By Bertil Lintner 1 February 2017
By Bertil Lintner 1 February 2017
ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာဆင္ေျခဖုံး ရွိ မြတ္ဆလင္သုႆန္ သို႔ ဦးတည္ေနသည့္ လမ္းေပၚတြင္ ျမန္မာနိုင္ငံ၏ အထင္ ရွားဆုံး ေရွ႕ေနတဦး ႏွင္ ဒီမိုကေရစီေရး လွုပ္ရွားသူတဦး ျဖစ္သည့္ ဦးကိုနီ ကို ေနာက္ဆုံးဂါဝရ ျပဳရန္ ေရာက္လာသည့္ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူမ်ားကို တင္ေဆာင္လာသည့္ ကားမ်ား၊ မီနီဗင္မ်ား၊ ဘတ္စ္ကားမ်ား တန္းစီေနခဲ့သည္။ ဈာပနကို လိုက္ပါ ပို႔ေဆာင္သူ အမ်ားစုမွာ သံပုရာခြံ ဦးထုပ္မ်ား ေဆာင္းထားသည္ မြတ္ဆလင္မ်ား ျဖစ္ေသာ္လည္း ႀကီးမားေသာ လူစုႀကီးထဲတြင္ ကိုးကြယ္ရာ ဘာသာ အသီးသီးမွ ျပည္သူမ်ား ပါဝင္ေနျခင္းသည္ ဦးကိုနီကို ေလးစားျခင္းက ဘာသာေရး ကန႔္သတ္မွုမ်ားကို ေက်ာ္လြန္ေနေၾကာင္း ေဖာ္ျပေနသည္။
အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ၏ ဥပေဒေရးရာ အႀကံေပးတဦးျဖစ္သည့္ ဦးကိုနီကို ဇန္နဝါရီလ ၂၉ ရက္ေန႔က ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ အျပင္ဘက္တြင္ ေသနတ္သမား တဦးက လုပ္ႀကံသတ္ျဖတ္ခဲ့သည္။ ဦးကိုနီက နိုင္ငံျခား ခရီးစဥ္တခုမွ ျပန္လည္ရွိလာျခင္း ျဖစ္သည္။ ဦးကိုနီကို ေလဆိပ္ခန္းမေဆာင္ တံခါးမ်ားအျပင္ ဘက္တြင္ ေစာင့္ဆိုင္းေနခဲ့ေသာ လုပ္ႀကံသူက ပစ္ခတ္ၿပီး မ်ားမၾကာမီ အခ်ိန္တြင္ ဖမ္းဆီးရမိခဲ့သည္။ သူ႔ကို ဖမ္းဆီးရန္ ႀကိဳးစားခဲ့သည့္ အငွားယာဥ္ေမာင္းတဦးကိုလည္း သူက သတ္ျဖတ္ခဲ့သည္။ တိုင္းျပည္၏ နိုင္ငံေရးကို ဓားသြားေပၚသို႔ တင္ေပးလိုက္သည့္ အဆိုပါ သတ္ျဖတ္မွုက နိုင္ငံေရးအရ လုပ္ႀကံျခင္းျဖစ္ေၾကာင္း ထင္ရွားစြာ ျပသခဲ့သည္။
ဦးကိုနီကို မြတ္ဆလင္ ဓေလ့ထုံးစံ အရ ကြယ္လြန္ၿပီး ၂၄ နာရီ မျပည့္မီ ေျမျမႇုပ္ သၿဂႋဳဟ္ခဲ့သည္။ လုပ္ႀကံခံခဲ့ရသည့္ ေရွ႕ေနဦးကိုနီကို သိၾကသည့္ ရန္ကုန္ၿမိဳ႕ခံမ်ားက ယခုလူသတ္မွုသည္ ဦးကိုနီ ကိုးကြယ္ယုံၾကည္သည့္ ဘာသာေရးႏွင့္ သက္ဆိုင္ေၾကာင္း ခန႔္မွန္း ေဖာ္ျပၾကသည္ကို ျငင္းပယ္ခဲ့ၾကသည္။ အခ်ိဳ႕ သတင္းမ်ားဆိုလၽွင္ ရည္ရြယ္ခ်က္ ရွိရွိျဖင့္ ယခုလို သတ္ျဖတ္ျခင္းက ျမန္မာနိုင္ငံ အေနာက္ပိုင္း ရခိုင္ျပည္နယ္တြင္ မတည္ၿငိမ္မွုမ်ား ျမင့္တက္လာရန္ ျဖစ္သည္ဟူ၍ ပင္ ေဖာ္ျပခဲ့ၾကသည္။
သို႔ေသာ္လည္း သူ၏ လုပ္ေဖာ္ကိုင္ဖက္မ်ား၏ အဆိုအရ ဦးကိုနီ လတ္တေလာ အေလးေပး ေဆာင္ရြက္ေနသည္မွာ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒကို ျပင္ဆင္ေရး သို႔မဟုတ္ အစားထိုးေရး ျဖစ္သည္ဟု သိရသည္။ ၂၀၁၅ ခုႏွစ္ နိုဝင္ဘာ ေရြးေကာက္ပြဲေနာက္ပိုင္းတြင္ ျမန္မာနိုင္ငံက စစ္တပ္က တိုက္ရိုက္အုပ္ခ်ဳပ္သည့္ စနစ္မွ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးသို႔ အ သြင္ကူးေျပာင္းေနေသာ္လည္း ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒအရ တပ္မေတာ္က နိုင္ငံေရးတြင္ ခိုင္မာေသာေနရာမွ ပါဝင္ေန ဆဲ ျဖစ္သည္။ “အစိုးရအုပ္ခ်ဳပ္ေရး အဆင့္ အားလုံးက ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ့ အာဏာေအာက္မွာ ရွိေနတယ္” ဟု ၂၀၁၆ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔က ဧရာဝတီသတင္းဌာန ႏွင့္ ေတြ႕ဆုံရာတြင္ ဦးကိုနီက ေျပာသည္။ NLD က ယခင္ အစိုးရထံမွ အာဏာလႊဲေျပာင္းယူရန္ ျပင္ဆင္ေနခ်ိန္ ျဖစ္သည္။
အသြင္ကူးေျပာင္းေရး ျဖစ္ေသာ္လည္း ျမန္မာနိုင္ငံမွ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားက ေရြးေကာက္ခံအစိုးရ၏ အမိန႔္ကို နာခံရန္ မလိုဘဲ ယခင္စစ္အစိုးရ ေရးဆြဲခဲ့သည့္ ၂၀၀၈ ခုႏွစ္ အေျခခံ ဥပေဒတြင္ ေဖာ္ျပသည့္ အတိုင္း ကာကြယ္ေရး ဦးစီးခ်ဳပ္၏ အမိန႔္ကိုသာ နာခံေနၾကဆဲ ျဖစ္သည္။ အေရးႀကီးသည့္ ဝန္ႀကီးဌာနမ်ား ျဖစ္သည့္ ကာကြယ္ေရး၊ ျပည္ထဲေရးႏွင့္ နယ္စပ္ ေရးရာ ဝန္ႀကီးဌာနမ်ားအတြက္ ဝန္ႀကီးမ်ားကိုလည္း စစ္တပ္က ခန႔္အပ္သည္။ ရဲတပ္ဖြဲ႕သည္ ျပည္ထဲေရးဝန္ႀကီး လက္ေအာက္တြင္ ရွိၿပီး တနိုင္ငံလုံး ရွိ ျပည္နယ္၊ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ႏွင့္ ရပ္ကြက္ ေက်းရြာမ်ားအထိ အစိုးရလုပ္ငန္းမ်ားကို ထိန္းခ်ဳပ္ထားသည့္ ၾသဇာအာဏာ ႀကီးမားေသာ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွာလည္း ျပည္ထဲေရး ဝန္ႀကီးဌာနတြင္ ပါဝင္သည္။
ဦးကိုနီ အားစိုက္ခြန္စိုက္ ေဆာင္ရြက္ခဲ့သလို စစ္တပ္က လႊမ္းမိုးသည့္ အာဏာတည္ေဆာက္မွုကို ေျပာင္းလဲရန္ ႀကိဳးစား မည့္ အားထုတ္မွုမွန္သမၽွသည္ လႊတ္ေတာ္ ၂ ရပ္ေပါင္းထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကိုယ္စားလွယ္ ၇၅ ရာခိုင္ ႏွုန္းေက်ာ္က ျပင္ဆင္ေရးအတြက္ ေထာက္ခံမဲေပးရန္ လိုအပ္မည္ ျဖစ္သည္။ လႊတ္ေတာ္ ၂ ရပ္လုံးတြင္ တပ္မေတာ္က ေနရာ ၂၅ ရာခိုင္ႏွုန္း ခန႔္အပ္ထားျခင္း ျဖစ္သည့္အတြက္ ဥပေဒ ျပင္ဆင္ေရး လွုပ္ရွားမွုႏွင့္ တိုင္းျပည္၏ အုပ္ခ်ဳပ္ေရးစနစ္ ပိုမို ဒီမိုကေရစီဆန္လာေစမည့္ အလုံးစုံျပဳျပင္ေရး မွန္သမၽွတို႔ကို ဆုံးျဖတ္ေပးနိုင္သည့္ ဗီတို အာဏာရွိေနသည္။
ကခ်င္ျပည္ နယ္ေျမာက္ပိုင္း ႏွင့္ ရွမ္းျပည္နယ္တြင္ တိုက္ပြဲမ်ား ျမင့္တက္လာျခင္း၊ ဆႏၵျပသူမ်ား အေပၚ ရဲအဖြဲ႕က ၾကမ္းတမ္းစြာျပဳမူ ျခင္း၊ ျပည္နယ္ႏွင့္ တိုင္းမ်ားတြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာ အားနည္းမွုမ်ား ရွိသည္ဟု စြပ္စြဲမွုမ်ား ရွိေနျခင္း ႏွင့္ ရခိုင္ျပည္နယ္ ႏွင့္ တျခားေနရာမ်ားတြင္ အာဏာပိုင္မ်ားက တရားမဝင္ ေရာက္ရွိလာသူမ်ားဟု ယူဆထားသူမ်ားကို ၿဖိဳခြဲျခင္းမ်ား အပါအဝင္ ေဆာင္ရြက္မွုမ်ားတြင္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ လက္ရွိ ေရြးေကာက္ခံ အစိုးရသည္ ၾသဇာအာဏာ သက္ေရာက္နိုင္ျခင္း မရွိဟု စြပ္စြဲမွုမ်ားႏွင့္ လတ္တေလာ ရင္ဆိုင္ ေနၾကရသည္။
စာေရးသူႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည့္ အခ်ိန္မ်ားတြင္ ဦးကိုနီက တပ္မေတာ္၏ အခန္းက႑ႏွင့္ သက္ဆိုင္ေသာ ကိစၥမ်ား ႏွင့္ ျမန္မာနိုင္ငံ၏ မျပည့္စုံသည့္ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ကိစၥမ်ားကို ေျပာေလ့ရွိပါသည္။ ကိုးကြယ္ယုံၾကည္မွု အားလုံးက တန္းတူညီမၽွမွု ရွိရမည္ဟု သူယုံၾကည္ေသာ္လည္း သူ ကိုးကြယ္သည့္ ဘာသာတရားကို ကိုယ္ေရးကိုယ္တာ အေၾကာင္းတခုအျဖစ္ သူက သေဘာထားသည္။ လူနည္းစု မြတ္ဆလင္မ်ား ကိစၥႏွင့္ ပတ္သက္၍ ပြင့္ပြင့္လင္းလင္း ေတာင္းဆိုျခင္း သို႔မဟုတ္ အတိအလင္း ေျပာဆိုျခင္းမ်ား မရွိခဲ့ပါ။ လတ္တေလာတြင္ ဦးကိုနီက လူငယ္စာနယ္ဇင္းသမား မ်ားကို သူတို႔ရင္ဆိုင္ေနရသည္ ဥပေဒေၾကာင္းအရ ၿခိမ္းေျခာက္မွုမ်ားကို နားလည္ရန္ ႏွင့္ နိုင္ငံေရး အေၾကာင္းခံရွိသည့္ တရားစြဲမွုမ်ားမွ သူတို႔ကိုယ္သူတို႔ ကာကြယ္နိုင္ရန္ ကူညီေပးေနပါသည္။
“တကယ္လို႔ ဒီလုပ္ႀကံမွုက ဘာသာေရး အေၾကာင္းရွိတယ္ဆိုရင္ ဒီလုပ္ႀကံမွု သို႔မဟုတ္ ေသနတ္သမားရဲ့ ေနာက္ကြယ္မွာ ရွိေနတဲ့ လူတစုက ဗုဒၶဘာသာဝင္ေတြနဲ႔ မြတ္ဆလင္ ဘာသာဝင္ေတြၾကားမွာ ျပႆနာ မီးေမႊးခ်င္တဲ့ ရည္ရြယ္ခ်က္ ရွိေန နိုင္ပါတယ္” ဟု ဦးကိုနီ၏ လုပ္ေဖာ္ကိုင္ဖက္ တဦးက ေျပာသည္။ အေၾကာင္းအရာက ထိရွလြယ္သည့္ အတြက္ သူ၏ အမည္ကို ထုတ္ေဖာ္ျခင္း မျပဳရန္လည္း ေမတၱာရပ္ခံခဲ့သည္။
အကယ္၍ လူသတ္သမား၏ ရည္ရြယ္ခ်က္က ထိုသို႔ျဖစ္မည္ဆိုလၽွင္ သူ မေအာင္ျမင္ခဲ့ပါ။ လုပ္ႀကံမွုျဖစ္ပြားခဲ့ၿပီးေနာက္ ဦးကိုနီ၏ အေလာင္းရွိရာ ေဆး႐ုံအျပင္ဘက္သို႔ ျပႆနာ မီးေမႊးမည့္ လူတေယာက္ေရာက္လာၿပီး ေအာ္ဟစ္ဆဲဆို၍ လုပ္ႀကံသတ္ျဖတ္ျခင္းကို ေက်းဇူးတင္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့သည္။ သူ႔စကားလုံးမ်ားက ထိုေနရာတြင္ ရွိ ေနေသာ မြတ္ဆလင္မ်ားႏွင့္ ဗုဒၶဘာသာဝင္မ်ား၏ အံ့ၾသတႀကီး တိတ္ဆိတ္မွုကိုသာ ျပန္ရခဲ့သည္။
အသက္ ၆၃ ႏွစ္ ရွိၿပီ ျဖစ္ေသာ ဦးကိုနီကို ျမန္မာနိုင္ငံ ေျမာက္ပိုင္းေဒသမွ ကသာတြင္ ေမြးဖြားခဲ့သည္။ ၁၉၇၅ ႏွင့္ ၁၉၇၆ ခုႏွစ္မ်ားတြင္ ရန္ကုန္တကၠသိုလ္မွ ဥပေဒဘြဲ႕ ရရွိခဲ့သည္။ တကၠသိုလ္ ဥပေဒ အသင္း၏ ဒုတိယ ဥကၠဌ အျဖစ္လည္း ေဆာင္ရြက္ခဲ့သည္။ ၁၉၈၈ ခုႏွစ္ ဒီမိုကေရစီ အေရးအခင္းတြင္လည္း စတင္သည့္ အခ်ိန္ကထဲက တက္တက္ႂကြႂကြ ပါ ဝင္ခဲ့သည္။ ဖိႏွိပ္ရက္စက္သည့္ စစ္အုပ္ခ်ဳပ္ေရးကာလ အေမွာင္ေန႔ရက္မ်ား အတြင္းတြင္လည္း ျပည္ပသို႔ ထြက္ခြာသြား မည့္အစား ျပည္တြင္းတြင္ ဆက္လက္ေနထိုင္ခဲ့သည္။
NLD ၏ အဓိက ဥပေဒ အႀကံေပး အေနျဖင့္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ အနိုင္ရခဲ့ေသာ္လည္း နိုင္ငံျခားသား ျဖစ္ ေနသည့္ သား ၂ ေယာက္ေၾကာင့္ အေျခခံဥပေဒအရ သမၼတ တာဝန္ထမ္းေဆာင္ခြင့္ မရွိသည့္ ပါတီေခါင္းေဆာင္ ေဒၚ ေအာင္ဆန္းစုၾကည္ အတြက္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ရာထူးကို အႀကံေပးခဲ့သူဟု ဦးကိုနီကို သိထားၾကပါသည္။ NLD ပါတီက ေဒၚေအာင္ဆန္းစုၾကည္၏ ဒီမိုကေရစီ ပုံရိပ္ႏွင့္ နိုင္ငံေရး အက်ဥ္းသားေဟာင္းတဦး ျဖစ္သည့္ ဂုဏ္သတင္းကို အသုံးျပဳ၍ အႀကီးအက်ယ္ မဲဆြယ္လွုပ္ရွားခဲ့သည္။
“အဲဒါက စစ္တပ္ကို ေဒါသထြက္ေစပါတယ္။ သူတို႔က ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာနိုင္ငံရဲ့ အႀကီးအကဲ ျဖစ္လာမွာ ကို တားဆီးခ်င္ခဲ့ၾကတယ္။ ဒါေပမယ့္ သူ႔ အတြက္ သမၼတရဲ့ အထက္မွာရွိမယ့္ ရာထူးသစ္တခုကို ဖန္တီးနိုင္ခဲ့တယ္” ဟု ဦးကိုနီႏွင့္ နီးစပ္သူ ေနာက္တဦးက ေျပာသည္။
လုပ္ႀကံရျခင္း၏ ေနာက္ခံအေၾကာင္းက မသဲကြဲပါ။ လုပ္ႀကံမွု၏ ေနာက္ကြယ္တြင္ ႀကိဳးကိုင္သူတဦး ရွိမရွိ ဆိုသည္ မွာ လည္း မရွင္းလင္းေသးပါ။ ဦးကိုနီကို ေသနတ္ႏွင့္ ပစ္ခဲ့သည့္ အသက္ ၅၃ ႏွစ္ အရြယ္ ၾကည္လင္းမွာ ယခင္ အစိုးရ လက္ထက္ ၂၀၁၄ ခုႏွစ္တြင္ သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ ႏွင့္ ျပန္လည္လြတ္ေျမာက္လာသည့္ အက်ဥ္းသား ေဟာင္း တ ဦး ျဖစ္သည္။ ျမန္မာနိုင္ငံသို႔ ဦးကိုနီျပန္ေရာက္လာမည့္ နိုင္ငံတကာေလေၾကာင္း ခရီးစဥ္ကို ေသနတ္သမားက တိတိက်က် သိေနၿပီး ေလဆိပ္အျပင္ဘက္တြင္ သူ႔ကို ေစာင့္ဆိုင္းေနခဲ့ျခင္းက သတင္း အခ်က္အလက္ ျပည့္စုံစြာျဖင့္ စနစ္တက် စီစဥ္ထားသည့္ ကိစၥတခု ျဖစ္ေၾကာင္း အရိပ္အေယာင္ျပေနသည္။
ဦးကိုနီႏွင့္ နီးစပ္သူမ်ားက လုပ္ႀကံမွု၏ ေနာက္ကြယ္တြင္ ရွိေနနိုင္သည့္ အေၾကာင္းရင္းမွာ သူကိုးကြယ္သည့္ ဘာသာ တရားေၾကာင့္ မဟုတ္ဘဲ သူ၏ ပြင့္ပြင့္လင္းလင္း ေျပာဆိုမွုေၾကာင့္ ျဖစ္သည္ဟု ယုံၾကည္ထားၾကသည္။ ဦးကိုနီက NLD ေခါင္းေဆာင္မ်ားကို တိုင္းျပည္၏ ႏုနယ္၍ မတည္ၿငိမ္ေသာ ဒီမိုကေရစီ ေတာင့္တင္း ခိုင္မာလာေစေရး ႏွင့္ စစ္တပ္ ကို ေနာက္ဆုတ္သြားေစေရးအတြက္ အေျခခံဥပေဒ ျပင္ဆင္ရန္ လုံေလာက္သည့္ တြန္းအားေပးမွု မရွိသည့္အတြက္ ပုဂၢိဳလ္ ေရးအရ ေဝဖန္ခဲ့သူလည္း ျဖစ္သည္။
ဦးကိုနီ ကြယ္လြန္သြားျခင္းေၾကာင့္ NLD ႏွင့္ အစိုးရအဖြဲ႕အတြက္ အရွိန္ျမင့္တက္လာေနေသာ တိုင္းျပည္၏ နိုင္ငံေရး အာဏာႏွင့္ အေျပာင္းအလဲ၏ အႏၲရာယ္မ်ားေသာ အဆင့္သစ္တခုတြင္ သူ၏ ေနရာကို ျဖည့္ဆည္းေရး ႀကီးမားေသာ အခက္အခဲတခု ျဖစ္လာလိမ့္မည္။
( Asia Times ပါ Bertil Lintner ၏ Assassination puts Myanmar on a razor’s edge ေဆာင္းပါးကို ဘာသာျပန္ဆိုသည္)
Irrawaddy
Topics: ဦးကိုနီ
ရန်ကုန်မြို့ မြောက်ဥက္ကလာဆင်ခြေဖုံး ရှိ
မွတ်ဆလင်သုဿန် သို့ ဦးတည်နေသည့် လမ်းပေါ်တွင် မြန်မာနိုင်ငံ၏ အထင် ရှားဆုံး
ရှေ့နေတဦး နှင် ဒီမိုကရေစီရေး လှုပ်ရှားသူတဦး ဖြစ်သည့် ဦးကိုနီ ကို
နောက်ဆုံးဂါဝရ ပြုရန် ရောက်လာသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို
တင်ဆောင်လာသည့် ကားများ၊ မီနီဗင်များ၊ ဘတ်စ်ကားများ တန်းစီနေခဲ့သည်။
ဈာပနကို လိုက်ပါ ပို့ဆောင်သူ အများစုမှာ သံပုရာခွံ ဦးထုပ်များ ဆောင်းထားသည်
မွတ်ဆလင်များ ဖြစ်သော်လည်း ကြီးမားသော လူစုကြီးထဲတွင် ကိုးကွယ်ရာ ဘာသာ
အသီးသီးမှ ပြည်သူများ ပါဝင်နေခြင်းသည် ဦးကိုနီကို လေးစားခြင်းက ဘာသာရေး
ကန့်သတ်မှုများကို ကျော်လွန်နေကြောင်း ဖော်ပြနေသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးတဦးဖြစ်သည့် ဦးကိုနီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပြင်ဘက်တွင် သေနတ်သမား တဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးကိုနီက နိုင်ငံခြား ခရီးစဉ်တခုမှ ပြန်လည်ရှိလာခြင်း ဖြစ်သည်။ ဦးကိုနီကို လေဆိပ်ခန်းမဆောင် တံခါးများအပြင် ဘက်တွင် စောင့်ဆိုင်းနေခဲ့သော လုပ်ကြံသူက ပစ်ခတ်ပြီး များမကြာမီ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။ သူ့ကို ဖမ်းဆီးရန် ကြိုးစားခဲ့သည့် အငှားယာဉ်မောင်းတဦးကိုလည်း သူက သတ်ဖြတ်ခဲ့သည်။ တိုင်းပြည်၏ နိုင်ငံရေးကို ဓားသွားပေါ်သို့ တင်ပေးလိုက်သည့် အဆိုပါ သတ်ဖြတ်မှုက နိုင်ငံရေးအရ လုပ်ကြံခြင်းဖြစ်ကြောင်း ထင်ရှားစွာ ပြသခဲ့သည်။
ဦးကိုနီကို မွတ်ဆလင် ဓလေ့ထုံးစံ အရ ကွယ်လွန်ပြီး ၂၄ နာရီ မပြည့်မီ မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။ လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီကို သိကြသည့် ရန်ကုန်မြို့ခံများက ယခုလူသတ်မှုသည် ဦးကိုနီ ကိုးကွယ်ယုံကြည်သည့် ဘာသာရေးနှင့် သက်ဆိုင်ကြောင်း ခန့်မှန်း ဖော်ပြကြသည်ကို ငြင်းပယ်ခဲ့ကြသည်။ အချို့ သတင်းများဆိုလျှင် ရည်ရွယ်ချက် ရှိရှိဖြင့် ယခုလို သတ်ဖြတ်ခြင်းက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ မြင့်တက်လာရန် ဖြစ်သည်ဟူ၍ ပင် ဖော်ပြခဲ့ကြသည်။
သို့သော်လည်း သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အဆိုအရ ဦးကိုနီ လတ်တလော အလေးပေး ဆောင်ရွက်နေသည်မှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အစားထိုးရေး ဖြစ်သည်ဟု သိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်းတွင် မြန်မာနိုင်ငံက စစ်တပ်က တိုက်ရိုက်အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အ သွင်ကူးပြောင်းနေသော်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးတွင် ခိုင်မာသောနေရာမှ ပါဝင်နေ ဆဲ ဖြစ်သည်။ “အစိုးရအုပ်ချုပ်ရေး အဆင့် အားလုံးက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အာဏာအောက်မှာ ရှိနေတယ်” ဟု ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဧရာဝတီသတင်းဌာန နှင့် တွေ့ဆုံရာတွင် ဦးကိုနီက ပြောသည်။ NLD က ယခင် အစိုးရထံမှ အာဏာလွှဲပြောင်းယူရန် ပြင်ဆင်နေချိန် ဖြစ်သည်။
အသွင်ကူးပြောင်းရေး ဖြစ်သော်လည်း မြန်မာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များက ရွေးကောက်ခံအစိုးရ၏ အမိန့်ကို နာခံရန် မလိုဘဲ ယခင်စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေတွင် ဖော်ပြသည့် အတိုင်း ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ကိုသာ နာခံနေကြဆဲ ဖြစ်သည်။ အရေးကြီးသည့် ဝန်ကြီးဌာနများ ဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာနများအတွက် ဝန်ကြီးများကိုလည်း စစ်တပ်က ခန့်အပ်သည်။ ရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီး လက်အောက်တွင် ရှိပြီး တနိုင်ငံလုံး ရှိ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာများအထိ အစိုးရလုပ်ငန်းများကို ထိန်းချုပ်ထားသည့် သြဇာအာဏာ ကြီးမားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနတွင် ပါဝင်သည်။
ဦးကိုနီ အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့သလို စစ်တပ်က လွှမ်းမိုးသည့် အာဏာတည်ဆောက်မှုကို ပြောင်းလဲရန် ကြိုးစား မည့် အားထုတ်မှုမှန်သမျှသည် လွှတ်တော် ၂ ရပ်ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးရန် လိုအပ်မည် ဖြစ်သည်။ လွှတ်တော် ၂ ရပ်လုံးတွင် တပ်မတော်က နေရာ ၂၅ ရာခိုင်နှုန်း ခန့်အပ်ထားခြင်း ဖြစ်သည့်အတွက် ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုနှင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ပိုမို ဒီမိုကရေစီဆန်လာစေမည့် အလုံးစုံပြုပြင်ရေး မှန်သမျှတို့ကို ဆုံးဖြတ်ပေးနိုင်သည့် ဗီတို အာဏာရှိနေသည်။
ကချင်ပြည် နယ်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ မြင့်တက်လာခြင်း၊ ဆန္ဒပြသူများ အပေါ် ရဲအဖွဲ့က ကြမ်းတမ်းစွာပြုမူ ခြင်း၊ ပြည်နယ်နှင့် တိုင်းများတွင် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းမှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိနေခြင်း နှင့် ရခိုင်ပြည်နယ် နှင့် တခြားနေရာများတွင် အာဏာပိုင်များက တရားမဝင် ရောက်ရှိလာသူများဟု ယူဆထားသူများကို ဖြိုခွဲခြင်းများ အပါအဝင် ဆောင်ရွက်မှုများတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိ ရွေးကောက်ခံ အစိုးရသည် သြဇာအာဏာ သက်ရောက်နိုင်ခြင်း မရှိဟု စွပ်စွဲမှုများနှင့် လတ်တလော ရင်ဆိုင် နေကြရသည်။
စာရေးသူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချိန်များတွင် ဦးကိုနီက တပ်မတော်၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စများ နှင့် မြန်မာနိုင်ငံ၏ မပြည့်စုံသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စများကို ပြောလေ့ရှိပါသည်။ ကိုးကွယ်ယုံကြည်မှု အားလုံးက တန်းတူညီမျှမှု ရှိရမည်ဟု သူယုံကြည်သော်လည်း သူ ကိုးကွယ်သည့် ဘာသာတရားကို ကိုယ်ရေးကိုယ်တာ အကြောင်းတခုအဖြစ် သူက သဘောထားသည်။ လူနည်းစု မွတ်ဆလင်များ ကိစ္စနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တောင်းဆိုခြင်း သို့မဟုတ် အတိအလင်း ပြောဆိုခြင်းများ မရှိခဲ့ပါ။ လတ်တလောတွင် ဦးကိုနီက လူငယ်စာနယ်ဇင်းသမား များကို သူတို့ရင်ဆိုင်နေရသည် ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများကို နားလည်ရန် နှင့် နိုင်ငံရေး အကြောင်းခံရှိသည့် တရားစွဲမှုများမှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ကူညီပေးနေပါသည်။
“တကယ်လို့ ဒီလုပ်ကြံမှုက ဘာသာရေး အကြောင်းရှိတယ်ဆိုရင် ဒီလုပ်ကြံမှု သို့မဟုတ် သေနတ်သမားရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူတစုက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင် ဘာသာဝင်တွေကြားမှာ ပြဿနာ မီးမွှေးချင်တဲ့ ရည်ရွယ်ချက် ရှိနေ နိုင်ပါတယ်” ဟု ဦးကိုနီ၏ လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။ အကြောင်းအရာက ထိရှလွယ်သည့် အတွက် သူ၏ အမည်ကို ထုတ်ဖော်ခြင်း မပြုရန်လည်း မေတ္တာရပ်ခံခဲ့သည်။
အကယ်၍ လူသတ်သမား၏ ရည်ရွယ်ချက်က ထိုသို့ဖြစ်မည်ဆိုလျှင် သူ မအောင်မြင်ခဲ့ပါ။ လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးနောက် ဦးကိုနီ၏ အလောင်းရှိရာ ဆေးရုံအပြင်ဘက်သို့ ပြဿနာ မီးမွှေးမည့် လူတယောက်ရောက်လာပြီး အော်ဟစ်ဆဲဆို၍ လုပ်ကြံသတ်ဖြတ်ခြင်းကို ကျေးဇူးတင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ သူ့စကားလုံးများက ထိုနေရာတွင် ရှိ နေသော မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ အံ့သြတကြီး တိတ်ဆိတ်မှုကိုသာ ပြန်ရခဲ့သည်။
အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဦးကိုနီကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ကသာတွင် မွေးဖွားခဲ့သည်။ ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ တက္ကသိုလ် ဥပဒေ အသင်း၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင်လည်း စတင်သည့် အချိန်ကထဲက တက်တက်ကြွကြွ ပါ ဝင်ခဲ့သည်။ ဖိနှိပ်ရက်စက်သည့် စစ်အုပ်ချုပ်ရေးကာလ အမှောင်နေ့ရက်များ အတွင်းတွင်လည်း ပြည်ပသို့ ထွက်ခွာသွား မည့်အစား ပြည်တွင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။
NLD ၏ အဓိက ဥပဒေ အကြံပေး အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း နိုင်ငံခြားသား ဖြစ် နေသည့် သား ၂ ယောက်ကြောင့် အခြေခံဥပဒေအရ သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရှိသည့် ပါတီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို အကြံပေးခဲ့သူဟု ဦးကိုနီကို သိထားကြပါသည်။ NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ပုံရိပ်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည့် ဂုဏ်သတင်းကို အသုံးပြု၍ အကြီးအကျယ် မဲဆွယ်လှုပ်ရှားခဲ့သည်။
“အဲဒါက စစ်တပ်ကို ဒေါသထွက်စေပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာမှာ ကို တားဆီးချင်ခဲ့ကြတယ်။ ဒါပေမယ့် သူ့ အတွက် သမ္မတရဲ့ အထက်မှာရှိမယ့် ရာထူးသစ်တခုကို ဖန်တီးနိုင်ခဲ့တယ်” ဟု ဦးကိုနီနှင့် နီးစပ်သူ နောက်တဦးက ပြောသည်။
လုပ်ကြံရခြင်း၏ နောက်ခံအကြောင်းက မသဲကွဲပါ။ လုပ်ကြံမှု၏ နောက်ကွယ်တွင် ကြိုးကိုင်သူတဦး ရှိမရှိ ဆိုသည် မှာ လည်း မရှင်းလင်းသေးပါ။ ဦးကိုနီကို သေနတ်နှင့် ပစ်ခဲ့သည့် အသက် ၅၃ နှစ် အရွယ် ကြည်လင်းမှာ ယခင် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ဟောင်း တ ဦး ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဦးကိုနီပြန်ရောက်လာမည့် နိုင်ငံတကာလေကြောင်း ခရီးစဉ်ကို သေနတ်သမားက တိတိကျကျ သိနေပြီး လေဆိပ်အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်းက သတင်း အချက်အလက် ပြည့်စုံစွာဖြင့် စနစ်တကျ စီစဉ်ထားသည့် ကိစ္စတခု ဖြစ်ကြောင်း အရိပ်အယောင်ပြနေသည်။
ဦးကိုနီနှင့် နီးစပ်သူများက လုပ်ကြံမှု၏ နောက်ကွယ်တွင် ရှိနေနိုင်သည့် အကြောင်းရင်းမှာ သူကိုးကွယ်သည့် ဘာသာ တရားကြောင့် မဟုတ်ဘဲ သူ၏ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကြောင့် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဦးကိုနီက NLD ခေါင်းဆောင်များကို တိုင်းပြည်၏ နုနယ်၍ မတည်ငြိမ်သော ဒီမိုကရေစီ တောင့်တင်း ခိုင်မာလာစေရေး နှင့် စစ်တပ် ကို နောက်ဆုတ်သွားစေရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရန် လုံလောက်သည့် တွန်းအားပေးမှု မရှိသည့်အတွက် ပုဂ္ဂိုလ် ရေးအရ ဝေဖန်ခဲ့သူလည်း ဖြစ်သည်။
ဦးကိုနီ ကွယ်လွန်သွားခြင်းကြောင့် NLD နှင့် အစိုးရအဖွဲ့အတွက် အရှိန်မြင့်တက်လာနေသော တိုင်းပြည်၏ နိုင်ငံရေး အာဏာနှင့် အပြောင်းအလဲ၏ အန္တရာယ်များသော အဆင့်သစ်တခုတွင် သူ၏ နေရာကို ဖြည့်ဆည်းရေး ကြီးမားသော အခက်အခဲတခု ဖြစ်လာလိမ့်မည်။
( Asia Times ပါ Bertil Lintner ၏ Assassination puts Myanmar on a razor’s edge ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

No comments:
Post a Comment