အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပေမယ့်
" good bye everyone........ sorry" ဆိုတဲ့ စတေးတပ်လေး ဖေ့ဘွတ်ပေါ်မှာရေးတင်ပြီးနောက် မှာ
မင်္ဂလာပွဲအတွက် အကြိုဓာတ်ပုံတွေထွက်ပေါ်လာတဲ့ ရုပ်ရှင်သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကို ပရိသတ်က ငွေမက်သူအဖြစ်ဝေဖန်နေကြပါတယ်။
မင်းသမီးသင်ဉ္ဇာနွယ်ဝင်းက သူ့ရဲ့ပရိသတ်တစ်ဦးကို ခုလိုပြောခဲ့ပါတယ်။
"ရဲရင့်အောင်က လူကောင်းတစ်ယောက်ပါ၊သူနဲ့ကဖူးစာမပါတာပါ။သူနဲ့တွဲခဲ့တဲ့အချိန်တွေမှာလည်း သူအရမ်းကောင်းခဲ့ပါတယ်။ သူ့မှာအပြစ်မရှိပါဘူး။အားလုံးကံတရားပါပဲ"ပရိသတ်တစ်ဦးကိုပြောကြားခဲ့ပါတယ်။
သဉ္ဇာနွယ်ဝင်းရဲ့မိဘတွေက ရဲရင့်အောင်နဲ့သဘောမတူတာကြောင့်တရုတ်လူမျိုးတို့ထုံးစံအတိုင်း မိဘသဘောတူသူနဲ့လက်ထပ်သွားခဲ့ခြင်းဖြစ်တယ်လို့လည်း ပရိသတ်အချို့က ဝေဖန်ပြောဆိုနေကြပါတယ်။
အဆိုတော်ရဲရင့်အောင်က သူ့ရဲ့ဖေ့ဘွတ်မှာ
"It ain't bout the money.
pls, don't hurt her." ငွေကြောင့်မဟုတ်ပါဘူး။ သူမကို နာကျင်အောင်မလုပ်ကြဖို့ ရေးတင်ထားတာကိုလည်းဖတ်ရှုရပါတယ်
Source: Thinzar Nwewin's Fan Comment
No comments:
Post a Comment