CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 25, 2017
ဝေါမြို့ နယ် ထိန်တပင်ကျေးရွာ၌ ကိုးနှစ်အရွယ် မိန်းခလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရဟုဆို
ဝေါ ၊မတ်လ (၂၄)
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်ပိုင် ထိန်တပင်ကျေးရွာ၌ မတ်လ(၂၂)ရက်က ယင်းကျေးရွာနေ (၃)တန်းကျောင်းသူ မိန်းခလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၍ အဖွားဖြစ်သူမှ အမှုဖွင့်တိုင်ကြားထားကြောင်း ထိန်တစ်ပင်ကျေးရွာသားတစ်ဦးထံက သတင်းရရှိသည်။
မတ်လ (၂၂) ရက်နေ့ နံနက် (၈) နာရီအချိန့် ခန် က့ ထိန်တပင်ကျေးရွာနေ ဒေါ်ငို မှာ တူမတော်စပ်သူဒေါ်ချို ၊ ဒေါ်နီလာ၊မြေးဖြစ်သူ အသက် (၉) နှစ်အရွယ်ရှိ မ.......... တို့ နှင့်အတူ၊ နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ အသက် (၂၂) နှစ်အရွယ်ရှိ စန္ဒကျော် (ဘ)ဦးမျိုးသန်းဆိုသူ ရောက်ရှိလာပြီး၊ မတ်လ (၂၁) ရက်နေ့ ကသရက်သီးသွားကောက်ရာမှ သရက်သီးဖိုးရောင်းရငွေ (၁၀၀၀)ကျပ်အား လာရောက် ပေးအပ်၍ သရက်သီး ထပ်မံသွားကောက်ရန် မ........... အားခေါ်ဆိုသဖြင့် ဒေါ်ချို မှ အိပ်ပျော်နေသည့် တူမဖြစ်သူမ.........
အား နှိုး၍ထည့်ပေးလိုက်ကြောင်း၊ စန္ဒကျော်က စက်ဘီးနှင့်မ........အား တင်ဆောင်သွားပြီး တစ်နာရီကျော်ခန့် အကြာ မ.........မှာ ငိုယိုပြီးပြန်လာ၍ ဒေါ်ချို မှ တူမဖြစ်သူအားမေးမြန်းရာ ရွာ၏တောင်ဘက်တစ်မိုင်ခန့် အကွာရှိ လူမနေသည့် တဲတွင် စန္ဒကျော်က မ ....... ဝတ်ဆင်လာသည့် အဝါရောင်ဘောင်းဘီတိုအားအတင်းဆွဲချွတ်၍ အဓမ္မပြုကျင့်ခဲ့ခြင်းကြောင်း ညောင်ခါးရှည်ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ မ ....... အား အဓမ္မပြုကျင့်သူ စန္ဒကျော်အားအရေးယူပေးပါရန် အဘွားဖြစ်သူဒေါ်ငိုမှ ညောင်ခါးရှည်နယ်မြေရဲစခန်းတွင် လာရောက်တိုင်တန်းသဖြင့် ညောင်ခါးရှည်နယ်မြေရဲစခန်းမှ (ပ)၅၃/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရှိရပြီး အမှုနှင့်ပက်သက်သည့် စန္ဒကျော်ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဆက်လက်သိရှိရသည်။
Admin - Nay Makha
Waw Media
ဝေါမြို့ နယ် ထိန်တပင်ကျေးရွာ၌ ကိုးနှစ်အရွယ် မိန်းခလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရဟုဆို
Reviewed by MP4 YoU
on
March 25, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment