ဟိုနေ့က သူငယ်ချင်းတစ်ယောက် အမြန်လမ်းမှာ ဆိုင်ကယ်ရှောင်ရင်း ကားမှောက်ပြီး ဆုံးသွားတယ် ကြားရတော့ ကိုယ်တွေလည်း ဒီစာလေးရေးအုန်းမှပါပဲ ဆိုပြီး အခုတော့ရေးလိုက်ပါတယ်။
တလောက( စ )လုံး သတင်းစာမှာ မလေးရှားနိုင်ငံက သတင်း တစ်ပုဒ်
ရေးထားတာတွေ့မိပါတယ်။ မလေးမှာ ၂၀၁၇ အကုန် ကြရင် ကားတိုင်းမှာ ESC စနစ်မပါ
မဖြစ်ပါရတော့ပါမယ်တဲ့။ ESC ရဲ့ အရှေကောက်ကတော့ electronic stability
control ပါ။ ကားတိုင်းမှာ အဲ့စနစ် မပါမနေရ လုပ်ကတဲ့
အကြောင်းအရင်းကတော့ ယာဉ်မတော်တဆ ဖြစ်မှုတွေရဲ့ ၄၀ ရာခိုင်နှုန်း
နီးပါးက အဲ့ဒီ စနစ် မပါတဲ့ ကားတွေ စီးနေကြလို့ ပါတဲ့။
ကိုယ်တွေလည်း စက်ပစ္စည်းစိတ်ဝင်စားသူ ဆိုတော့ အွန်လိုင်းမှာ ESC အကြောင်းကို လိုက်ရှာ ဖတ်ကြည့်တာပေါ့။ အဲဒီမှာ ဘာသွားတွေ့လည်း ဆိုတော့ မြန်မာပြည် အမြန်လမ်းမှာ ကားမတော်တဆပုံ တွေကိုကြည့်လိုက်ရင် ကားတွေ ချာချာလည်ပြီး မှောက်ထား ကြတာများတယ်။
အမြန်လမ်းမှာ အရှိန်နဲ့မောင်းလာတုန်း ကားလမ်းအကွေ့ အကောက်တွေမှာ အရှိန်များသွားတာမျိုး၊ ကားလမ်းပေါ်ကို ရုတ်တရက် နွားတို့ ဝက်တို့ပြေးတက်လာတာမျိုး၊ ဆိုင်ကယ် ရုတ်တရက် ဖြတ်ဝင်လာတာမျိုး၊ ရှေ့ကားပေါ်မှ ပစ္စည်းတစ်ခုခု ပြုတ်ကျလာတာမျိုး၊ အဲဒီလို အခြေအနေမျိုးတွေမှာ လူတွေက လူ့သဘာဝအရ ကိုယ့်ကားကို အမြန် စတီယာရင် ကို ဆွဲလှည့်ပြီး ရှောင်တိမ်းတတ်ကြပါတယ်။ ပြဿနာက အဲဒီမှာစပါတယ်။ အဲဒီလို အမြန်မောင်းနေချိန်မျိုး ရုတ်တရက် အရေးပေါ် စတီယာရင်ကို ဆွဲလှည့်ပြီး ရှောင်တိမ်းဖို့လုပ်ချိန်မှာ physics သဘောအရ ကားရဲ့ အချို့သော ဘီးလုံးများဟာ လမ်းနဲ့ လွတ်ထွက်သွားပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကားမောင်းသူတွေက ကားပြန်တည့်ဖို့ ဆိုပြီး စတီယာရင်ကို ဆန့်ကျင်ဘက်ကို ပြန်ဆွဲပါတော့တယ်။ ဒါပေမယ့်လည်း ဘီးလုံးများက မြေကြီးနဲ့ အကုန်မထိနေတာကြောင့် ကားဟာလည်း ချာချာလည် ဂျွမ်းပြစ်သွားပြီး လူတွေလည်း အနိစ္စ ချောပါတော့တယ်။
ဒီလို အခြေအနေမျိုးမှာ ESC စနစ်ကြီးက လူ့ အသက်ကယ်တင်ဖို့ အရေးပါလာပါတယ်။ ESC စနစ်ကြီးက ကားအရှိန်နဲ့ သွားနေတုန်း ကားသမားက ခုနလိုများ ရုတ်တရက်ကြီး စတီယာတိုင်ကို ဆွဲလှည့် လိုက်ပြီဆိုတာနဲ့ အောက်ပါ အချက်တွေကို ထိန်းညှိပေးပါတော့တယ်။
(၁) အင်ဂျင် ပါဝါကိုရှော့ချခြင်း၊
(၂) ကား ဘီးလုံး တစ်လုံးချင်း စီကို မတူညီတဲ့ ဘရိတ် ဆွဲအုပ်ပေးချင်း၊
ရလဒ်ကတော့ အစောပိုင်းကပြောခဲ့သလို ကားဘီးလုံးတွေ လေထဲကိုမြောက်ထွက်သွားတာကို တားဆီးပေးပါတယ်။ ကား ဘီးလုံး တွေလမ်းနဲ့ အပြည့်ထိနေတဲ့ အတွက် ကားကို ပြန်ထိန်းလို့လွယ်သွားပါတယ်။
ESC စနစ်ကို ကားထုတ်တဲ့ ကုမ္ပဏီ အမျိုးမျိုးက နာမည်အမျိုးမျိုးပေးကြပါတယ်။ တစ်ချို့ ကုမ္ပဏီတွေက Electronic Stability Program (ESP) လို့လည်းခေါ်ပါတယ်။ Honda လို ကုမ္ပဏီမျိုးကြတော့လည်း VSA (Vehicle stability assist) လို့ခေါ်ပါတယ်။
နိုင်ငံတွေရဲ့ ဥပဒေ မတူညီလို့ ဘယ်မော်ဒယ်မှာ ESC ပါသလဲဆိုတာ ပုံသေပြောလို့ မရပါဘူး။ Honda fit လိုမျိုးဆိုရင်၂၀၁၁ မော်ဒယ်လ် ကစပြီးတော့ ဒီစနစ်ပါလာပါတယ် ဆိုပြီး ရေးထားတာတော့ တွေ့မိပါတယ်။
တစ်ချို့နိုင်ငံတွေမှာ ကားပိုင်ရှင်ပေါ် မူတည်ပြီး ထည့်သူရှိတလို၊ မထည့်သူလည်းရှိပါတယ်။ ESC ထည့်ထားတဲ့ကားက မပါတဲ့ကားထက် ပိုဈေးကြီးလို့ တစ်ချို့တွေလည်း မထည့်တာပါ။ တစ်ချို့ကြတော့လည်း ESC ပါရင် ဆီစားပြီး၊ ကားသိပ်မပြေးဘူးဆိုပြီး မကြိုက်ကြပါဘူး။ drift ဆွဲချင်သူများ အတွက်လည်း ESC ပါရင် အဆင်မပြေပါဘူး။
ESC ကိုယ့်ကားမှာ ပါမပါစစ်ချင်ရင် ကားစက်နိုးတဲ့ အခါ ဒတ်စ်ဘုတ်ပေါ်မှာ ESP/ESC/VSA ဆိုပြီးစာအတိုကောက်နဲ့ မီးလေးလင်းပြီး ပြန်မှိတ်သွားပါမယ်။ တချို့ကားတွေမှာ ESC ကို on/off ခလုတ်လည်း သပ်သပ်ထည့်ပေးထားပါတယ်တဲ့။ on လုပ်ပေးထားရင်တော့ အသက်အန္တရာယ် ကြုံလာရင် ESC မီးလေးလင်းလာပြီး ကားကို အန္တရာယ်ကင်းအောင် အော်တို ဝင်ထိန်းပေးပါ လိမ့်မယ်။ off လုပ်ထားရင်တော့ ကိုယ့်စိတ်နဲ့ကိုပါပဲ။ မြို့တွင်းလမ်းများမှာတော့ အရှိန်နည်းနည်းနဲ့မောင်းလို့ မလိုပေမဲ့၊ အမြန်လမ်းမှာတော့ on ထားသင့်ပါတယ်။
လူတွေ အားလုံး အန္တရာယ်ကင်းနိုင်ကြပါစေဗျာ။
Credit #HarryAung

No comments:
Post a Comment