်းကြားရတယ်မယုံကြည်ပါဘူးငါ့
သားရှိတယ်ပေါ့ တနေ့ပြန်လာမှာပေါ့ ဆိုပြီးနေလာတာ အခုသား
တို့ရောက်လာတာပါပဲ´´တဲ့၊အမေနဲ့စကားပြောရင်းအမေ့ကျန်းမာရေးအခြေအနေတွေမေးကြည့်ကြတယ် ဆရာဝင်းနောင်အသတ်ခံရတဲ့အကြောင်းပြောသင့်မပြောသင့် ချိန်ဆရအောင်ပါ အမေ့မှာ
သွေးတိုးရော ဆီးချိုရော နှစ်လုံးရောဂါရောရှိနေတာသိရလို့ ဆရာ
ဝင်းနောင်ရဲ့ဖြစ်ရပ်အမှန်ကိုမပြောကြဘို့ဆုံးဖြတ်လိုက်ကြပါတ
ယ် ကျန်းမာရေးကြောင့်သေဆုံးသွားကြောင်းကောင်းမွန်စွာဆေင်
ရွက်ပေကြပါကြောင်းပြောပြီး ဆရာဝင်းနောင်ရဲ့ညီမလေးတွေကိုတော့အဖြစ်အပျက်အမှန်ကိုပြောခဲ့ပါတယ် ၁၂ ရက်ပွဲကိုတက်ဖို့လည်းဖိတ်ကြားခဲ့ပါတယ် ။
အမေ့(ဆရာဝင်းနောင်မိခင်)ဆီကအပြန်နှာခေါင်းကျင်ပါ
ဘိ မအေကသားမျှော်တာတောင်ဖြစ်သလိုဆိုင်ခန်းလေးနဲ့ဖြစ်သ
လိုဈေးရောင်းချစားပြီးမျှော်နေချိန်မှာ သားဖြစ်သူရဲ့တိုင်းပြည်အပေါ်ထားတဲ့ချစ်မြတ်နိုးစိတ်နဲ့ပြည်သူကိုစစ်ဖိနပ်အောက်ကလွတ်မြောက်စေလိုစိတ်ကြောင့် လက်နက်ကိုင်တော်လှန်သွားတာပဲဆို
တဲ့စိတ်နဲ့သားအတွက်ဂုဏ်ယူနေတဲ့အချိန် သားခမျာမှာတော့သူ
ချစ်တဲ့ABSDF NB မှာသူရွံမုန်းတဲ့ သူတော်လှန်နေတဲ့စစ်အာ
ဏာရှင်ရဲ့စစ်ထောက်လှမ်းရေးသူလျိုအဖြစ်မတရားစွပ်စွဲပြီးညှင်း
ပန်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရရှာရဲ့ ။
မှတ်ချက် ။ ။စာကိုရှည်ရှည်ရိုက်ရန်အခက်အခဲရှိနေတာကြောင့် ဤမျှလောက်နဲ့ပဲသိခံပေးကြပါရန်မေတ္တာရပ်ခံပါသည်
ဆက်ရိုက်ရင်းပျက်သွားတာကလည်းအခါခါ ပရဟိတအတွက်
ဟိုသွားဒီသွားကလည်းရှိဆိုတော့ နားလည်ကြမည်ဟုထင်ပါ၏
°°°°°°°
ဆက်လက်ဖော်ပြပါမည်
OK AB
၁၁ ၅ ၂၀၁၇
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 11, 2017
ပတာလင်အကျဉ်းသား (၁၂)ပတာလင်မှသည်ပါဂျောင်သို့ (၁)
Reviewed by MP4 YoU
on
May 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment