ကျနော်တို့ဒေသမှာ ကြံခင်းသို့မဟုတ် မြက်ရိုင်း ကိုင်းတောတွေကို မီးရှို့တဲ့အခါ...
မြွေတွေက(များသောအားဖြင့် မြွေပွေး) မီးလွတ်ရာကို ထွက်မသွားဘဲ ကြွက်တွင်းဟောင်းနဲ့ အခြား ခိုလို့ရမယ့် တွင်းတွေထဲ မီးအပူရှိန်လွတ်အောင် ခိုအောင်းနေကြတယ်၊
မီးသေပြီး မြေပြင်အေးသွားတဲ့အခါ ညဘက်မှာ အပူဒါဏ်ပြေအောင် တွင်းထဲကထွက်ပြီး လေညင်းခံနေတတ်ကြတယ်၊ခွေမနေဘူး၊ဆန့်ဆန့်ကြီးတွေနေတာများတယ်၊ဆာလောင်ပေမယ့် နေ့လည်ကမီးအပူရှိန်ခံလိုက်ရလို့ အစာမရှာနှိုင်သေးဘူး၊
အဲဒီတစ်ညနေပြီးလို့ နောက်တစ်နေ့မှာတော့ သူတို့တွေ ဆာလောင်လျှက်၊ဒေါသထွက်လျှက်နဲ့ စားကျက်ဟောင်းကိုစွန့်ပြီး အနီးအနားက ခိုအောင်းလို့ကောင်းမယ့် စားကျက်သစ်ကို ပြောင်းရွှေ့သွားကြတယ်၊
မီးရှို့ထားတဲ့မြေရဲ့အနီးအနားက နေရာတွေကို သွားတဲ့အခါ သတိထားနှိုင်ပါစေ...
No comments:
Post a Comment