Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 16, 2016

ရထားလမ္းေပၚမွာခ်စ္တင္းေႏွာေနစဥ္ ရထားႀကိတ္ၿပီးေသဆုံးမႈျဖစ္ပြား





By netsetaw - July 15, 2016

႐ုရွႏုိင္ငံ Siberia ျပည္နယ္၊ Ulan-Ude ၿမိဳ႕က ဘူတာတစ္ခုရဲ႕ ရထားသံလမ္းတစ္ခုေပၚမွာ စုံတြဲတစ္တြဲလိင္ဆက္ဆံေနစဥ္ ရထားခုတ္ေမာင္းလာတာကုိ ေရွာင္ခ်ိန္မရလုိက္ပဲ အမ်ိဳးသမီးျဖစ္သူဟာ ေသဆုံးခဲ့တယ္လုိ႔ ႐ုရွားမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ရုရွသတင္းေအးဂ်င္စီျဖစ္တဲ့ Pravda ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အဲဒီစုံတြဲဟာ အိမ္ေျခယာမဲ့မ်ား ျဖစ္ၾကတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အခင္းျဖစ္ပြားခ်ိန္မွာ ႏွစ္ေယာက္စလုံးဟာ အရက္ေသစာ ေသာက္စားထားၾကၿပီး လူမွန္းသူမွန္းမသိေအာင္ မူး႐ူးေနခဲ့တယ္လုိ႔လည္း သိရပါတယ္။

အမ်ိဳးသမီးဟာ ေနရာမွာတင္ ရထားႀကိတ္ခံရလုိ႔ ပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္။ အမ်ိဳးသားျဖစ္သူကေတာ့ ေျခေထာက္ကုိ ရထားႀကိတ္ခံရလုိ႔ ျပတ္ေတာက္သြားခဲ့ၿပီး ေလးရက္ေန႔မွ ျပတ္ေတာက္သြားခဲ့တဲ့ ေျခေထာက္ကို ရထားလမ္းရဲ႕ ေတာ္ေတာ္ေ၀းတဲ့တစ္နရာမွာ ျပန္ေတြ႕ခဲ့တယ္လုိ႔ သိရပါတယ္။ ၿပီးခဲ့တဲ့အပတ္ကလည္း အသက္ တစ္ႏွစ္နဲ႔ ႏွစ္ႏွစ္အရြယ္ ကေလးႏွစ္ေယာက္ အေမဟာလည္း ရထားႀကိတ္ခံခဲ့ရၿပီး တစ္ႏွစ္အရြယ္ကေလးငယ္မွာ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့သလုိ၊ က်န္ရွိေနတဲ့ မိခင္နဲ႔ ကေလးမွာလည္း စုိးရိမ္ရဒဏ္ရာေတြနဲ႔ ေဆး႐ုံမွာ တက္ေရာက္ကုသေနရဆဲ ျဖစ္ပါတယ္။


လင္းေဇာ္ကုိ (Shwemom)

source : metro.co.uk

.......................................

By netsetaw - July 15, 2016

ရုရှနိုင်ငံ Siberia ပြည်နယ်၊ Ulan-Ude မြို့က ဘူတာတစ်ခုရဲ့ ရထားသံလမ်းတစ်ခုပေါ်မှာ စုံတွဲတစ်တွဲလိင်ဆက်ဆံနေစဉ် ရထားခုတ်မောင်းလာတာကို ရှောင်ချိန်မရလိုက်ပဲ အမျိုးသမီးဖြစ်သူဟာ သေဆုံးခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရုရှသတင်းအေးဂျင်စီဖြစ်တဲ့ Pravda ရဲ့ ဖော်ပြချက်အရတော့ အဲဒီစုံတွဲဟာ အိမ်ခြေယာမဲ့များ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားချိန်မှာ နှစ်ယောက်စလုံးဟာ အရက်သေစာ သောက်စားထားကြပြီး လူမှန်းသူမှန်းမသိအောင် မူးရူးနေခဲ့တယ်လို့လည်း သိရပါတယ်။

အမျိုးသမီးဟာ နေရာမှာတင် ရထားကြိတ်ခံရလို့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ခြေထောက်ကို ရထားကြိတ်ခံရလို့ ပြတ်တောက်သွားခဲ့ပြီး လေးရက်နေ့မှ ပြတ်တောက်သွားခဲ့တဲ့ ခြေထောက်ကို ရထားလမ်းရဲ့ တော်တော်ဝေးတဲ့တစ်နရာမှာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အသက် တစ်နှစ်နဲ့ နှစ်နှစ်အရွယ် ကလေးနှစ်ယောက် အမေဟာလည်း ရထားကြိတ်ခံခဲ့ရပြီး တစ်နှစ်အရွယ်ကလေးငယ်မှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို၊ ကျန်ရှိနေတဲ့ မိခင်နဲ့ ကလေးမှာလည်း စိုးရိမ်ရဒဏ်ရာတွေနဲ့ ဆေးရုံမှာ တက်ရောက်ကုသနေရဆဲ ဖြစ်ပါတယ်။


လင်းဇော်ကို (Shwemom)

source : metro.co.uk

No comments:

Post a Comment