ကျောက်ဖြူ၊ ဒီဇင်ဘာ(၂)ရက်
ရခိုင်ပြည်နယ် မာန်အောင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဖယောင်းသဏ္ဍန်အဖြူထည် အရည်ပြားများဖုံးအုပ်ပါရှိပြီး ကိုယ်ခန္ဓာတစ်ကိုယ်လုံးတွင်လည်း ထူးဆန်းဖွယ်ရာ အသားအရည်များ ကွဲအက်ပါရှိသော အသက်ရှင်လျက်ကလေးငယ်တစ်ဦးမွေးဖွားခဲ့ကြောင်း မာန်အောင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။
အဆိုပါကလေးငယ်အား ဒီဇင်ဘာလ(၁)ရက်နေ့လည်(၁၂)နာရီအချိန်တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူအများစိတ်ဝင်စားမှုမြင့်တက်ကာ မာန်အောင်ဆေးရုံသို့ သွားရောက်ကြည့်ရှုသူများလည်း များပြားနေ ကြောင်း သိရသည်။
“ယောကျာင်္းလေးပါ။ OG ဆရာဝန်ရဲ့ ပြောပြချက်အရ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်၊ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တယ်လို့လည်း ပြောရမလား မသိဘူး။ ကလေးငယ်က အခုထိအသက်ရှင်နေ တုန်းပါ။”ဟု မာန်အောင်ပြည်သူ့ ဆေးရုံကြီးမှ အကြီးတန်း သူနာပြု ဆရာမ တစ်ဦးက ပြောသည်။
အဆိုပါကလေးငယ်အား ပကတိလူသားအဖြစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ရောဂါလက္ခဏာများအား ရှာဖွေပြီး ဆေး ၀ါးကုသရန် မာန်အောင်ပြည်သူ့ဆေးရုံကြီး၏ ညွန်ကြားချက်အရ မာန်အောင်လူမှုကွန်ယက်နှင့် လူမှုရေးအဖွဲ့ အစည်းများက ငွေကြေးကောက်ခံပြီး ရန်ကုန်သို့ ဆေးဝါးများကုသရန် စေလွှတ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
“ကလေးက တော်တော်ထူးဆန်းတယ်။ ကြည်ရှုသူတွေများလို့ မိဘတွေက ကလေးကိုဝှက်ထားကြတယ်။ ကလေးငယ်က အသက်ရှင်လျက် ကျွန်တော်တို့က မိဘတွေမတတ်နိုင်လို့ ရန်ကုန်ကို ဆေးဝါးကုသဖို့ ငွေကြေး အလှူခံကောက်ခံပြီး ပို့ဆောင်ဖို စီစဉ်နေပါတယ်။”ဟု မာန်အောင်လူမှုကွန်ယက်ဥက္ကဌ ဦးကျော်မိုးနိုင်က ပြောသည်။
အဆိုပါ ကလေးငယ်၏ မိဘများမှာ ရမ်းဗြဲမြို့နယ် ကြပ်ခိုးကျေးရွာမှ ဖခင်မောင်သိန်းရွှေနှင့် မိခင် မခင်ဝင်းကြည်တို့မွေးဖွားခဲ့သည် သားဦးဖြစ်ကြောင်း သိရသည်။
အာရကန်ကိုကို(မြစ်မခ)
Shwe Myitmakha Media Group
https://m.facebook.com/story.php?story_fbid=1301633623190447&id=263177123702774
ဂျပန်ကလာတဲ့ စီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလား
Diagon Alley လမ်းမှာ တစ်ခေါက်လောက် ဈေးဝယ်ရအောင်
သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး
ပြည့်တန်ဆာကို ကြက်ဥပြုတ်နှစ်လုံးနဲ့ ဈေးဖြတ်ခဲ့မှုကြောင့် ဘီယာပုလင်း နှင့် အရိုက်ခံရ
ငရဲပြည်နှုတ်ခမ်းဝကို ရောက်ခဲ့ကြောင်း ၀န်ခံခဲ့တဲ့ သေရွာပြန်ဒေါက်တာ
လက်တွေ့လောကက ခေတ်သစ်ရှားလော့ဟုမ်း (သို့) Dr. Henry Lee
မြေပုံမြို့နယ်တွင် ဦးနှောက်မပါသော ကလေးတဦးမွေးဖွား
- သနားစရာ ခွာတံရှည်နဲ့ထူးထူးဆန်းဆန်းနွားကလေး (The Longest Hoof In The World)
- ချစ်ခင်မြတ်နိုးရသူ တစ်ယောက်သေဆုံးရင် လက်တစ်ချောင်းဖြတ်ပစ်လေ့ရှိတဲ့ မျိုးနွယ်စု
- ရေဦးမြို့နယ် ငြုတ္တုံကျေးရွာ၌ ဦးခေါင်းနှစ်လုံးပါ ကျွဲတစ်ကောင်မွေးဖွား
- ချစ်ခင်မြတ်နိုးရသူ တစ်ယောက်သေဆုံးရင် လက်တစ်ချောင်းဖြတ်ပစ်လေ့ရှိတဲ့ မျိုးနွယ်စု
- Patek Philippe လက်ပတ်နာရီတစ်လုံး ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၁၁ သန်းကျော်ဖြင့် လေလံအောင်
- အဖြေရှာမရတဲ့ကမ္ဘာ့ပဟေဋ္ဌိအဆန်ဆုံးလူမျိုး (သို့ ) ကမ္ဘာကြီးထဲကပျောက်ကွယ်သွားခဲ့တဲ့မာယာလူမျိုးများ
- 9/11, Brexit, ISISပေါ်ပေါက်လာမှုတို့ကို ကြက်သီးထဖွယ်ရှေ့ ဖြစ်ဟောခဲ့သူ မျက်မမြင်အဖွားအို
- ထိတ်လန့်ဖွယ် Baba Vanga ရဲ့ ဟောကိန်းများ
- မိမိရဲ့ခန္ဓာကိုယ်ကို ရောင်းချခဲ့ပြီး မိခင်ရဲ့ကင်ဆာကိုကုသဖို့ကြိုးစားနေတဲ့မိန်းမပျို
- နာရီတစ်လုံးနှင့် ကျွန်ုပ်တို့ ၏သတင်းထောက်များ
- ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်
- ရွှေလိပ်
- " မန္တလေး ပုလိပ် မြွေဘုရား "
- မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရ
- ပေါ့ပ်အဆိုတော်တစ်ဦး ရုပ်သံလွှင့် တိုက်ရိုက်ဖျော်ဖြေစဉ် သူမ၏ ရင်သားကို ဖွင့်လှစ်သလိုဖြစ်ခဲ့
- ဒေါ်လာ(၇)သန်းမယူဘဲ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ အာဖရိကမော့စ်
- အမေရိကန် စစ်သမီးတွေမတ်တပ်ရပ်ပြီး အပေါ့အပါး ဘယ်လိုသွားသလဲ
No comments:
Post a Comment