Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 12, 2016

၅ ႏွစ္အရြယ္ ကေလးငယ္၏လိင္အဂၤါအတြင္း လက္ျဖင့္ထိုးႏႈိက္သူ အသက္ ၅၉ ႏွစ္အရြယ္ အမ်ိဳးသားကို ရပ္ကြက္က ဝိုင္း၍ဖမ္းဆီး



မႏၲေလး အမရပူရျမိဳ့နယ္ ေရႊၾကက္ယက္တိုက္နယ္ ေဂၚရာဆိပ္တြင္း ေရခ်ိဳးေနေသာ ၅၉ ႏွစ္အရြယ္အမ်ိဳးသားသည္ ဆိပ္ကမ္းတြင္ ေက်ာက္သယ္လုပ္ငန္းလုပ္ေနသူ အမ်ဳိးသမီးတဦး၏ ၅ ႏွစ္အရြယ္ ကေလးငယ္ ေရဆိပ္ဆင္းအလာတြင္ အဓမၼျပဳက်င့္ရန္ ကေလးငယ္၏ လိမ္အဂၤါအတြင္း လက္ျဖင့္ထိုးသြင္းေသာေၾကာင့္ ေဒသခံမ်ားက ဝိုင္း၍ ဖမ္းဆီးကာ ရဲလက္အပ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ တပ္ၾကပ္ၾကီး ေအာင္သိုက္ (၅၉ ႏွစ္) ကိုယ္ပိုင္အမွတ္ ၄၆၃၄၇၀ ခလရ ၂၂၉ သည္ အခင္းျဖစ္ပြားရာေနရာ၌ မနက္ ၁၀ နာရီခန္႔အခ်ိန္တြင္ ေရခ်ဳိးေနစဥ္ ကေလးငယ္က ေရဆိပ္ဆင္းအလာ ေရေခၚခ်ိဳးေပးရင္း လိင္အဂၤါအတြင္း လက္ျဖင့္ထိုးမိေၾကာင္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားေရွ႕တြင္ ထြက္ဆိုခဲ့သည္။

“ကြ်န္ေတာ္တို႔ အမရပူရျမိဳ႕နယ္ ျမိဳ႕မရဲစခန္းကေန သတင္းအရ ေရႊၾကက္ယက္
အိုးထိမ္းဘို သခၤ်ဳိင္းအနီး ေဂၚရာဆိပ္ကိုေရာက္ေတာ့ က်ဳးလြန္္သူကို ေဒသခံေတြ ဝိုင္းထားတာ ေတြ႔ရပါတယ္။ ကြ်န္ေတာ္တို႔လဲ သူ႕ကို စခန္းေခၚလာျပီး စစ္ေဆးေနပါတယ္။ ကေလးကို ျမိဳ့နယ္ေဆးရံုမွာ ေဆးစစ္ခိုင္းထားပါတယ္။ ဒီကိစၥကို အျမန္ဆံုးေဖာ္ထုတ္ အေရးယူသြားမွာပါ”ဟု ျမိဳ႕မ ရဲတပ္ဖြဲ႔စခန္းမွဴး ဦးျမင့္လြင္က ေျပာသည္။

အမရပူရျမိဳ႕နယ္ေဆးရံုမွ ေဆးစစ္ခ်က္အရ ကေလးငယ္၏လိင္အဂၤါ အေျမွးပါးေပါက္ကာ ပြန္းပဲ့ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဳးလြန္သူ ဦးေအာင္သိုက္အား အမရပူရ ျမိဳ႕မရဲစခန္းမွ ပုဒ္မ ၃၇၆/၅၁၁ တို႔ျဖင့္ အေရးယူထားျပီး စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

စိုင္းထူးခန္ ့
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
........



မန္တလေး အမရပူရမြို့နယ် ရွှေကြက်ယက်တိုက်နယ် ဂေါ်ရာဆိပ်တွင်း ရေချိုးနေသော ၅၉ နှစ်အရွယ်အမျိုးသားသည် ဆိပ်ကမ်းတွင် ကျောက်သယ်လုပ်ငန်းလုပ်နေသူ အမျိုးသမီးတဦး၏ ၅ နှစ်အရွယ် ကလေးငယ် ရေဆိပ်ဆင်းအလာတွင် အဓမ္မပြုကျင့်ရန် ကလေးငယ်၏ လိမ်အင်္ဂါအတွင်း လက်ဖြင့်ထိုးသွင်းသောကြောင့် ဒေသခံများက ဝိုင်း၍ ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ကြပ်ကြီး အောင်သိုက် (၅၉ နှစ်) ကိုယ်ပိုင်အမှတ် ၄၆၃၄၇၀ ခလရ ၂၂၉ သည် အခင်းဖြစ်ပွားရာနေရာ၌ မနက် ၁၀ နာရီခန့်အချိန်တွင် ရေချိုးနေစဉ် ကလေးငယ်က ရေဆိပ်ဆင်းအလာ ရေခေါ်ချိုးပေးရင်း လိင်အင်္ဂါအတွင်း လက်ဖြင့်ထိုးမိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ထွက်ဆိုခဲ့သည်။

“ကျွန်တော်တို့ အမရပူရမြို့နယ် မြို့မရဲစခန်းကနေ သတင်းအရ ရွှေကြက်ယက်
အိုးထိမ်းဘို သင်္ချိုင်းအနီး ဂေါ်ရာဆိပ်ကိုရောက်တော့ ကျုးလွန််သူကို ဒေသခံတွေ ဝိုင်းထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့လဲ သူ့ကို စခန်းခေါ်လာပြီး စစ်ဆေးနေပါတယ်။ ကလေးကို မြို့နယ်ဆေးရုံမှာ ဆေးစစ်ခိုင်းထားပါတယ်။ ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ် အရေးယူသွားမှာပါ”ဟု မြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဦးမြင့်လွင်က ပြောသည်။

အမရပူရမြို့နယ်ဆေးရုံမှ ဆေးစစ်ချက်အရ ကလေးငယ်၏လိင်အင်္ဂါ အမြှေးပါးပေါက်ကာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျုးလွန်သူ ဦးအောင်သိုက်အား အမရပူရ မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အရေးယူထားပြီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

စိုင်းထူးခန် ့
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment