CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, May 28, 2017
ညစ်ညမ်း စာပေ စစ်စစ် ( ငါးခေါင်း )
ညစ်ညမ်း စာပေ စစ်စစ်
( ငါးခေါင်း )
ဒေါ်တိုးတစ်ယောက် ညနေမိုးချုပ်စ အချိန်ထိတိုင် အိမ်သို့ပြန်ရောက်မလာနိုင်သေးသော
လင်တော်မောင် ငမူး ကိုဆက်အားအိမ်ရှေ့ရှိ ဝါးခြမ်းပြားများနှင့် ရိုက်ထားသော
ခနော်နီ ခနော်နဲ့ ယိုင်တိုင်တိုင် ကွပ်ပျစ်လေးပေါ်တွင်အရောင်ပင်ခွဲခြားမရတော့လောက်အောင်
ပေရေ စုတ်ပြတ် နံဟောင်နေသောညစ်ထေးထေး ပါတိတ်လုံချည်ဟောင်း
လေးကို ခပ်တိုတိုစီ်းပြီးအညိုအမည်းစွဲနေသော ဒူးခေါင်းနှစ်လုံးကို
စုထောင်ကာ မျောက်အိုမကြီး သားပျောက်နေသလို
ရုပ်မျိုးနဲ့ ထိုင်မျှော်နေသည်မှာတစ်နာရီနီးပါးမျှပင် ရှိပေလိမ့်မည်။
အသက်ကြီးမှ ဇာတာတက်ပြီးလင်ငယ်ငယ်လေး ရထားလေတော့
ဒေါ်တိုးတို့ ဥစ္စာခြောက်ပြီပေါ့။
သူ့လင် အိမ်ပြန်မရောက်မချင်းသူ့မှာ ပြောင်းဖူးရိုးပေါင်ကြားညှပ်ထားသလို
ထိုင်မရ ထမရ နဲ့ ကုန်းကွကွကြီးကိုဖြစ်လို့။
သူ့လင် အမူးသမားကြီး ကိုဆက်ကတော့အရိပ်အယောင်မျှပင် ပေါ်မလာသေး။
ဘယ်ဆိုင်မှာ မူးပေတေလို့ ဘယ်လမ်းဘေးမှာမှောက်နေမှန်းမသိ။
မိမိမှာတော့ မျှော်လိုက် စိတ်ပူလိုက်ရတာဒေါ်တိုး တွေးရင်းတွေးရင်း
ဝိုင်းတက်လာသော မျက်ရည်များအားမျက်တောင်ကော့ကြီးများဖြင့် ပုတ်ခတ်
ပုတ်ခတ် လုပ်ကာ ဖြေရှင်းလိုက်ရသည်။
သူ့လင် ကိုဆက်ဆိုတဲ့လူကလဲ ဘာအလုပ်မှလက်ကြောတင်းအောင် မလုပ်တတ်။
လက်ကြောတော့မတင်းဘူး ဟိုအကြောပဲတင်းတယ်ဆိုတဲ့ ယောင်္ကျားမျိုး(ဇက်ကြော)။
ဒေါ်တိုးက အိမ်တကာလှည့် အဝတ်လျော်ထမင်းချက် အိမ်သာဆေး မီးပူတိုက်
အဲ့လိုအလုပ်မျိုးစုံလုပ်ကာ သူ့လင်လေးကိုရှာဖွေကျွေးမွေးရှာသည်။
တခါတလေ အလုပ်ရှားပါးလို့ ပိုက်ဆံမရှိသည့်အခါမျိုးမှာတောင် လမ်းဘေး
ရေမြောင်းတွေထဲက ဖားရှာ ငါးရှာ ရှာပြီးရရာ ရှာဖွေကျွေးမွေးသူ လင်တရူးဒေါ်တိုးရယ်ပါ။
ဒီလောက် သောက်စားမူးယစ်ပြီးအခန့်သား ထိုင်စားနေရတာတောင်
မူးလာလို့ စိတ်အခန့်မသင့်တဲ့အခါမျိုးမှာ ဒေါ်တိုးကို ဆဲသည် ရိုက်သည်
ကန်သည် ထိုးသည် ကြိတ်သည်ထိုလောက်နဲ့အားမရပါက
ဝါးလုံးကိုင်ကာဒေါ်တိုးအားတဖက်လှည့်ခိုင်းပြီး ဖျင်အားအားရပါးရ ဆော်တတ်သည်
(ဝါးလုံးဖြင့်သာ)။
မိုးကလဲ တဖြေးဖြေးချုပ်လာနေပြီ။
ဒေါ်တိုးတယောက် သူ့လင် ကိုဆက်အားစိတ်ထဲမှ လွမ်းအားပိုရင်း မျက်ရည်လေးများ
ဝေ့သီဝေ့သီလည်လာကာ အသားကုန်ဖီးလ်တက်နေချိန် ဗြုန်းဆို သူ ညနေစာ
ဟင်းမချက်ရသေးတာ သတိရသွားသည်။
သူ့ယောင်္ကျားပြန်လာလို့ ဟင်းမရှိဘူးဆိုရင်သူ့ကို ဗျင်းမှာ သူသိသည်။
ဒေါ်တိုး သူ့ယောင်္ကျားသူ့ကို ဗျင်းမှာကို မဖြုံရေးချမဖြုံ ။
သူစိတ်ပူသည်က သူ့ယောင်္ကျား သူ့ကြောင့်ဒေါသထွက်လို့ စိတ်ပင်ပန်းမှာကိုပဲသူကြောက်သည်။
အတော်ချစ်တတ်တဲ့ဒေါ်တိုးဗျာ လက်ကုန်ပဲ။
(ရေးရင်းနဲ့တောင် မနာလိုဖြစ်လာပြီ )
အချိန်က သိပ်မရ...ပိုက်ဆံကလဲ တပြားမှ မရှိ...ဟင်းချက်စရာကလဲ ဘာမှမရှိ...
ဘာမှမရှိလို့ မချက်လို့ကလဲ မရ...ဒေါ်တိုး တယောက်ထဲ ဒစ်လည်ပြီလေ...
ယောင်္ကျားမျက်နှာ အညိုတော့ မခံနိုင်...အဲ့တော့ မဖြစ်ဖြစ်အောင် လုပ်ရမှာပဲ
မိန်းမကျင့် မိန်းမကြံ ဒေါ်တိုး ကြံပြီ...
ဘာပဲဖြစ်ဖြစ်လေ အဓိက ကသူ့ယောင်္ကျား ပြန်လာရင် ဟင်းတခွက်တော့
အသင့်ရှိနေဖို့အရေး ဒေါ်တိုး ပြေးပြီ။
ဒေါ်တိုးတယောက် အိမ်နောက်ဖေးကိုပြေးပြီး ဇကာတခုကို အသဲအသန်
လိုက်ရှာတယ် သိပ်မရှာလိုက်ရ။
(အိမ်ကလဲ ၁၀ ပေပတ်လည်ကလေးဟာကို)ချောင်တချောင်ထဲက ပိုးဟပ်ချီးတွေနဲ့ပြည့်
နေတဲ့ ဇကာအစုတ်လေးတချပ် သွားတွေ့တယ်.....
အဲ့ဇကာကိုပဲ ဖုတ်ဖက်ခါပြီး သန့်ရှင်းလိုက်တယ်
နောက် တုတ်ရှည်ရှည်တချောင်းထပ်ရှာပြန်တယ်။
ဒါလဲ သိပ်မရှာလိုက်ရပါဘူး...ဝါးလုံးအဖျားပိုင်းလေးတစ်ခု တွေ့တာပဲ...
အဲ့ဝါးလုံးထိပ်လေးမှာ ဇကာအစုတ်လေးကိုကြိုးတစ်ချောင်းနဲ့ချည်လိုက်တယ်...
(ဇွန်းပုံစံမျိုး ခပ်လို့ရအောင်ပေါ့)မျက်စိထဲ သေချာမြင်အောင် ပြောပြရရင်
အကြော်ကြော်တဲ့အခါမျိုးတို့မုန့်လုံးရေပေါ် လုပ်တဲ့ အခါမျိုးတွေမှာ
ဆယ်ရတဲ့ အပေါက်တွေပါတဲ့ဇွန်းအကြီးစား လိုဟာမျိုးပေါ့။
နောက် ထမီထည့်လျှော်တဲ့ ရေပုံးအစုတ်တလုံးဆွဲလို့ ဒေါ်တိုး အိမ်နောက်ဖေး
ရေကပြင်ကို ထွက်လိုက်တယ်။(ရေပုံးကလဲ ဒီတလုံးပဲ ရှိတာကိုး)
ဒါနဲ့ စကားမစပ် ပြောပြရအူးမယ်ဗျ။ဒေါ်တိုးတို့နေတဲ့ ရပ်ကွက်က
မြေအနိမ့်ပိုင်း အမှိုက်စွန့်ပစ်တဲ့အမှိုက်ပုံကြီးအနားကမြေကွက်လပ်လေးတွေကို
ကျူးကျော်တဲလေးတွေ ထိုးပြီး နေကြရတာ။
အခုလို မိုးတွင်းလိုအခါမျိုးဆို အိမ်အောက်တွေမှာ ရေတွေက တဖွေးဖွေးနဲ့ပေါ့။
သိပ်တော့လဲ မနက်ပါဘူး ခြေသလုံးသာသာ လောက်ပါပဲ။
နောက်ပြီး သူတို့ရပ်ကွက်မှာဘယ်အိမ်မှ အိမ်သာမသုံးကြဘူး။
ရေမရှိတဲ့ နွေနဲ့ဆောင်းဆို အနီးအနားကခြုံတွေ တိုးပြီး ကိစ္စဖြေရှင်းတတ်ကြတယ်။
သူတို့ဆီမှာတော့ အိမ်သာဆိုတာ အပိုပဲလို့သတ်မှတ်ထားကြသူတွေပေါ့။
အခုလို မိုးတွင်း ရေပြင်ကြီးဖြစ်နေတဲ့အခါကျတော့ အိမ်ပေါ်ကနေပဲ အပေါက်ကလေးတွေ
ဖောက်လို့ ရေထဲ ပါချ ကိစ္စရှင်းကြပြန်ကော။
တခါတလေများဆို အနီးအနား လေးငါးအိမ်လောက်က တပြိုင်နက် အီးပါပြီဆို
အီးတုံးလေးတွေ ရေထဲကျတဲ့ အသံလေးတွေများ....
ပလုံ ပလုံ
စွပ်
ပလုံ ပလုံ
စွပ် နဲ့ အသံလေးတွေကို စည်နေတာပဲ။
တချို့ အီးတုံးကြီးတဲ့
သူတွေများ ပါလို့ကတော့
ပလုံ ပလုံ
ဝုန်းးးးး
ပလုံ ပလုံ
ဝုန်းးးး ဆိုပြီးတောင် မြည်သေးဗျ။
မနှိုင်းကောင်း နှိုင်းကောင်း ကန်တော့ဗျာ..ငါးကြီးအာနန္ဒာ ဇဗ္ဗူ့ သပြေသီးမှည့်တွေ
ကြွေကျတာကို ခုန်ခုန်ပြီး ဟပ်တဲ့အသံမျိုးဗျ။
မိုးတွင်း ရေတွေပြည့်နေပြီဆို ဘယ်ကရောက်လာမှန်းမသိတဲ့ ငါးတွေကလဲ အားကြီးပဲ။
တဲတွေပေါ်ကနေ ပါချတဲ့အီးတုံးတွေကို လာစားကြတာလေ။
ညဘက်ဆို တဝုန်းဝုန်းနဲ့ဗျာ အီးတုံးတွေကို အလုအယက်
စားနေကြတာများ ခင်ဗျားတို့မြင်ရင်သွားရည်ယို လောက်တယ်(တကယ်ပြောတာ)။
တချို့ငါးတွေဆို တထွာသာသာလောက်ကိုကြီးတာဗျ။
ဘယ်သူမှလဲ မဖမ်းကြတော့ ဘေးမဲ့ပေးထားသလိုအကောင်တွေကလဲ များသလားမမေးနဲ့။
(ချီးစားပြီး ပွားချင်တိုင်း ပွားနေကြတာများ)
ကဲ ဒါနဲ့ ခုနက ဒေါ်တိုးလုပ်ငန်းလေးပြန်ဆက်ရအောင်ဗျာ။
ဒေါ်တိုးတယောက် ရေကပြင်ကို ထွက်လိုက်ပြီး အောက်ကို ငုံကြည့်လိုက်တယ်ဆိုရင်ပဲ
ပေါလောမြောနေတဲ့ ချီးတုံးကာလာစုံဆိုဒ်စုံတွေကြားထဲ ကူးခတ်သွားလာ
စားသောက်နေကြတဲ့ ငါးတွေမှ များမှများပဲ။
ဒေါ်တိုး နှုတ်ခမ်းကို တွန့်ရုံလေး တစ်ချက်ပြုံးလိုက်တယ်။
ညစ်ပတ် ပေရေ နံစော်နေပြီး အကွက်လည်နေတဲ့ သူ့လုံချည်ကို ခပ်တိုတိုပြင်ဝတ်လိုက်ပြန်
တယ်။ရေကပြင်မှာ ဒူးထောက်ထိုင်လိုက်တယ်။
လက်ထဲက ဇကာတပ်ထားတဲ့ တုတ်ကို ရေထဲချပြီး ခပ်သွက်သွက် တချက်တည်း ခပ်လိုက်တယ်။
ဒေါ်တိုး နှုတ်ခမ်းလေးတွေ ဒုတိယအကြိမ်ပြုံးလိုက်ပြန်ပြီ။မပြုံးပဲ ခံနိုင်ရိုးလား။
သူခပ်လိုက်တဲ့ ဇကာထဲမှာ အီးတုံး လေးငါးတုံးနဲ့အတူ ပါလာတာက ဘာငါးမှန်းမသိတဲ့
ခေါင်းကြီးကြီးနဲ့ တထွာကျော်ကျော်လောက်ရှိတဲ့ ငါး၂ကောင်လေ။
အဲ့တော့ ဒေါ်တိုးမပြုံး ဘယ်သူပြုံးမတုန်းပေါ့။
ဇကာထဲပါလာတဲ့ ငါး၂ကောင်ကိုထမီလျှော်တဲ့ ရေပုံးအစုတ် လေးထဲ ဖမ်းထည့်
ဇကာထဲပါလာတဲ့ အီးတုံးတွေကို ရေထဲပြန်လွင့်ပစ်...
ပြီးတာနဲ့ ခပ်မြန်မြန်ပဲ ထရံကြားကဓားမတချောင်းဆွဲကာ ငါး၂ကောင်ကို
ရေတောင် မဆေးတော့ပဲ တုံးတစ်ပြီးချက်မယ့်ဒန်အိုးကလေးထဲ ပစ်ထည့်လိုက်တယ်။
(ဒေါ်တိုးတွေးတာ ကျနော် သိနေတယ်ဗျရေထဲကလာတဲ့ငါးပဲ
ရေထပ်ဆေးစရာမှ မလိုတာ နော့်....အဲ့တော့ ချီးတောထဲကငါး
ရေမဆေးပဲချက်တာပေါ့....ဖွီ တွေးနေရင်းတောင် ရွံလိုက်တာဗျာ )
ငါးကလဲ ဘယ်ကာလကတည်းကများချီးတောတဲ့ ကျက်စားနေတယ် မသိပါဘူး။
ခေါင်းမှာတောင် ချီးညှိတွေကပ်ပြီး အဝါရောင်လေးကို သန်းလို့။
ဒေါ်တိုး မီးမွှေးပြီး တုံးတစ်ထားတဲ့ ငါးဟင်းအိုးကို မီးဖိုပေါ် တင်လိုက်တယ်။
ကြက်သွန်ဖြူ ၃တက်လောက်နဲ့ကြက်သွန်နီ တခြမ်းလောက်ယူပြီး
ပါးစပ်ထဲ ပစ်ထည့်ဝါးပလိုက်တယ်။
ငြုပ်ဆုံနဲ့ထောင်းရင် အချိန်တွေကြာသွားမယ်လေ ဟုတ်တယ်မလား။
ညက်လောက်ပြီထင်မှ ပါးစပ်ထဲကနေကြက်သွန်နီ ကြက်သွန်ဖြူ ဝါးပီးသား
အထွေးလိုက်ကြီးကို ငါးဟင်းအိုးထဲ....ဖွီးးးးဆို လှမ်းထွေး လိုက်တယ်။
ဆီကလဲ ဖင်ကပ်သာသာ အနည်တွေနဲ့ရောနေတော့ မထူးတော့ဘူး ရသမျှ
တစက်ချင်း အကုန် သွန်ထည့်လိုက်ပြန်တယ်။
တခု သတိရသွားပြီး ဒေါ်တိုးရှေ့ကိုပြေးထွက်သွားတယ်။
ရေမရှိတဲ့ အချိန်မျိုးတွေမှာ ညဘက်အိမ်ပြန်လာတိုင်း
သူ့ယောင်္ကျား ကိုဆက် သေးနဲ့ပန်းပန်းနေတဲ့စပါးလင်အုံကြီးထဲက စပါးလင်တချောင်းကို
အားနဲ့ ဆွဲနူတ်လိုက်ပြီး ခုနကအတိုင်းပါးစပ်ထဲထည့်ဝါးကာ ညက်လောက်ပြီထင်မှ
ဖွီးးးးဆို ငါးဟင်းအိုးထဲ ထွေးထည့်လိုက်ပြန်တယ်။
ဟင်းက ဆူစပြုလာတော့ရေထည့်ဖို့ လိုလာပြီလေ။
ခုနက ငါးဖမ်းထည့်လာတဲ့ ထမီလျှော်တဲ့ ရေပုံးအစုတ်လေးကိုကိုင်ပြီး နောက်ဖေးရေ
ကပြင်ကနေ အိမ်အောက်က ရေနည်းနည်းကို ကုန်းခပ်လိုက်တယ်။
ပုံးထဲကနေ ဟင်းအိုးထဲရေခပ်ထည့်ဖို့
ဘေးနားက တွေ့တဲ့ ခွက်နဲ့ ခပ်ပြီး ထည့်လိုက်တယ်။
ထည့်ပြီးမှ ဒေါ်တိုး သိလိုက်ရ တာကသူ ဟင်းအိုးထဲ ရေခပ်ထည့်လိုက်တဲ့ ခွက်က
အီးပါပြီးရင် ဖင်ဆေးတဲ့ခွက်ဖြစ်နေတယ်။
ထည့်ပြီးနေမှတော့ ဘာတတ်နိုင်မတုန်းလေ။အဲ့တာနဲ့ ဒေါ်တိုး ဆက်ချက်တယ်။
ငါးဟင်းနံ့ကလဲ တဖြေးဖြေး မွှေးကြိုင်လာနေပြီ။စပါးလင်နံ့လေးကလဲ သင်းလို့။
အချိန်ကိုက်ပါပဲ။
ဒေါ်တိုးလဲ ဟင်းအကျက်သူ့လင် ကိုဆက်လဲ မူးမူးနဲ့ပုဆိုးလည်ပင်းသိုင်းပြီး တဲပေါ်ကို
ကသိုင်းကရိုင်းနဲ့ တက်အလာ။
" မမတိုးရေ....အေ့...မမတိုးလို့စ်...မွှေးလိုက်တာဗျာ ဘာတွေများ
ချက်နေတာ တုန်းဗျကျက်ပီလား ကျက်ရင် ထမင်းခူးဗျာဆာနေပြီ စားကြမယ် "
ပြောပြောဆိုဆို ကိုဆက်လဲနှပ်ချီး ၂ချက်လောက် လက်နဲ့ညှစ်ပြီး
နှပ်ချီးပေသွားတဲ့လက်ကို ပုဆိုးနဲ့ ပြန်သုတ်ကာ
ထမင်းစားပွဲလေးဘေး ဝင်ထိုင်လိုက်တယ်။
" ဟယ် !!!!!!
မောင် ပြန်လာပြီလား.....နောက်ကျလိုက်တာ မောင်ရယ်
မမတိုးက စိတ်ပူနေတာ
ဟင်းလဲ အဆင်သင့် ထမင်းလဲ အဆင်သင့်
မောင် စားရန် အသင့်ပါပဲရှင့် "
" လာဗျာ မမတိုး...တူတူစားကြမယ်
မောင်ဆာလှပြီဗျ "
ထမင်းဝိုင်းတွင်......
" ဟာ မမတိုး....အာ့ ဘာငါးလဲဗျ.....အကောင်ကြီးသားပဲ.....ခေါင်းကပိုကြီးတယ်နော်
အဝါရောင်လေးသန်းနေတာ.....မောင် ငါးခေါင်း၂ခေါင်းလုံးစားလိုက်မယ်ဗျာ မမတိုးက
အသားစားမောင်က ငါးခေါင်းဆို လွှတ်ကြိုက်တာ "
" အင်းပါ.....မောင့်သဘော မောင်စားချင်တာစား....မမက အရေးမကြီးပါဘူး
မောင်ဝရင် မမလဲ ဝပါတယ်.....အဟင်းးဟင်းးး "
ကိုဆက်လဲ ချီးအညှိတွေတက်ပြီးအဝါရောင်သန်းနေတဲ့ ငါးခေါင်းကြီးအား
ဆာဆာနှင့်အားရပါးရ လက်ပင်မဆေးနိုင်ပဲစားလေတော့သည်။
ငါးခေါင်းအား စားလိုက်အရိုးတွေကို တပြွတ်ပြွတ်စုပ်လိုက်နှင့်
အားရပါးရ စားနေသော လင်တော်မောင်လေးအား
မမတိုးတယောက် ပေါင်ခြံကဝဲအစိုတွေကို
ကုတ်ရင်း ပီတိအပြုံးများစွာဖြင့် ကြည့်နေမိတော့သည်။
တာတီး
( လှိုင်သာယာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် )
မူရင်းစာရေးသူအားလေးစားစွာဖြင့်
မူရင်းရှာဖွေသူအတွက် credit ပေးပါတယ်
ညစ်ညမ်း စာပေ စစ်စစ် ( ငါးခေါင်း )
Reviewed by MP4 YoU
on
May 28, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment