ညမထွက်ရ အမိန့်အောက်က မီးပုံးပျံလွှတ်ပွဲ
ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဗုဒ္ဓဘာသာဝင်တွေက မြတ်စွာဘုရားရှင်ကို ဖယောင်းတိုင်ထွန်းခြင်း မီးပုံးပျံလွှတ်ခြင်းတွေနဲ့ မီး ပူဇော်ပွဲကို ဆင်နွဲလေ့ရှိကြပါတယ် ။
ဒါပေမယ့် မောင်တောမြို့မှာတော့ ညမထွက်ရအမိန့်ကြောင့် တစ်အိမ်စနှစ်အိမ်စ မီးပူဇော်တာကလွဲပြီး မြို့ကတိတ်ဆိတ်နေပါတယ် ။ ပုံမှန်ပြုလုပ်မြဲဖြစ်တဲ့ ဘုရားပွဲတော်ကိုလည်း ဒီနှစ်မှာ ကျင်းပနိုင်ခြင်း မရှိတော့ပါဘူး ။
အခုဖော်ပြထားတဲ့ ပုံတွေက မောင်တောမြို့နယ်ထဲက အိမ်တစ်အိမ်မှာ သီတင်းကျွတိလပြည့်နေ့ မီးပုံးပျံလွှတ်နေကြတာပဲ ဖြစ်ပါတယ် ။ ညမထွက်ရ အမိန့်ကြောဒင့် မီးစာကို အိမ်ထဲမှာပဲဆင်ပြီး ကိုယ့်အိမ်ရှေ့လေးမှာပဲ မီးသားစုနဲ့အတူ မီးပုံးပျံလွှတ်ခဲ့ကြပါတယ် ။
မှိုင်းဝလို့ မီးပုံးပျံတက်သွားချိန်မှာတော့ အိမ်ရှင်အမျိုးသားကြီးက သာဓု သာဓု သာဓု လို့ သုံးကြိမ်တီးတိုးရွှတ်ဆိုပြီး ငါးမိနစ်ခန့်သာ ကြာမြင့်တဲ့ မီးပုံးပျံ လွှတ်ပွဲလေးကို အဆုံးသတ်ခဲ့ပါတယ် ။
ဓာတ်ပုံ - စစ်ထက်အောင်
Kumudra
No comments:
Post a Comment