CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 19, 2017
အမိုးအကာမရှိတဲ့ ဘုန်းကြီးကျောင်းလေးထဲမှ ဘုန်းကြီး ၁၀ပါး မိုးရွှာရင် အိပ်စက်ဖို့ နေရာ မရှိဖြစ်နေ
၁၉..၄..၁၇
-
ဒဂုံမြို့သစ် ( အရှေ့ပိုင်း ) မြို့နယ် ကျူးချောင်းမှာရှိတဲ့ လယ်ကွင်းတွေကြီး
ထဲမှာ ရဟန်း ၂ ပါး ကိုရင် ၈ ပါး သီတင်းသုံးနေတဲ့ ( သုစိတ္တာရာမ ) ဆိုတဲ့ဘုန်းတော်ကြီး ကျောင်းလေမှာ အမိုးအကာ ထရံတွေ မရှိ
အလှူရှင်တွေမရှိ ဘုန်းကြီးကျောင်းသုံး ပရိဘောဂမရှိ မိုးရွှာရင် ကိုရင်လေးတွေမှာ အိပ်စရာနေရာ မရှိဖြစ်နေကြပါတယ်။
-
အောက်ပါ ဗုဒ္ဓသာသနာပြု ကျောင်းထိုင်ဆရာတော်မှာ ဦးသုစိတ္တ မှာ အင်မတန်မှ ရိုးသားလှတဲ့ တိုင်းရင်းသား ဖြစ်ပြီး ( ဖေ့ဘွှတ် )တောင်
မသုံးပါဘူး။ပေးသုံးလဲမသုံးပါဘူး။
-
အခုပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသီးထန်စွာ ရွှာသွန်းမှူကြောင့် အပေါ်ထရံ
အကာ မရှိတဲ့ ဒီဘုန်းတော်ကြီး ကျောင်းလေးမှာ မိုးရေတွေ ၀င်ရောက်မှု
ကြောင့် ဘုန်းဘုန်းတွေ အိပ်ဖို့နေရာမရှိ ဒုက္ခရောက်ခဲ့ရပါတယ်။
-
ဗုဒ္ဓသာသနာကို တကယ်ပြန့်ပွာအောင် နေထိုင်ကျင့်ကြံပြီး သာသနာပြု
နေတဲ့ ဘုန်းဘုန်းတွေ ခများ ဆွမ်းထမင်း ဆွမ်ဟင်း အလှူရှင်တောင် မရှိ
အိပ်ရာလေး တခုမရှိ မိုးရွှာရင် တရားထိုင်ဖို့ နေရာလေတခု မရှိ ဖြစ်နေ
တာ အင်မတန်းမှ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတခုပါပဲ။
-
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာကို ပြုနေတဲ့ ဘုန်းဘုန်း
တွေ နေလုံမိုးလုံ တရားဘာဝနာ အားထုတ်နိုင်အောင် နည်းများမဆို သွားရောက် လှူတမ်းကြဖို့နှင့် ရပ်ဝေးရပ်နီးက ဗုဒ္ဓဘာသာဝင် မိတ်ဆွေ
များအနေနဲ့ မိမိအနေနဲ့ မလှူတမ်းနိုင်သော်လဲ လှူတမ်းနိုင်တဲ့ သူတွေကို တိုက်တွန်းနှီူး ဆော်ပြီး ရဟန်း ၁၀ ပါး တရားအားထုတ် ဗုဒ္ဓသာသနာ
ပြုနိုင်ရန် လှူတမ်း တိုက်တွန်ပေးဖို့ နှိုးဆော်အပ်ပါတယ်။
-
ရန်ကုန်တိုင်း ဒေသကြီး - ဒဂုံမြို့သစ် ( အရှေ့ပိုင်း )မြို့နယ် မလစ်
အရှေ့အုပ်စု-ကြာနီကန်ကွင်း - ကျူချောင်း - ကွင်းအမှတ် ( ၁၁၀၇ / ခ ) သုစိတ္တာရာမ ဘုန်တော်ကြီးကျောင်း
-
လှူဒါန်း ဆက်သွယ်နိုင်သည့် လိပ်စာကတော့
ဆရာတော် ဦးသုစိတ္တ ဖုန်း ( ၀၉ - ၂၆၀၄၄ ၀၆၀၈ )
ဆရာတော် ဦးသုစိတ္တ မှတ်ပုံတင်အမှတ်( ၁၂/ဒဂရ(သံဃ)၀၀၆၉၀ )
ဧရာဝတီ ဘဏ် ( ၀၁၁၅၂ ၀၁၀၁၀၀ ၃၅၈၈၈ )
-
ဦးဇင်းကြီး ဖုန်း ( ၀၉ - ၂၅၀၇၆၁၅၈၂ )
ဒေါ်ညိုမီစိုး ဖုန်း ( ၀၉ - ၂၆၃၆၆ ၂၅၀၃ ) ဆက်သွယ် မေးမြန်း လှူဒါန်း နိုင်ပါသည်။
=======================
သုစိတ္တာရာမကျောင်း ( ဖြစ်မြောက်ရေး ကော်မတီ )
အမိုးအကာမရှိတဲ့ ဘုန်းကြီးကျောင်းလေးထဲမှ ဘုန်းကြီး ၁၀ပါး မိုးရွှာရင် အိပ်စက်ဖို့ နေရာ မရှိဖြစ်နေ
Reviewed by MP4 YoU
on
April 19, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment