CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 20, 2017
ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်
ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်🙈🙈
မင်္ဂလာပါရှင့် 😍
ကျမ…တို့နှစ်ယောက်ရဲ့ Wedding ဖိတ်စာလေးမှာ မင်္ဂလာလက်ဖွဲ့ပေါ်မှာရေးရတဲ့ စာရွက်လေးအတွက် တကူးတက ၀ယ်နေစရာမလိုအောင် စာအိတ်လေးတွေပါ ထည့်ပေးလိုက်ပါတယ် 😁😁
တကယ်တော့ ဒီစာအိတ်လေးတွေက မင်္ဂလာလက်ဖွဲ့ ပစ္စည်းထက် မင်္ဂလာလက်ဖွဲ့ ငွေသားကို ချီးမြှင့်စေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ထည့်ပေးထားတာဆိုရင်တော့ ပိုမှန်ကန်ပါတယ်။ အဲ့အတွက်ကြောင့်ပဲ အတင်းပြောစရာ၊ အမြင်ကပ်စရာများ ဖြစ်သွားခဲ့မယ်ဆိုရင်လည်း ကြိုတင်တွက်ဆပြီးသားမို့ ကျမ..တို့အတွက်တော့ အဆင်ပြေပါတယ်ရှင့် 😁😍😁
သူငယ်ချင်းများနဲ့ ဖိတ်ကြားထားတဲ့လူကြီးမင်းများလည်း သိမှာပါ။ မင်္ဂလာပွဲ တစ်ပွဲမှာ သတို့သား သတို့သမီး ဇနီးမောင်နှံအတွက် အိမ်ထောင်ဦးအစ အဆင်ပြေပါစေ သာယာပါစေဆိုတဲ့ ချစ်ခင်စိတ်လေးနဲ့ မင်္ဂလာလက်ဆောင်မွန်များကို ပစ္စည်း (သို့) လက်ဖွဲ့ငွေသား ချီးမြှောက်ပေးကြပါတယ် 🎁🎁🎁
တစ်ဦးတစ်ယောက်သောသူက မင်္ဂလာမောင်နှံအတွက် အမှတ်တရ ရှိစေရန် ကျောက်စီပန်းချီကား လက်ဖွဲ့တယ်ဆိုပါစို့ 🎑🎑
သူ့လိုပဲ စိတ်ကူးရှိတဲ့ နောက်တစ်ယောက်ကလည်း ကျောက်စီပန်းချီပဲ လက်ဖွဲ့တယ်။ အဲ့လိုစိတ်ကူးရှိတဲ့သူက နောက်တစ်ယောက်၊ ဟော နောက်ထပ်တစ်ယောက်နဲ့ စိတ်ကူးတူသူတွေ များလာတဲ့အခါ အခုခေတ်ရဲ့ ဘယ်လောက်မှ အကျယ်အ၀န်းမရှိတဲ့ အိမ်ခန်းလေးမှာ ကျောက်စီပန်းချီ လေး ငါး ချပ်လည်း ဘယ် မင်္ဂလာမောင်နှံကမှ မချိတ်ဆွဲထားလောက်ပါဘူး 😁
ဒီလိုပဲ ထမင်းပေါင်းအိုးချင်း အကြံတူသူ လေး ငါး ယောက်၊ ဓာတ်ဗူး အကြံတူသူ လေး ငါး ယောက်၊ Oven အကြံတူသူ လေး ငါး ယောက်၊ မီးပူ အိပ်ယာခင်း Ablum ရေနွေးကရား Set စသည်
စသည်ဖြင့် လက်ဆောင်မွန်ပေးချင်တဲ့ အကြံတူသူတွေ များလာတဲ့အခါ ဒီပစ္စည်းတွေဟာ မင်္ဂလာမောင်နှံအတွက် အသုံးတည့်တာက တစ်ခု နှစ်ခု ပိုနေလို့ အခန်းထောင့် ကပ်ထားရတာက အစုလိုက် အပုံလိုက် မဟုတ်ပါလား 😔😔😔
လူကြီးမင်းတို့ လက်ဖွဲ့မယ်လို့ ဆုံးဖြတ်ထားတဲ့ ပစ္စည်းရဲ့ တန်ဖိုးအတိုင်း စာအိတ်ထဲထည့် ငွေသားအဖြစ် အသွင်ပြောင်းလက်ဖွဲ့ခြင်းဟာ မင်္ဂလာမောင်နှံတို့အတွက်တော့ အသုံးတည့်ခြင်း အသုံးဝင်ခြင်းအဖြစ် ပြောင်းလဲသွားမှာပါ 😌😌
ပစ္စည်း မဟုတ်တဲ့အတွက် လူကြီးမင်းတို့လည်း တကူးတက သွားဝယ်ရန်မလို၊ Packing paper တွေ … Tape တွေနဲ့ ခက်ခက်ခဲခဲ လက်ဖွဲ့ထုတ်စရာလည်းမလို၊ မင်္ဂလာပွဲလာတဲ့အခါ အထုတ်သယ်စရာလည်းမလိုပဲ ရှိုးစမိုးအပြည့်နဲ့ လာနိုင်တာပေါ့ရှင် 😁😁😍😍
လက်ဖွဲ့ပစ္စည်းတွေ များနေလို့ ပြန်ရောင်းထုတ်မယ်ဆိုရင်တောင် လူကြီးမင်းတို့တွေ စင်တာတွေက ၀ယ်ထားတဲ့ ပစ္စည်းများဟာ မူရင်းဈေးရဲ့ ထက်ဝက်တောင် ပြန်မရဘဲ ဈေးနှိမ်ခံရဦးမှာပါ 😭😭
ကိုယ့်လက်ဖွဲ့ ပစ္စည်းကို ပြန်ရောင်းထုတ်တာကို သိခဲ့ရင်လည်း လက်ဖွဲ့ခဲ့သူက စိတ်ကောင်းမှာမဟုတ်ပြန်ပါဘူး 😌
မရောင်းလို့ သိမ်းထားပြန်တော့ရော ထမင်းပေါင်းအိုး တစ်လုံးဟာ ၂ နှစ်လောက်ထိတော့ ပေပေတေတေ သုံးလို့ရနေတယ် မဟုတ်ပါလား။
ဘယ်သူကမှလည်း တစ်လနေလိုက် ထမင်းအိုးလေး အသစ်တစ်လုံးထုတ်ချက်လိုက် ဓာတ်ဗူးအသစ်လေးနဲ့ ရေနွေးတည်လိုက် လုပ်မနေလေတော့လည်း အသိမိတ်ဆွေတွေ မင်္ဂလာဆောင်တဲ့အခါ ကျပြန်တော့ ကိုယ်တွေလို ပုံနေမှာပဲဆိုတာ သိသိရက်နဲ့ ပြန်လက်ဖွဲ့ရပြန်ပါရော 😪😪
ဒီလိုနဲ့ပဲ လက်ဖွဲ့ပစ္စည်းသံသရာဟာ လည်နေတော့မှာပါ 😂
ငွေသားလက်ဖွဲ့တဲ့အခါကျ မင်္ဂလာမောင်နှံစိတ်တိုင်းကျ လိုအပ်တဲ့ပစ္စည်း လိုချင်တဲ့ပစ္စည်း ကိုယ်လည်း စိတ်ကြိုက်ဖြစ်ပြီးရေရှည်အသုံးခံမယ့် ကိုယ့်စိတ်ကြိုက် Brand ကို ရှာဝယ်နိုင်တော့ လက်ဖွဲ့ပေးတဲ့သူတွေလည်းအကျိုးရှိ ရတဲ့မင်္ဂလာမောင်နှံလည်းအသုံးတည့်မို့ နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်တယ်လို့ မြင်မိပါတယ်။ ၅ ထောင် ၁၀ ယောက်ဖွဲ့ရင် ၅ သောင်းပါ။ Brand မကောင်းတဲ့ ပစ္စည်း ၅ ခု ရလိုက်တာထက်စာရင် အမျိုးအစားကောင်းတဲ့ ပစ္စည်းတစ်ခု ၀ယ်လိုက်ရတာက ပိုအကျိုးရှိစေတယ်မဟုတ်ပါလား 😍😍
ကျမ..တို့ ကိုယ်တိုင်လည်း မင်္ဂလာလက်ဆောင်မွန် ပေးတဲ့အခါ ငွေသားပဲ အများဆုံး လက်ဖွဲ့ဖြစ်ပါတယ်။ ပစ္စည်းဖွဲ့တဲ့ပွဲမျိုးဆို ကိုယ့်ပစ္စည်းက ပြန်ရောင်းစားမယ့် စာရင်းထဲ သို့မဟုတ် ဂျောင်ထိုးထားပြီး တစ်ပတ်လည်မယ့် မင်္ဂလာလက်ဖွဲ့မျိုးထဲ မပါအောင် သေချာရွေးဖြစ်ပါတယ်။ ပစ္စည်းဖွဲ့တယ်ဆိုတာလည်း ကျမ.. တို့အတွက်တော့ သိပ်ကိုရှားပါးပါတယ်။ ဖိတ်သမျှပွဲတိုင်းမှာ မှတ်မှတ်ရရ မင်္ဂလာပွဲ ၂ ပွဲကိုပဲ အသုံးဝင်မယ့်ပစ္စည်းမျိုး ဖွဲ့ဖြစ်ခဲ့ပါတယ် 🎁🎈🎁
နှစ်ဖက်မိဘကို အပူမကပ်ခဲ့ဘဲ ကိုယ့်ချွေးနည်းစာလေးနဲ့ စုထားဆောင်းထားတဲ့ ငွေလေးအပေါ်မှာ ကိုယ်နိုင်တဲ့ အင်အားလေးနဲ့ ဆောင်နှင်းထားတဲ့ မင်္ဂလာပွဲလေးမို့ ကျမ..တို့ မင်္ဂလာမောင်နှံရဲ့ ခုမှစတင်တဲ့ ဘ၀လေးအတွက် အသိမိတ်ဆွေများက ၀ိုင်းဝန်းချီးမြောက် အားပေးတာကို လိုချင်ပါတယ် 😁😁
မင်္ဂလာပွဲနေ့မှာလည်း စာအိတ်ကိုဖွင့်ဖောက်ပြီး ဘယ်သူ ဘယ်လောက်လက်ဖွဲ့တယ်ဆိုတာမျိုး ရေးမှတ်မှာမဟုတ်ပါဘူးရှင် 😊😊
မင်္ဂလာလက်ဆောင်အတွက် ဖိတ်စာမှာ စာအိတ်ထည့်တာတွေ အခုဆို တဖြေးဖြေးခေတ်စားလာတော့မှာပါ ❤✉❤
ရှေ့က ဦးဆောင်ပြီး ဒီလမ်းကို ဖောက်သွားတဲ့ စီနီယာတွေ အရမ်းကို အပြောအဆိုခံခဲ့ရမှာပါ။ ဒါပေမယ့် နောက်ထပ် နောက်ထပ် ထိမ်းမြားလက်ထပ်မယ့် မင်္ဂလာမောင်နှံလေးတွေအလှည့်ကျရင် အဆင်ပြေစေမယ့် လမ်းလေးမို့ ဆက်လျှောက်စေချင်မိပါတယ်။ ဒီ idea လေးနဲ့ စခဲ့တဲ့ မရတနာကိုကို (နာမည်မှားရင်ခွင့်လွှတ်ပါ)၊ ဒီလိုလုပ်ဖို့ စိတ်ကူးလေးကို မြင်စေခဲ့တဲ့ myanmar wedding talk group လေး၊ ဒီ ဂရုလေးထဲထည့်ပေးတဲ့ ချစ်ညီမလေး…လေးကို ကျေးဇူးတင်မိပါတယ် 😘😘😍😘😘
စာအိတ်ထည့်ဖို့အတွက် ဖေက သဘောမတူပါဘူး 😪
ဒါပေမယ့် လက်ဖွဲ့ပစ္စည်းတွေ ပုံနေတဲ့အခါ ဖေကိုယ်တိုင်လည်း ဈေးဖြတ်ပြီး ပြန်ဝယ်မှာမဟုတ်တဲ့အတွက် ဖေ ဖိတ်မယ့် လူကြီးတွေအတွက် ဖိတ်စာမှာပဲ စာအိတ်နှုတ်ထားပြီး ကျန်တဲ့ ဖိတ်စာတွေမှာ ထည့်ပေးလိုက်ရပါတော့တယ် 😁😂😁
ဖိတ်ကြားထားတဲ့ လူကြီးမင်းများ သူငယ်ချင်းများအားလုံးနဲ့ မင်္ဂလာဧည့်ခံပွဲလေးမှာ ဆုံတွေ့ပါရစေရှင် …
ကျေးဇူးတင်ပါတယ်ရှင် 😍😍😍
ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်🙈🙈
credit
Source: MyMedia
Via: Thandar Theint
ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်
Reviewed by MP4 YoU
on
May 20, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment