ကမ္ဘာလှည့်ခရီးသည်၂၆ဦး အရှင်လတ်လတ် ဘတ်စ်ကားပေါ်မှာ မီးလောင်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခု ထိုင်ဝမ်မှာဖြစ်ပွားခဲ့တဲ့ သတင်းကို မနှစ်က ၆ လပိုင်းလောက်မှ ဖတ်ဖူးတယ်။ သတင်းကို ပြန်ရှာဖတ်ရင်း video ဖိုင်းကိုလဲ ကြည့်ဖြစ်ခဲ့တယ်။
ထိုင်ဝမ်မီဒီယာတွေရဲ့အဆိုအရ ကားဟာ လမ်းဘေးကိုချော်သွားခဲ့ပြီး ဘေးက လမ်းကိုကာထားတဲ့ သံဘောင်နဲ့တိုက်မိကာ ကားမောင်းသူဟာ မီးလောင်သွားခဲ့ပြီး ကားကလည်း တစ်ခြမ်းစောင်းသွားကာ ကားတံခါးဟာ လမ်းဘေးက သံဘောင်နဲ့ပိတ်မိနေခဲ့တယ်လို့ ပြောကြတယ်။
video ဖိုင်ကို ကြည့်တော့ ကျနော်တို့ မြန်မာပြည်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ၈ လောင်းပြိုင် အမြန်လမ်းက အဖြစ်နဲ့ တော်တော်လေးကို ဆင်တူနေပါတယ်။ video ဖိုင်ထဲက အရဆိုရင် ကားရဲ့ ရှေ့ဆုံးပိုင်းမှာ မီးအရင်စလောင်နေပါတယ်။ ကားကကြီးတော့ အနောက်ဘက်ပိုင်းကို ချက်ချင်းတော့ မရောက်ခဲ့ပါဘူး။ video ဖိုင်ထဲက အရဆိုရင်တော့ ချက်ချင်း ဘယ်သူမှလဲ သွားမကယ်ကြဘူး။
ဒါမဲ့သတင်းထဲမှာ ဖတ်မိသလောက်တော့ မော်တော်ဆိုင်ကယ်စီးလာတဲ့ လမ်းသွားလမ်းလာတွေက ရပ်ပြီး ကားတံခါးတွေကိုထုခွဲဖို့လုပ်ခဲ့ပေမယ့် မီးကအရမ်းမြန် တာကြောင့် အချိန်မမီခဲ့ဘူးပြောတယ်။
အဲ့ဟာကျနော်လဲ ပြန်တွေးမိတယ် ကျနော်တို့မှာ ဖြစ်ခဲ့တာလဲ ဘာမှမလုပ်နိုင်ခဲ့လို့ လူ့အသက် ၈ ယောက် ဆုံးရှုံးခဲ့ရသလားလို့။ video ဖိုင်ပါတွဲတင်ထားပေးပါတယ်။ ကြည့်ကြပြီးတော့ သုံးသပ်ပေးကြပါဦး။
လွတ်လပ်စွာ ပြောဆို သုံးသပ်နိုင်ပါတယ်။
Sunthit.com -
- အမြန်လမ်း ကားမီလောင်မှုနဲ့ ပတ်သတ်ပြီး သေဆုံးသူတွေရဲ့ Facebook
- ရှစ်ဦး သေဆုံးခဲ့သော ဘုရားဖူးယာဉ်ကို အသက်ရှင်သူက မောင်းနှင်ဟု ဝန်ခံ
- မြန်မာနိုင်ငံက ကားတွေ မီးမလောင်သင့်ပဲ လောင်ရ
- ကားမီးလောင်ရာတွင် အသက်မသေဘဲ ကျန်ခဲ့သူ အမျိုးသား၏ ရင်ဖွင့်သံ (သံသယတွေ ကင်းသွားအောင် နှိပ်ကြည့်လိုက်)
- အမြန်လမ်းပေါ်မှာ ဘုရားဖူးကား မီးလောင်ကာ လူ ၈ ဦးသေဆုံး
No comments:
Post a Comment