Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 16, 2016

ေဆးဝယ္ၿပီးျပန္လာေသာ အမ်ိဳးသမီးငယ္ကို အမ်ိဳးသားတစ္ဦးက ပါးစပ္ပိတ္ေခၚေဆာင္၍ သားမယားျပဳက်င့္


ယခုေဖာ္ျပထားသည့္ ဓါတ္ပုံ မွာ နမူနာဓါတ္ပုံသာ ျဖစ္ပါတယ္။ အဓမၼျပဳက်င့္ခံရသူ၏ ပုံမဟုတ္ပါ။ 
ေမာ္လၿမိဳင္၊ ဇူလိုင္ ၁၁ ။ ။ ေမာ္လၿမိဳင္ၿမိဳ႕၊ ေကာ့ခနိရြာသစ္တြင္ ေနမေကာင္းသည့္ ဖခင္အတြက္ ေဆးဝယ္၍ ေနအိမ္သို႔ ျပန္လာေသာ အသက္ ၁၇ အရြယ္ အမ်ိဳးသမီးငယ္ကို ဇူလိုင္ ၁၀ ရက္ေန႔က တစ္ရပ္ကြက္တည္းေနသူ အမ်ိဳးသားတစ္ဦးက အလိုမတူဘဲ သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့သည္ဟုဆိုကာ မိခင္ျဖစ္သူက အမႈဖြင့္တိုင္းၾကားထားေၾကာင္း မုပြန္နယ္ေျမ ရဲစခန္းထံမွ သိရသည္။

ယင္းအမ်ိဳးသမီးငယ္မွာ ေနမေကာင္းျဖစ္ေနေသာ ဖခင္အတြက္ ေဆးသြားဝယ္ရန္ ဇူလိုင္လ ၁၀ ရက္ေန႔ ညေန ၆ နာရီက ေနအိမ္မွ ရြာအေနာက္ပိုင္းသို႔ တစ္ဦးတည္းထြက္သြားခဲ့ရာ ည ၇ နာရီအခ်ိန္ထိ ေနအိမ္သို႔ ျပန္လည္ မရာက္ရွိလာျခင္းေၾကာင့္ ၎မိသားစုဝင္မ်ားက လိုက္လံရွာေဖြခဲ့ေသာ္လည္း အဆိုပါည၌ မေတြ႕ရွိခဲ့ရေၾကာင္း အဆိုပါရဲစခန္းထံမွ သိရသည္။

အမ်ိဳးသမီးငယ္ ေပ်ာက္ဆံုးေနၿပီးေနာက္ ဇူလိုင္လ ၁၁ ရက္ေန႔ နံနက္ ၁၀ နာရီတြင္ တစ္ရပ္ကြက္တည္းေနသူ ဦးေမာင္မွတ္သည္ အမ်ိဳးသမီးငယ္ ေနအိမ္သို႔ေရာက္လာၿပီး “အစ္မသမီးကို ကၽြန္ေတာ္ေတြ႕တယ္၊ သခ်ဳႋင္းကုန္း နားမွာ”ဟု ေျပာျပသျဖင့္ သမီးျဖစ္သူကို လိုက္ရွာခဲ့ရာ သခ်ဳႋင္းကုန္းအနီးတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း မုပြန္နယ္ေျမ ရဲစခန္းမွတ္တမ္းအရ သိရသည္။

ဖခင္အတြက္ ေဆးဝယ္ၿပီးျပန္လာသည့္ အမ်ိဳးသမီးငယ္ကို တစ္ရပ္ကြက္တည္းေနသူ အသက္ ၂၆ ႏွစ္အရြယ္ စိန္သုံးလုံး (ခ) စန္းကို ဆိုသူက အေနာက္မွ ပါးစပ္ပိတ္ သိုင္းဖက္၍ မေအာ္ႏွင့္ဟု ေျပာဆိုကာ ၎ရပ္ကြက္ရွိ ဦးေမာင္မွတ္၏ ေနအိမ္သို႔ ေခၚေဆာင္သြားၿပီးေနာက္ ၎ေနအိမ္ အိပ္ခန္းအတြင္း၌ အလိုမတူဘဲ သားမယား အျဖစ္ ႏွစ္ႀကိမ္ အဓမၼျပဳက်င့္ခံခဲ့ရျခင္းျဖစ္သည္ဟု ယင္းအမ်ိဳးသမီးငယ္က မုပြန္နယ္ေျမရဲစခန္း၌ ထြက္ဆိုထားသည္။

အလိုမတူဘဲ သားမယားအျဖစ္ ဓမၼျပဳက်င့္ခဲ့သည္ဟု စြပ္စြဲခံထားရေသာ စိန္သုံးလုံးကို မုပြန္နယ္ေျမရဲစခန္းတြင္ (ပ) ၃၀၅/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း ၎ရဲစခန္းထံမွ သိရသည္။

ေခတ္မင္း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
..........


ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ။
မော်လမြိုင်၊ ဇူလိုင် ၁၁ ။ ။ မော်လမြိုင်မြို့၊ ကော့ခနိရွာသစ်တွင် နေမကောင်းသည့် ဖခင်အတွက် ဆေးဝယ်၍ နေအိမ်သို့ ပြန်လာသော အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို ဇူလိုင် ၁၀ ရက်နေ့က တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်ဖြစ်သူက အမှုဖွင့်တိုင်းကြားထားကြောင်း မုပွန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းအမျိုးသမီးငယ်မှာ နေမကောင်းဖြစ်နေသော ဖခင်အတွက် ဆေးသွားဝယ်ရန် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီက နေအိမ်မှ ရွာအနောက်ပိုင်းသို့ တစ်ဦးတည်းထွက်သွားခဲ့ရာ ည ရ နာရီအချိန်ထိ နေအိမ်သို့ ပြန်လည် မရာက်ရှိလာခြင်းကြောင့် ၎င်းမိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း အဆိုပါည၌ မတွေ့ရှိခဲ့ရကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အမျိုးသမီးငယ် ပျောက်ဆုံးနေပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် တစ်ရပ်ကွက်တည်းနေသူ ဦးမောင်မှတ်သည် အမျိုးသမီးငယ် နေအိမ်သို့ရောက်လာပြီး “အစ်မသမီးကို ကျွန်တော်တွေ့တယ်၊ သချုႋင်းကုန်း နားမှာ”ဟု ပြောပြသဖြင့် သမီးဖြစ်သူကို လိုက်ရှာခဲ့ရာ သချုႋင်းကုန်းအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မုပွန်နယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖခင်အတွက် ဆေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးငယ်ကို တစ်ရပ်ကွက်တည်းနေသူ အသက် ၂၆ နှစ်အရွယ် စိန်သုံးလုံး (ခ) စန်းကို ဆိုသူက အနောက်မှ ပါးစပ်ပိတ် သိုင်းဖက်၍ မအော်နှင့်ဟု ပြောဆိုကာ ၎င်းရပ်ကွက်ရှိ ဦးမောင်မှတ်၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ၎င်းနေအိမ် အိပ်ခန်းအတွင်း၌ အလိုမတူဘဲ သားမယား အဖြစ် နှစ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းအမျိုးသမီးငယ်က မုပွန်နယ်မြေရဲစခန်း၌ ထွက်ဆိုထားသည်။

အလိုမတူဘဲ သားမယားအဖြစ် ဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စိန်သုံးလုံးကို မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၃၀၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း ၎င်းရဲစခန်းထံမှ သိရသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

No comments:

Post a Comment