Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 5, 2017

သံသရာ လည္ေၾကာင္းႏွင့္ သံသရာ ၿပတ္ေၾကာင္း

သံသရာ လည္ေၾကာင္းမွာ
********************
၁။ စကၡဳဓါတ္ ကိုလည္းေကာင္း၊
ရူပဓါတ္ ကိုလည္းေကာင္း၊ စြဲ၍ စကၡဳ၀ိညာဏဓါတ္ ျဖစ္ပါသည္။

သံုးပါးေသာ ဓါတ္တို႔၏ ေပါင္းဆံုျခင္းေၾကာင့္ဖႆ            ၿဖစ္ပါသည္။
ဖႆ           ဟူေသာ အေၾကာင္းေၾကာင့္ ေ၀ဒနာ ျဖစ္ပါသည္။

ေ၀ဒနာ ဟူေသာ အေၾကာင္းေၾကာင့္ တဏွာ ျဖစ္ပါသည္။
တဏွာ ဟူေသာ အေၾကာင္းေၾကာင့္ ဥပါဒါန္ ျဖစ္ပါသည္။

ဥပါဒါန္ ဟူေသာ အေၾကာင္းေၾကာင့္ ဘ၀ ၿဖစ္ပါသည္။
ဘ၀ ဟူေသာ အေၾကာင္းေၾကာင့္ ဇာတိျဖစ္ပါသည္။

ဇာတိ ဟူေသာ အေၾကာင္းေၾကာင့္ ဇရာ မရဏျဖစ္ပါသည္။
စိုးရိမ္ျခင္း၊ ငိုေၾကြးျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊
ျပင္းစြာ ပင္ပန္းျခင္း၊ တို႔လဲျဖစ္ၾကရပါသည္။

ဤသို႔ေသာ အေၾကာင္း အဆက္ဆက္ျဖင့္ ခ်မ္းသာ စသည္ တို႔ႏွင့္ မေရာမယွက္၊ သက္သက္ေသာ ဤ   ဆင္းရဲ အစုႀကီး ၏ ျဖစ္ျခင္း သည္ ထင္ရွားလွပါသည္။
(စဥ္းစားဆင္ျခင္ပါက ထင္ရွားလွပါသည္။)

၂။ ေသာတဓါတ္ ကိုလည္းေကာင္း၊
သဒၵ ဓါတ္ ကိုလည္းေကာင္း၊ စြဲ၍ ေသာတ၀ိညာဏ ဓါတ္ျဖစ္ပါသည္။
(ၾကြင္းဆက္ၿပီး ဆိုႏိုင္ေလာက္ၿပီ။)

၃။ ဃာနဓါတ္ ကိုလည္းေကာင္း၊
ဂႏၶဓါတ္ ကိုလည္းေကာင္း စြဲ၍ ဃာန ၀ိညာဏဓါတ္ ျဖစ္ပါသည္။

၄။ ဇိ၀ွာဓါတ္ ကိုလည္းေကာင္း၊
ရသဓါတ္ ကိုလည္းေကာင္း စြဲ၍ ဇိ၀ွာ၀ိညာဏဓါတ္ ၿဖစ္ပါသည္။

၅။ ကာယဓါတ္ ကိုလည္းေကာင္း
ေဖာဌဗၺဓါတ္ ကိုလည္းေကာင္း၊ စြဲ၍ ကာယ၀ိညာဏ ဓါတ္ျဖစ္ပါသည္။

၆။ မေနာဓါတ္ ကိုလည္းေကာင္း၊
ဓမၼဓါတ္ ကိုလည္းေကာင္း၊ စြဲ၍ မေနာ၀ိညာဏ ဓါတ္ျဖစ္ပါသည္။

သံသရာ ၿပတ္ေၾကာင္းမွာ
*********************
စကၡဳ  ဓါတ္ ကို လည္းေကာင္း၊
ရူပဓါတ္ ကို လည္းေကာင္း၊
စြဲ၍ စကၡဳ၀ိညာဏ ဓါတ္ ျဖစ္ပါသည္။

သံုးပါးေသာ ဓါတ္ တို႔၏ ေပါင္းဆံုျခင္းေၾကာင့္ ဖႆ          ၿဖစ္ပါသည္။
ဖႆ           ဟူေသာ အေၾကာင္းေၾကာင့္ ေ၀ဒနာ ျဖစ္ပါသည္။

ေ၀ဒနာ ဟူေသာ အေၾကာင္းေၾကာင့္ တဏွာ ျဖစ္ပါသည္။
ထို တဏွာ ၏ သာလွ်င္ အၾကြင္းမဲ့ တပ္မက္ၿခင္း မရွိ
ခ်ဳပ္ျခင္းေၾကာင့္ (၀ါ) မျဖစ္ေသာ အားျဖင့္
ခ်ဳပ္ျခင္းေၾကာင့္ ဥပါဒါန္ ခ်ဳပ္ရပါသည္။

ဥပါဒါန္ ခ်ဳပ္ျခင္းေၾကာင့္ ဘ၀ ခ်ဳပ္ပါသည္။
ဘ၀ ခ်ဳပ္ျခင္းေၾကာင့္ ဇာတိ ခ်ဳပ္ပါသည္။

ဇာတိ ခ်ဳပ္ျခင္းေၾကာင့္ ဇရာ မရဏ ခ်ဳပ္ပါသည္။
စိုးရိမ္ျခင္း၊ ငိုေၾကြးျခင္း၊ ကိုယ္ ဆင္းရဲျခင္း၊ စိတ္ ဆင္းရဲျခင္း၊ ျပင္းစြာ ပင္ပန္း ၿခင္း ၊တို႔လဲ ခ်ဳပ္ပါသည္။

ဤသို႔ေသာ အေၾကာင္း အဆက္ဆက္ ခ်ဳပ္ျခင္းေၾကာင့္
ခ်မ္းသာ စသည္ တို႔ႏွင့္ မေရာမယွက္ သက္သက္ေသာ
ဆင္းရဲ အစုႀကီး ခ်ဳပ္ျခင္းသည္ (၀ါ) သံသရာ၀တ္ ဆင္းရဲႀကီး ကင္းျပတ္ျခင္း သည္ ထင္ရွားလွပါသည္။


{၁၉၉၁-ခုႏွစ္မိုးကုတ္၀ိပသနာ၊ ဇနိတာရာမ ေက်ာင္းတိုက္ ဦးဇနိတာ လကၤာရ  ၏ ပဋိစၥသမုပၸါဒ္  စက္၀ိုင္း ေဒသနာ မွ ေကာက္ႏုတ္ေရးသား ပူေဇာ္ပါသည္။}
 Credit: Thein Wai.

#Unicode Version
သံသရာ လည်ကြောင်းမှာ
********************
၁။ စက္ခုဓါတ် ကိုလည်းကောင်း၊
ရူပဓါတ် ကိုလည်းကောင်း၊ စွဲ၍ စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။

သုံးပါးသော ဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့်ဖဿ            ဖြစ်ပါသည်။
ဖဿ           ဟူသော အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။

ဝေဒနာ ဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ပါသည်။
တဏှာ ဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်ပါသည်။

ဥပါဒါန် ဟူသော အကြောင်းကြောင့် ဘ၀ ဖြစ်ပါသည်။
ဘ၀ ဟူသော အကြောင်းကြောင့် ဇာတိဖြစ်ပါသည်။

ဇာတိ ဟူသော အကြောင်းကြောင့် ဇရာ မရဏဖြစ်ပါသည်။
စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
ပြင်းစွာ ပင်ပန်းခြင်း၊ တို့လဲဖြစ်ကြရပါသည်။

ဤသို့သော အကြောင်း အဆက်ဆက်ဖြင့် ချမ်းသာ စသည် တို့နှင့် မရောမယှက်၊ သက်သက်သော ဤ   ဆင်းရဲ အစုကြီး ၏ ဖြစ်ခြင်း သည် ထင်ရှားလှပါသည်။
(စဉ်းစားဆင်ခြင်ပါက ထင်ရှားလှပါသည်။)

၂။ သောတဓါတ် ကိုလည်းကောင်း၊
သဒ္ဒ ဓါတ် ကိုလည်းကောင်း၊ စွဲ၍ သောတဝိညာဏ ဓါတ်ဖြစ်ပါသည်။
(ကြွင်းဆက်ပြီး ဆိုနိုင်လောက်ပြီ။)

၃။ ဃာနဓါတ် ကိုလည်းကောင်း၊
ဂန္ဓဓါတ် ကိုလည်းကောင်း စွဲ၍ ဃာန ဝိညာဏဓါတ် ဖြစ်ပါသည်။

၄။ ဇိဝှာဓါတ် ကိုလည်းကောင်း၊
ရသဓါတ် ကိုလည်းကောင်း စွဲ၍ ဇိဝှာဝိညာဏဓါတ် ဖြစ်ပါသည်။

၅။ ကာယဓါတ် ကိုလည်းကောင်း
ဖောဌဗ္ဗဓါတ် ကိုလည်းကောင်း၊ စွဲ၍ ကာယဝိညာဏ ဓါတ်ဖြစ်ပါသည်။

၆။ မနောဓါတ် ကိုလည်းကောင်း၊
ဓမ္မဓါတ် ကိုလည်းကောင်း၊ စွဲ၍ မနောဝိညာဏ ဓါတ်ဖြစ်ပါသည်။

သံသရာ ပြတ်ကြောင်းမှာ
*********************
စက္ခု  ဓါတ် ကို လည်းကောင်း၊
ရူပဓါတ် ကို လည်းကောင်း၊
စွဲ၍ စက္ခုဝိညာဏ ဓါတ် ဖြစ်ပါသည်။

သုံးပါးသော ဓါတ် တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ          ဖြစ်ပါသည်။
ဖဿ           ဟူသော အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။

ဝေဒနာ ဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ပါသည်။
ထို တဏှာ ၏ သာလျှင် အကြွင်းမဲ့ တပ်မက်ခြင်း မရှိ
ချုပ်ခြင်းကြောင့် (ဝါ) မဖြစ်သော အားဖြင့်
ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်ရပါသည်။

ဥပါဒါန် ချုပ်ခြင်းကြောင့် ဘ၀ ချုပ်ပါသည်။
ဘ၀ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်ပါသည်။

ဇာတိ ချုပ်ခြင်းကြောင့် ဇရာ မရဏ ချုပ်ပါသည်။
စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ် ဆင်းရဲခြင်း၊ စိတ် ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်း ခြင်း ၊တို့လဲ ချုပ်ပါသည်။

ဤသို့သော အကြောင်း အဆက်ဆက် ချုပ်ခြင်းကြောင့်
ချမ်းသာ စသည် တို့နှင့် မရောမယှက် သက်သက်သော
ဆင်းရဲ အစုကြီး ချုပ်ခြင်းသည် (ဝါ) သံသရာဝတ် ဆင်းရဲကြီး ကင်းပြတ်ခြင်း သည် ထင်ရှားလှပါသည်။


{၁၉၉၁-ခုနှစ်မိုးကုတ်ဝိပသနာ၊ ဇနိတာရာမ ကျောင်းတိုက် ဦးဇနိတာ လင်္ကာရ  ၏ ပဋိစ္စသမုပ္ပါဒ်  စက်ဝိုင်း ဒေသနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}

 Credit: Thein Wai.

No comments:

Post a Comment