ဒုက္ခရောက်နေတဲ့ မိန်းကလေးငယ်များကို ကူညီစောင့်ရှောက်ရင်း Single Mother အစီအစဉ်ကို
အကောင်းဆုံး၊အတက်နိုင်ဆုံးပုံဖော်နေတဲ့ ကိုစိုးထိုက်(ဖဒို) ရေးခဲ့တဲ့ မနေ့က (၁၇.၅.၂၀၁၇)Status ကို ဝေဖန်မှုတွေအတွက် ပြန်လည်ဖြေရှင်းခဲ့တာကိုဖေါ်ပြလိုက်ပါတယ်။
“ ကျွန်တော် တည်းဟူသော လူတစ်ယောက်ကြောင့်
လူသိန်းပေါင်းများစွာ အကုသိုလ်စိတ်ဖြစ်သွားကြတယ်ဆိုတဲ့
အတွေးဟာ ကျွန်တော့်ကို တကယ်ပဲ ပြိုလဲစေပါတယ်..
ရေးသမျှပို့စ်တိုင်းဟာ ကျွန်တော် နာမည်ကြီးချင်တာမျိုးမဟုတ်ဘဲ
ညီငယ်တွေ ညီမငယ်တွေ မမှားကြရလေအောင်စေတနာ
ထားခဲ့တယ်ဆိုတာ ပွင့်ခဲ့တဲ့ဘုရားအဆူဆူကို ကြိမ်တွယ်ပြ၀ံ့တယ်..
ဒီနေ့အင်တာဗျူးဖြေရင်း ကျွန်တော် ဆက်မဖြေနိုင်လောက်အောင်
ငိုခဲ့ရတယ်..ကျွန်တော် တကယ်နာကျင်ပါတယ်..
ဘ၀တစ်ခုလုံးနဲ့ ရင်းထားရတဲ့ အလုပ်ဆိုတာ ကိုယ်သာအသိဆုံး..
နေရပ်လိပ်စာ လုံးဝမပြောဘဲထားခဲ့တဲ့ ဒီ ၇ တန်းကျောင်းသူလေးကို
ပတ်ဝန်းကျင်မှာ အရှက်ရပါပြီဆိုပြီး ၀ိုင်းပြောကြတာကို
ကျွန်တော် တကယ်နားမလည်ပါဘူး..
ဒီကျောင်းသူလေးက ဘယ်ဇာတိကဖြစ်ပြီး ၊
အခုရော ဘယ်ရောက်နေလည်း ဘယ်သူသိလို့လဲ..
သူ့စိတ်နဲ့သူ ကလေးလာမွေးတာကို ကျွန်တော်ဖျက်မချခိုင်းခဲ့တာ
ကျွန်တော်သိပ်မှားသွားသလား..
သူ့ဘ၀လေးကို ကျွန်တော်နိုင်သလောက် ပြုစုပျိုးထောင်ပေးမယ်
ဆိုတာ မှားယွင်းသွားသလား..
ကျွန်တော်ဆိုတာ ဘယ်လိုလူမျိုးလည်းဆိုတာတောင်
မသိခဲ့တဲ့လူတွေက မနေ့ကပိုစ့်တစ်ခုထည်းကိုကြည့်ပြီး
ဘာာကြောင့်များ အားရ၀မ်းသာ ထိုးနှက်နေကြတာလဲ..
ကျွန်တော်ဟာ မုဒိန်းသမားထက်တောင် ပိုဆိုးနေသလို
လူတွေက ၀ိုင်းပြောကြတာ ကျွန်တော် တကယ်နာကျင်တယ်..
ကျွန်တော့်ဂေဟာကို ဘယ်သူငယ်ချင်းမှတောင်ခေါ်မသွားဘူး...
ညီမလေးတွေ privacy ကို ကျွန်တော်
ဘယ်လောက်ထိမ်းတယ်ဆိုတာ ရင်းနှီးသူတွေသိပါတယ်..
(ကျွန်တော်တောင် ကိစ္စမရှိဘဲ ဂေဟာထဲမ၀င်ဘူး..)
ကျွန်တော် စေတနာထားပါတယ်..
ကိုယ့်ဇနီးထက် ကိုယ့်ညီမထက် ကို ပိုပြီး စေတနာထားခဲ့တယ်..
၅ လပိုင်း ၂၃ ရက်နေ့ဟာ ကိုယ်တို့အိမ်ထောင်သက် ၇ နှစ်ပြည့်
ဆိုတာကို မေ့နေပြီး
(ဇနီးကပြောမှ သတိရတယ်..)
ညီမလေး ၇ ယောက်ရဲ့ ဂျူးဒိတ်ကိုပဲ
အလွတ်ရနေခဲ့လောက်အောင် ကျွန်တော် ဒီထဲမှာ
စိတ်နှစ်ထားတယ်..
ကိုယ့်ကို အားပေးဝန်းရံကြတဲ့ မိတ်ဆွေတွေကို မျက်နှာပျက်စေခဲ့လို့
ဒီကနေပဲ အနူးအညွှတ် တောင်းပန်ပါတယ်..
ကိုယ့်ရဲ့ ကာယကံ ၀ဇီကံ မနောကံနဲ့ လုပ်သမျှအရာတိုင်းကို
ကြားရသူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းစေချင်သူပါ..
အခုလို ကိုယ့်ကြောင့် လူပေါင်းသိန်း သန်းချီပြီး
အကုသိုလ် စိတ်တွေဖြစ်ခဲ့ရတာကို စိတ်မကောင်းပါဘူး..
ဘာပဲပြောပြော ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်..
လူငယ်အလျောက် ရုတ်တရက် စိတ်ဆိုးပြီး ကိုယ့်ကို
ဝေဖန်သူတွေကို နှုတ်ပြန်ထိုးမိလို့ အဲဒီလူတွေကိုပါ
ရင်ထဲကနေလှိုက်လှဲစွာ တောင်းပန်ပါတယ်..
အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်..
Good Bye..”
Soe Htike
No comments:
Post a Comment