Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 16, 2016

အထပ္ျမင့္ကြန္ဒို ၁၆ဝ ေက်ာ္ကို ရန္ကုန္တိုင္းအစိုးရအဖြဲ႔ က ျပန္စစ္ေဆးမည္


ရန္ကုန္ၿမိဳ႕က အထပ္ျမင့္အေဆာက္အအံုတခ်ိဳ႕ကို ေတြ႔ရစဥ္။ Photo: Myo Zaw Ko/RFA
ရန္ကုန္ၿမိဳ႕ေပၚမွာရွိတဲ့ အထပ္ျမင့္ကြန္ဒို အလံုး ၁၆ဝ ေက်ာ္ကို ရန္ကုန္တိုင္းအစိုးရအဖြဲ႔က ျပန္စစ္ေဆး မွာျဖစ္သလို လက္ရွိေဆာက္လုပ္ဆဲ အထပ္ျမင့္ကြန္ဒို ၁၂ လံုးကို မူလခြင့္ျပဳထားတဲ့ အထပ္အေရအတြက္ ထက္ေလွ်ာ့ခ်ဖို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႔က ညႊန္ၾကားထားတယ္လို႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာ ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အထပ္ျမင့္အေဆာက္အအံုေတြမ်ားလာရင္ ၿမိဳ႕ပ်က္စီးလာႏိုင္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အထပ္ျမင့္ကြန္ဒိုေတြကို ျပန္စစ္ေဆးတဲ့သေဘာျဖစ္တယ္လို႔ အထပ္ေလွ်ာ့ဖို႔ညႊန္ၾကားခံရတဲ့ Naing Group ေဆာက္လုပ္ေရး အမႈေဆာင္ဒါရိုက္တာ ဦးေက်ာ္ေက်ာ္မိုး က ေျပာပါတယ္။

"အထပ္ျမင့္ေတြ ေဆာက္တာမ်ားလာရင္ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးက ပ်က္စီးသြားမယ္၊ ၿမိဳ႕အဂၤါရပ္နဲ႔ မညီေတာ့ဘူးဆိုတဲ့ အတိုင္းအတာ၊ ၿပီးေတာ့ အထပ္ျမင့္ေတြကို အကုန္ျပန္လည္စိစစ္တဲ့သေဘာပါခင္ဗ်၊ အခု က်ေနာ္တို႔ သိသေလာက္ဆိုရင္ေတာ့ ကမၻာေအးဘုရားလမ္းေပၚက Aye&Son ပါပါတယ္၊ ေခ်ာ္တြင္း ကုန္းမီးပြိဳင့္အေက်ာ္က KER ပါပါတယ္ ၂၉ ထပ္ကို သူက ၁၂ ထပ္ေလွ်ာ့ခံရတာေပါ့၊ ကမ္းနာလမ္းက Paragon Residence ပါပါတယ္၊ ဖိုးစိန္လမ္း Illustra ပါပါတယ္၊ မရမ္းကုန္းက IVY ကြန္ဒိုပါပါတယ္၊ ကမာၻေအးဘုရားလမ္း ရိပ္သာမွတ္တိုင္က စိမ္းလဲ့ေအာင္ကြန္ဒို ပါပါတယ္၊ ေနာက္တစ္ခုက အင္းစိန္ လမ္းႀကီးေပၚက Golden Dragon ပါပါတယ္၊ Merchant Sule Project ပါပါတယ္"

ေဆာက္လုပ္ထားတဲ့ အထပ္ေတြကိုျပန္ေလွ်ာ့ခ်ဖို႔ ရန္ကုန္တိုင္းအစိုးရရဲ႕ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၁ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ညႊန္ၾကားခ်က္ကို ျပန္စစ္ေဆးေပးဖို႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြဘက္က သက္ဆိုင္ရာဌာန ဆိုင္ရာေတြကို ေမတၱာရပ္ခံစာေပးပို႔သြားမယ္လို႔လည္း ဦးေက်ာ္ေက်ာ္မိုးက ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရရဲ႕ ညႊန္ၾကားခ်က္ေၾကာင့္ ေဆာက္လုပ္ေရးကုမၼဏီနဲ႔ ဝယ္ယူသူေတြအၾကားယံုၾကည္မႈ ပ်က္လာႏိုင္သလို ေဆာက္လုပ္ေရးလုပ္ငန္းနဲ႔ပတ္သက္တဲ့ အေရာင္ဆိုင္ေတြအထိပါ ထိခိုက္ႏွစ္နာမႈ ေတြရွိေန တယ္လို႔လည္း ေျပာပါတယ္။

ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ၉ ထပ္နဲ႔အထက္ ကြန္ဒိုတိုက္ခန္းေတြကို အထပ္ျမင့္အေဆာက္အအံုလို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........


ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတချို့ကို တွေ့ရစဉ်။ Photo: Myo Zaw Ko/RFA
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။

ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေများလာရင် မြို့ပျက်စီးလာနိုင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထပ်မြင့်ကွန်ဒိုတွေကို ပြန်စစ်ဆေးတဲ့သဘောဖြစ်တယ်လို့ အထပ်လျှော့ဖို့ညွှန်ကြားခံရတဲ့ Naing Group ဆောက်လုပ်ရေး အမှုဆောင်ဒါရိုက်တာ ဦးကျော်ကျော်မိုး က ပြောပါတယ်။

"အထပ်မြင့်တွေ ဆောက်တာများလာရင် ရန်ကုန်မြို့တော်ကြီးက ပျက်စီးသွားမယ်၊ မြို့အင်္ဂါရပ်နဲ့ မညီတော့ဘူးဆိုတဲ့ အတိုင်းအတာ၊ ပြီးတော့ အထပ်မြင့်တွေကို အကုန်ပြန်လည်စိစစ်တဲ့သဘောပါခင်ဗျ၊ အခု ကျနော်တို့ သိသလောက်ဆိုရင်တော့ ကမ္ဘာအေးဘုရားလမ်းပေါ်က Aye&Son ပါပါတယ်၊ ချော်တွင်း ကုန်းမီးပွိုင့်အကျော်က KER ပါပါတယ် ၂၉ ထပ်ကို သူက ၁၂ ထပ်လျှော့ခံရတာပေါ့၊ ကမ်းနာလမ်းက Paragon Residence ပါပါတယ်၊ ဖိုးစိန်လမ်း Illustra ပါပါတယ်၊ မရမ်းကုန်းက IVY ကွန်ဒိုပါပါတယ်၊ ကမ္ဘာအေးဘုရားလမ်း ရိပ်သာမှတ်တိုင်က စိမ်းလဲ့အောင်ကွန်ဒို ပါပါတယ်၊ နောက်တစ်ခုက အင်းစိန် လမ်းကြီးပေါ်က Golden Dragon ပါပါတယ်၊ Merchant Sule Project ပါပါတယ်"

ဆောက်လုပ်ထားတဲ့ အထပ်တွေကိုပြန်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ကို ပြန်စစ်ဆေးပေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က သက်ဆိုင်ရာဌာန ဆိုင်ရာတွေကို မေတ္တာရပ်ခံစာပေးပို့သွားမယ်လို့လည်း ဦးကျော်ကျော်မိုးက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးကုမ္မဏီနဲ့ ဝယ်ယူသူတွေအကြားယုံကြည်မှု ပျက်လာနိုင်သလို ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ အရောင်ဆိုင်တွေအထိပါ ထိခိုက်နှစ်နာမှု တွေရှိနေ တယ်လို့လည်း ပြောပါတယ်။

မြို့တော်စည်ပင်သာယာရေးကော်မတီက ၉ ထပ်နဲ့အထက် ကွန်ဒိုတိုက်ခန်းတွေကို အထပ်မြင့်အဆောက်အအုံလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment