CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 12, 2017
၅၁ လမ်း” ရုံးက ကိုယ်တွေ့ အဖြစ်အပျက်လေး
ဖစ်စဉ်အကျဉ်းလေးက ဒီလို…. သောကြာနေ့(၅.၅.၂၀၁၇) နေ့လည်လောက်က လမ်းမတော် သံဈေးရှေ့မှာ ယဉ်နှစ်ထပ် ရပ်မိလို့ ရဲအဖမ်းခံရတယ်။ လိုင်စင် သိမ်းသွားတယ်။ ရပ်ရတဲ့အကြောင်းအရင်းက ၄ နှစ်အရွယ် ကျွန်တော့် သ မီး လေးကို လိုင်စင် ဓာတ်ပုံရိုက်ပေးဖို့ ကိုယ်တိုင် လိုက်ရတဲ့ အတွက် ကားထဲမှာ မစောင့်နိုင်ပဲ ရပ်ထားခဲ့ရတယ်။
(ဘာပဲဖြစ်ဖြစ် အပြစ်က အပြစ်ပါပဲ။) ၅မိနစ် အကြာမှာ ယဉ်ထိန်းရဲ တွေ ရောက်လာပြီး ကျွန်တော် အပါအဝင် ၁၀ စီးေ ကျာ်လောက် အဖမ်းခံရပါတယ်။ ကျွန်တော် ကိုဖမ်းတဲ့ သဘောကောင်းတဲ့ ဦးရဲကြီးကို အကျိုးအကြောင်း ရှင်းပြတော့ အများနဲ့မလို့ လိုင်စင်ပြန်ပေးလို့ မရကြောင်း ပြောပြီး ခါးပတ် မပတ်တဲ့အမှူ နဲ့ ဖွင့်ပေးခဲ့ပါတယ်။(တစ်ပြားတစ်ကျပ် မှမပေးခဲ့ရပါ)။ အဓိကပြောလိုသည်မှာ လိုင်စင် အဖမ်းခံရတဲ့ ကိစ္စ မဟုတ်ပါ။ ၅၁ လမ်းရုံးရောက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အေ တွ့အကြုံလေးတွေကို ပြောပြလိုခြင်းပါ….
လိုင်စင် ရွေးဖို့ ၅၁ လမ်းရုံး ရောက်သောအခါ…..
စနေနေ့(၆.၅.၂၀၁၇) နေ့လည် ၅၁လမ်း ရုံး ရောက်လို့ လိုင်စင် ရွေးတဲ့ နေရာလည်းရောက်ရော တာဝန်ကျ ဝန်ထမ်းနှ စ်ယောက် နဲ့တွေ့လို့ လိုင်စင်ရွေးခြင်ကြောင်းပြောပြီး ချလံ စာရွက်လေးပေးလိုက်ရော ဘာမှမစစ်ဆေးသေးပဲ တန်းပြော တာက ၂၅၀၀၀ ကျပါတယ်တဲ့။ ကျွန်တော် ဖြတ်ပိုင်း လိုချင်ကြောင်းလဲပြောရော ဒီနေ့က တရားရုံးပိတ်ရက်ဖြစ်တဲ့ အတွက် ဖြတ်ပိုင်း မရနိုင်ကြောင်းပြန်ပြောပါတယ်။
အမှန်တကယ် တရားရုံး ကိုပေးဆောင်ရမဲ့ ဖြတ်ပိုင်း ပေါ်က ဒါဏ် ကြေးက ဘယ်လောက် လဲလို့မေးတော့ တစ်ယောက်က ၂၃၀၀၀ တဲ့ တစ်ယောက်က ၂၁၀၀၀ ဝန်းကျင်တဲ့။
ဘယ်လိုဖြစ်လို့ အမတို့နှစ်ယောက်ပြောတဲ့ ဒါဏ်ကြေး တွေက မတူတာလဲလို့ မေးရင်း သူတို့တစ်ခွန်း ကျွန်တော် တစ်ခွန်း နဲ့ ပြောနေကျတုန်း အရာရှိ ဖြစ်ဟန်ရှိတဲ့ အကိုတစ်ယောက် ရောက်လာပြီး ကျေနပ်လက်ခံနိုင်တဲ့ ဖြေရှင်းချက်တွေပေးပြီး ဝင်ရောက်ဖြေရှင်းပေးကာ တရားရုံးမှာဆောင် ရမဲ့ ဒါဏ်ကြေး အတိုင်း လုပ်ပေးမည်ဟုဆိုကာ ကျွန်တော့် လိုင်စင် သွားလဲ ရှာရော လိုင်စင်ဖမ်းခံရတဲ့ လမ်းမတော် မြို့နယ်က အမှူတွဲတွေ ရုံးကိုမရောက်သေး ကြောင်းသိရပါတယ်။
(လုပ်ဇာတ် ဟုတ်/မဟုတ် တော့ တကယ်မသိလို့ အပြစ်မပြောလို့ပါ)။ အဲ့ဒီမှာ တစ်ခု ပြောချင်တာက တစ်ချို့ဝန်ထမ်းေ တွက သူတို့လုပ်နိုင်/မလုပ်နိုင် တာကို အရင်မတွေးဘူး ငွေစကား အရင်စပြောတော့တာပဲ။ အဲ့ဒါနဲ့ တနင်္လာနေ့ကို ပြန်လာဖို့ပြောလို့ ပြန်လာခဲ့ပါတယ်။
ကျွန်တော် တကယ်ပြောပြချင်တဲ့ အတွေ့အကြုံလေး က
တနင်္လာနေ့(၈.၅.၂၀၁၇) ယနေ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။မနက် ၁၀ နာရီ ဝန်ကျင်လောက် ၅၁ လမ်းရုံး ကိုေ ရာက်တော့ လိုင်စင်ရွေးတဲ့ နားမှာ လူ ၁၅ ယောက်ဝန်းကျင်လောက် စုပြုံနေတာနဲ့ ဘေးနားက ခဏ ရပ်ပြီး နားထော င်နေလိုက်တာ စကားပြောညက်ပြီး အပြောကောင်းပုံရတဲ့ တာဝန်ကျ ဝန်ထမ်း အမကြီးက လူတိုင်းကို ဘာပြစ်မှူနဲ့ပဲ လာ လာ သူပြန်မေးတဲ့ မေးခွန်းက တစ်ခုထည်းပဲ။
“တရားရုံးသွားမှာလား” တဲ့။ မသွားရင် ၂၅၀၀၀ ဆိုပြီး တစ်ယာက်ပြီး တစ်ယောက်နဲ့ ကျွန်တော် အလှည့်ရောက်လာ ပါလေရော။( ကျွန်တော် အရှေ့က လူတိုင်း လိုလိုက လည်း ပြန်ဖြေတဲ့ အဖြေကတစ်ခု တည်းဖြစ်နေတာကို အံသြ စွာကြားလိုက်ရတယ်။) (“မသွားဘူး” တဲ့)
ကျွန်တော့် ကိုလည်း ထုံးစံအတိုင်း တရားရုံးသွားမှာ လားလဲမေးရော ကျွန်တော် က “သွားတာ နဲ့ မသွားတာ ဘာကွာလဲ လို့ တမင်သက်သက် ပြန်လဲမေးလိုက်ရော စောစော ကအပြောကောင်းပုံရတဲ့ ဝန်ထမ်းအမကြီး က ခေါင်းလေးထောင်လာပြီး သူ အလွတ်ကျက်ထားတာတွေ ရွတ်ပါလေရော)…. ပုံမှန်ဆို ၃၀၀၀၀ ပေးရကြောင်း..သူတို့ကအများနဲ့ပေါင်းပြီး ကူညီပြီးသွားဆောင်ပေးတာဖြစ်ကြောင်း..တရားရုံးမှာ ဆောင်ရတဲ့ ဒါဏ် ကြေးကလည်း ၂၀၀၀၀ ကျော်ကြောင်း ..သူတို့ တောင်းတဲ့ဈေးနဲ့ သိပ်မကွာ ကြောင်း..တရားရုံးရောက်ရင်လဲ လူအင်မတန်များကြောင်း..နေ့လည်ထမင်းစားချိန်ပြီးမှ သွား လို့ရမည်ဖြစ်ကြောင်း လူကိုစပြီး ခြောက်ပါလေရော။
ကျွန်တော် ကလည်း အလွတ်ကျက်ထားတာတွေပြန်ရွတ်တာပေါ့…
တရားရုံးနဲ့၅၁လမ်းရုံး ဘာကြောင့် ကွာကြောင်း..အစထဲက တရားရုံးကို ဘာ့ကြောင့်မလာခိုင်းကြောင်း..လွယ်လွယ်ရှင်းနို င်တဲ့ ကိစ္စကို ဘာ့ကြောင့် မခက် ခက်အောင် လုပ်ထားကြောင်း..လူတွေကို ခြောက်လှန့်ပြီး မတရား ပိုယူနေကြောင်း ..ေ တွပြောပြီး နောက်ဆုံး ကျွန်တော် တရားရုံးကို မသွားနိုင်ဘူး ။
ပီးတော့ သူများတွေ ဒီရုံးမှာတင် ရွေးလို့ရသလို ကျွန်တော်လည်း ဒါဏ်ကြေးအမှန်ပေးပြီး ဒီရုံးမှာပဲ အပြီးလုပ်ပေးပါ လို့ ပြောလိုက်တဲ့ အခါမှာတော့ အနောက်ရုံးခန်းထဲက တစ်ယောက်ထွက်လာပြီး ” သူ့ကို ဒါဏ်ကြေး ၂၀၀၀၀ ယူပြီး လိုင်စင်ပြန်ပေးလိုက်တော့” ဆိုပြီး သူကိုယ်တိုင် ကျွန်တော်နာမည် လာမေးပြီး ကိုယ်တိုင် သွားယူပြီး လာပေးခဲ့ပါတယ်။ ငွေ သွင်းဖြတ်ပိုင်း ကိုတော့ ညနေ မှပြန်လာယူပါတဲ့။အဲ့ဒါနဲ့ လိုင်စင်လေး ယူပြီးပြန်လာခဲ့ပါတယ်။
အပြန်လမ်း မှာ အဖြစ်အပျက်လေးကို ပြန်တွေးကြည့်တဲ့အခါ….
ကျွန်တော် အခြေအတင်ပြောနေစဉ်မှာ ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ လိုင်စင်ပြန်လာရွေးတဲ့ လူ အနည်းဆုံး ၂၀ ဝန်းကျ င်လောက်ဟာ တစ်ယောက်တလေ မှ ဝင်ယောက်ပြောဆိုခြင်းမရှိပဲ ၂၅၀၀၀ ကိုယ်စီကိုင်ကာ တိတ်ဆိတ်စွာပဲ အလှည့် ကို စောင့်နေကျလေရဲ့.. ကျွန်တော် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ မှ “အော်.. ဟုတ်ပေသားပဲ ..ငါရဲ့ အဖြစ်အပျက်က တကယ်လက်တွေ့ အပြင်လောကကြီးမှာ ဖြစ်နေတာကို။
တကယ် လို့များ အဲ့ဒီ အဖြစ်အပျက်လေး သာ facebook ပေါ်မှာသာဆို ငါ့ကို မှန်ကန် ကြောင်းအားပေးမဲ့သူတွေ/ မင်းတော်တော် အာချောင်တဲ့ လူဆိုပြီး ဝိုင်းဆဲမဲ့လူတွေ/ Like တွေ/ Share တွေ တော်တော်ကိုရမှာပဲလို့ တွေးမိရင်း ကိုယ့်ကို ကိုယ့် နှစ်သိမ့် ကျေနပ်လိုက်တော့တယ်။”
ကျွန်တော့် ရဲ့ ဆိုလိုရင်းတွေကို မိတ်ဆွေတို့ သဘောပေါက်ကြလိမ့်မယ်လို့ မျော်လင့်မိပါတယ်။
(စာကြွင်း။ ။ ၅၁ လမ်း ရုံးမှမည်သည့် ဝန်ထမ်း တွေကိုမှ တိုက်ခိုက် ခဲ့ခြင်း မဟုတ်ပါ။ မှားယွင်းနေတဲ့ စနစ်ဆိုးကြီးကို
တိုက်ခိုက် ခဲ့ခြင်းသာ ဖြစ်ပါသည်။)
Credit to ဒေါ်မေတို့ရွာကလေး
၅၁ လမ်း” ရုံးက ကိုယ်တွေ့ အဖြစ်အပျက်လေး
Reviewed by MP4 YoU
on
May 12, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment