ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့သည့် နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ရှေ့နေ ဦးကိုနီကို လုပ်ကြံပေးရန် ငွေဖြင့် ကမ်းလှမ်းခံရသူဖြစ်ကြောင်း အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မူးယစ်ပြတိုက်မှာ မနက်ဖြန်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကျရင် ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နဂါးလေးရဲ့အကြောင်း ပါလာလိမ့်မယ်။ သူက လုပ်ကြံမှုမှာ တိုက်ရိုက် မပတ်သက်ခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။
ဦးကိုနီကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် နောက်ကွယ်မှ ငွေပေးစေခိုင်းသူ အောင်ဝင်းဇော် ယင်းအပြင် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ ယင်းအမှုနှင့် ပတ်သက်ဆက်နွယ်နေသူဟုဆိုသူ တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့် ပါဝင်နေသောကြောင့် ၎င်းကို ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ဦးကိုနီအား လုပ်ကြံပေးရန် ငွေပေးပြီး ကမ်းလှမ်းခံရသည့် အင်းစိန်မြို့နယ်မှ ကိုအောင်စိုးပြီးလျှင် ၎င်းမှာ ဒုတိယ ကမ်းလှမ်းခံရသူဖြစ်ပြီး ကြည်လင်းမှာ တတိယမြောက် ကမ်းလှမ်းခံရသူဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
The Voice
တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း
- ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေးခိုင်းစေသူဒုဗိုလ်မှူးကြီး(ငြိမ်း) အောင်ဝင်းခိုင်
- ကိုအောင်စိုးနှင့်မီဒီယာများအင်တာဗျူး
- ဦးကိုနီ လုပ်ကြံခံရမှု စာရေးဆရာ ချစ်ဦးညိုရှုတ်ချ
- ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု သံသယရှိဆက်စပ်တရားခံ မြင့်ဆွေကို ဖမ်းဆီးထား
- ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေးနဲ့ မြန်မာမူဆလင်များရဲ့အခန်းကဏ္ဍဆွေးနွေးပွဲတွင်ဦးကိုနီဟောပြောချက်
- တိုင်းပြည်အတွက် တန်ဖိုးရှိလှတဲ့ တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီရဲ့ ဟောပြောချက်
- ကျနော်တို့ အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးဖြစ်သွားတာ စစ်တပ်ကြောင့်ပဲ(ဦးကိုနီ)
- ခင်မောင်ရင်ရဲ့တောသားကြီး သီချင်းကို ဌာန်ကရိုဏ်းကျကျဆိုပြတဲ့ဦးကိုနီ
- တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီအားလုပ်ကြံသူကို ဖမ်းဆီးရင်း သေဆုံးခဲ့ရသူတက်စီဒရိုင်ဘာ ကိုနေဝင်း၏ဇနီး
- လုပ်ကြံသတ်ဖြတ်ခြင်းခံရသော တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီရှင်းလင်းပြသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
- လုပ်ကြံခံရသော NLD ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် ဦးကိုနီ၏သမီးဖြစ်သူဆရာဝန်မလေးနှင့် အင်တာဗျူး
- NLD ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ
No comments:
Post a Comment