ဗီယက်နမ် စစ်ပွဲဖြစ်တော့ ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ဇနီး နဲ့သားငယ်ကို ထားပြီး စစ်ထဲလိုက်သွားခဲ့ရတယ်။ စစ်ပွဲမှာပဲ ယောကျာင်္းဖြစ်သူ အသက်ပေးသွားရတယ်။
ငယ်ရွယ်ပြီး လှပနေသေးတဲ့ ဇနီးသည်ဟာ လက်ထပ်ဖို့ လာရောက်ကမ်းလှမ်းတဲ့ ယောကျာင်္းအားလုံးကို ငြင်းပယ်ပြီး သားငယ်ကိုပဲ ပညာတတ်ကြီးဖြစ်အောင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ခဲ့တယ်။
သားငယ်ကလည်း ပညာတော်တဲ့အတွက် အမေရိကမှ ပညာဆက်လက်သင်ကြားခွင့်ရခဲ့တယ်။
တက္ကသိုလ်မှာလည်း ပညာတော်တဲ့ အတွက် ကျောင်းပြီးတာနဲ့ NASA မှာ လစာကောင်းတဲ့ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခွင့်ရတယ်။
လစာကောင်းတဲ့ အလုပ်ရတဲ့ အတွက် မိခင်ဆီကို ငွေအမြောက်အများပုံမှန်ပို့တယ်။
တခါတလေလည်း သူ့အမေဆီစာရေးပို့တယ်။ ဒါပေမယ့် သူ့အမေရှိတဲ့ မွေးရပ်မြေကို
တခါမှ မပြန်ဘူး။ သူ့အမေက အလည်ပြန်လာဖို့ခေါ်ပေမယ့် အမေရိကမှာပဲ
ပျော်နေခဲ့တယ်။
သူ့အမေက မျှော်သာမျှော်နေပေမဲ့ နွေ မိုး ဆောင်းသာ အလီလီသာ ပြောင်းသွားတယ် တစ်ခါမှ သူ့အမေဆီမပြန်ဖြစ်ဘူး။
တစ်ရက်မှာ သူ့အမေသေတဲ့ စာလာမှ ဗီယက်နမ်ပြန်ပြီး သူအမေ အသုဘချဖို့ စီစဉ်တယ်။ သူ့အမေ အသုဘ ပြင်ဆင်နေပေမဲ့ သူ့ပုံကဝမ်းနည်းဟန်မပြဘူး။ ဘေးပတ်ဝန်းကျင်က လူတွေကလည်းထင်တာပေါ့ ဘယ်လိုသားသမီးလဲပေါ့။ ကိုယ့်အမေသေတာတောင် ဝမ်းနည်းတဲ့ပုံ မပြတဲ့ ကောင်ဆိုပြီးတော့လေ။ သူ့အမေရုပ်အလောင်းကို ကုတင်ပေါ်ကနေ အခေါင်းပေါ်တင်လိုက်တယ်။ ကုတင်ကို ရှင်းမယ်လဲလုပ်ရော ကုတင်အောက်မှာ သေတ္တာတလုံးတွေ့တယ်။ သေတ္တာကို သူ့သားက ဖွင့်လိုက်တော့ သေတ္တာထဲမှာ စာရွက် တစ်ရွက်တစ်ရွက်နဲ့ ၁၀၀ တန် အမေရိကန် ဒေါ်လာအပြည့်တွေ့တယ်။
သူ့သားဟာ စာကို ကောက်ဖတ်လိုက်တယ်။ စာဖတ်နေရင်းနဲ့မှ မျက်ရည်တွေတလိမ့်လိမ့်ကျလာတာ ဘေးကလူတွေကတွေ့တယ်။ ဘေးကလူတွေကလဲ စာထဲမှာ ဘာရေးထားလဲ စိတ်ဝင်စားကြတာပေါ့
စာထဲမှာရေးထားတာက
"....သားရေ.... အမေ မင်းပို့ပေးတဲ့ ငွေတွေ နည်းနည်းပဲသုံးပြီး ကျန်တာတွေ အကုန်စုထားတယ်။ အမေလေ... ငါ့သားကို အချိန်တိုင်း သတိရနေတာ..။ အိမ်ရှေ့မှာ ဆိုင်ကယ်သံ ကြားတိုင်း သားများပြန်လာတာလားလို့ အပြေးလေး ထွက်ကြည့်တယ်။ ဒါပေမယ့် ထွက်ကြည့်တိုင်း ငါ့သား မဟုတ်ပဲ တခြားသူတွေပဲ ဖြစ်နေခဲ့တယ် သားရယ်။ သားပို့ပေးတဲ့ ငွေတွေ အားလုံးနည်းပါး အမေဒီသေတ္တာထဲမှာ စုထားတာ။ ငါ့သားနေထိုင်မကောင်းဖြစ်ရင် ဒီငွေတွေက လိုချင်လိုမှာလေ...." တဲ့
သူ့အမေက စာကို အဆုံးတောင်မသတ်ထားပဲ ဒီအထိပဲရေးထား နိုင်ခဲ့တယ်လေ.....
Michael Luong ရေးတဲ့ Mother’s Love ဝတ္တုတိုလေးကို ဆီလျှော်အောင် ပြန်ဆိုရေးသားပါသည်။
ရဲမင်း
29/12/2016
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီစာလေး ဖတ်နေရင်းနဲ့ ကျနော့်အမေကို တော်တော် သတိရသွားတယ်။ ကျနော်တို့လို မိဘတွေကို ထားပြီး နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေဟာ တခါတလေ မိဘကို ပိုက်ဆံပို့လိုက်ရင် ဖုန်းလေး တစ်ချက်လောက် ဆက်လိုက်ရင် လုံလောက်နေတယ် ထင်ကြတယ်။
တကယ်တော့ မိဘတွေဟာ သူတို့အတွက် ငွေသိပ်မလိုပါဘူး။ သားသမီးတွေသာ သူတို့အနားရှိစေချင်ကြတာပါ။ သားသမီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူတို့ ဆန္ဒတွေကို မျိုသိပ်ထားကြပြီး လွမ်းဆွတ်ခြင်းတွေသာ ရင်ဝယ်ပိုက်ထားကြတာပါ။
ဒီစာလေး ဖတ်ဖြစ်လို့ ကိုယ့်မိဘတွေကို သတိရသွားတယ်ဆိုရင် ကိုယ့်မိဘတွေဆီ ဖုန်းလေးတစ်ခါလောက် ဆက်လိုက်ပါဗျာ။ ကိုယ်မိဘတွေဆီ မရောက်ဖြစ်တဲ့ လူတွေကလည်း တစ်ခေါက်လောက် ရောက်အောင်ပြန်ကြပါဗျာ...
ဆိုင်ကယ်သံလေးကြားတိုင်း ကားသံလေးကြားတိုင်း ကိုယ့်သားသမီးများ ပြန်လာမလားလို့ မိဘတိုင်းက မျှော်နေကြတာဗျ... 😥😥

- ငြိမ်ငြိမ်လေးနေနော် သားသား။
- စီလီကွန်ချစ်သူ စီလီကွန်ဒီမိုကရေစီ
- ဂျပန်ကလာတဲ့ စီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလား
ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း..(ဟာဂျူလီ-ကသာ)
No comments:
Post a Comment