ရိုဟင်ဂျာအရေးကိစ္စနှင့်ပက်သက်ပြီး မလေးရှားလူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ အရေးပါတဲ့တွေ့ဆုံပွဲတစ်ရပ်ကို လာမည့် ဒီဇင်ဘာ (၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ လက်ထောက်ဝန်ကြီးချုပ် အာမက်ဇာဟစ် ဟာမီဒီက ပြောကြားလိုက်ပါတယ်။
အဆိုပါတွေ့ဆုံပွဲကို မလေးရှားနိုင်ငံ ဝန်ကြီူချုပ် နာဂျစ်အဘ်ဒူလာရာဇတ် တက်ရောက်မည်ဖြစ်ပြီး။ အာမက်ဇာဟစ်က အခြားနိုင်ငံရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များကိုလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီးကျင်ပမည့်နေရာကိုတော့ နောက်မှသီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရ လုပ်ပုံကိုင်ပုံ မတူညီတာတွေကို ဘေးဖယ်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်ဆလင်တွေ ခံစားနေရတာတွေဟာ မွတ်ဆလင်အားလုံးနဲ့ ပက်သက်တဲ့အတွက် ဆန္ဒထုတ်ဖော်ရမှာပဲဖြစ်ပါတယ်" လို့ နိုဝင်ဘာ ၂၆ ရက်နေ့ညက ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံတွင်း မွေးဖွားလာတဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ မွေးစာရင်းကို ထုတ်ပေးတာတွေအပါအဝင် မလေးရှားနိုင်ငံက အခြားနိုင်ငံတွေထက် ရိုဟင်ဂျာပြဿနာကို အများကြီးဖြေရှင်းပေးခဲ့ပြီးဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
"ကျွန်တော်တို့ဟာ သူများနိုင်ငံကို မျက်နှာပျက်စေချင်တဲ့ ဆန္ဒနဲ့လုပ်တာမဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာပြည်က မွတ်ဆလင်ရိုဟင်ဂျာတွေရဲ့ ခံစားချက်တွေကို ဘာသာတူခြင်းဖြစ်လို့ ခံစားမိတဲ့အတွက် ဆန္ဒထုတ်ဖော်ဖို့ လုပ်တာပါ" ဟု ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဆန္ဒပြဖို့ အစိုးအရအဖွဲ့မှ ဆုံးဖြတ်ပေးခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းသည် သူတစ်ပါး၏ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လို၍ မဟုတ်ပဲ မြန်မာအစိုးရအနေနဲ့ ရိုင်ဟင်ဂျာအရေးကို ဖြေရှင်းဖို့ ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ရုတ်သိမ်းနိုင်ရန်လည်း ဆွေးနွေးသွားမည်ဟု သိရှိရသည်။
"ငြိမ်းချမ်းရေးအတွက် နိုဘယ်ဆုရခဲ့သူက ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ဘူးဆိုတာ မေးစရာရှိလာပါတယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။
Ref:CNA
popolay
ရခိုင်အရေးနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ပြန်လည်ရုတ်သိမ်းရန် ဆွေးနွေးမည်ဟု မလေးရှားဒုဝန်ကြီးချုပ်ဆို
- ရခိုင် အရေး HRW ရဲ့ ထုတ်ပြန်ချက်ကို အစိုးရ ငြင်းဆို
- မောင်တောကျေးရွာများ ပျက်စီးမှု ဂြိုဟ်တုပုံသစ်များ HRW ထုတ်ပြန်
- မောင်တောဒေသ သွားခွင့်ပေးဖို့ ကုလတိုက်တွန်း
- သံတမန်များနှင့် တွေ့ဆုံသည့် လူအုပ်ထဲမှ အကြမ်းဖက်သမား သုံးဦးအား ဖမ်းမိခဲ့သော်လည်း သံတမန်များ လိုလားဟန်မရှိ၍ ချက်ချင်း ပြန်လွတ်ပေးခဲ့ရ
- ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား
- အနောက်ရပ်က ငိုရှိုက်သံ
- မောင်တောအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ပါကစ္စတန် တာလီဘန်သင်တန်းဆင်းသူဖြစ်
- မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ လွယ်ကူစွာ မသွားလာနိုင်အောင် သစ်ပင်များ ခုတ်လှဲပြီး လမ်းပိတ်ဆို့မှုများရှိ
- အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး ဖမ်းဆီးရမိ
- ရခိုင်ပြဿနာ လူမှုရေးအသွင်ဆောင်မှာ ဒေသခံတွေစိုးရိမ်
- ရခိုင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခဲ့သည် အာအက်စ်အိုအဖွဲ့ဝင် ၅ ဦးသေ၊ ၁ ဦး အရှင်ဖမ်းမိ
- ဆီးရီးယားရှိ မင်္ဂလာဆောင် တစ်ခုတွင် အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၃၀ဦးသေ
- မလေးရှားရဲစခန်းကိုပို့ တဲ့ ISIS ကပစ်မှတ်ထားသူများစာရင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်နေ
- အာဖဂန်ထဲက IS အသံလွှင့်ရုံကို တိုက်ခိုက် ဖျက်ဆီး
No comments:
Post a Comment