Credit:Momolay
#Unicode Version
အိပ် တာနဲ့ ပတ်သက်လို့ လူတော်တော်များများက သူတို့နှစ်သက်တဲ့ပုံစံကို ရွေးပြီး အိပ်တတ်ကြပါတယ်။ ဒါပေမဲ့ အိပ်စက်တာဟာ တစ်နေ့တာရဲ့ ပင်ပန်း၊ နွမ်းနယ်မှုဒဏ်တွေကို အကောင်းဆုံး ပြန်လည် ခွန်အားဖြည့်တင်းတဲ့ အားဆေးတစ်ခွက်ဖြစ်တာကြောင့် နည်းမှန်၊ လမ်းမှန်နဲ့သာ သောက်သုံးမယ်ဆိုရင် ပိုပြီး အာနိသင် အစွမ်းထက်မှာပါ။ အိပ်စက်တာနဲ့ ပတ်သက်လို့ သုတေသီတွေရဲ့ တွေ့ရှိမှုအရ ညာဘက် စောင်းအိပ်တာထက် ဘယ်ဘက် စောင်းအိပ်တာဟာ ကျန်းမာရေးရှုထောင့်အရ ပိုပြီး နည်းလမ်းမှန်ကန်ပြီး သင်မသိနိုင်တဲ့ အကျိုးကျေးဇူး ၆ ချက်ကို ရရှိ ခံစားရမှာ ဖြစ်တယ်လို့ အတည်ပြုထားကြောင့် မိုမိုလေး ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
၁။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးတဲ့ သွေးဖြူဆဲလ်တွေရဲ့ လုပ်ဆောင်မှု (Lymphatic System) ကို တိုးတက်ကောင်းမွန်စေပါတယ်။
၂။ သရက်ရွက်ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအားကို ပိုပြီး ကောင်းမွန်စေပါတယ်။
၃။ စွန့်ထုတ်မယ့် အညစ်အကြေးတွေကို သင့်တော်သလို ဖယ်ထုတ်ပစ်ဖို့ အားပေး ကူညီပေးပါတယ်။
၄။ ညအချိန် ရင်ပူရင်ဆာဖြစ်ခြင်းကို လျော့ကျစေပါတယ်။
၅။ သင့်ရဲ့ အသည်းကို မနိုင်ဝန်ထမ်းစေမှုကနေ ကာကွယ်ပေးပါတယ်။
၆။ နှလုံး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
Credit:Momolay
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 18, 2017
ဘယ်ဘက် စောင်း အိပ် လို့ ရရှိမယ့် သင်မသိသေးတဲ့ အကျိုးကျေးဇူး ၆ ချက်
ဘယ်ဘက် စောင်း အိပ် လို့ ရရှိမယ့် သင်မသိသေးတဲ့ အကျိုးကျေးဇူး ၆ ချက်
Reviewed by MP4 YoU
on
April 18, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment