ရေနက်ဆိပ်ကမ်းစီမံကိန်းများ
၁။စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း
၂။ကုလားတန်စီမံကိန်း
၃။ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း
လမ်းပန်းဆက်သွယ်ရေးစီမံကိန်းများ
၁။ကျောက်ဖြူ- ကူမင်း ကားလမ်း၊ ရထားလမ်းစီမံကိန်း
ရေအားလျပ်စစ်နှင့်စွမ်းအင်စီမံကိန်း
၁။လေးမြို့ချောင်း ရေအားလျပ်စစ်စီမံကိန်း
၂။သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း
၃။မဟာဓါတ်အားလိုင်း သွယ်တန်းခြင်းစီမံကိန်း
တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးစီမံကိန်း
၁။ဆက်သွယ်ရေးကေဘယ်မြေအောက်ကြိုး
သွယ်တန်းခြင်းစီမံကိန်း
၂။တာဝါတိုင်တည်ဆောက်ရေး စီမံကိန်း
သတ္တုထုတ်ယူရေးစီမံကိန်း
၁။ရသေတောင် ကမ်းခြေ တိုက်တေနီယံသဲ
ထုတ်ယူခြင်းစီမံကိန်း
၂။နေပူတောင်မာဘယ် အလှဆင်ကျောက်
ထုတ်ယူရေးစီမံကိန်း
ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖေါ်ရေး စီမံကိန်း
၁။ကျောက်ဖြူ သဘာဝဓါတ်ငွေ့ ထုတ်ယူခြင်း
၂။သဘာဝဓါတ်ငွေ့ပိတ်လိုင်း သွယ်တန်းခြင်း စီမံကိန်း
၃။သံတွဲကမ်းလွန် ရေနံရှာဖွေရေး စီမံကိန်း
ဟော်တယ်ဇုန်စီမံကိန်း
၁။မာန်အောင် ဟော်တယ်ဇုန်စီမံကိန်း
၂။ငပလီ ဟော်တယ်ဇုန် စီမံကိန်း
၃။ ကျိန္တလီ ဟော်တယ်ဇုန်စီမံကိန်း
စက်မှုဇုန်စီမံကိန်း
၁။ ကုလားတန် စစ်တွေစက်မှုဇုန် စီမံကိန်း
၂။ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း
၃။ကျောက်ဖြူစက်မှူဇုန်စီမံကိန်း
မိမိလေ့လာမိသလောက် စါရင်းချ ကြည်ခြင်းဖြစ်ပါသည်။
အခြားစီမံကိန်းများလည်း ရှိနေမည်ဖြစ်ပါသည်။။
သိရှိပါက
ဖြည့်စွက်ပေးစေချင်ပါသည်။။
ကျန်ရှိနေသောစီမံကိန်းများ
၁။မြောက်ဦးဟော်တယ်ဇုန် စီမံကိန်း
အကောင် အထည် ဖေါ်မဖေါ် မသိနိုင်သေးသော စီမံကိန်း
၁။ ရခိုင် တောင်မြောက် မီးရထားလမ်း စီမံကိန်း
၂။စိုင်းတင် ရေအားလျပ်စစ်စီမံကိန်း
ရခိုင်ပြည်နယ်သည် သယံဇာတအရရော၊
စီပွားရေးစီမံကိန်း အပါအဝင် မဟာဗျူဟာပိုင်းအရပါ ကျိန်စာသင့်
နိုင်ခြေရှိနေပြီး အနေအထားတွင် ရှိနေပါသည်။။
EIA,SIA,SWIA ကိစ္စရပ်များမှာလည်း
ရခိုင်ဒေသ အတွက် အလှမ်းဝေးနေဆဲ။။
CSR,PSC စာချုပ်စာတမ်းများ၊
အကျိုးစီပွားခွဲဝေရေး စာချုပ်များ၊
စာချုပ်ချုပ် ဆိုခရငွေများ၊ သဘောတူညီကြေးများ၊ အပြန်အလှန် ဂတိဂဝတ်များ၊ ကုမ္ပဏီ ဘက်မှ တာဝန်ယူ
တာဝန်ခံရမည် သဘောတူညီချက်များ၊
လူထု၏ ရပိုင်ခွင့် ၊ ခံစားပိုင်ခွင့်များ မှာ သတင်းအမှောင်ချနွံ့ထဲတွင် နစ်နေဆဲ။။
စီပွားရေးဆိုင်ရာ ရပိုင်ခွင့် အပေါ် အသိအားနည်းနေမှုအား လမ်းပြနိုင်မည့်
အင်စတီကျူရှင်းကလည်းမရှိ။။
ကြိုတင်အသိပေး ညှိ့နှိုင်း သဘောတူမှုဆိုတာကလညိး ဝေးနေဆဲ။။
မြေပါသွားသည်။ သိမ်းခံလိုက်ရသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းဖြစ်သွားသော
ဘိုးဘပိုင်မြေများ၊ ဓါးမဦးချမြေများ၊ စားကျက်မြေများ၊ ..............။။
နေရင်းထိုင်ရင်း ကျူးကျော်သူဖြစ်၊
ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊
နယ်မြေမှ ထွက်ခွာစေလိုမှု စသည်ပုဒ်မများက စောင့်နေ
ကြိုနေဆဲ။။
မတန်တဆ ဈေးနှိမ် ဈေးကစားခံနေရမှု၊
မရောင်းချင်ဘဲရောင်းလိုက်ရသည့် မြေယာများ။။
သီးနှံလုံခြုံမှု၊ မြေယာလုံခြုံမှုကလည်း
ဘာဆိုဘာမှ အာမမခံနိုင်။။
ငါးဖမ်းစရာ မရှိ။။ လုပ်စားစရာမရှိ။။
ယီးတီးယားတားလုပ်ရင် ရင်ဆိုင်လာရမည့်
စွဲချက်များ။။ ရခိုင်ဒေသတွင်
ကြီးမားသော စီမံကိန်းအခွင့်အလမ်းများ
ရှိပါ၏။။ သွားရည်တမြားမြားနဲ့ အသာငမ်းစရာ လုပ်ကွက်များရှိပါ၏။။
ရခိုင်ဒေသခံများကတော့
နိုင်ငံခြားတွင် တရားမဝင် အောက်ခြေသိမ်းအလုပ်များကိုယ်စီနှင့်။။
ရန်ကုန်၊ ဖားကန့် စသောနေရာများတွင်
ရခိုင်များအလုပ်ကိုစီနှင့်။။ အသွင်စုံဒိုင်ရာပိုစတာဘဝနှင့်
ပြည်တွင်းဖြစ် ဒိုင်ရာပိုစတာအဖြစ်
ခပ်တည်တည် ပျံနှံနေရဆဲ။။
အခွင့်အရေးအား လူထုနည်းဖြင့် တောင်းယူမည်ကြံယုံရှိသေး
အနောက်တံခါး ပြသာနာက တုတ်နှောင်ထားခံရပြန်။။
မလူးသာမလွန့်သာ နောင်ကျိန်ပိတ် သံပြာဟစ်ရင်လည်း ဒေါသကြီးသူ၊ ရိုင်းကြသူတွေဟု ယဉ်ကျေးယေင်ဆောင်သူတွေက ဝေဖန်ကြပြန်။။
လခြမ်းမြေ...........။။
ဘယ်အချိန်မှာ..........
ကျိန်စာတွေကလွတ်မည်လည်း.........
မသိနိုင်။။
ဘယ်သူဖြေနိုင်ပ။ဤမေးခွန်း.....။
ကို ရွှေ ကို ဝင်း
https://www.facebook.com/permalink.php?story_fbid=280048312443775&id=100013158252750
No comments:
Post a Comment