တိုယိုတာကားတိုင်းနီးနီးမှာပါတဲ့ MAF ဆင်ဆာလေးညစ်ပေနေရင်
ကားမဆွဲတတ်တဲ့အကြောင်းအရာလေးဟာ ကားနဲ့ပတ်သက်သူတိုင်း...
သိသင့်တာမို့ ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ...
Toyota Yaris ဒီကားလေးက ကားမဆွဲဘဲ ထုံနေပါတယ်...
တောင်တက်ဆို ပိုသိသာပြီး လုံးဝ မတက်နိုင်ဘဲ...
ဖြေးဖြေးချင်းသာတက်ပါတယ်...
1NZ - FE Engine ပါ...
Scanner စက်နဲ့ စစ်ကြည့်ရင် ဘာကုတ်နံပါတ်မှ မရှိသလို...
ချက်မီးလည်းမလင်းပါ...
တစ်ခြားဝပ်ရှော့ ၂ ခုမှာ ပြင်ထားပြီးပါပြီ...
ပလပ်...မီးကွိုင်...ဆီပန့်...ဆီစစ်...လေစစ်...အင်္ဂျင်ဝိုင်...ဂီယာဝိုင်...
တွေအသစ်လဲထားပြီး...ငွေလည်းတော်တော်ကုန်နေပါပြီ...
ကျွန်တော်မောင်းကြည့်ပြီး...
Mass Air Flow Sensor ကိုဖြုတ်စစ်ကြည့်တော့...
ဖုန်တွေနဲ့ ညစ်ပတ်နေတာတွေ့ရပါတယ်...
MAF ဆင်ဆာမှာ မီးကြိုး ၅ ကြိုးပါပါတယ်...
B+, E2G, VG, E2 , THA , ပါ...
B+, E2G, VG နဲ့ E2, THA, တို့က လုပ်ငန်းသတ်သတ်စီလုပ်ဆောင်ပါတယ်...
B+, E2G, တို့က ဆင်ဆာကို မီးပို့ပေးပြီး...
VG က လေဝင်တဲ့ အရှိန်ကိုတိုင်းတာပြီး ECM ကိုပို့ပေးပါတယ်...
E2 က ECU ကနေ အနုတ်မီးပို့ပေးတာဖြစ်ပြီး...THA က လေရဲ့အပူချိန်ကို...
တိုင်းတာပြီး ECM ကိုမီးပို့ပေးတာပါ...
VG နဲ့ THA တို့က ပို့လာတဲ့အချက်အလက်တွေကိုတိုင်းတာပြီးတော့...
Throttle Valve ဖွင့်တဲ့ရာခိုင်နှုန်းကို လိုက်ပြီး ECU က ဆီပေးတာပါ...
လေအဝင်နဲ့ လေအပူချိန်ကို အမှန်အတိုင်း မတွက်ချက်နိုင်တော့လို့...
ဆီကိုပေးသင့်တာထက် အများကြီးလျော့ပေးပါတယ်...
ဒါကြောင့် ကားမဆွဲတော့ပါဘူး...
တိုယိုတာနဲ့ ဒီဇယ်...ဓါတ်ဆီမည်သည့်ကားမဆို MAF ဆင်ဆာ ညစ်ပတ်နေရင်...
ကားမဆွဲတာမို့ ကီလို ၅၀၀၀ခန့်တစ်ခါ ဖြုတ်ပြီးသန့်ရှင်းရေးလုပ်သင့်ပါတယ်...
သန့်ရှင်းရေးလုပ်တဲ့အချိန် MAF Cleaner , Electronic cleaner,
စတာတွေနဲ့ သန့်ရှင်းရေးလုပ်နိုင်သလို...
တိုယိုတာ MAF ဆင်ဆာကို နားကလော်တဲ့ ဂွမ်းလေးမှာ ဓါတ်ဆီဆွတ်ပြီး...
သုတ်ပေးကာ သန့်ရှင်းရေးလုပ်နိုင်ပါတယ်...
ကျွန်တော့်အတွေ့အကြုံအရ တိုယိုတာ MAF ဆင်ဆာများပျက်သည်မတွေ့ဖူးပါ...
ဖုန်များ အမှုန်များနှင့် ညစ်ပတ်နေသည်ကို သန့်ရှင်းရေးလုပ်လိုက်သည်နှင့်...
ကားဆွဲကာကောင်းသွားပါသည်...
*******တိုယိုတာ MAF ကိုသာ MAF Cleaner မရှိပါက ဓါတ်ဆီဖြင့်သန့်ရှင်းရေးလုပ်၍
ရပါသည်...အခြားကားအမျိုးအစား MAF များမှာ MAF Cleaner,
Electronic Cleaner များဖြင့်သာသန့်ရှင်းရေးလုပ်ရပါမည်...
အခြားကား MAF များမှာ ဓါတ်ဆီဖြင့်သန့်ရှင်းရေးလုပ်ပါက...
ပျက်စီးတတ်ပါသည်...*********
MAF ဆင်ဆာ သန့်ရှင်းရေးလုပ်ပြီးတော့...
ကားစမ်းမောင်းကြည့်ပြီး ကောင်းသွားလို့ ကားချက်ချင်းပြန်ပေးလိုက်ပါတယ်...
ကားပြင်ခ ဘတ် ၅၀၀ တောင်းတာ ၁၀၀၀ ပေးပါတယ်...
ဒါပေမယ့် ကျွန်တော်မယူပါဘူး...အကုန်အကျများထားတဲ့ ကားမို့...
၅၀၀ သာယူလိုက်ပါတယ်ခင်ဗျာ...
မိတ်ဆွေများအားလုံး အန္တာရာယ်ကင်းရှင်း၍...
ကျန်းမာ ရွှင်လန်းကြပါစေခင်ဗျာ...
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
WK Auto Mechanic Service
၁၉(င) ချစ်ရိပ်မွန်လမ်း(YTU/RIT ကျောင်းဘေးကပ်လျှက်လမ်း)
(၃) ရပ်ကွက်၊ မရမ်းကုန်း၊
ကြို့ကုန်း၊ရန်ကုန်၊၊
ဖုန်း ၀၉ ၂၆၁ ၂၀၀ ၂၆၁
တနင်္ဂနွေနေ့တိုင်းပိတ်ပါသည်။
ကိုတိုး အွန်လိုင်းကားဝပ်ရှော့
No comments:
Post a Comment